တနလၤာ သားသမီးမ်ား အတြက္ ၂၀၁၉ ခုႏွစ္ ( ၈ ) လပိုင္း တစ္လစာ ေဟာစာတမ္း

By / 2 months ago / Astrology / No Comments
တနလၤာ သားသမီးမ်ား အတြက္ ၂၀၁၉ ခုႏွစ္ ( ၈ ) လပိုင္း တစ္လစာ ေဟာစာတမ္း

တနလၤာ သားသမီးမ်ား အတြက္ ၂၀၁၉ ခုႏွစ္ ( ၈ ) လပိုင္း တစ္လစာ ေဟာစာတမ္း

ဘဝ တစ္ခုလုံး အတြက္ ႀကီးမားေသာ အေျပာင္းအလဲမ်ား ႀကဳံေတြ႕ရ လတၱံ့ ။ အမွန္ ဘက္ကေန စကားေျပာ ျငင္းခုန္ရျခင္း ၊ ေဆး႐ုံ ေဆးခန္း ၊ အမႈ အခ်ဳပ္ ၊ ေထာင္ဂတ္ မ်ားႏွင့္ ပက္သက္ ရျခင္း ၊အနားဝန္းက်င္ တြင္ မီးလန႔္ေရွာ့ျဖစ္ႀကဳံရတတ္ျခင္း ၊ သူမ်ား ျပႆနာ ၾကားဝင္ ေခါင္းခံ ေျဖရွင္း ေပးရျခင္းတို႔ ႀကဳံရ လတၱံ့ ။ အလုပ္ေနရာ ၊ အိမ္ေနရာ အေျပာင္းအလဲမ်ား ႀကဳံရလတၱံ့ ။ မိမိ၏ ဘဝခံယူခ်က္မ်ား ၊ အေတြးအေခၚ အယူအဆမ်ား ၊ ကိုယ္က်င့္ တရားမ်ား ၊ လုပ္နည္း လုပ္ဟန္မ်ားလည္း ေျပာင္းလဲအံ့ …။

စိတ္တိုလြယ္ ေဒါသ ထြက္လြယ္ ၊ စိတ္လိုက္ မာန္ပါ ေျပာဆို လုပ္ကိုင္တာေတြေရွာင္ပါ ။ စိတ္ခံစားမႈ ကိုအလို မလိုက္ပဲ ဦးေႏွာက္ ဉာဏ္မ်ားမ်ား သုံးသင့္ပါတယ္ …။ ျဖစ္ခ်င္ တာထက္ ျဖစ္သင့္ တာကိုဦးစားေပးပါ ။ မထင္မွတ္ တာေတြ ျဖစ္လာတတ္ ။ လူအား ၊ ဉာဏ္အား ၊ ဝီရိယအား စိုက္ထုတ္ၿပီး မ်ားမ်ား ႀကိဳးစားသင့္ ပါတယ္ … ။

အလုပ္သစ္ လုပ္ရအံ့ ။ ေနရာ ထိုင္ခင္း ျပဳျပင္ရတတ္ ။ အသစ္ရတတ္ ။ အိုးပိုင္အိမ္ပိုင္ မရွိေသးသူမ်ား အိုးပိုင္အိမ္ပိုင္ရတတ္ ။ လူႀကီး အလုပ္ ေနရာထိုင္ခင္ အိမ္တြင္းေရးအတြက္ အနည္းငယ္စိတ္ပူရ တ္ပါတယ္ … ။

စိတ္ပူစရာ စိတ္အေႏွာက္အယွက္ျဖစ္စရာမ်ား ၊ အတိုက္အခံအခက္အခဲမ်ား ၊ မနာလို ရန္လုပ္သူမ်ားၾကားမွ မိမိ၏အႀကံအစည္ရည္႐ြယ္ခ်က္မ်ား ျပည့္ေျမာက္ေအာင္ျမင္မည့္ႏွစ္ျဖစ္အံ့။ အခက္အခဲ စိန္ေခၚမႈမ်ားကို တည္ၿငိမ္စြာျဖင့္ ေက်ာ္ျဖတ္ အႏိုင္ယူသင့္ တယ္ …။

