လွပသေလာက္ ေၾကာက္မက္ဖြယ္ေကာင္းေသာ အာ့အိုကီဂါဟာရ (青木ヶ原) ေခၚ sucideေတာအုပ္

By / 1 month ago / Knowledge / No Comments
လွပသေလာက္ ေၾကာက္မက္ဖြယ္ေကာင္းေသာ အာ့အိုကီဂါဟာရ (青木ヶ原) ေခၚ sucideေတာအုပ္

လွပသေလာက္ ေၾကာက္မက္ဖြယ္ေကာင္းေသာ အာ့အိုကီဂါဟာရ (青木ヶ原) ေခၚ sucideေတာအုပ္

ေတာအဝင္တြင္ “ေက်းဇူးျပဳ၍ ျပန္စဥ္းစားၾကည့္ပါဦး” ႏွင့္ ”ကေလးေတြနဲ႔ ကိုယ့္မိသားစုအေၾကာင္းကို ေသခ်ာျပန္ေတြးၾကည့္ပါဦး”ဟု သတိေပးခ်က္ေရးသားထားသည့္ ေတာအုပ္တစ္ခု ဂ်ပန္ႏိုင္ငံတြင္တည္ရွိပါသည္။ ဘာေၾကာင့္မ်ားပါလိမ့္?

ဂ်ပန္ႏိုင္ငံ၏ နာမည္ေက်ာ္သေကၤတျဖစ္ေသာ ဖူဂ်ီယာမေတာင္ႀကီး၏ ေျခရင္းတြင္ အလြန္တိတ္ဆိတ္၍ ေနေျပာက္မထိုးေလာက္ေအာင္ ထူထပ္ေသာ ေတာအုပ္တစ္ခုတည္ရွိပါသည္။ ထိုေတာအုပ္ကို အာ့အိုကီဂါဟာရ(Aokigahara)ဟုေခၚၿပီး သစ္ပင္ပင္လယ္ဟု အဓိပၸါယ္ရသည္။ ကဗ်ာဆန္ဆန္ေလးလွပေနေသာ ထိုေတာအုပ္သည္ စတုရန္းကီလိုမီတာ ၃၀ခန႔္က်ယ္ဝန္းသည္။

သြားေရာက္လည္ပတ္ဖူးသူတိုင္းက အာ့အိုကီဂါဟာရေတာသည္ အထိန္းအခ်ဳပ္အေႏွာင္အဖြဲ႕ကင္းလြတ္သည့္ အလွတရားစစ္စစ္ႏွင့္ တည္ၿငိမ္ေအးခ်မ္းေသာသဘာဝတရားကိုေပါင္းစပ္ထားသကဲ့သို႔ပင္ ျပည့္စုံလြန္းလွသည္ဟုၫႊန္းၾကသည္။

ေတာင္တက္အားကစားဝါသနာရွင္မ်ားကလည္းေက်ာက္တုံးေက်ာက္ေဆာင္ထူထပ္လွေသာေျမျပင္ထူထပ္လွသည့္သစ္ပင္မ်ားႏွင့္ ယွက္ျဖာေနေသာသစ္ျမစ္မ်ားၾကားမွ ခက္ခက္ခဲခဲ သြားလာကာ ဖူဂ်ီယာမေတာင္ထိပ္ကိုတက္ရျခင္းကို စိန္ေခၚမႈတစ္ခုအေနျဖင့္ အရသာေတြ႕လွသည္။ေက်ာင္းသားေက်ာင္းသူမ်ားကလည္း ထိုေဒသ၏ နာမည္ေက်ာ္ေရခဲဂူမ်ားကိုေလ့လာရန္ မၾကာခဏခရီးထြက္ေလ့ရွိသည္။

သို႔ေသာ္ ယခုေနာက္ပိုင္း ကာလမ်ားတြင္ အဆိုပါေတာအုပ္သည္ လွပသာယာလြန္းသည့္ သစ္ပင္ပင္လယ္ဟု နာမည္ေက်ာ္ၾကားခဲ့ရာမွ sucide ေတာအုပ္ဟူသည့္ နာမည္အသစ္တစ္ခုႏွင့္ပါ ေက်ာ္ၾကားလာခဲ့ျပန္သည္။

