ပြီးပြည့်စုံတဲ့ Drafting တွေနဲ့ VG ကို TI9 ကနေထွက်စေခဲ့တဲ့ Puppey

By / 3 weeks ago / Up to Date News / No Comments
ပြီးပြည့်စုံတဲ့ Drafting တွေနဲ့ VG ကို TI9 ကနေထွက်စေခဲ့တဲ့ Puppey

ပြီးပြည့်စုံတဲ့ Drafting တွေနဲ့ VG ကို TI9 ကနေထွက်စေခဲ့တဲ့ Puppey

TI9 Lower Bracket Round 4 ပွဲစဉ် ၂ ပွဲထဲက ပွဲကျန်တစ်ပွဲဖြစ်တဲ့ DPC Ranking နံပါတ် ၁ Team Secret နဲ့ အိမ်ရှင်တရုတ်အသင်းတွေထဲက အင်အားကြီးထိပ်သီးအသင်းတစ်သင်းဖြစ်တဲ့ VG တို့ရဲ့ပွဲမှာတော့ Secret က ၂ – ၀ ဆိုတဲ့ရလဒ်နဲ့အနိင်ယူပြီးတော့ Top 4 စာရင်းကို ၀င်ရောက်နိင်ခဲ့ပါတယ်။

ဒီ Series မှာကစားခဲ့တဲ့ ၂ ပွဲမှာတော့ Secret က VG ဘာဆိုဘာမှပြန်လုပ်လို့မရအောင် ပြတ်ပြတ်သားသားအနိင်ယူနိင်ခဲ့ပါတယ်။

ဒီအသင်းနှစ်သင်းက အဲ့လောက်ကြီးအလုံးအရပ်မကွာတဲ့အသင်းတွေဖြစ်ကြသလို DPC Ranking မှာလည်း တစ်သင်းနဲ့တစ်သင်းအဝေးကြီးမှာ ရှိမနေပါဘူး။

ကစားသမားတွေအကုန်လုံးကလည်း သူ့ဟာနဲ့သူ အကောင်းဆုံးကစားသမားတွေပါပဲ။

ဒါဆိုဘာလို့ဒီလောက်အထိပြတ်သားသွားတာလဲ ?

အဖြေကတော့ Drafting ပါ။

Game 1

Game 1 မှာတော့ VG က သူတို့ရဲ့အကောင်းဆုံးဟီးရိုးတွေထဲမှာပါဝင်တဲ့ Leshrac, Medusa တို့ကို ရခဲ့ပါတယ်။

ဒါပေမယ့် Secret ဘက်ကတော့ Surprise အနေနဲ့ OG Group Stage မှာသုံးခဲ့တဲ့ IO Carry ကို သူတို့အသုံးပြုခဲ့ပြီး Nisha ကစားခဲ့ပါတယ်။

ဒါ့အပြင် YapzOr ကလည်း သူ့ရဲ့ Signature Hero ဖြစ်တဲ့ Rubick ကို ကစားခွင့်ရခဲ့ပါတယ်။

Laning Stage မှာ VG က အနည်းငယ်အသာရခဲ့ပေမယ့် Team Fight တွေစတင်ချိန်မှာတော့ VG အနေနဲ့ Secret ကို လုံးဝယှဉ်မချနိင်ခဲ့ပါဘူး။

Early Game မှာ VG ဘက်က Damage အထွက်ဆုံးဖြစ်တဲ့ Paparazi ရဲ့ Leshrac ကို Team Fight တွေမှာ အရင်ဆုံးရှင်းထားနိင်ခဲ့တာက Key Factor တစ်ခုဖြစ်ခဲ့ပြီး အဲ့ဒါကပဲ VG ကို စောစောစီးစီးပြိုလဲစေခဲ့တာပါ။

အစပိုင်းမှာဒီလိုပဲချနေရင်းနဲ့ နည်းနည်းပြန်ချနိင်ပေမယ့် IO အပြာချောင်းပြီးချိန်ကစလို့ VG တို့ ပြန်မလာနိင်ခဲ့တော့ပါဘူး။

Tide Ravage, Medusa Stone Gaze စတာတွေကြောင့် ပွဲကကြာသင့်တာထက် နည်းနည်းလေးပိုကြာခဲ့ပြီး ၂၄ မိနစ်မပြည့်ခင်မှာပဲ VG တို့ GG ခေါ်ခဲ့ရပါတယ်။

Game 2

ဒီပွဲရှုံးရင်ထွက်ရပြီဖြစ်တာကြောင့် VG တို့ Game 2 ကို အာရုံစူးစိုက်မှုအပြည့်နဲ့ ချဉ်းကပ်ခဲ့ပါတယ်။

