က မာၻ ႀကီး သ ဘာ ဝ ေဘး အ ႏၲ ရာယ္ အ မ်ိဳး မ်ိဳး ဘာ ေၾကာင့္ က် ေရာက္ ေန တာ လဲ…။

By / 1 month ago / Blog / No Comments
က မာၻ ႀကီး သ ဘာ ဝ ေဘး အ ႏၲ ရာယ္ အ မ်ိဳး မ်ိဳး ဘာ ေၾကာင့္ က် ေရာက္ ေန တာ လဲ…။

က မာၻ ႀကီး သ ဘာ ဝ ေဘး အ ႏၲ ရာယ္ အ မ်ိဳး မ်ိဳး ဘာ ေၾကာင့္ က် ေရာက္ ေန တာ လဲ…။

ယေန႔ ကမာၻႀကီးမွာ သဘာဝေဘးအႏၲရာယ္အမ်ိဳးမ်ိဳး က်ေရာက္ေနပါတယ္။

ယခုလပိုင္းေတြမွာပဲ ဂ်ပန္ႏိုင္ငံမွာ ေလမုန္တိုင္းႀကီးေတြတိုက္၊ ေရေတြႀကီး၊ ျပင္းထန္တဲ့ ငလ်င္ေတြလႈပ္၊ တစ္ခုၿပီးတစ္ခု ျဖစ္ေနပါတယ္။ အေမရိကန္မွာလည္း ေတာမီးေတြေလာင္၊ ဥေရာပမွာလည္း ဆြီဒင္ႏိုင္ငံ၊ ဂရိႏိုင္ငံေတြမွာေတာ့ မီးႀကီးေတြ အႀကီးအက်ယ္အေလာင္ခံရၿပီး လူေတြ အိုးအိမ္ေတြပါ အေသအေပ်ာက္ေတြရွိေနပါတယ္။ အိႏၵိယ၊ တ႐ုတ္ႏိုင္ငံေတြမွာလည္း ေရႀကီးမႈ ေတြျဖစ္ေပၚခဲ့ပါတယ္။

ကြၽန္ေတာ္တို႔ႏိုင္ငံမွာလည္း မြန္ျပည္နယ္၊ ကရင္ျပည္နယ္၊ တနသၤာရီတိုင္း၊ ပဲခူးတိုင္းမ်ားမွာလည္း ႏွစ္ေပါင္း ၅၀ ေက်ာ္အတြင္း အႀကီးမားဆုံးေသာ ေရေဘးနဲ႔ ႀကဳံေတြ႕ေနပါတယ္။ ငလ်င္ဆိုလွ်င္ ဒီဘက္ႏွစ္ေတြမွာ ကြၽန္ေတာ္တို႔ ႏိုင္ငံထဲမွာ မၾကာခဏ လႈပ္ေနပါတယ္။ လြန္ခဲ့တဲ့ ေမလ ေလာက္ကဆိုလွ်င္ ျဖဴးၿမိဳ႕နယ္မွာ တစ္လထဲ ဆယ္ႀကိမ္ေလာက္ လႈပ္ခဲ့ပါတယ္။ ငလ်င္နဲ႔ ပတ္သက္လို႔လည္း ငလ်င္ပညာရွင္မ်ားက ျပင္းထန္တဲ့ငလ်င္ႀကီး လႈပ္ႏိုင္တယ္လို႔ သတိေပးေနၾကပါတယ္။

ျမန္မာႏိုင္ငံ ဝိဇၨာဂိုဏ္းခ်ဳပ္ႀကီး ဘိုးမင္းေခါင္ ဦးေဆာင္တဲ့ ဝိဇၨာႀကီး ၁၀၈ ပါးကလည္း လြန္ခဲ့တဲ့ တစ္လေလာက္က ျဖဴးၿမိဳ႕နယ္ကို ႂကြေရာက္ၿပီး ပ႒ာန္းမ်ား ႐ြတ္ဖတ္ခဲ့ေၾကာင္း သိရပါတယ္။ ျမန္မာႏိုင္ငံဝိဇၨာႀကီးမ်ားက လြန္ခဲ့တဲ့ ႏွစ္လေလာက္က အိႏၵိယသမုဒၵရာ၊ ဂ်ာဗားကြၽန္းအေနာက္ေျမာက္အရပ္ ဂ်ာဗားကြၽန္းနဲ႔ မိုင္ ၅၀ဝ အကြာမွာ ပ႒ာန္း ေဒသနာေတာ္ကို သြားေရာက္႐ြတ္ဖတ္ၿပီး ငလ်င္ႀကီး လႈပ္ခတ္မည့္ေဘးမွ ကင္းေဝးေအာင္ ေဆာင္႐ြက္ခဲ့ ေၾကာင္း သိရပါတယ္။

ျမန္မာႏိုင္ငံအစိုးရကလည္း သဘာဝေဘး အႏၲရာယ္မ်ား က်ေရာက္တဲ့အခါ ျပည္သူလူထုေတြ လိုက္နာေဆာင္႐ြက္သင့္တဲ့ အခ်က္မ်ားကို ႐ုပ္ျမင္သံၾကားႏွင့္ ေရဒီယိုမ်ား၊ သတင္းစာမ်ားမွာ ပညာေပးလ်က္ရွိပါတယ္။ ဒါေတြက ကြၽန္ေတာ္တို႔ လူလတ္ပိုင္း ဘဝက ဒီလို သဘာဝေဘးအႏၲရာယ္အတြက္ ႀကိဳတင္ကာကြယ္ေရးအဖြဲ႕ ဖြဲ႕ရတာ၊ ႀကိဳတင္ျပင္ဆင္ရတာ၊ လူထုကို ပညာေပးရတာေတြ အၿမဲတမ္း ေဆာင္႐ြက္ေနရတဲ့ အေျခအေနေရာက္ေနပါၿပီ။ ကြၽန္ေတာ္လည္း ဒီသဘာဝေဘးအႏၲရာယ္နဲ႔ ပတ္သက္လို႔ ဘာေၾကာင့္ျဖစ္ရတယ္ဆိုတာ သတိေပးတဲ့ ေဆာင္းပါး ေတာ္ေတာ္မ်ားမ်ား လြန္ခဲ့တဲ့ ငါးႏွစ္ေလာက္ကစၿပီး ေရးခဲ့ၿပီးပါၿပီ။ ယခုလည္း ထပ္မံေရးဖို႔ အေၾကာင္းေပၚလာပါတယ္။