အာ့အိုကီဂါဟာရေတာသည္ ေနေျပာက္မထိုးေလာက္ေအာင္ထူထပ္လြန္း၍ သစ္ပင္ၾကားမွထိုးေသာေနေရာင္အနည္းငယ္မွ်သာရွိသည္။ေအာက္ေျခေျမျပင္သည္လည္း မီးေတာင္ေခ်ာ္ေက်ာက္မ်ားျဖစ္သျဖင့္ အလြန္ေသးငယ္ေသာ အေပါက္မ်ားပါကာ အသံလႈိင္းတုန္ခါမႈမ်ားကိုစုပ္ယူႏိုင္သည္။ ထို႔ေၾကာင့္ အၿမဲမႈိင္းညိဳ႕ေန၍ တိတ္ဆိတ္ေနေလ့ရွိသည္။လာေရာက္လည္ပတ္သူတိုင္းသတိထားမိသည္မွာလည္း ထိုသာမန္ထက္ထူးျခားေနေသာ တိတ္ဆိတ္မႈပင္ျဖစ္သည္။

ကိုယ့္အသက္ရွဴသံကိုယ္ျပန္ၾကားရသည္အထိတိတ္ဆိတ္ၿငိမ္သက္မႈႏွင့္ မႈိင္းညိဳ႕ေအးစက္ေနေသာ ေတာ၏အလွ သဘာဝသည္ အေပ်ာ္အပါးသေဘာလာေရာက္အပန္းေျဖသူအတြက္ ကဗ်ာဆန္၍ လြမ္းစရာေဆြးစရာသဖြယ္ျဖစ္ေနသည္။

သို႔ေသာ္ စိတ္ဓါတ္က်ေနသူ စိတ္ညစ္ေနသူမ်ားအတြက္ေတာ့ ေတာထဲဝင္မိပါက စိတ္ခံစားခ်က္ကို ပိုမိုျပင္းထန္ဆိုး႐ြားေစကာ ထိုေတာအုပ္အတြင္းမွျပန္ထြက္လာလိုျခင္း အလ်င္းမရွိေတာ့ေခ်။စစ္တမ္းမ်ားအရ တစ္ႏွစ္လွ်င္ လာေရာက္လည္ပတ္သူမ်ားထဲမွ ပ်မ္းမွ်လူ၁၀၀ခန႔္သည္ ေတာအုပ္ထဲမွ ျပန္ထြက္မလာေတာ့ပဲ ကိုယ့္ကိုယ္ကိုသတ္ေသေလ့ရွိၾကသျဖင့္ Sucide ေတာအုပ္ဟုနာမည္တြင္လာခဲ့သည္။ကမာၻေပၚတြင္ အေမရိကားရွိဂိုးဒင္းဂိတ္တံတားႀကီးၿပီးလွ်င္ လူသတ္ေသမႈအမ်ားဆုံးေနရာျဖစ္လာခဲ့သည္။

အာ့အိုကီဂါဟာရေတာအုပ္ႏွင့္ပတ္သက္ေသာ ယုံတမ္းပုံျပင္မ်ား

အူဘစုေတ့(ubasute) ေခၚ ေရွးဂ်ပန္ဓေလ့တစ္ခုတြင္ ေရွးဘုရင္မ်ားလက္ထက္က ဂ်ပန္၌ စားနပ္ရိကၡာရွားပါးလာလွ်င္ မွီခိုစားေသာက္ေနသူမ်ားထဲမွအသက္အႀကီးဆုံးသူ (အဓိကအားျဖင့္ အမ်ိဳးသမီး)ကို ထိုေတာတြင္ လာေရာက္စြန႔္ပစ္ကာ စေတးပစ္ေလ့ရွိသည္ဟုပါရွိသည္။ ထိုအစြန႔္ပစ္ခံ အဖြားအိုသည္ ေတာနက္တြင္းတြင္ အစြန႔္ပစ္ခံရသျဖင့္ အကူအညီမဲ့၍ အစာေရစာငတ္ျပတ္ကာေသဆုံးသြားၿပီး ယူ႔ရိန္ Yūrei (幽霊) ေခၚ ကလဲစားေခ်လိုသည့္ သူရဲျဖစ္သြားသည္ဟုဆိုသည္။