ကံတရား၏ မ်က္ႏွာသာေပးျခင္း ၊ အကူအညီ အပံ့အပိုးေပးျခင္းကို မခံရပဲ ၊ မိမိ၏ ကိုယ္ပိုင္ဉာဏ္ ကိုယ္ပိုင္ဟန္ ကိုယ္ပိုင္အစြမ္းအစမ်ားျဖင့္ ႀကီးပြားတိုးတက္ ေအာင္ျမင္ခ်မ္းသာမည့္ႏွစ္ျဖစ္တယ္ …။

ေငြေရးေၾကးေရး – ေငြအဝင္နည္းၿပီး ဝင္သေလာက္ျပန္ထြက္ေနအံ့။ ေငြ မၿမဲအံ့။ ေငြေၾကးကိစၥမ်ား စိတ္ပူ ထစ္ေငါ့ၿပီးမွ ေအာင္ျမင္အံ့။ ေငြရင္းႏွီးရေသာအလုပ္မ်ား သတိထားၿပီးလုပ္ပါ။ အႀကီးအကဲကူညီမစျခင္းေၾကာင့္ေသာ္၎ ၊ စပ္တူရွယ္ယာလုပ္ငန္းမ်ားေၾကာင့္ေသာ္၎ ေငြေၾကးမ်ားရရွိလတၱံ့ …။

ေငြေရးေၾကးေရး အထူးယၾတာ – ေငြၿမဲရန္ မၾကာခဏ ငါေသတၱာဗူးေပၚတြင္ ဖေယာင္းတိုင္ထြန္းၿပီး ဆုေတာင္းပါ ။ေငြေၾကးကံေကာင္းရန္ မၾကာခဏ လမ္းမွာရွိတဲ့ ခ်ိဳင့္ခြက္ကို ေက်ာက္ခဲ ဖို႔ေပးပါ …။

( ၎ယၾတာမ်ားသည္ လုပ္ရသည္မွာလြယ္ကူေသာ္လည္း အင္မတန္ထိေရာက္ေအာင္ျမင္ေသာ ယၾတာမ်ားျဖစ္သည္။ေငြေၾကးကံေကာင္းၿပီး ဘဝတစ္ဆစ္ခ်ိဳးေျပာင္းလဲျမင့္တက္ခ်မ္းသာသြားသည္မ်ားကို မၾကာခဏေတြ႕ႀကဳံဖူးပါ တယ္ …။

ထို႔ေၾကာင့္ ယုံယုံၾကည္ၾကည္ ေလးေလးနက္နက္ ေဆာင္႐ြက္ေစလိုပါတယ္ …။

ထီထိုးကံစမ္းရန္ – လက္ဖက္ရည္ႏွင့္ ေပါင္မုန႔္ဘုရားလႉပါ ၊ သူငယ္ခ်င္းမိတ္ေဆြမ်ားကို ဒါနလုပ္ပါ ။ ၿပီးလွ်င္ ပ ဖ ဘ ဗ မ ၊ ရ ယ လ ၀ ပါေသာထီဆိုင္တြင္ (၄) ႏွင့္ (၅) မ်ားမ်ားပါေသာ ထီလက္မွတ္ကိုေ႐ြးထိုးပါ။ ပါးစပ္မွေန တာဗားႏိုး ( TAVANO) ႐ြတ္ၿပီးထိုးပါ …။

အခ်စ္ေရး – ႀကီးမားေသာ အေျပာင္းအလဲမ်ားျဖစ္အံ့။ ယခင္ကထက္ တအားလည္းေကာင္းလာႏိုင္သလို တအားလည္းဆိုးသြားတတ္။ သတိထားသင့္။ အပ်ိဳလူပ်ိဳမ်ား အခ်စ္ေရးတြင္ မၾကာခဏဆိုသလို စကားေျပာျငင္းခုန္ေျဖရွင္းရျခင္း ၊ ပူပန္ေသာကေရာက္ရျခင္း တို႔ႀကဳံရအံ့။ စိတ္ပူစရာမ်ား သဝန္တိုစရာမ်ားလည္း ေရာေထြးေနတတ္ပါတယ္ …။