၃၀-၇-၂၀၁၈ ရက္ မနက္သုံးနာရီက ကြၽန္ေတာ့္ဘုရားခန္းသို႔ အျဖဴေရာင္ဝတ္႐ုံႏွင့္ တန္ခိုးရွင္ႀကီးတစ္ပါး ႂကြေရာက္ေတာ္မူလာပါတယ္။

ကြၽႏု္ပ္။ ။ တပည့္ေတာ္ တန္ခိုးရွင္ႀကီးကို ႀကိဳဆိုပါတယ္။ ဘယ္လို အေၾကာင္းကိစၥနဲ႔ ကြၽန္ ေတာ့္ဆီ ႂကြေရာက္လာတယ္ဆိုတာ အမိန႔္ရွိပါဘုရား။

တန္ခိုးရွင္ႀကီး။ ။ မင္းတို႔လူသားေတြ သတိ ျပဳရမည့္ အခ်ိန္ေရာက္ေနၿပီ။ ဘယ္အေပၚ သတိ ျပဳမည္လဲဆိုလွ်င္ အေရးသုံးပါး –

ယေန႔ကမာၻမွာ ျဖစ္ေပၚေနတဲ့သဘာဝ ေဘးအႏၲရာယ္အမ်ိဳးမ်ိဳး၊

ဘာသာမဲ့ေတြ ကမာၻေပၚမွာ တစ္ေန႔တစ္ ျခားမ်ားလာတဲ့အျဖစ္၊

လူ႔ယဥ္ေက်းမႈေတြ အေျပာင္းအလဲျမန္ေနမႈ၊

အဲဒီေတာ့ ေရွ႕ ဘာေတြဆက္ျဖစ္လာမလဲဆိုတာ ေတြးေခၚေျမာ္ျမင္ၾကရေတာ့မယ္။ သဘာဝ ေဘးအႏၲရာယ္ေတြျဖစ္တဲ့ ေလမုန္တိုင္းႀကီးေတြ ပိုက်ေရာက္တာ၊ မိုးႀကီေလႀကီးမႈျဖစ္စဥ္ေတြ၊ မီးေလာင္မႈျဖစ္စဥ္ေတြ၊ ငလ်င္လႈပ္ခတ္မႈေတြ ပိုမ်ားလာတယ္။ လူသားေတြဟာ ဒီျဖစ္စဥ္ေတြအေပၚမွာ အမွတ္တမဲ့ ေနလို႔မရေတာ့ဘူး။ ကာကြယ္ဖို႔ကိစၥ စဥ္းစားၾကရေတာ့မယ္။ ဒီသဘာဝေဘးအႏၲရာယ္ေတြဟာ တစ္ႏွစ္ထက္တစ္ႏွစ္ ျဖစ္ပြားမႈႏႈန္းမ်ားလာလိမ့္မည္။

ကြၽႏု္ပ္။ ။ ဒီသဘာဝေဘး အႏၲရာယ္ေတြက လြန္ခဲ့တဲ့ အႏွစ္ ၂၀ ေလာက္ အေျခအေနမ်ိဳး ဘယ္ေတာ့ ျပန္ေရာက္ပါမလဲ ဘုရား။

တန္ခိုးရွင္ႀကီး။ ။ ေနာက္ ေလးႏွစ္ေလာက္ ခံရဦးမယ္။

ကြၽႏု္ပ္။ ။ ဒီလိုသဘာ ဝေဘးအႏၲရာယ္ေတြ က်ေရာက္လာတာဟာ ႐ိုး႐ိုးသားသား သဘာဝအေလ်ာက္ျဖစ္တဲ့ ျဖစ္စဥ္မဟုတ္ဘူးလို႔ထင္ပါတယ္ဘုရား။

တန္ခိုးရွင္ႀကီး။ ။ ေအး …အဲဒါအမွန္ပဲ။ မင္းတို႔ ကမာၻက လူသားေတြရဲ႕ အျပဳအမူေတြကို ကမာၻႀကီးကို ေစာင့္ေရွာက္ေနတဲ့ နတ္ႀကီးကိုးပါးက အလြန႔္အလြန္ စိတ္ဆိုးေနတယ္။ အဲဒီနတ္ႀကီးကိုးပါးက မင္းတို႔ကမာၻ တင္မကဘူး၊ သက္ရွိသတၱဝါေတြရွိတဲ့ ကမာၻေပါင္းမ်ားစြာကို ေစာင့္ေရွာက္ေနတဲ့ နတ္ႀကီးေတြျဖစ္တယ္။

