တစ္ေန႔လ်ွင္ ၇ နာရီထက္ပိုျပီး ဖုန္း ၊ တက္ဘလက္ အသံုးျပဳေသာ ကေလးငယ္မ်ားရင္ဆုိင္ရမယ့္ ဆုိးက်ဳိးမ်ား

By / 3 weeks ago / Blog / No Comments
တစ္ေန႔လ်ွင္ ၇ နာရီထက္ပိုျပီး ဖုန္း ၊ တက္ဘလက္ အသံုးျပဳေသာ ကေလးငယ္မ်ားရင္ဆုိင္ရမယ့္ ဆုိးက်ဳိးမ်ား

တစ္ေန႔လ်ွင္ ၇ နာရီထက္ပိုျပီး ဖုန္း ၊ တက္ဘလက္ အသံုးျပဳေသာ ကေလးငယ္မ်ားရင္ဆုိင္ရမယ့္ ဆုိးက်ဳိးမ်ား

– တစ္ေန႔ကို ၇ နာရီထက္ပိုျပီး ဖုန္းျကည့္ေသာ ကေလးငယ္မ်ား သင့္အနီးအနားတြင္ ရွိနိုင္ပါတယ္ ။ ေန႔စဥ္ဖုန္းအသံုးျပဳမႈမ်ားျခင္းျဖင့္ ကေလးငယ္မ်ားရဲ႕ ဦးေနွာက္ ပံုသ႑ာန္ေျပာင္းလဲမွုျဖစ္ေပၚလာျပီး ေနာက္ဆက္တြဲအေနျဖင့္ အိုင္ျကဴနိမ့္ျခင္း ၊ ဦးေနွာက္စြမ္းရည္က်ဆင္းျခင္းနဲ႔ မွတ္ဥာဏ္ ယိုယြင္းျခင္းတို့ ျဖစ္ေပၚနုိင္ေသာ အလားအလာမ်ားပါတယ္ ။

– ဒါကို သက္ေသျပဖို႔အတြက္ သိပံၸပညာရွင္မ်ားဟာ ၉နွစ္နဲ႔၁၀နွစ္အရြယ္ကေလးငယ္ ၁၁၀၀၀ကို ေလ့လာစမ္းသပ္မွုတစ္ခု ျပဳလုပ္လ်က္ရွိပါတယ္ ။

– ထိုစမ္းသပ္မွုကို ယူရိုေငြ ၂၃၆ သန္းအကုန္အက်ခံျပဳလုပ္ေနတာျဖစ္ျပီး ထိုစမ္းသပ္မႈကေန စမတ္ဖုန္းမ်ားအသံုးျပဳမွဳေျကာင့္ ဦးေနွာက္ပ်က္စီးျခင္းရဲ႕ ကနဦးလကၡဏာမ်ားကို တင္ျပနိုင္ခဲ့ပါတယ္ ။

– စမ္းသပ္မွဳမွာ တစ္ေန႕ကို ဖုန္း၇နာရီအသံုးျပဳေသာအုပ္စုနဲ့ တစ္ေန့ကို ဖုန္း၂နာရီသာ အသံုးျပဳေသာအုပ္စုဆိုျပီး အုပ္စု၂ခုကို နွိုငး္ယွဥ္ခဲ့ပါတယ္ ။

-တစ္ေန့ကို ၇နာရီအသံုးျပဳေသာကေလးငယ္မ်ားတြင္ အာရံုေျကာစနစ္မ်ားစုေ၀းေနတဲ့ ဦးေနွာက္အျပင္ဘက္ဆံုးအလြွာပါးလာျခင္း လကၡဏာမ်ား ေတြ့ရွိလာတာျဖစ္ပါတယ္ ။

– တစ္ေန့ကို ၂ နာရီသာအသံုးျပဳေသာ ကေလးငယ္မ်ားအေနနဲ့လဲ စဥ္းစားေတြးေခၚျခင္းနဲ့ဘာသာစကားစမ္းသပ္မွုေတြမွာ ရမွတ္နည္းပါးတာေတြ့ရပါတယ္ ။

– အေမရိကန္နိုင္ငံရဲ့ ေလ့လာခ်က္မ်ားအရ ဖုန္းအသံုးျပဳမွဳမ်ားသူ ကေလးငယ္မ်ားဟာ မွတ္ဥာဏ္အားနည္းမွဳ ၊ ခြဲျခမ္းစိတ္ျဖာနိုင္ေသာစြမ္းရည္က်ဆင္းမွဳနဲ့ အာရံုစိုက္မွုအားနည္းျခင္း ျပသနာမ်ားေတြ့ျကံဳလာရမွာ ျဖစ္တယ္လို့ ဆိုပါတယ္ ။