အိမ္ေထာင္ေရး – မၾကာခဏဆိုသလို အေသးအဖြဲကိစၥေလးမွအစ ကေတာက္ကဆျဖစ္ရျခင္း တို႔ ႀကဳံေတြ႕ရလတၱံ့။ ေဘးပေယာဂမ်ား ဝင္လာတတ္။ ၾကားလူေႏွာက္ယွက္တတ္။ သတိထားသင့္။ ဆိုးဆိုးဝါးဝါးမရွိပါ။ ရန္ျဖစ္လိုက္ ျပန္ခ်စ္လိုက္ ျဖစ္ေနတတ္ပါတယ္ …။ မၾကာခဏ အိပ္ယာခြဲအိပ္ေပးပါ …။

အခ်စ္ေရးအိမ္ေထာင္ေရးတြင္ တနလၤာသားသမီးမ်ား ၊ နာမည္တြင္ က ခ ဂ ဃ င ပါေသာသူမ်ား ေငြ ၊ ၿခံ ၊ ကား ၊ေက်ာက္ ၊ ကုန္သည္ ၊ ကြန္ျပဴတာ ၊ ကင္မရာႏွင့္ပက္သက္သူမ်ား ဝင္ရႈပ္တတ္ ပါတယ္ …။

အခ်စ္ေရးအိမ္ေထာင္ေရး အထူးယၾတာ – ႏွစ္ေယာက္ဓါတ္ပုံကို မ်က္ႏွာခ်င္းဆိုင္ကပ္ပါ ။ ဓါတ္မွန္ျပားနဲ႔ညႇပ္ပါ ။ ဓါတ္ဗူးအလြတ္ထဲမွာထည့္ၿပီး လုံေအာင္ပိတ္ထားပါ …။ ( ၃ ရက္တစ္ခါေလာက္ အဖုံးလွပ္ေပးပါ)

ပညာေရး – မိမိရည္မွန္းထားသေလာက္သာ ေအာင္ျမင္ႏိုင္လတၱံ့။ ကံတရား၏ အကူအညီေပးျခင္း ၊ ေႏွာက္ယွက္ျခင္းကို မခံရပဲ မိမိရည္မွန္းထားသေလာက္ ေအာင္ျမင္လတၱံ့။ စိတ္ပူစရာအခ်ိဳ႕ရွိေသာ္လည္း ပညာေရးရည္မွန္းခ်က္မ်ား ျပည့္ေျမာက္ေအာင္ျမင္ ႏိုင္ပါမယ္ …။

ပညာေရးကံေကာင္းေစရန္ – မနက္ေစာေစာ သစ္သီး(၆)လုံး ၊ ႏွင္းဆီ(၇)ပြင့္၊ ေသာက္ေတာ္ေရ(၃)ခြက္၊ ဖေယာင္းတိုင္(၃)တိုင္ ဘုရားလႉၿပီး မိမိျဖစ္ခ်င္တာကို ျပတ္ျပတ္သားသား သဲသဲကြဲကြဲ အသံထြက္ဆုေတာင္းပါ။ ခ်ိဳးမယ့္ေရထဲမွာ ႏွင္းဆီ(၃)ပြင့္ထည့္ၿပီးေရးခ်ိဳးရင္းလည္းဆုေတာင္းပါ …။

( စာေမးပြဲေျဖ၊ အင္တာဗ်ဴးေျဖ၊ အလုပ္ေလ်ာက္သည့္အခါမ်ားတြင္လည္း ျပဳလုပ္ႏိုင္ပါသည္)

က်န္းမာေရး – ေျခေထာက္ ၊ ခါး ၊ အာ႐ုံေၾကာ ၊ က်ီးေပါင္း ႏွင့္ ပက္သက္ေသာေရာဂါ ေဝဒနာမ်ား သတိထားသင့္ပါတယ္ (တပ္အပ္ျဖစ္မည္ဟု မဆိုလိုပါ ။ သတိထားရန္ျဖစ္သည္)

က်န္းမာေရးညံ့လွ်င္ျပဳလုပ္ရမည့္ယၾတာ – တနလၤာေန႔ည …။ ေကာ္ဗူးအစုတ္ထဲတြင္ မိမိ၏ ေျခသည္း ၊ လက္သည္း ၊ ဆံပင္ အနည္းငယ္ထည့္ပါ …။ အက်ီအစုတ္ ၊ လုံခ်ည္အစုတ္ထည့္ပါ …။ ဆန္လက္တစ္ဆုပ္ထည့္ပါ …။ အိပ္ယာေဘးမွာ တစ္ညထားအိပ္ပါ …။ ေနာက္ေမ့မနက္ စီးေနေသာေရထဲသို႔သြားေမွ်ာလိုက္ပါ …။ မေကာင္းတဲ့အခိုကအညံ့ေတြ ေရာဂါေတြပါသြားပါေစလို႔ဆုေတာင္းပါ …။