မင္းတို႔ကမာၻက လူေတြက ကမာၻရဲ႕ အဆီအႏွစ္သယံဇာတေတြကို စည္းကမ္းမရွိ ထုတ္ယူသုံးစြဲ ေနၾကတယ္။ ေရနံေတြဆိုလွ်င္ တစ္ရက္တစ္ရက္ ေပပါသန္းေပါင္း ၂၀ဝ ေလာက္ ထုတ္ယူသုံးစြဲေနၾကတယ္။ ဒီႏႈန္းနဲ႔သုံးေနမယ္ဆိုရင္ ေနာက္ထပ္ ၁၅ ႏွစ္ထက္ ပိုသုံးလို႔ မရေတာ့ဘူး။ ကုန္ခန္းေတာ့မယ္။ အလားတူ အျခားသတၱဝါေတြကိုလည္း ထုတ္ယူသုံးစြဲေနၾကတယ္။ သစ္ေတာေတြကိုလည္း လူသားေတြ ခုတ္ယူသုံးစြဲတာဟာ ကမာၻမွာ မူလကရွိတဲ့ သစ္ေတာႀကီးေတြရဲ႕ သုံးပုံႏွစ္ပုံေလာက္ ကုန္သြားၿပီ။ သစ္ေတာေတြပ်က္စီးသြားတဲ့အတြက္ သစ္ေတာေတြ အတြင္း မွီခိုေနထိုင္ က်က္စားေနၾကတဲ့ သတၱဝါ မ်ိဳးစိတ္ေပါင္းမ်ားစြာလည္း ေပ်ာက္ကြယ္သြားၾကၿပီ။ အဲဒါေတြေၾကာင့္ ကမာၻကို ေစာင့္ေရွာက္တဲ့ နတ္ႀကီးေတြက စိတ္ဆိုးၿပီး ရာသီဥတုေတြ ေဖာက္ျပန္ေအာင္၊ ေရႀကီးတာေတြ၊ ေလမုန္တိုင္းက်တာေတြ အပူလြန္ကဲၿပီး မီးေလာင္တာေတြ၊ ငလ်င္ႀကီးေတြလႈပ္ေအာင္ ျပဳလုပ္ၿပီး လူသားေတြကို ျပစ္ဒဏ္ခတ္ေနၾကတယ္။

ကြၽႏု္ပ္။ ။ နတ္ႀကီးေတြ ေက်နပ္ေအာင္ ကြၽန္ေတာ္တို႔ လူသားေတြက ဘာေတြ ေဆာင္႐ြက္ေပးရပါမလဲဘုရား။

တန္ခိုးရွင္ႀကီး။ ။ သစ္ေတာေတြျပန္စိုက္ေပါ့။ သယံဇာတေတြ ထုတ္ယူေနတာလည္း လက္ရွိထုတ္ယူေနတာထက္ တျဖည္းျဖည္း ျပန္ေလွ်ာ့ထုတ္သြားၾကေပါ့။ လြန္ခဲ့တဲ့ ႏွစ္သုံးဆယ္ေလာက္က ထုတ္ယူခဲ့တဲ့ အေျခအေနမ်ိဳးေရာက္ေအာင္ ကိုယ့္ႏိုင္ငံနဲ႔ကိုယ္ ျပန္ေလ်ာ့ၿပီးထုတ္ၾကေပါ့။

ဒီလိုေဆာင္႐ြက္လွ်င္ နတ္ႀကီးကိုးပါးလည္း စိတ္ဆိုးတာေတြ ေျပသြားပါလိမ့္မယ္။ မင္းတို႔လူသားေတြက ဒီလိုမွ မျပဳျပင္ၾကလွ်င္ နတ္ႀကီးေတြက မင္းတို႔ကမာၻ႔လူဦးေရကို သန္းေပါင္း ၃၀ဝ၀ ေလာက္အထိ ေလွ်ာ့ခ်လိမ့္မယ္။

ကြၽႏု္ပ္။ ။ လက္ရွိကမာၻ႔လူဦးေရက သန္း ေပါင္း ၆၀ဝ၀ ေက်ာ္ေလာက္ရွိမည္ ထင္ပါတယ္။ ကမာၻ႔လူဦးေရရဲ႕ တစ္ဝက္ေလာက္ကို သဘာဝ ေဘးအႏၲရာယ္အမ်ိဳးမ်ိဳးနဲ႔ ဖယ္ရွားျဖစ္မည့္သေဘာပါလား။

တန္ခိုးရွင္ႀကီး။ ။ အဲဒါအမွန္ပဲ။ ဒုတိယအခ်က္ျဖစ္တဲ့ ဘာသာမဲ့ေတြ တစ္ေန႔တျခား ေပါမ်ားလာတဲ့ ကိစၥနဲ႔ ပတ္သက္ၿပီးေျပာမယ္။ လူေတြရဲ႕ မေကာင္းတဲ့စိတ္ေတြကို ဘာသာတရားနဲ႔ပဲ ထိန္းေၾကာင္းရတယ္။ ဘာသာေရး မရွိဘူးဆိုလွ်င္ ကုသိုလ္ အကုသိုလ္ကို လူေတြ နားလည္မွာ မဟုတ္ၾကေတာ့ဘူး။ အဲဒီလိုဘာသာမဲ့ေတြ မ်ားလာလွ်င္ လူေတြကို ထိန္းခ်ဳပ္ရတာ ပိုခက္ခဲလိမ့္ မယ္။ လူေတြရဲ႕ အျပဳအမူေတြက တရားမဲ့မႈေတြ ပိုမ်ားလာလိမ့္မယ္။ တရားမဲ့မႈေတြ ပိုမ်ားလာလွ်င္ လူ႔ဘဝႀကီး လူ႔အဖြဲ႕အစည္းႀကီးဟာ မၿငိမ္းခ်မ္းေတာ့ဘူး။ အဲဒီေတာ့ ကမာၻႀကီးကို ေစာင့္ေရွာက္တဲ့ နတ္ႀကီးကိုးပါးက ဒီအေျခအေနမ်ိဳးကို အေရာက္မခံႏိုင္ဘူး။ လူေတြကို ကပ္ႀကီးေတြတိုက္ၿပီး ေဆးေၾကာလိမ့္မယ္။ မေကာင္းတဲ့သူေတြကို တစ္ဖက္က ရွင္းလင္းရင္း အျခားတစ္ဖက္ကလည္း ဘာသာတရားေတြ ျပန္လည္ထြန္းကားလာေအာင္ ကူညီေစာင့္ေရွာက္လိမ့္မယ္။