ပထမပွဲမှာ Ori ရဲ့ Signature ဖြစ်တဲ့ Medusa ကိုထုတ်ခဲ့သလို ဒီပွဲမှာလည်း Razor ကို ထပ်ထုတ်ခဲ့ပါတယ်။

Paparazi ကိုလည်း တရုတ်တွေရဲ့ နာမည်ကျော်ဟီးရိုးတွေထဲကတစ်ကောင်ဖြစ်တဲ့ Alchemist ကို ကစားစေခဲ့ပါတယ်။

Secret ဘက်မှာတော့ Bristle Back Carry ထုတ်ခဲ့ပြီး BB ကို Crystal Maiden, Omniknight တို့နဲ့ ၀န်းရံခဲ့ပါတယ်။

အဲ့လိုမျိုးရိုးရှင်းတဲ့အတွဲအဖက်က အရမ်းအလုပ်ဖြစ်ခဲ့ပြီး Secret Tower တစ်တိုင်ပြီးတစ်တိုင်ယူတာကို VG တို့ဒီအတိုင်းထိုင်ကြည့်ခဲ့ရပါတယ်။

အထူးသဖြင့် VG ရဲ့ Key Player ဖြစ်တဲ့ Fade ကို ဘာမှလုပ်မရအောင်လုပ်ထားနိင်ခဲ့တာက VG ကို လုံးဝရပ်တန့်စေခဲ့ပါတယ်။

Laning Stage မှာ တစ်လမ်းမှအဆင်မပြေခဲ့တဲ့အပြင် Early Game မှာ ကျောက်ဆောင်ထက်တောင်မာကျောတဲ့ BB ကို Omniknight Healing တွေ၊ CM ရဲ့ Mana Regen တွေနဲ့ဝန်းရံထားတဲ့အပြင် Solar Crest + Medallion ဆိုတာကလည်း VG ဘက်က ဘာ Damage မှမထွက်တော့တဲ့အထိ အခြေအနေဆိုးသွားစေခဲ့ပါတယ်။

VG အတွက် ပိုဆိုးခဲ့တာတစ်ခုက Secret လမ်းတွန်းနေတဲ့အချိန်မှာလည်း Map Control ကိုကောင်းကောင်းလုပ်ထားနိင်ခဲ့တာကြောင့် VG ရဲ့ Core တွေ Item တက်လာတာလည်း အရမ်းကိုနှေးကွေးခဲ့ပါတယ်။

ဒါ့ကြောင့် တစ်ဖြေးဖြေးနဲ့လုံးပါးပါးလာတဲ့ VG တို့ မိနစ် ၂၀ ကျော်လေးနဲ့ Mega ၃ လမ်းပေးခဲ့ရပြီး TI9 ကနေ ထွက်ခဲ့ရပါတော့တယ်။

အခုလိုမျိုး VG ကိုအနိင်ရခဲ့တာကြောင့် Team Secret အနေနဲ့ သူတို့အသင်းရဲ့သမိုင်းမှာ အမြင့်မားဆုံးအဖြစ် TI ရဲ့ Top 4 စာရင်းမှာ ပါဝင်နိင်ခဲ့ပြီဖြစ်ပါတယ်။

Puppey ကတော့ TI1 ထဲက Na’Vi နဲ့အတူချန်ပီယံဆုရယူပြီးသားဖြစ်သလို TI2 နဲ့ TI3 မှာလည်း Grand Finals ထပ်ရောက်ခဲ့သေးတာကြောင့် သူ့အတွက်စံချိန်သစ်တော့ မဟုတ်ပါဘူး။

နောက်တစ်ဆင့်မှာတော့ သူ့ရဲ့အချစ်ဆုံးသူငယ်ချင်းကြီး Kuroky ရဲ့ Team Liquid နဲ့ သူသေကိုယ်သေရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ TI7 နဲ့ TI8 မှာ Liquid ကိုပဲရှုံးပြီးတော့ TI ကနေထွက်ခဲ့ရတဲ့ Secret နဲ့ Puppey တို့အနေနဲ့ ဒီနှစ်မှာရော ဘယ်လိုဖြစ်အောင်ကစားပြနိင်မလဲဆိုတာကတော့ စိတ်ဝင်စားဖို့ကောင်းနေပါတယ်ခင်ဗျာ။

 

Realman

The author didn't add any Information to his profile yet.

Leave a comment

Your email address will not be published. Required fields are marked. *