ရာသီအေျပာင္းအလဲမွာ သင့္က်န္းမာေရးနဲ႔ အလွအပအတြက္ သတိထားရမယ့္ အရာမ်ား

By / 3 weeks ago / Blog / No Comments
ရာသီအေျပာင္းအလဲမွာ သင့္က်န္းမာေရးနဲ႔ အလွအပအတြက္ သတိထားရမယ့္ အရာမ်ား

ရာသီအေျပာင္းအလဲမွာ သင့္က်န္းမာေရးနဲ႔ အလွအပအတြက္ သတိထားရမယ့္ အရာမ်ား

ေႏြ၊ မိုး၊ ေဆာင္း ရာသီဥတုေတြ ေျပာင္းလဲ လာတာနဲ႔အမွ် သင့္ရဲ႕ အသားအေရနဲ႔ ခႏၶာကိုယ္ဟာလည္း လိုက္ၿပီး ေျပာင္းလဲ ေနပါတယ္။ အေရျပားဟာ အထိခိုက္ မခံဆုံးျဖစ္တာေၾကာင့္ အဲဒီလိုရာသီဥတု အေျပာင္းအလဲဒဏ္ကို အခံရဆုံးပါပဲ။ ပူျပင္းတဲ့ ေႏြရာသီမွာ အဆီေတြ အရမ္းျပန္မယ္၊ ေအးျမတဲ့ ေဆာင္းရာသီမွာ အသားေတြေျခာက္ ေသြ႕ အက္ကြဲမယ္၊ အဲဒါေတြဟာ အေကာင္းဆုံး အေပၚယံ ဥပမာေတြပဲ ျဖစ္ပါတယ္။

ရာသီ အေျပာင္းအလဲမွာ သင့္အသားအေရကို မျဖစ္မေန ဂ႐ုစိုက္ ေပးဖို႔ လိုအပ္ပါတယ္။ မျဖစ္ခင္က ႀကိဳတင္ ကာကြယ္ ျခင္းဟာ ျဖစ္လာမွ ကုသျခင္း ထက္ ပိုေကာင္းပါတယ္။ အဲဒါေၾကာင့္ အခုလို ရာသီ အေျပာင္းအလဲမွာ အသားအေရကို အေကာင္းဆုံး ကာကြယ္ႏိုင္မယ့္ ထိေရာက္တဲ့ နည္းလမ္းတခ်ိဳ႕ကို ေဖာ္ျပ ေပးလိုက္ပါတယ္။

– သင့္ရဲ႕ အသားေရ ႏုပ်ိဳ တင္းရင္းဖို႔ ရရွိဖို႔အတြက္ မ်က္ႏွာ လိမ္းတဲ့ face cream ေကာင္းေကာင္းတစ္ခုကို သင့္ရဲ႕ ေရရွည္ လွပ ႏုပ်ိဳမႈ အတြက္ ရင္းႏွီးျမႇဳပ္ႏွံ သင့္ပါတယ္။

– ေရခ်ိဳးၿပီး ခ်ိန္တိုင္း ခ်က္ခ်င္း ဆိုသလို သင့္ခႏၶာကိုယ္ကို lotion လိမ္း ေပးဖို႔ လုံးဝမေမ့ပါနဲ႔။ ေရခ်ိဳးၿပီး ခ်ိန္ဟာ သင့္ရဲ႕ အသားအေရအတြက္ moisture အလိုအပ္ဆုံးျဖစ္ၿပီး ေခြၽးေပါက္ေလးေတြ ပြင့္ေနခ်ိန္လည္း ျဖစ္ပါတယ္။ အဲဒီအခ်ိန္မွာ လိမ္းတာဟာ ထိေရာက္မႈ ပိုရွည္ေစၿပီး တာရွည္လည္း ပိုခံေစ ပါတယ္။

– ေနာက္ တစ္ခု ကေတာ့ သင့္ရဲ႕ စားေသာက္တဲ့ ပုံစံပါပဲ။ အခုေဖာ္ျပေနတဲ့ အခ်က္ေတြ ထဲမွာအေရးႀကီးဆုံးလို႔ လည္း ဆိုႏိုင္ပါတယ္။ သင့္အတြက္ ႏုပ်ိဳ က်န္းမာတဲ့ အသား အေရရရွိဖို႔ အတြက္ အစား အေသာက္ကို မွ်တ ေအာင္ စားေပးဖို႔ လိုအပ္ ပါတယ္။