ကြၽႏု္ပ္။ ။ ကမာၻေပၚမွာ ဘာသာႀကီးေလးမ်ိဳး ရွိပါတယ္ဘုရား။ ဘယ္ဘာသာေတြ ထြန္းကားျပန႔္ ပြားေအာင္ ေဆာင္႐ြက္မွာပါလဲဘုရား။

တန္ခိုးရွင္ႀကီး။ ။ ဗုဒၶဘာသာကိုပဲ ထြန္းကားေအာင္ ကူညီေစာင့္ေရွာက္လိမ့္မယ္။ ေနာင္ႏွစ္ေပါင္း ၂၀ ေနလွ်င္ ကမာၻ႔ႏိုင္ငံအသီးသီးကို ဗုဒၶဘာသာ ေရာက္လိမ့္မယ္။ ေနာက္ႏွစ္ေပါင္း ၅၀ ၾကာလွ်င္ ကမာၻေပၚမွာ ဗုဒၶဘာသာဟာ လူအမ်ားစုကိုးကြယ္တဲ့ ဘာသာႀကီး ျဖစ္ပါလိမ့္မယ္။

ကြၽႏု္ပ္။ ။ ဝမ္းေျမာက္လွပါတယ္ဘုရား။

တန္ခိုးရွင္ႀကီး။ ။ ေနာက္တတိယအခ်က္ ျဖစ္တဲ့ လူေတြရဲ႕ ယဥ္ေက်းမႈေတြ အေျပာင္းအလဲ ျမန္ေနတဲ့ကိစၥ ေျပာဦးမယ္။ ယဥ္ေက်းမႈေတြဟာ တစ္ႏိုင္ငံနဲ႔တစ္ႏိုင္ငံ ကူးလူးဆက္ဆံမႈေတြ ျမန္ေန တယ္။ ယဥ္ေက်းမႈေတြလည္း ေျပာင္းလဲေနတယ္။ ႏိုင္ငံႀကီးေတြရဲ႕ ယဥ္ေက်းမႈေတြကို ႏိုင္ငံငယ္ေတြက အထင္ႀကီးၿပီး လိုက္နာတုပ လက္ခံေဆာင္႐ြက္ေနၾကတယ္။ ႏိုင္ငံႀကီးေတြရဲ႕ ယဥ္ေက်းမႈေတြကလည္း လ်င္ျမန္စြာ ေျပာင္းလဲေနၾကတယ္။

ဒီအထဲမွာ အဆိုးဆုံးက ေမတၱာအေျခခံနဲ႔ ဖြဲ႕စည္းရတဲ့ အိမ္ေထာင္ေရးေတြ ပ်က္စီးေနၾကၿပီ။ မိသားစုဘဝေတြဟာ မတည္ၿမဲေတာ့ဘူး။ အိမ္ေထာင္ဆက္ေတြ အေျပာင္းအလဲေတြ မ်ားေနၿပီ။ ၾကာလွ်င္ လူေတြ စိတ္႐ိုင္းေတြဝင္လာလိမ့္မယ္။ မိသားစုဘဝေတြ မရွိေတာ့ဘူးဆိုလွ်င္ သမိုင္းဦး လူ႔အဖြဲ႕အစည္းသေဘာ ျပန္ေရာက္သြားလိမ့္မယ္။ အဲဒီအျဖစ္မ်ိဳးကိုလည္း ကမာၻကို ေစာင့္ေရွာက္တဲ့နတ္ႀကီးကိုးပါးက အေရာက္မခံႏိုင္ဘူး။ အဲဒီအတြက္လည္း နတ္ႀကီးကိုးပါးက ထူးျခားတဲ့ အစီအစဥ္ေတြရွိတယ္။

နတ္ႀကီးကိုးပါးက မင္းတို႔ကမာၻကို ေမတၱာနဲ႔ေႏွာင္ဖြဲ႕တဲ့ လူ႔အဖြဲ႕အစည္းႀကီး ျပန္ျဖစ္လာေအာင္ တန္ခိုးႀကီး နတ္ႀကီးအပါး ၉၀ဝ၀ ကို ေစလႊတ္လိမ့္မယ္။ အဲဒီနတ္ႀကီးေတြက ကမာၻ႔လူထုေတြကို ေမတၱာတရားေတြ ေမြးျမဴလာေအာင္၊ ေယာက်ာ္းေလးနဲ႔ မိန္းကေလးေတြကို ေမတၱာတရား အေျခခံတဲ့စိတ္နဲ႔ အိမ္ေထာင္ျပဳၾကေအာင္ မေနာတိုက္ၿပီး ေစာင့္ေရွာက္လိမ့္မယ္။ သားသမီးေတြက မိဘေတြကို ခ်စ္ခင္ၾကင္နာလာေအာင္ မေနာတိုက္ၾကလိမ့္မယ္။ ဝတ္စားဆင္ယင္မႈေတြကို လြန္ခဲ့တဲ့ႏွစ္ေပါင္း ၅၀ ေလာက္က အေျခအေနမ်ိဳး လက္ခံႏွစ္သက္လာ ေအာင္ မေနာတိုက္ၾကလိမ့္မယ္။