ထို လက္စားေခ်လိုေသာ တေစၦသူရဲမ်ားသည္ တိတ္ဆိပ္ၿငိမ္သက္ေသာေတာ၌ ကပ္မွီေနထိုင္ၾကသည္ဟုဆိုသည္။ထိုဝမ္းနည္းေၾကကြဲဖြယ္ျဖစ္ရပ္မ်ားကို ေရွးေခတ္ဂ်ပန္စာေပႏွင့္ ကဗ်ာမ်ားတြင္ထည့္သြင္းေရးသားခဲ့ၾကသည္။

သတ္ေသမႈမ်ား

၁၉၅၀အေစာပိုင္းမွစ၍ လာေရာက္လည္ပတ္သူမ်ားသည္ ေတာအုပ္အတြင္းတြင္ ပုတ္သိုးေနေသာအေလာင္းမ်ားကို စတင္ေတြ႕ရွိခဲ့ရၿပီး အမ်ားစုမွာ ကိုယ့္ကိုယ္ကိုသတ္ေသခဲ့ၾကသူမ်ားျဖစ္သည္။ အာ့အိုကီဂါဟာရေတာအုပ္၏ ေၾကာက္မက္ဖြယ္ေကာင္းလွ
ေသာ အူဘစုေတသမိုင္းႏွင့္ ပတ္သက္၍ လက္ခံရန္ အျငင္းပြားၾကေသာ္လည္း ေခတ္သစ္သတ္ေသမႈမ်ား၏ အဓိကတရားခံဟုသတ္မွတ္ခံရသူမွာ ၁၉၆၀ခုႏွစ္က စာေရးဆရာ ဆဟိကို မက္စုမိုတို(Seicho Matsumoto) ၏ ကူ႐ြိဳင္းဂ်ဳကိုင္ (Kuroi Jukai -黒い樹海) ေခၚ အနက္ေရာင္သစ္ပင္ပင္လယ္ ဝတၳဳစာအုပ္ျဖစ္သည္။

ထိုစာအုပ္သည္ အလြန္ေရပန္းစားခဲ့ၿပီး ထိုစာအုပ္တြင္ အာ့အိုကီဂါဟာရေတာအုပ္၏ ထိတ္လန႔္ဖြယ္ေကာင္းပုံႏွင့္ ထိုေတာအတြင္း သတ္ေသေသာခ်စ္သူတို႔အေၾကာင္းဇာတ္လမ္းကို ေရးသားထားသျဖင့္ စိတ္ပ်က္ ထိတ္လန႔္ ဝမ္းနည္းဖြယ္ရာမ်ားႏွင့္ျပည့္ႏွက္ေနသည္။ထိုစာအုပ္ထြက္သည့္အခ်ိန္မွစတင္၍ အာ့အိုကီဂါဟာရေတာအုပ္တြင္းသို႔ ဝင္ေရာက္သတ္ေသသူမ်ားပိုမိုမ်ားျပားလာခဲ့သည္။၁၉၇၀မွ စ၍ ေစတနာ့ဝန္ထမ္းပရဟိတအဖြဲ႕ဝင္မ်ား ဂ်ာနယ္လစ္မ်ားႏွင့္ ရဲတပ္ဖြဲ႕ဝင္မ်ားသည္ ေတာအတြင္းသို႔ လစဥ္ပုံမွန္ဝင္ေရာက္လွည့္လည္ရွာေဖြကင္းလွည့္ေလ့ရွိၿပီး လက္ဗလာႏွင့္ ထြက္လာရသည့္ေန႔ဟူ၍မရွိခဲ့ေပ။