အေတာ္ မ်ားမ်ားက မိုးနဲ႔ ေဆာင္းလို ေအးျမတဲ့ ရာသီဆိုရင္ Hotpot လို ပူပူ ေလာေလာ စားစရာမ်ိဳးကို စားသုံး ေလ့ ရွိၾကပါတယ္။ ဒါေပမဲ့လည္း ရာသီ အေျပာင္းအလဲမွာေတာ့ သင့္ခႏၶာကိုယ္ဟာ သမမွ်တေနဖို႔ လိုအပ္ပါ တယ္။ သင့္ရဲ႕ စားေသာက္မႈပုံစံမွာ လတ္ဆတ္တဲ့ သစ္သီးနဲ႔ ဟင္းသီး ဟင္း႐ြက္ေတြ စားသုံးေပးသင့္ၿပီး သင့္ရဲ႕ ကိုယ္ခံအား ေကာင္းဖို႔အတြက္ ဗီတာမင္နဲ႔ ျဖည့္စြက္အာဟာရေတြ ရရွိေအာင္လည္း စားသုံးေပး ရမွာပါ။

– ေအးျမတဲ့ ရာသီအတြင္းမွာဆိုရင္ အိမ္ထဲမွာ ေႏြးေထြး ေနေအာင္ တံခါးေတြ ပိတ္ထားေလ့ ရွိၾကပါတယ္။ အမွန္ေတာ့ စိုစြတ္ ထိုင္းမႈိင္းတဲ့ ရာသီဥတုမ်ိဳးမွာ သင့္ရဲ႕ က်န္းမာေရးနဲ႔ အလွအပ အတြက္ ေလဝင္ ေလထြက္ ေကာင္းမြန္ဖို႔ လိုအပ္ပါတယ္။ အဲဒါေၾကာင့္ ေနထြက္တဲ့ အခ်ိန္မ်ိဳးမွာ အိမ္ကျပတင္းေပါက္နဲ႔ လိုက္ကာေတြကို မျဖစ္မေန ဖြင့္ထားဖို႔ မေမ့ပါနဲ႔။ ေနေရာင္ကို သင့္အိမ္ထဲ က်ေရာက္ေနပါေစ။

Unicode

ရာသီအပြောင်းအလဲမှာ သင့်ကျန်းမာရေးနဲ့ အလှအပအတွက် သတိထားရမယ့် အရာများ

နွေ၊ မိုး၊ ဆောင်း ရာသီဥတုတွေ ပြောင်းလဲ လာတာနဲ့အမျှ သင့်ရဲ့ အသားအရေနဲ့ ခန္ဓာကိုယ်ဟာလည်း လိုက်ပြီး ပြောင်းလဲ နေပါတယ်။ အရေပြားဟာ အထိခိုက် မခံဆုံးဖြစ်တာကြောင့် အဲဒီလိုရာသီဥတု အပြောင်းအလဲဒဏ်ကို အခံရဆုံးပါပဲ။ ပူပြင်းတဲ့ နွေရာသီမှာ အဆီတွေ အရမ်းပြန်မယ်၊ အေးမြတဲ့ ဆောင်းရာသီမှာ အသားတွေခြောက် သွေ့ အက်ကွဲမယ်၊ အဲဒါတွေဟာ အကောင်းဆုံး အပေါ်ယံ ဥပမာတွေပဲ ဖြစ်ပါတယ်။

ရာသီ အပြောင်းအလဲမှာ သင့်အသားအရေကို မဖြစ်မနေ ဂရုစိုက် ပေးဖို့ လိုအပ်ပါတယ်။ မဖြစ်ခင်က ကြိုတင် ကာကွယ် ခြင်းဟာ ဖြစ်လာမှ ကုသခြင်း ထက် ပိုကောင်းပါတယ်။ အဲဒါကြောင့် အခုလို ရာသီ အပြောင်းအလဲမှာ အသားအရေကို အကောင်းဆုံး ကာကွယ်နိုင်မယ့် ထိရောက်တဲ့ နည်းလမ်းတချို့ကို ဖော်ပြ ပေးလိုက်ပါတယ်။