ကြၽႏု္ပ္။ ။ အရွင္တန္ခိုးရွင္ႀကီးက တပည့္ေတာ္တို႔ လူသားေတြကို သတိေပးတာ၊ ကမာၻကို ေစာင့္ေရွာက္မယ့္ နတ္ႀကီးေတြက တပည့္ေတာ္တို႔ ကမာၻလူ႔အဖြဲ႕အစည္းႀကီးကို ေစာင့္ေရွာက္မယ္ဆိုတာ သိရေတာ့ ဝမ္းေျမာက္လွပါတယ္။ ကမာၻ႔လူသားေတြရဲ႕ ယဥ္ေက်းမႈေတြကို နိမ့္က်ၿပီး စိတ္႐ိုင္းေတြ ဝင္ေရာက္လာတဲ့အတြက္ အေနာက္ႏိုင္ငံေတြမွာဆိုရင္ မၾကာခဏ အဓိပၸာယ္မဲ့ ေသနတ္ပစ္ခတ္မႈ၊ ဗုံးေပါက္ ကြဲမႈေတြေၾကာင့္ ေဈးဝယ္သြားရတာ၊ ကေလးေတြ ေက်ာင္းတက္ရတာပင္ မလုံၿခဳံေတာ့ဘူး ျဖစ္ေနပါတယ္။ တပည့္ေတာ္တို႔ ႏိုင္ငံမွာလည္း လုယက္မႈ ခိုးဆိုးတိုက္ခိုက္သတ္ျဖတ္မႈ၊ မုဒိမ္းမႈေတြ ပိုပိုၿပီး ေသာင္းက်န္းလာတာ ေတြ႕ရပါတယ္။ အဲဒါေၾကာင့္ နတ္ႀကီးကိုးပါးက အခ်ိန္မီ ေစာင့္ေရွာက္ေတာ့မယ္ သိရတဲ့အတြက္ ဝမ္းေျမာက္ရပါတယ္ ဘုရား။

သတၱဝါမ်ား က်န္းမာခ်မ္းသာပါေစ…

Unicode

က မ္ဘာ ကြီး သ ဘာ ဝ ဘေး အ န္တ ရာယ် အ မျိုး မျိုး ဘာ ကြောင့် ကျ ရောက် နေ တာ လဲ…။

ယနေ့ ကမ္ဘာကြီးမှာ သဘာဝဘေးအန္တရာယ်အမျိုးမျိုး ကျရောက်နေပါတယ်။

ယခုလပိုင်းတွေမှာပဲ ဂျပန်နိုင်ငံမှာ လေမုန်တိုင်းကြီးတွေတိုက်၊ ရေတွေကြီး၊ ပြင်းထန်တဲ့ ငလျင်တွေလှုပ်၊ တစ်ခုပြီးတစ်ခု ဖြစ်နေပါတယ်။ အမေရိကန်မှာလည်း တောမီးတွေလောင်၊ ဥရောပမှာလည်း ဆွီဒင်နိုင်ငံ၊ ဂရိနိုင်ငံတွေမှာတော့ မီးကြီးတွေ အကြီးအကျယ်အလောင်ခံရပြီး လူတွေ အိုးအိမ်တွေပါ အသေအပျောက်တွေရှိနေပါတယ်။ အိန္ဒိယ၊ တရုတ်နိုင်ငံတွေမှာလည်း ရေကြီးမှု တွေဖြစ်ပေါ်ခဲ့ပါတယ်။

ကျွန်တော်တို့နိုင်ငံမှာလည်း မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်းများမှာလည်း နှစ်ပေါင်း ၅၀ ကျော်အတွင်း အကြီးမားဆုံးသော ရေဘေးနဲ့ ကြုံတွေ့နေပါတယ်။ ငလျင်ဆိုလျှင် ဒီဘက်နှစ်တွေမှာ ကျွန်တော်တို့ နိုင်ငံထဲမှာ မကြာခဏ လှုပ်နေပါတယ်။ လွန်ခဲ့တဲ့ မေလ လောက်ကဆိုလျှင် ဖြူးမြို့နယ်မှာ တစ်လထဲ ဆယ်ကြိမ်လောက် လှုပ်ခဲ့ပါတယ်။ ငလျင်နဲ့ ပတ်သက်လို့လည်း ငလျင်ပညာရှင်များက ပြင်းထန်တဲ့ငလျင်ကြီး လှုပ်နိုင်တယ်လို့ သတိပေးနေကြပါတယ်။

မြန်မာနိုင်ငံ ဝိဇ္ဇာဂိုဏ်းချုပ်ကြီး ဘိုးမင်းခေါင် ဦးဆောင်တဲ့ ဝိဇ္ဇာကြီး ၁၀၈ ပါးကလည်း လွန်ခဲ့တဲ့ တစ်လလောက်က ဖြူးမြို့နယ်ကို ကြွရောက်ပြီး ပဋ္ဌာန်းများ ရွတ်ဖတ်ခဲ့ကြောင်း သိရပါတယ်။ မြန်မာနိုင်ငံဝိဇ္ဇာကြီးများက လွန်ခဲ့တဲ့ နှစ်လလောက်က အိန္ဒိယသမုဒ္ဒရာ၊ ဂျာဗားကျွန်းအနောက်မြောက်အရပ် ဂျာဗားကျွန်းနဲ့ မိုင် ၅၀ဝ အကွာမှာ ပဋ္ဌာန်း ဒေသနာတော်ကို သွားရောက်ရွတ်ဖတ်ပြီး ငလျင်ကြီး လှုပ်ခတ်မည့်ဘေးမှ ကင်းဝေးအောင် ဆောင်ရွက်ခဲ့ ကြောင်း သိရပါတယ်။

မြန်မာနိုင်ငံအစိုးရကလည်း သဘာဝဘေး အန္တရာယ်များ ကျရောက်တဲ့အခါ ပြည်သူလူထုတွေ လိုက်နာဆောင်ရွက်သင့်တဲ့ အချက်များကို ရုပ်မြင်သံကြားနှင့် ရေဒီယိုများ၊ သတင်းစာများမှာ ပညာပေးလျက်ရှိပါတယ်။ ဒါတွေက ကျွန်တော်တို့ လူလတ်ပိုင်း ဘဝက ဒီလို သဘာဝဘေးအန္တရာယ်အတွက် ကြိုတင်ကာကွယ်ရေးအဖွဲ့ ဖွဲ့ရတာ၊ ကြိုတင်ပြင်ဆင်ရတာ၊ လူထုကို ပညာပေးရတာတွေ အမြဲတမ်း ဆောင်ရွက်နေရတဲ့ အခြေအနေရောက်နေပါပြီ။ ကျွန်တော်လည်း ဒီသဘာဝဘေးအန္တရာယ်နဲ့ ပတ်သက်လို့ ဘာကြောင့်ဖြစ်ရတယ်ဆိုတာ သတိပေးတဲ့ ဆောင်းပါး တော်တော်များများ လွန်ခဲ့တဲ့ ငါးနှစ်လောက်ကစပြီး ရေးခဲ့ပြီးပါပြီ။ ယခုလည်း ထပ်မံရေးဖို့ အကြောင်းပေါ်လာပါတယ်။