– လက္ရွိ ယူရိုေငြ သန္း၃ရာေက်ာ္အကုန္အက်ခံျပဳလုပ္ေနေသာ ေလ့လာစမ္းသပ္မွုအရ ကေလးသူငယ္မ်ားအေပၚတြင္ သက္ေရာက္လ်က္ရွိေသာ နည္းပညာရဲ့ ဆိုးက်ိဴးမ်ားကို သိရွိရမွာ ျဖစ္ပါတယ္ ။

ယခုေတြ့ျမင္ရေသာ ပံုမွာ သုေတသနပညာရွင္မ်ားရဲ့စမ္းသပ္မွဳတစ္ခုကို ေဆာင္ရြက္ေနေသာ ကေလးငယ္ရဲ့ ဦးေနွာက္ပံုျဖစ္ပါတယ္ ။ အနီေရာင္နဲ႔အ၀ါေရာင္ေနရာေတြဟာ ပိုျပီး တက္ျကြတဲ့ေနရာမ်ားျဖစ္ပါတယ္ ။ စမတ္ဖုန္း၊တက္ဘလက္၊ဗီဒီယိုဂိမ္းစတဲ့ နညး္ပညာလက္နက္မ်ားဟာ ကေလးရဲ့ဦးေနွာက္ပံုသ႑ာန္ကို ပ်က္စီးေစတာတကယ္အမွန္ပါပဲ ။

– သုေတသနပညာရွင္ေတြဟာ ကေလးငယ္၄၅၀၀ရဲ့ ဦးေနွာက္မ်ားကို အေသးစိတ္ scan ဖတ္ျပီးခ်ိန္မွာ အေစာပိုင္းေျပာင္းလဲမွုေတြကို ေတြ့ျမင္ခဲ့ရပါတယ္ ။

– ထိုသို့ အရြယ္ေရာက္စ လူငယ္မ်ားရဲ့ ဦးေနွာက္စြမ္းရည္ တိုးတက္မွုကိုေလ့လာရျခင္းရဲ့ ရည္ရြယ္ခ်က္ကေတာ့ ဖုန္းစကရင္ အျကည့္မ်ားျခင္းဟာ လူေတြရဲ့ စိတ္က်န္းမာေရးနဲ့စိတ္ခံစားမွုဖြံ့ျဖိဳးတိုးတက္မွဳအေပၚ ဘယ္လိုသက္ေရာက္နိုင္သလဲဆိုတာ ေလ့လာဖို့ျဖစ္ပါတယ္ ။

– ေခါင္းစဥ္အရ တစ္ေန႔ကို၇နာရီအခ်ိန္ေပးျပီး ဖုန္းျကည့္သူေတြအေနနဲ့ ဆိုးက်ိဴးမ်ားရနိုင္တယ္ဆိုေပမယ့္လဲ တစ္ေန႔ကို ၂နာရီခန္႔ ဖုန္းျကည့္ေသာကေလးမ်ားဟာလဲ စဥ္းစားေတြးေခၚမွု က်ဆင္းျခင္းနဲ့ ဘာသာစကားသင္ယူမွဳအားနည္းျခင္းတို့ကို ေတြ့ရွိရတယ္လို့ ေလ့လာသူမ်ားက အတည္ျပဳပါတယ္ ။

Unicode

တစ်နေ့လျှင် ၇ နာရီထက်ပိုပြီး ဖုန်း ၊ တက်ဘလက် အသုံးပြုသော ကလေးငယ်များရင်ဆိုင်ရမယ့် ဆိုးကျိုးများ

– တစ်နေ့ကို ၇ နာရီထက်ပိုပြီး ဖုန်းကြည့်သော ကလေးငယ်များ သင့်အနီးအနားတွင် ရှိနိုင်ပါတယ် ။ နေ့စဉ်ဖုန်းအသုံးပြုမှုများခြင်းဖြင့် ကလေးငယ်များရဲ့ ဦးနှောက် ပုံသဏ္ဍာန်ပြောင်းလဲမှုဖြစ်ပေါ်လာပြီး နောက်ဆက်တွဲအနေဖြင့် အိုင်ကြူနိမ့်ခြင်း ၊ ဦးနှောက်စွမ်းရည်ကျဆင်းခြင်းနဲ့ မှတ်ဉာဏ် ယိုယွင်းခြင်းတို့ ဖြစ်ပေါ်နိုင်သော အလားအလာများပါတယ် ။

– ဒါကို သက်သေပြဖို့အတွက် သိပ္ပံပညာရှင်များဟာ ၉နှစ်နဲ့၁၀နှစ်အရွယ်ကလေးငယ် ၁၁၀၀၀ကို လေ့လာစမ်းသပ်မှုတစ်ခု ပြုလုပ်လျက်ရှိပါတယ် ။

– ထိုစမ်းသပ်မှုကို ယူရိုငွေ ၂၃၆ သန်းအကုန်အကျခံပြုလုပ်နေတာဖြစ်ပြီး ထိုစမ်းသပ်မှုကနေ စမတ်ဖုန်းများအသုံးပြုမှုကြောင့် ဦးနှောက်ပျက်စီးခြင်းရဲ့ ကနဦးလက္ခဏာများကို တင်ပြနိုင်ခဲ့ပါတယ် ။