၂၀၀၂တြင္ ၇၈ေလာင္း စတင္ေတြ႕ရွိခဲ့ၿပီး ၂၀၀၃တြင္ ၁၀၅ေလာင္းအထိတိုးတက္လာခဲ့သည္။ ၂၀၀၄ခုႏွစ္တစ္ႏွစ္ထဲ၌ပင္ အေလာင္း၁၀၈ေလာင္းရရွိခဲ့ၿပီး ၂၀၁၀ခုႏွစ္၌ သတ္ေသရန္ ႀကိဳးစားသူ၂၀၀ခန႔္ကို ရဲတပ္ဖြဲ႕က အခ်ိန္မွီ ကယ္တင္ႏိုင္ခဲ့သည္။ ၅၄ဦးကေတာ့ အထေျမာက္ခဲ့ၿပီး အေလာင္းသာလွ်င္ျပန္ရခဲ့သည္။၂၀၁၁ ခုႏွစ္တြင္ သတ္ေသရန္ ႀကိဳးပမ္းမႈအမ်ားစုသည္ ဘက္ဂ်က္ႏွစ္အကုန္ (ဧၿပီလ)တြင္အျဖစ္မ်ားၿပီး က်ဴးလြန္သည့္ပုံစံသည္ ဆြဲႀကိဳးခ်ျခင္းႏွင့္ ေဆးအလြန္အကြၽံေသာက္ျခင္းဟု ေတြ႕ရွိခဲ့ရသည္။ေသဆုံးသူအေရအတြက္ကိုထုတ္ျပန္ျခင္းသည္လည္း သတ္ေသလိုသူမ်ားကို လာေရာက္ရန္သတ္ေသရန္ ေၾကာ္ျငာအားေပးသလိုျဖစ္ေနျဖင့္ ရပ္ဆိုင္းခဲ့သည္။

ဤအေရအတြက္မ်ားမွာ ရွာေတြ႕သည့္အေရအတြက္ သာလွ်င္ရွိေသး၍ အပင္ႏွင့္အျမစ္မ်ားၾကားေရာက္ေနသည့္ အေလာင္းမ်ားႏွင့္ တိရစာၦန္မ်ားစားေသာက္သြားေသာ အေလာင္းမ်ားမပါဝင္ေသးေပ။

ထို႔ေၾကာင့္ေတာအဝင္တြင္ “ေက်းဇူးျပဳ၍ ျပန္စဥ္းစားၾကည့္ပါဦး – please reconsider” ႏွင့္ ”ကေလးေတြနဲ႔ ကိုယ့္မိသားစုအေၾကာင္းကို ေသခ်ာျပန္ေတြးၾကည့္ပါ – think carefully about your children, your family”ဟုေရးသားထားရျခင္းျဖစ္သည္။

ကေနာင္ T h a r a p a r . o r g

Unicode

လှပသလောက် ကြောက်မက်ဖွယ်ကောင်းသော အာ့အိုကီဂါဟာရ (青木ヶ原) ခေါ် sucideတောအုပ်

တောအဝင်တွင် “ကျေးဇူးပြု၍ ပြန်စဉ်းစားကြည့်ပါဦး” နှင့် ”ကလေးတွေနဲ့ ကိုယ့်မိသားစုအကြောင်းကို သေချာပြန်တွေးကြည့်ပါဦး”ဟု သတိပေးချက်ရေးသားထားသည့် တောအုပ်တစ်ခု ဂျပန်နိုင်ငံတွင်တည်ရှိပါသည်။ ဘာကြောင့်များပါလိမ့်?

ဂျပန်နိုင်ငံ၏ နာမည်ကျော်သင်္ကေတဖြစ်သော ဖူဂျီယာမတောင်ကြီး၏ ခြေရင်းတွင် အလွန်တိတ်ဆိတ်၍ နေပြောက်မထိုးလောက်အောင် ထူထပ်သော တောအုပ်တစ်ခုတည်ရှိပါသည်။ ထိုတောအုပ်ကို အာ့အိုကီဂါဟာရ(Aokigahara)ဟုခေါ်ပြီး သစ်ပင်ပင်လယ်ဟု အဓိပ္ပါယ်ရသည်။ ကဗျာဆန်ဆန်လေးလှပနေသော ထိုတောအုပ်သည် စတုရန်းကီလိုမီတာ ၃၀ခန့်ကျယ်ဝန်းသည်။

သွားရောက်လည်ပတ်ဖူးသူတိုင်းက အာ့အိုကီဂါဟာရတောသည် အထိန်းအချုပ်အနှောင်အဖွဲ့ကင်းလွတ်သည့် အလှတရားစစ်စစ်နှင့် တည်ငြိမ်အေးချမ်းသောသဘာဝတရားကိုပေါင်းစပ်ထားသကဲ့သို့ပင် ပြည့်စုံလွန်းလှသည်ဟုညွှန်းကြသည်။