၃၀-၇-၂၀၁၈ ရက် မနက်သုံးနာရီက ကျွန်တော့်ဘုရားခန်းသို့ အဖြူရောင်ဝတ်ရုံနှင့် တန်ခိုးရှင်ကြီးတစ်ပါး ကြွရောက်တော်မူလာပါတယ်။

ကျွနု်ပ်။ ။ တပည့်တော် တန်ခိုးရှင်ကြီးကို ကြိုဆိုပါတယ်။ ဘယ်လို အကြောင်းကိစ္စနဲ့ ကျွန် တော့်ဆီ ကြွရောက်လာတယ်ဆိုတာ အမိန့်ရှိပါဘုရား။

တန်ခိုးရှင်ကြီး။ ။ မင်းတို့လူသားတွေ သတိ ပြုရမည့် အချိန်ရောက်နေပြီ။ ဘယ်အပေါ် သတိ ပြုမည်လဲဆိုလျှင် အရေးသုံးပါး –

ယနေ့ကမ္ဘာမှာ ဖြစ်ပေါ်နေတဲ့သဘာဝ ဘေးအန္တရာယ်အမျိုးမျိုး၊

ဘာသာမဲ့တွေ ကမ္ဘာပေါ်မှာ တစ်နေ့တစ် ခြားများလာတဲ့အဖြစ်၊

လူ့ယဉ်ကျေးမှုတွေ အပြောင်းအလဲမြန်နေမှု၊

အဲဒီတော့ ရှေ့ ဘာတွေဆက်ဖြစ်လာမလဲဆိုတာ တွေးခေါ်မြော်မြင်ကြရတော့မယ်။ သဘာဝ ဘေးအန္တရာယ်တွေဖြစ်တဲ့ လေမုန်တိုင်းကြီးတွေ ပိုကျရောက်တာ၊ မိုးကြီလေကြီးမှုဖြစ်စဉ်တွေ၊ မီးလောင်မှုဖြစ်စဉ်တွေ၊ ငလျင်လှုပ်ခတ်မှုတွေ ပိုများလာတယ်။ လူသားတွေဟာ ဒီဖြစ်စဉ်တွေအပေါ်မှာ အမှတ်တမဲ့ နေလို့မရတော့ဘူး။ ကာကွယ်ဖို့ကိစ္စ စဉ်းစားကြရတော့မယ်။ ဒီသဘာဝဘေးအန္တရာယ်တွေဟာ တစ်နှစ်ထက်တစ်နှစ် ဖြစ်ပွားမှုနှုန်းများလာလိမ့်မည်။

ကျွနု်ပ်။ ။ ဒီသဘာဝဘေး အန္တရာယ်တွေက လွန်ခဲ့တဲ့ အနှစ် ၂၀ လောက် အခြေအနေမျိုး ဘယ်တော့ ပြန်ရောက်ပါမလဲ ဘုရား။

တန်ခိုးရှင်ကြီး။ ။ နောက် လေးနှစ်လောက် ခံရဦးမယ်။

ကျွနု်ပ်။ ။ ဒီလိုသဘာ ဝဘေးအန္တရာယ်တွေ ကျရောက်လာတာဟာ ရိုးရိုးသားသား သဘာဝအလျောက်ဖြစ်တဲ့ ဖြစ်စဉ်မဟုတ်ဘူးလို့ထင်ပါတယ်ဘုရား။

တန်ခိုးရှင်ကြီး။ ။ အေး …အဲဒါအမှန်ပဲ။ မင်းတို့ ကမ္ဘာက လူသားတွေရဲ့ အပြုအမူတွေကို ကမ္ဘာကြီးကို စောင့်ရှောက်နေတဲ့ နတ်ကြီးကိုးပါးက အလွန့်အလွန် စိတ်ဆိုးနေတယ်။ အဲဒီနတ်ကြီးကိုးပါးက မင်းတို့ကမ္ဘာ တင်မကဘူး၊ သက်ရှိသတ္တဝါတွေရှိတဲ့ ကမ္ဘာပေါင်းများစွာကို စောင့်ရှောက်နေတဲ့ နတ်ကြီးတွေဖြစ်တယ်။