အထူးလိုက္နာရန္ … ေကာင္းေသာအေျပာင္းအလဲမ်ားျဖစ္ရန္ ဘာသာေရးပိုလုပ္သင့္၊ေမတၱာစိတ္ေမြးသင့္၊မၾကာခဏအိပ္ယာေျပာင္းအိပ္သင့္။ခရီးခဏခဏထြက္သင့္တယ္ …။

အခက္အခဲႀကီးႀကီးမားမားမ်ား ႀကဳံေတြ႕ရပါလွ်င္ …. တနလၤာေန႔ညဝတ္အိပ္ထားေသာ အဝတ္ေဟာင္းတစ္စုံကို ေနာက္ေန႔မနက္ေစာ လမ္းတြင္သြားစြန႔္ပါ။ (ငါ့မွာရွိေနတဲ့မေကာင္းတဲ့အခိုက္အညံ့ေတြအားလုံး ပါသြားပါေစလို႔ဆုေတာင္းပါ) (၂)လတစ္ခါလုပ္ပါ။အေရးအေၾကာင္းကိစၥေပၚလွ်င္ထပ္လုပ္ပါ …။

ပစၥည္းမ်ား အျမန္ေရာင္းထြက္ေရာင္းေကာင္းရန္ – အျမန္ေရာင္းထြက္ခ်င္တဲ့ ၊ ေရာင္းေကာင္းခ်င္တဲ့ပစၥည္းမ်ားကို အနီေရာင္ပန္း(၆)ပြင့္နဲ႔႐ိုက္ေပးပါ …။ ပါးစပ္ကေနၿပီးေတာ့လည္း ျပတ္ျပတ္သားသား ဆုေတာင္းပါ …။ ဘယ္ေန႔ ဘယ္ခ်ိန္မဆို ဉာဏ္ရွိသလိုလုပ္ပါ …။

ယၾတာ။ ။မည္သည့္ေန႔တြင္မဆို မနက္(၇)နာရီ(၆)မိနစ္တိတိတြင္ သစ္သီး (၆) လုံး ၊ ႏွင္းဆီ(၃)ပြင့္ ၊ ဆြမ္းပူပူ (၃)ပြဲ ၊ ေသာက္ေတာ္ေရ (၁)ခြက္ ၊ ဖေယာင္းတိုင္ (၇) တိုင္ ၊ ကို မိမိေနအိမ္ဘုရားတြင္ မၾကာခဏ လႉဒါန္းဆုေတာင္းျခင္းျဖင့္ တစ္ႏွစ္တာလုံး အခိုက္အညံ့မ်ား ကင္းစင္ေၾကေပ်ာက္ၿပီး အႀကံအစည္မ်ားေအာင္ျမင္ ႏိုင္မည္ …။ (အေၾကာင္းရွိတိုင္း မၾကာခဏျပဳလုပ္ႏိုင္သည္)

Unicode

တနင်္လာ သားသမီးများ အတွက် ၂၀၁၉ ခုနှစ် ( ၈ ) လပိုင်း တစ်လစာ ဟောစာတန်း

ဘဝ တစ်ခုလုံး အတွက် ကြီးမားသော အပြောင်းအလဲများ ကြုံတွေ့ရ လတ္တံ့ ။ အမှန် ဘက်ကနေ စကားပြော ငြင်းခုန်ရခြင်း ၊ ဆေးရုံ ဆေးခန်း ၊ အမှု အချုပ် ၊ ထောင်ဂတ် များနှင့် ပက်သက် ရခြင်း ၊အနားဝန်းကျင် တွင် မီးလန့်ရှော့ဖြစ်ကြုံရတတ်ခြင်း ၊ သူများ ပြဿနာ ကြားဝင် ခေါင်းခံ ဖြေရှင်း ပေးရခြင်းတို့ ကြုံရ လတ္တံ့ ။ အလုပ်နေရာ ၊ အိမ်နေရာ အပြောင်းအလဲများ ကြုံရလတ္တံ့ ။ မိမိ၏ ဘဝခံယူချက်များ ၊ အတွေးအခေါ် အယူအဆများ ၊ ကိုယ်ကျင့် တရားများ ၊ လုပ်နည်း လုပ်ဟန်များလည်း ပြောင်းလဲအံ့ …။

