By / 2 months ago / Astrology / No Comments
Em Em
Unicode
တနင်္လာနေ့မှာ မွေးတဲ့သူတွေရဲ့ ထူးခြားမွေးရာပါအရည်အချင်းနဲ့ အမူအကျင့် ( ၁၀ ) ခု
တနင်္လာဖွားလေးတွေဟာ အေးဆေးတယ်၊ ပျော်ပျော်နေတတ်တယ်၊ နောက်ပြီး တခြားသော စိတ်ဝင်စားစရာကောင်းတဲ့ မွေးရာပါအားသာချက်တွေနဲ့ အပြုအမူတွေကို ဖော်ပြပေးလိုက်ပါတယ် နော် ……
( ၁ ) တနင်္လာနေ့မှာမွေးတဲ့သူတွေဟာ ဉာဏ်အလွန်ကောင်းပါတယ်။ စကားအပြောအဆိုငြင်သာပြီး ဉာဏ်ရည်မြင့်တဲ့သူလေးတွေ ဖြစ်ပါတယ် …။
( ၂ ) တနင်္လာနေ့မှာမွေးတဲ့သူတွေဟာ အရမ်းကို ခံစားလွယ်ပြီးထိခိုက်လွယ်တဲ့သူတွေပါ။ သေးသေးလေးတွေကအစ အရမ်းခံစားပြီး ဝမ်းနည်းလွယ်တဲ့သူတွေလည်း ဖြစ်ပါတယ် …။
( ၃ ) မိသားစု၊ ဆွေမျိုး၊ သူငယ်ချင်းတွေနဲ့ အတူတူ အချိန်ဖြုန်းရတာ၊ တွေ့ဆုံရတာမျိုးကို အရမ်းနှစ်သက်တဲ့သူတွေဖြစ်ပါတယ် ။ မိသားစု၊ သူငယ်ချင်းတွေအပေါ် သံယောဇဉ်ကြီးတဲ့သူတွေ ဖြစ်ပါတယ် …။
( ၄ ) တနင်္လာနေ့မှာမွေးဖွားတဲ့သူတွေဟာ ငြိမ်းချမ်းခြင်းကို လိုလားတဲ့ သူတွေ ပဲ ဖြစ်ပါတယ် ။ ဒါကြောင့် ငြိမ်းချမ်းမှုတွေကို သယ်ဆောင်လာပေးတဲ့ သူတွေဖြစ်ပါတယ် …။
( ၅ ) သူငယ်ချင်းတွေနဲ့ ရန်ဖြစ်တာ၊ စကားများတာမျိုးဆိုရင်လည်း အရင်စခေါ်တဲ့သူတွေဟာ တနင်္လာနေ့မှာမွေးတဲ့သူလေးတွေပါ။
( ၆ ) တနင်္လာနေ့မှာမွေးတဲ့သူတွေဟာ အရည်အချင်းကိုအခြေခံပြီး လုပ်ရတဲ့ အလုပ်အကိုင်တွေကို အထူးစိတ်ဝင်စားသူတွေ ဖြစ်ပါတယ်။ စီးပွားရေးပိုင်းမှာ အောင်မြင်မယ့်သူတွေ ဖြစ်ပါတယ်။
( ၇ ) တနင်္လာနေ့မှာမွေးတဲ့သူတွေဟာ ညဖက်တွေအိပ်မပျော်တာ၊ သွေးအားနည်းတာတွေကို ခံစားရတတ်ပါတယ် ။ အမြဲလိုလိုခေါင်းမူးပြီး အိပ်ရေးမဝဖြစ်တတ်ပါတယ် ။ လိုအပ်တဲ့ဆေးဝါးတွေနဲ့ လေ့ကျင့်ခန်းတွေကို မှန်မှန်လုပ်မှသာ တော်ကာကျပါမယ် …။
( ၈ ) တနင်္လာနေ့မှာမွေးတဲ့ ယောကျ်ားလေးတွေဟာ အစားအသောက်ကောင်းတွေကို အရမ်းကြိုက် တတ်ပါတယ် ။ အချက်အပြုတ်နဲ့ ပတ်သက်ပြီးလည်း ပါရမီပါတဲ့ သူလေးတွေ ဖြစ်ပါတယ် …။
( ၉ ) တနင်္လာနေ့မှာမွေးတဲ့မိန်းကလေးတွေဟာ အိမ်ထောင်ကျတဲ့အခါ ပညာရှိပြီး အားကိုးရတဲ့ ဇနီးကောင်းတွဖြစ်သလို မိခင်ကောင်းတွေလည်း ဖြစ်ပါတယ် …။
( ၁၀ ) တနင်္လာနေ့မှာမွေးတဲ့သူတွေဟာ ချစ်ခြင်း၊ ဂရုစိုက်ခြင်းကိုကိုယ်စားပြုပြီး ချစ်သူ၊ ခင်သူတွေကို အရမ်းဂရုစိုက်ပြီး ကြင်နာတတ်တဲ့သူတွေပဲ ဖြစ်ပါတယ်နော် … ။ ။
Em Em
zc
The author didn't add any Information to his profile yet.
Leave a comment
Your email address will not be published. Required fields are marked. *