
By / 2 weeks ago / Blog / No Comments








သူရေး ( D Nae Thit )

Unicode

အကြမ်းဖက်မှုလျော့အောင် PUBG လိုဂိမ်းအမျိုးအစားတွေ တင်ရောင်းနေမှုကို ကုန်တိုက်ဖယ်ရှား

By Thu Yay – August 12, 20197

ပြီးခဲ့တဲ့ ရက်ပိုင်းက အမေရိကန်မှာ ဝေါမတ်ကုန်တိုက်ထဲကို သေနတ်သမားတစ်ယောက်က အေကေ (၄၇) တစ်လက်နဲ့ ပေါ်တင်ဝင်လာပြီး၊ ပစ်ခတ်မှုကြောင့် လူပေါင်း (၂၀)ကျော် သေဆုံးကာ (၂၆)ဦးကျော် ဒဏ်ရာရခဲ့ပါတယ်။ သေနတ်သမားက အသက် (၂၀)ကျော်ပဲရှိသေးပြီး၊ ကောလိပ်ကျောင်းသားတစ်ဦးပါ။

ဒီဖြစ်ရပ်ဖြစ်ပွားအပြီးမှာတော့ ကုန်တိုက်ဟာ အကြမ်းဖက်မှုတွေ၊ သေနတ်ပစ်ခတ်မှုတွေ ဖြစ်လာရတဲ့အကြောင်းရင်းဟာ ဂိမ်းတွေမှာ တွင်တွင်ကျယ်ကျယ်ဆော့နေတဲ့ သေနတ်ပစ်ဂိမ်းတွေလှုံ့ဆော်မှုကြောင့်လို့ ယူဆခဲ့ပါတယ်။ ပစ်ခတ်မှုတွေဟာ ဂိမ်းထဲမှာ ပီပြင်လွန်းပြီး၊ လူငယ်တွေက စွဲလန်းစွာဆော့လာချိန်မှာ အပြင်မှာ လက်တွေ့လုပ်ဖို့ကို ကြိုးစားလာကြပါတယ်။

စာရွက်စာတမ်းနဲ့ တကွ ရုံးတွင်းအမိန့်စာလို့ ထုတ်ခဲ့ပြီး၊ ဝေါမတ်မှာတာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းတွေဟာ ဘယ်လိုပစ်ခတ်ဆော့ရတဲ့ ဂိမ်းနဲ့ဆက်စပ်တဲ့ အရာမျိုးမဆို အကုန်ဖြုတ်သိမ်း၊ ပလပ်ဖြုတ်တာမျိုးကို လုပ်ဆောင်ရမှာဖြစ်ပြီး၊ ဝေါမတ်မှာ ပရိုမိုးရှင်းလာဆင်းတာ၊ ရောင်းဖို့ ကြံထားတာတွေ၊ ကြမ်းကြမ်းတမ်းတမ်းပစ်ခတ်ရတဲ့ဂိမ်းတွေ၊ PS4 ဂိမ်းစက်တွေစတဲ့ အကုန်လုံးကို ဖယ်ရှားတော့မှာပါ။

ပို စ တာ တွေ ၊ ဗီ ဒီ ယို တွေ မှာ အ ကြမ်း ဖက် တဲ့ ပုံ ပါ တာ မျိုး ဆို ရင် လည်း ဝန် ထမ်း က မ သင့် တော် ဘူး လို့ ယူ ဆ တာ နဲ့ တန်း ပိတ် ပစ် ဖို့ ကို ညွန် ကြား ချက် ထဲပါ ရှိ ခဲ့ ပါ တယ် ။ ဒီ အ ကြောင်း ကို အ မေ ရိ ကန် သ မ္မ တ နဲ့ နိုင် ငံ ရေး အ ရာ ရှိတွေ က ‘ ကြောက် စ ရာ ကောင်း ပြီး ၊ အ ကြမ်း ဖက် စေ တဲ့ ဗီ ဒီ ယို’ ဂိမ်း တွေ ကြောင့် လို့ အ မည် တပ် ခဲ့ တာ ပါ ။ ထောက် ခံ သူ များ ခဲ့ အ ပြီး မှာ ကုန် တိုက် က ဖယ် ရှား ဖို့ ဆုံး ဖြတ် ခဲ့ တာ ပါ ။

ဒါ ပေ မဲ့ အ ကြမ်း ဖက် ရာ မှာ အ ဓိ က သုံး သွား တဲ့ သေ နတ် လို မျိုး အ ရာ တွေ ကုန် တိုက် မှာ ပေါ် တင် ရောင်း ချ နေ မှု ကို တော့ ပိတ် ပင် သွား မှာ မ ဟုတ် ပါ ဘူး ။ အ မေ ရိ ကန် မှာ သေ နတ် တွေ ပိတ် သိမ်း ဖို့ ကို ဆ န္ဒ ပြ နေ ကြ ပေ မဲ့ အ များ စု က ဂိမ်: တွေ ရဲ့ စွဲ လန်း မှု ကြောင့် ဖြစ် လာ တာ လို့ ထောက် ပြ နေ ကြ တဲ့ အ တွက်ကြောင့် ပါ ။ ဝေါ မတ် က ဝန် ထမ်း တွေ ကိုယ် တိုင် လည်း အဲ ဒီ ဂိမ်း တွေ ဆော့ နေတာ မျိုး ရှိ ရင် အ လုပ် ထုတ် ခံ ရ ဖို့ အ ထိ ရှိ တယ် လို့ သိ ရ ပါ တယ် ။

သူရေး ( D Nae Thit )

zc

The author didn't add any Information to his profile yet.

Leave a comment

Your email address will not be published. Required fields are marked. *