စိတ်တိုလွယ် ဒေါသ ထွက်လွယ် ၊ စိတ်လိုက် မာန်ပါ ပြောဆို လုပ်ကိုင်တာတွေရှောင်ပါ ။ စိတ်ခံစားမှု ကိုအလို မလိုက်ပဲ ဦးနှောက် ဉာဏ်များများ သုံးသင့်ပါတယ် …။ ဖြစ်ချင် တာထက် ဖြစ်သင့် တာကိုဦးစားပေးပါ ။ မထင်မှတ် တာတွေ ဖြစ်လာတတ် ။ လူအား ၊ ဉာဏ်အား ၊ ဝီရိယအား စိုက်ထုတ်ပြီး များများ ကြိုးစားသင့် ပါတယ် … ။

အလုပ်သစ် လုပ်ရအံ့ ။ နေရာ ထိုင်ခင်း ပြုပြင်ရတတ် ။ အသစ်ရတတ် ။ အိုးပိုင်အိမ်ပိုင် မရှိသေးသူများ အိုးပိုင်အိမ်ပိုင်ရတတ် ။ လူကြီး အလုပ် နေရာထိုင်ခင် အိမ်တွင်းရေးအတွက် အနည်းငယ်စိတ်ပူရ တ်ပါတယ် … ။

စိတ်ပူစရာ စိတ်အနှောက်အယှက်ဖြစ်စရာများ ၊ အတိုက်အခံအခက်အခဲများ ၊ မနာလို ရန်လုပ်သူများကြားမှ မိမိ၏အကြံအစည်ရည်ရွယ်ချက်များ ပြည့်မြောက်အောင်မြင်မည့်နှစ်ဖြစ်အံ့။ အခက်အခဲ စိန်ခေါ်မှုများကို တည်ငြိမ်စွာဖြင့် ကျော်ဖြတ် အနိုင်ယူသင့် တယ် …။

ကံတရား၏ မျက်နှာသာပေးခြင်း ၊ အကူအညီ အပံ့အပိုးပေးခြင်းကို မခံရပဲ ၊ မိမိ၏ ကိုယ်ပိုင်ဉာဏ် ကိုယ်ပိုင်ဟန် ကိုယ်ပိုင်အစွမ်းအစများဖြင့် ကြီးပွားတိုးတက် အောင်မြင်ချမ်းသာမည့်နှစ်ဖြစ်တယ် …။

ငွေရေးကြေးရေး – ငွေအဝင်နည်းပြီး ဝင်သလောက်ပြန်ထွက်နေအံ့။ ငွေ မမြဲအံ့။ ငွေကြေးကိစ္စများ စိတ်ပူ ထစ်ငေါ့ပြီးမှ အောင်မြင်အံ့။ ငွေရင်းနှီးရသောအလုပ်များ သတိထားပြီးလုပ်ပါ။ အကြီးအကဲကူညီမစခြင်းကြောင့်သော်၎င်း ၊ စပ်တူရှယ်ယာလုပ်ငန်းများကြောင့်သော်၎င်း ငွေကြေးများရရှိလတ္တံ့ …။

ငွေရေးကြေးရေး အထူးယတြာ – ငွေမြဲရန် မကြာခဏ ငါသေတ္တာဗူးပေါ်တွင် ဖယောင်းတိုင်ထွန်းပြီး ဆုတောင်းပါ ။ငွေကြေးကံကောင်းရန် မကြာခဏ လမ်းမှာရှိတဲ့ ချိုင့်ခွက်ကို ကျောက်ခဲ ဖို့ပေးပါ …။

( ၎င်းယတြာများသည် လုပ်ရသည်မှာလွယ်ကူသော်လည်း အင်မတန်ထိရောက်အောင်မြင်သော ယတြာများဖြစ်သည်။ငွေကြေးကံကောင်းပြီး ဘဝတစ်ဆစ်ချိုးပြောင်းလဲမြင့်တက်ချမ်းသာသွားသည်များကို မကြာခဏတွေ့ကြုံဖူးပါ တယ် …။