မင်းတို့ကမ္ဘာက လူတွေက ကမ္ဘာရဲ့ အဆီအနှစ်သယံဇာတတွေကို စည်းကမ်းမရှိ ထုတ်ယူသုံးစွဲ နေကြတယ်။ ရေနံတွေဆိုလျှင် တစ်ရက်တစ်ရက် ပေပါသန်းပေါင်း ၂၀ဝ လောက် ထုတ်ယူသုံးစွဲနေကြတယ်။ ဒီနှုန်းနဲ့သုံးနေမယ်ဆိုရင် နောက်ထပ် ၁၅ နှစ်ထက် ပိုသုံးလို့ မရတော့ဘူး။ ကုန်ခန်းတော့မယ်။ အလားတူ အခြားသတ္တဝါတွေကိုလည်း ထုတ်ယူသုံးစွဲနေကြတယ်။ သစ်တောတွေကိုလည်း လူသားတွေ ခုတ်ယူသုံးစွဲတာဟာ ကမ္ဘာမှာ မူလကရှိတဲ့ သစ်တောကြီးတွေရဲ့ သုံးပုံနှစ်ပုံလောက် ကုန်သွားပြီ။ သစ်တောတွေပျက်စီးသွားတဲ့အတွက် သစ်တောတွေ အတွင်း မှီခိုနေထိုင် ကျက်စားနေကြတဲ့ သတ္တဝါ မျိုးစိတ်ပေါင်းများစွာလည်း ပျောက်ကွယ်သွားကြပြီ။ အဲဒါတွေကြောင့် ကမ္ဘာကို စောင့်ရှောက်တဲ့ နတ်ကြီးတွေက စိတ်ဆိုးပြီး ရာသီဥတုတွေ ဖောက်ပြန်အောင်၊ ရေကြီးတာတွေ၊ လေမုန်တိုင်းကျတာတွေ အပူလွန်ကဲပြီး မီးလောင်တာတွေ၊ ငလျင်ကြီးတွေလှုပ်အောင် ပြုလုပ်ပြီး လူသားတွေကို ပြစ်ဒဏ်ခတ်နေကြတယ်။

ကျွနု်ပ်။ ။ နတ်ကြီးတွေ ကျေနပ်အောင် ကျွန်တော်တို့ လူသားတွေက ဘာတွေ ဆောင်ရွက်ပေးရပါမလဲဘုရား။

တန်ခိုးရှင်ကြီး။ ။ သစ်တောတွေပြန်စိုက်ပေါ့။ သယံဇာတတွေ ထုတ်ယူနေတာလည်း လက်ရှိထုတ်ယူနေတာထက် တဖြည်းဖြည်း ပြန်လျှော့ထုတ်သွားကြပေါ့။ လွန်ခဲ့တဲ့ နှစ်သုံးဆယ်လောက်က ထုတ်ယူခဲ့တဲ့ အခြေအနေမျိုးရောက်အောင် ကိုယ့်နိုင်ငံနဲ့ကိုယ် ပြန်လျော့ပြီးထုတ်ကြပေါ့။

ဒီလိုဆောင်ရွက်လျှင် နတ်ကြီးကိုးပါးလည်း စိတ်ဆိုးတာတွေ ပြေသွားပါလိမ့်မယ်။ မင်းတို့လူသားတွေက ဒီလိုမှ မပြုပြင်ကြလျှင် နတ်ကြီးတွေက မင်းတို့ကမ္ဘာ့လူဦးရေကို သန်းပေါင်း ၃၀ဝ၀ လောက်အထိ လျှော့ချလိမ့်မယ်။

ကျွနု်ပ်။ ။ လက်ရှိကမ္ဘာ့လူဦးရေက သန်း ပေါင်း ၆၀ဝ၀ ကျော်လောက်ရှိမည် ထင်ပါတယ်။ ကမ္ဘာ့လူဦးရေရဲ့ တစ်ဝက်လောက်ကို သဘာဝ ဘေးအန္တရာယ်အမျိုးမျိုးနဲ့ ဖယ်ရှားဖြစ်မည့်သဘောပါလား။

တန်ခိုးရှင်ကြီး။ ။ အဲဒါအမှန်ပဲ။ ဒုတိယအချက်ဖြစ်တဲ့ ဘာသာမဲ့တွေ တစ်နေ့တခြား ပေါများလာတဲ့ ကိစ္စနဲ့ ပတ်သက်ပြီးပြောမယ်။ လူတွေရဲ့ မကောင်းတဲ့စိတ်တွေကို ဘာသာတရားနဲ့ပဲ ထိန်းကြောင်းရတယ်။ ဘာသာရေး မရှိဘူးဆိုလျှင် ကုသိုလ် အကုသိုလ်ကို လူတွေ နားလည်မှာ မဟုတ်ကြတော့ဘူး။ အဲဒီလိုဘာသာမဲ့တွေ များလာလျှင် လူတွေကို ထိန်းချုပ်ရတာ ပိုခက်ခဲလိမ့် မယ်။ လူတွေရဲ့ အပြုအမူတွေက တရားမဲ့မှုတွေ ပိုများလာလိမ့်မယ်။ တရားမဲ့မှုတွေ ပိုများလာလျှင် လူ့ဘဝကြီး လူ့အဖွဲ့အစည်းကြီးဟာ မငြိမ်းချမ်းတော့ဘူး။ အဲဒီတော့ ကမ္ဘာကြီးကို စောင့်ရှောက်တဲ့ နတ်ကြီးကိုးပါးက ဒီအခြေအနေမျိုးကို အရောက်မခံနိုင်ဘူး။ လူတွေကို ကပ်ကြီးတွေတိုက်ပြီး ဆေးကြောလိမ့်မယ်။ မကောင်းတဲ့သူတွေကို တစ်ဖက်က ရှင်းလင်းရင်း အခြားတစ်ဖက်ကလည်း ဘာသာတရားတွေ ပြန်လည်ထွန်းကားလာအောင် ကူညီစောင့်ရှောက်လိမ့်မယ်။

ကျွနု်ပ်။ ။ ကမ္ဘာပေါ်မှာ ဘာသာကြီးလေးမျိုး ရှိပါတယ်ဘုရား။ ဘယ်ဘာသာတွေ ထွန်းကားပြန့် ပွားအောင် ဆောင်ရွက်မှာပါလဲဘုရား။

တန်ခိုးရှင်ကြီး။ ။ ဗုဒ္ဓဘာသာကိုပဲ ထွန်းကားအောင် ကူညီစောင့်ရှောက်လိမ့်မယ်။ နောင်နှစ်ပေါင်း ၂၀ နေလျှင် ကမ္ဘာ့နိုင်ငံအသီးသီးကို ဗုဒ္ဓဘာသာ ရောက်လိမ့်မယ်။ နောက်နှစ်ပေါင်း ၅၀ ကြာလျှင် ကမ္ဘာပေါ်မှာ ဗုဒ္ဓဘာသာဟာ လူအများစုကိုးကွယ်တဲ့ ဘာသာကြီး ဖြစ်ပါလိမ့်မယ်။