– သင့်ရဲ့ အသားရေ နုပျို တင်းရင်းဖို့ ရရှိဖို့အတွက် မျက်နှာ လိမ်းတဲ့ face cream ကောင်းကောင်းတစ်ခုကို သင့်ရဲ့ ရေရှည် လှပ နုပျိုမှု အတွက် ရင်းနှီးမြှုပ်နှံ သင့်ပါတယ်။

– ရေချိုးပြီး ချိန်တိုင်း ချက်ချင်း ဆိုသလို သင့်ခန္ဓာကိုယ်ကို lotion လိမ်း ပေးဖို့ လုံးဝမမေ့ပါနဲ့။ ရေချိုးပြီး ချိန်ဟာ သင့်ရဲ့ အသားအရေအတွက် moisture အလိုအပ်ဆုံးဖြစ်ပြီး ချွေးပေါက်လေးတွေ ပွင့်နေချိန်လည်း ဖြစ်ပါတယ်။ အဲဒီအချိန်မှာ လိမ်းတာဟာ ထိရောက်မှု ပိုရှည်စေပြီး တာရှည်လည်း ပိုခံစေ ပါတယ်။

– နောက် တစ်ခု ကတော့ သင့်ရဲ့ စားသောက်တဲ့ ပုံစံပါပဲ။ အခုဖော်ပြနေတဲ့ အချက်တွေ ထဲမှာအရေးကြီးဆုံးလို့ လည်း ဆိုနိုင်ပါတယ်။ သင့်အတွက် နုပျို ကျန်းမာတဲ့ အသား အရေရရှိဖို့ အတွက် အစား အသောက်ကို မျှတ အောင် စားပေးဖို့ လိုအပ် ပါတယ်။

အတော် များများက မိုးနဲ့ ဆောင်းလို အေးမြတဲ့ ရာသီဆိုရင် Hotpot လို ပူပူ လောလော စားစရာမျိုးကို စားသုံး လေ့ ရှိကြပါတယ်။ ဒါပေမဲ့လည်း ရာသီ အပြောင်းအလဲမှာတော့ သင့်ခန္ဓာကိုယ်ဟာ သမမျှတနေဖို့ လိုအပ်ပါ တယ်။ သင့်ရဲ့ စားသောက်မှုပုံစံမှာ လတ်ဆတ်တဲ့ သစ်သီးနဲ့ ဟင်းသီး ဟင်းရွက်တွေ စားသုံးပေးသင့်ပြီး သင့်ရဲ့ ကိုယ်ခံအား ကောင်းဖို့အတွက် ဗီတာမင်နဲ့ ဖြည့်စွက်အာဟာရတွေ ရရှိအောင်လည်း စားသုံးပေး ရမှာပါ။

– အေးမြတဲ့ ရာသီအတွင်းမှာဆိုရင် အိမ်ထဲမှာ နွေးထွေး နေအောင် တံခါးတွေ ပိတ်ထားလေ့ ရှိကြပါတယ်။ အမှန်တော့ စိုစွတ် ထိုင်းမှိုင်းတဲ့ ရာသီဥတုမျိုးမှာ သင့်ရဲ့ ကျန်းမာရေးနဲ့ အလှအပ အတွက် လေဝင် လေထွက် ကောင်းမွန်ဖို့ လိုအပ်ပါတယ်။ အဲဒါကြောင့် နေထွက်တဲ့ အချိန်မျိုးမှာ အိမ်ကပြတင်းပေါက်နဲ့ လိုက်ကာတွေကို မဖြစ်မနေ ဖွင့်ထားဖို့ မမေ့ပါနဲ့။ နေရောင်ကို သင့်အိမ်ထဲ ကျရောက်နေပါစေ။

zc

The author didn't add any Information to his profile yet.

Leave a comment

Your email address will not be published. Required fields are marked. *