ထို့ကြောင့် ယုံယုံကြည်ကြည် လေးလေးနက်နက် ဆောင်ရွက်စေလိုပါတယ် …။

ထီထိုးကံစမ်းရန် – လက်ဖက်ရည်နှင့် ပေါင်မုန့်ဘုရားလှူပါ ၊ သူငယ်ချင်းမိတ်ဆွေများကို ဒါနလုပ်ပါ ။ ပြီးလျှင် ပ ဖ ဘ ဗ မ ၊ ရ ယ လ ၀ ပါသောထီဆိုင်တွင် (၄) နှင့် (၅) များများပါသော ထီလက်မှတ်ကိုရွေးထိုးပါ။ ပါးစပ်မှနေ တာဗားနိုး ( TAVANO) ရွတ်ပြီးထိုးပါ …။

အချစ်ရေး – ကြီးမားသော အပြောင်းအလဲများဖြစ်အံ့။ ယခင်ကထက် တအားလည်းကောင်းလာနိုင်သလို တအားလည်းဆိုးသွားတတ်။ သတိထားသင့်။ အပျိုလူပျိုများ အချစ်ရေးတွင် မကြာခဏဆိုသလို စကားပြောငြင်းခုန်ဖြေရှင်းရခြင်း ၊ ပူပန်သောကရောက်ရခြင်း တို့ကြုံရအံ့။ စိတ်ပူစရာများ သဝန်တိုစရာများလည်း ရောထွေးနေတတ်ပါတယ် …။

အိမ်ထောင်ရေး – မကြာခဏဆိုသလို အသေးအဖွဲကိစ္စလေးမှအစ ကတောက်ကဆဖြစ်ရခြင်း တို့ ကြုံတွေ့ရလတ္တံ့။ ဘေးပယောဂများ ဝင်လာတတ်။ ကြားလူနှောက်ယှက်တတ်။ သတိထားသင့်။ ဆိုးဆိုးဝါးဝါးမရှိပါ။ ရန်ဖြစ်လိုက် ပြန်ချစ်လိုက် ဖြစ်နေတတ်ပါတယ် …။ မကြာခဏ အိပ်ယာခွဲအိပ်ပေးပါ …။

အချစ်ရေးအိမ်ထောင်ရေးတွင် တနင်္လာသားသမီးများ ၊ နာမည်တွင် က ခ ဂ ဃ င ပါသောသူများ ငွေ ၊ ခြံ ၊ ကား ၊ကျောက် ၊ ကုန်သည် ၊ ကွန်ပြူတာ ၊ ကင်မရာနှင့်ပက်သက်သူများ ဝင်ရှုပ်တတ် ပါတယ် …။

အချစ်ရေးအိမ်ထောင်ရေး အထူးယတြာ – နှစ်ယောက်ဓါတ်ပုံကို မျက်နှာချင်းဆိုင်ကပ်ပါ ။ ဓါတ်မှန်ပြားနဲ့ညှပ်ပါ ။ ဓါတ်ဗူးအလွတ်ထဲမှာထည့်ပြီး လုံအောင်ပိတ်ထားပါ …။ ( ၃ ရက်တစ်ခါလောက် အဖုံးလှပ်ပေးပါ)

ပညာရေး – မိမိရည်မှန်းထားသလောက်သာ အောင်မြင်နိုင်လတ္တံ့။ ကံတရား၏ အကူအညီပေးခြင်း ၊ နှောက်ယှက်ခြင်းကို မခံရပဲ မိမိရည်မှန်းထားသလောက် အောင်မြင်လတ္တံ့။ စိတ်ပူစရာအချို့ရှိသော်လည်း ပညာရေးရည်မှန်းချက်များ ပြည့်မြောက်အောင်မြင် နိုင်ပါမယ် …။

ပညာရေးကံကောင်းစေရန် – မနက်စောစော သစ်သီး(၆)လုံး ၊ နှင်းဆီ(၇)ပွင့်၊ သောက်တော်ရေ(၃)ခွက်၊ ဖယောင်းတိုင်(၃)တိုင် ဘုရားလှူပြီး မိမိဖြစ်ချင်တာကို ပြတ်ပြတ်သားသား သဲသဲကွဲကွဲ အသံထွက်ဆုတောင်းပါ။ ချိုးမယ့်ရေထဲမှာ နှင်းဆီ(၃)ပွင့်ထည့်ပြီးရေးချိုးရင်းလည်းဆုတောင်းပါ …။

