
By / 3 weeks ago / Local News / No Comments











ဦးဦးသက်(SH-သတင်းဌာန)

Unicode

” ခြိမ်းခြောက် အနိုင်ကျင့်ပြီး ပြည့်တန်ဆာအတင်းလုပ်ခိုင်းလို့ ပြည့်တန်ဆာလုပ်ခဲ့ရ တဲ့ အသက် ၂၀ အရွယ် ကောင်မလေး “

20-8-2019 နေ့ မနက်၁၀နာရီအချိန်တွင် လပွတ္တာမြို့နယ် အောင်သာယာ ကျေးရွာမှာနေထိုင်သူ အသက် 20အရွယ်နန်းမူ အမည်ရှိကောင်မလေးက ပြောကြားသည်မှာ

လှိုင်သာယာ ၆ရပ်ကွက်မှာနေသူ မဇူးဇူး(20)နှစ်နှင့်အတူ လှိုင်သာယာ ဘီအိုစီဈေးမှာဈေးဝယ်ပြီးနောက် ဈေးအနီးနားရှိလဘက်ရည်ဆိုင်မှာထိုင်နေစဉ် မဇူးဇူး၏သူငယ်ချင်းမော်ဇော်ရောက်လာပြီး

တစ်လလျှင်စရိတ်ငြိမ်း နှစ်သိန်းကျပ်ရမဲ့ အလုပ်ရှာပေးမည်ဟုပြော၍ မောင်ဇော်နဲ့အတူလိုက်သွား၍ အသက်34နှစ်အရွယ်ရှိ မအိခိုင်စိုး၏နေအိမ်တွင်တစ်ည အိပ်ခဲ့ရပါကြောင်း၊ နောက်တနေ့မနက်တွင် မအိခိုင်စိုးမှ

ပြည့်တန်ဆာအလုပ်လုပ်ရမည်ဟုပြောသဖြင့် မလုပ်နိုင်ကြောင်းပြောလိုက်ရာ မအိခိုင်စိုးအိမ်တွင်နေသော ကျော်လေးဆိုသူမှ ပြည့်တန်ဆာမလုပ်ပါက လူမိုက်များကိုသတ်ခိုင်းမည်ဟုပြောကြောင်း။ ညနေပိုင်းတွင် မအိခိုင်စိုး၏မိခင်ဒေါ်ချော၏ နေအိမ်သို့ပို့ဆောင်ပေးခဲ့ပါကြောင်း။

ဒေါ်ချောအိမ်တွင်လည်း မိန်းကလေးငါးဦးတွေ့ပါကြောင်း ဒေါ်ချောအိမ်မှာနေထိုင်ပြီး ဒေါ်ချောနှင့်ပူးပေါင်းလုပ်သူ ——(-တည်းခိုခန်းမန်နေဂျာကျော်အေးကခေါ်ပါက) အခြားအမျိုးသမီးများနှင့်အတူ ပြည့်တန်ဆာအလုပ်ကိုလုပ်ပေးရပါကြောင်း။

မအိခိုင်စိုးမှ အသေးလေးဆိုသော အမည်တစ်ခုပေးပြီး အသေးလေးဟုသာခေါ်ကြောင်း ပြည့်တန်ဆာအဖြစ်ခိုင်းစေခဲ့သော်လည်း ဒေါ်ချောနှင့်အိခိုင်စိုးတို့မှ မည်သည့်အခကြေးငွေမှမပေးခဲ့ပါကြောင်း။

ဒေါ်ချောအိမ်မှာငါးရက်ခန့်နေထိုင်ပြီး ဈေးဝယ်မည်အကြောင်းပြ၍ ထွက်ပြေးခဲ့သော်လည်း ကျော်လေးဆိုသူမှ လိုက်ဖမ်းပြီး ဒေါ်ချောအိမ်သို့ပြန်ခေါ်ပြီး ရိုက်နှက် ခြေဖြင့်ဆောင့်ကန်ပါကြောင်း

ပြည် တန် ဆာ အ လုပ် ကို လုပ် ပြီး 20 ရက် ခန့် အ ကြာ တွင် လ ပွ တ္တာ မြို့ မှ အ မျိုး သား တစ် ဦး က ဒေါ် ချော ထံ တွင် ပြည့် တန် ဆာ အ ဖြစ် ည လုံး ပေါက် ဈေး နှုံး ပေး ၍ ခေါ် ယူ ပြီး မွေး ရပ် မြေ လ ပွ တ္တာ သို့ ပြန် ပို့ ပေး ခဲ့ ပါ ကြောင်း ပြော ကြားခဲ့ ပါ သည် ။

ထို သို့ အ သေး စိတ် သိ ရှိ ရ သည့် အ တွက် လူ ကုန် ကူး မှု တား ဆီး နှိမ် နင်း ရေးရဲ တပ် ဖွဲ့ မှ ဒု ရဲ မှုး ရဲ ဝေ မှ တ ရား လို ပြု လုပ် ပြီး လှိုင် သာ ယာ မြို့ နယ် သောင် ကြီးရဲ စ ခန်း တွင် အ မှု ဖွင့် ခဲ့ ခြင်း ဖြစ် ပါ ကြောင်း သိ ရှိ ရ ပါ သည် ။

ဦးဦးသက်(SH-သတင်းဌာန)

zc

The author didn't add any Information to his profile yet.

Leave a comment

Your email address will not be published. Required fields are marked. *