ကျွနု်ပ်။ ။ ဝမ်းမြောက်လှပါတယ်ဘုရား။

တန်ခိုးရှင်ကြီး။ ။ နောက်တတိယအချက် ဖြစ်တဲ့ လူတွေရဲ့ ယဉ်ကျေးမှုတွေ အပြောင်းအလဲ မြန်နေတဲ့ကိစ္စ ပြောဦးမယ်။ ယဉ်ကျေးမှုတွေဟာ တစ်နိုင်ငံနဲ့တစ်နိုင်ငံ ကူးလူးဆက်ဆံမှုတွေ မြန်နေ တယ်။ ယဉ်ကျေးမှုတွေလည်း ပြောင်းလဲနေတယ်။ နိုင်ငံကြီးတွေရဲ့ ယဉ်ကျေးမှုတွေကို နိုင်ငံငယ်တွေက အထင်ကြီးပြီး လိုက်နာတုပ လက်ခံဆောင်ရွက်နေကြတယ်။ နိုင်ငံကြီးတွေရဲ့ ယဉ်ကျေးမှုတွေကလည်း လျင်မြန်စွာ ပြောင်းလဲနေကြတယ်။

ဒီအထဲမှာ အဆိုးဆုံးက မေတ္တာအခြေခံနဲ့ ဖွဲ့စည်းရတဲ့ အိမ်ထောင်ရေးတွေ ပျက်စီးနေကြပြီ။ မိသားစုဘဝတွေဟာ မတည်မြဲတော့ဘူး။ အိမ်ထောင်ဆက်တွေ အပြောင်းအလဲတွေ များနေပြီ။ ကြာလျှင် လူတွေ စိတ်ရိုင်းတွေဝင်လာလိမ့်မယ်။ မိသားစုဘဝတွေ မရှိတော့ဘူးဆိုလျှင် သမိုင်းဦး လူ့အဖွဲ့အစည်းသဘော ပြန်ရောက်သွားလိမ့်မယ်။ အဲဒီအဖြစ်မျိုးကိုလည်း ကမ္ဘာကို စောင့်ရှောက်တဲ့နတ်ကြီးကိုးပါးက အရောက်မခံနိုင်ဘူး။ အဲဒီအတွက်လည်း နတ်ကြီးကိုးပါးက ထူးခြားတဲ့ အစီအစဉ်တွေရှိတယ်။

နတ်ကြီးကိုးပါးက မင်းတို့ကမ္ဘာကို မေတ္တာနဲ့နှောင်ဖွဲ့တဲ့ လူ့အဖွဲ့အစည်းကြီး ပြန်ဖြစ်လာအောင် တန်ခိုးကြီး နတ်ကြီးအပါး ၉၀ဝ၀ ကို စေလွှတ်လိမ့်မယ်။ အဲဒီနတ်ကြီးတွေက ကမ္ဘာ့လူထုတွေကို မေတ္တာတရားတွေ မွေးမြူလာအောင်၊ ယောကျာ်းလေးနဲ့ မိန်းကလေးတွေကို မေတ္တာတရား အခြေခံတဲ့စိတ်နဲ့ အိမ်ထောင်ပြုကြအောင် မနောတိုက်ပြီး စောင့်ရှောက်လိမ့်မယ်။ သားသမီးတွေက မိဘတွေကို ချစ်ခင်ကြင်နာလာအောင် မနောတိုက်ကြလိမ့်မယ်။ ဝတ်စားဆင်ယင်မှုတွေကို လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀ လောက်က အခြေအနေမျိုး လက်ခံနှစ်သက်လာ အောင် မနောတိုက်ကြလိမ့်မယ်။

ကျွနု်ပ်။ ။ အရှင်တန်ခိုးရှင်ကြီးက တပည့်တော်တို့ လူသားတွေကို သတိပေးတာ၊ ကမ္ဘာကို စောင့်ရှောက်မယ့် နတ်ကြီးတွေက တပည့်တော်တို့ ကမ္ဘာလူ့အဖွဲ့အစည်းကြီးကို စောင့်ရှောက်မယ်ဆိုတာ သိရတော့ ဝမ်းမြောက်လှပါတယ်။ ကမ္ဘာ့လူသားတွေရဲ့ ယဉ်ကျေးမှုတွေကို နိမ့်ကျပြီး စိတ်ရိုင်းတွေ ဝင်ရောက်လာတဲ့အတွက် အနောက်နိုင်ငံတွေမှာဆိုရင် မကြာခဏ အဓိပ္ပာယ်မဲ့ သေနတ်ပစ်ခတ်မှု၊ ဗုံးပေါက် ကွဲမှုတွေကြောင့် ဈေးဝယ်သွားရတာ၊ ကလေးတွေ ကျောင်းတက်ရတာပင် မလုံခြုံတော့ဘူး ဖြစ်နေပါတယ်။ တပည့်တော်တို့ နိုင်ငံမှာလည်း လုယက်မှု ခိုးဆိုးတိုက်ခိုက်သတ်ဖြတ်မှု၊ မုဒိမ်းမှုတွေ ပိုပိုပြီး သောင်းကျန်းလာတာ တွေ့ရပါတယ်။ အဲဒါကြောင့် နတ်ကြီးကိုးပါးက အချိန်မီ စောင့်ရှောက်တော့မယ် သိရတဲ့အတွက် ဝမ်းမြောက်ရပါတယ် ဘုရား။

သတ္တဝါများ ကျန်းမာချမ်းသာပါစေ…

zc

The author didn't add any Information to his profile yet.

Leave a comment

Your email address will not be published. Required fields are marked. *