( စာမေးပွဲဖြေ၊ အင်တာဗျူးဖြေ၊ အလုပ်လျောက်သည့်အခါများတွင်လည်း ပြုလုပ်နိုင်ပါသည်)

ကျန်းမာရေး – ခြေထောက် ၊ ခါး ၊ အာရုံကြော ၊ ကျီးပေါင်း နှင့် ပက်သက်သောရောဂါ ဝေဒနာများ သတိထားသင့်ပါတယ် (တပ်အပ်ဖြစ်မည်ဟု မဆိုလိုပါ ။ သတိထားရန်ဖြစ်သည်)

ကျန်းမာရေးညံ့လျှင်ပြုလုပ်ရမည့်ယတြာ – တနင်္လာနေ့ည …။ ကော်ဗူးအစုတ်ထဲတွင် မိမိ၏ ခြေသည်း ၊ လက်သည်း ၊ ဆံပင် အနည်းငယ်ထည့်ပါ …။ အကျီအစုတ် ၊ လုံချည်အစုတ်ထည့်ပါ …။ ဆန်လက်တစ်ဆုပ်ထည့်ပါ …။ အိပ်ယာဘေးမှာ တစ်ညထားအိပ်ပါ …။ နောက်မေ့မနက် စီးနေသောရေထဲသို့သွားမျှောလိုက်ပါ …။ မကောင်းတဲ့အခိုကအညံ့တွေ ရောဂါတွေပါသွားပါစေလို့ဆုတောင်းပါ …။

အထူးလိုက်နာရန် … ကောင်းသောအပြောင်းအလဲများဖြစ်ရန် ဘာသာရေးပိုလုပ်သင့်၊မေတ္တာစိတ်မွေးသင့်၊မကြာခဏအိပ်ယာပြောင်းအိပ်သင့်။ခရီးခဏခဏထွက်သင့်တယ် …။

အခက်အခဲကြီးကြီးမားမားများ ကြုံတွေ့ရပါလျှင် …. တနင်္လာနေ့ညဝတ်အိပ်ထားသော အဝတ်ဟောင်းတစ်စုံကို နောက်နေ့မနက်စော လမ်းတွင်သွားစွန့်ပါ။ (ငါ့မှာရှိနေတဲ့မကောင်းတဲ့အခိုက်အညံ့တွေအားလုံး ပါသွားပါစေလို့ဆုတောင်းပါ) (၂)လတစ်ခါလုပ်ပါ။အရေးအကြောင်းကိစ္စပေါ်လျှင်ထပ်လုပ်ပါ …။

ပစ္စည်းများ အမြန်ရောင်းထွက်ရောင်းကောင်းရန် – အမြန်ရောင်းထွက်ချင်တဲ့ ၊ ရောင်းကောင်းချင်တဲ့ပစ္စည်းများကို အနီရောင်ပန်း(၆)ပွင့်နဲ့ရိုက်ပေးပါ …။ ပါးစပ်ကနေပြီးတော့လည်း ပြတ်ပြတ်သားသား ဆုတောင်းပါ …။ ဘယ်နေ့ ဘယ်ချိန်မဆို ဉာဏ်ရှိသလိုလုပ်ပါ …။

ယတြာ။ ။မည်သည့်နေ့တွင်မဆို မနက်(၇)နာရီ(၆)မိနစ်တိတိတွင် သစ်သီး (၆) လုံး ၊ နှင်းဆီ(၃)ပွင့် ၊ ဆွမ်းပူပူ (၃)ပွဲ ၊ သောက်တော်ရေ (၁)ခွက် ၊ ဖယောင်းတိုင် (၇) တိုင် ၊ ကို မိမိနေအိမ်ဘုရားတွင် မကြာခဏ လှူဒါန်းဆုတောင်းခြင်းဖြင့် တစ်နှစ်တာလုံး အခိုက်အညံ့များ ကင်းစင်ကြေပျောက်ပြီး အကြံအစည်များအောင်မြင် နိုင်မည် …။ (အကြောင်းရှိတိုင်း မကြာခဏပြုလုပ်နိုင်သည်)

zc

The author didn't add any Information to his profile yet.

Leave a comment

Your email address will not be published. Required fields are marked. *