– စမ်းသပ်မှုမှာ တစ်နေ့ကို ဖုန်း၇နာရီအသုံးပြုသောအုပ်စုနဲ့ တစ်နေ့ကို ဖုန်း၂နာရီသာ အသုံးပြုသောအုပ်စုဆိုပြီး အုပ်စု၂ခုကို နှိုင်းယှဉ်ခဲ့ပါတယ် ။

-တစ်နေ့ကို ၇နာရီအသုံးပြုသောကလေးငယ်များတွင် အာရုံကြောစနစ်များစုဝေးနေတဲ့ ဦးနှောက်အပြင်ဘက်ဆုံးအလွှာပါးလာခြင်း လက္ခဏာများ တွေ့ရှိလာတာဖြစ်ပါတယ် ။

– တစ်နေ့ကို ၂ နာရီသာအသုံးပြုသော ကလေးငယ်များအနေနဲ့လဲ စဉ်းစားတွေးခေါ်ခြင်းနဲ့ဘာသာစကားစမ်းသပ်မှုတွေမှာ ရမှတ်နည်းပါးတာတွေ့ရပါတယ် ။

– အမေရိကန်နိုင်ငံရဲ့ လေ့လာချက်များအရ ဖုန်းအသုံးပြုမှုများသူ ကလေးငယ်များဟာ မှတ်ဉာဏ်အားနည်းမှု ၊ ခွဲခြမ်းစိတ်ဖြာနိုင်သောစွမ်းရည်ကျဆင်းမှုနဲ့ အာရုံစိုက်မှုအားနည်းခြင်း ပြသနာများတွေ့ကြုံလာရမှာ ဖြစ်တယ်လို့ ဆိုပါတယ် ။

– လက်ရှိ ယူရိုငွေ သန်း၃ရာကျော်အကုန်အကျခံပြုလုပ်နေသော လေ့လာစမ်းသပ်မှုအရ ကလေးသူငယ်များအပေါ်တွင် သက်ရောက်လျက်ရှိသော နည်းပညာရဲ့ ဆိုးကျိူးများကို သိရှိရမှာ ဖြစ်ပါတယ် ။

ယခုတွေ့မြင်ရသော ပုံမှာ သုတေသနပညာရှင်များရဲ့စမ်းသပ်မှုတစ်ခုကို ဆောင်ရွက်နေသော ကလေးငယ်ရဲ့ ဦးနှောက်ပုံဖြစ်ပါတယ် ။ အနီရောင်နဲ့အဝါရောင်နေရာတွေဟာ ပိုပြီး တက်ကြွတဲ့နေရာများဖြစ်ပါတယ် ။ စမတ်ဖုန်း၊တက်ဘလက်၊ဗီဒီယိုဂိမ်းစတဲ့ နည်းပညာလက်နက်များဟာ ကလေးရဲ့ဦးနှောက်ပုံသဏ္ဍာန်ကို ပျက်စီးစေတာတကယ်အမှန်ပါပဲ ။

– သုတေသနပညာရှင်တွေဟာ ကလေးငယ်၄၅၀၀ရဲ့ ဦးနှောက်များကို အသေးစိတ် scan ဖတ်ပြီးချိန်မှာ အစောပိုင်းပြောင်းလဲမှုတွေကို တွေ့မြင်ခဲ့ရပါတယ် ။

– ထိုသို့ အရွယ်ရောက်စ လူငယ်များရဲ့ ဦးနှောက်စွမ်းရည် တိုးတက်မှုကိုလေ့လာရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ ဖုန်းစကရင် အကြည့်များခြင်းဟာ လူတွေရဲ့ စိတ်ကျန်းမာရေးနဲ့စိတ်ခံစားမှုဖွံ့ဖြိုးတိုးတက်မှုအပေါ် ဘယ်လိုသက်ရောက်နိုင်သလဲဆိုတာ လေ့လာဖို့ဖြစ်ပါတယ် ။

– ခေါင်းစဉ်အရ တစ်နေ့ကို၇နာရီအချိန်ပေးပြီး ဖုန်းကြည့်သူတွေအနေနဲ့ ဆိုးကျိူးများရနိုင်တယ်ဆိုပေမယ့်လဲ တစ်နေ့ကို ၂နာရီခန့် ဖုန်းကြည့်သောကလေးများဟာလဲ စဉ်းစားတွေးခေါ်မှု ကျဆင်းခြင်းနဲ့ ဘာသာစကားသင်ယူမှုအားနည်းခြင်းတို့ကို တွေ့ရှိရတယ်လို့ လေ့လာသူများက အတည်ပြုပါတယ် ။

zc

The author didn't add any Information to his profile yet.

Leave a comment

Your email address will not be published. Required fields are marked. *