တောင်တက်အားကစားဝါသနာရှင်များကလည်းကျောက်တုံးကျောက်ဆောင်ထူထပ်လှသောမြေပြင်ထူထပ်လှသည့်သစ်ပင်များနှင့် ယှက်ဖြာနေသောသစ်မြစ်များကြားမှ ခက်ခက်ခဲခဲ သွားလာကာ ဖူဂျီယာမတောင်ထိပ်ကိုတက်ရခြင်းကို စိန်ခေါ်မှုတစ်ခုအနေဖြင့် အရသာတွေ့လှသည်။ကျောင်းသားကျောင်းသူများကလည်း ထိုဒေသ၏ နာမည်ကျော်ရေခဲဂူများကိုလေ့လာရန် မကြာခဏခရီးထွက်လေ့ရှိသည်။

သို့သော် ယခုနောက်ပိုင်း ကာလများတွင် အဆိုပါတောအုပ်သည် လှပသာယာလွန်းသည့် သစ်ပင်ပင်လယ်ဟု နာမည်ကျော်ကြားခဲ့ရာမှ sucide တောအုပ်ဟူသည့် နာမည်အသစ်တစ်ခုနှင့်ပါ ကျော်ကြားလာခဲ့ပြန်သည်။

အာ့အိုကီဂါဟာရတောသည် နေပြောက်မထိုးလောက်အောင်ထူထပ်လွန်း၍ သစ်ပင်ကြားမှထိုးသောနေရောင်အနည်းငယ်မျှသာရှိသည်။အောက်ခြေမြေပြင်သည်လည်း မီးတောင်ချော်ကျောက်များဖြစ်သဖြင့် အလွန်သေးငယ်သော အပေါက်များပါကာ အသံလှိုင်းတုန်ခါမှုများကိုစုပ်ယူနိုင်သည်။ ထို့ကြောင့် အမြဲမှိုင်းညို့နေ၍ တိတ်ဆိတ်နေလေ့ရှိသည်။လာရောက်လည်ပတ်သူတိုင်းသတိထားမိသည်မှာလည်း ထိုသာမန်ထက်ထူးခြားနေသော တိတ်ဆိတ်မှုပင်ဖြစ်သည်။

ကိုယ့်အသက်ရှူသံကိုယ်ပြန်ကြားရသည်အထိတိတ်ဆိတ်ငြိမ်သက်မှုနှင့် မှိုင်းညို့အေးစက်နေသော တော၏အလှ သဘာဝသည် အပျော်အပါးသဘောလာရောက်အပန်းဖြေသူအတွက် ကဗျာဆန်၍ လွမ်းစရာဆွေးစရာသဖွယ်ဖြစ်နေသည်။

သို့သော် စိတ်ဓါတ်ကျနေသူ စိတ်ညစ်နေသူများအတွက်တော့ တောထဲဝင်မိပါက စိတ်ခံစားချက်ကို ပိုမိုပြင်းထန်ဆိုးရွားစေကာ ထိုတောအုပ်အတွင်းမှပြန်ထွက်လာလိုခြင်း အလျင်းမရှိတော့ချေ။စစ်တမ်းများအရ တစ်နှစ်လျှင် လာရောက်လည်ပတ်သူများထဲမှ ပျမ်းမျှလူ၁၀၀ခန့်သည် တောအုပ်ထဲမှ ပြန်ထွက်မလာတော့ပဲ ကိုယ့်ကိုယ်ကိုသတ်သေလေ့ရှိကြသဖြင့် Sucide တောအုပ်ဟုနာမည်တွင်လာခဲ့သည်။ကမ္ဘာပေါ်တွင် အမေရိကားရှိဂိုးဒင်းဂိတ်တံတားကြီးပြီးလျှင် လူသတ်သေမှုအများဆုံးနေရာဖြစ်လာခဲ့သည်။

အာ့အိုကီဂါဟာရတောအုပ်နှင့်ပတ်သက်သော ယုံတမ်းပုံပြင်များ

အူဘစုတေ့(ubasute) ခေါ် ရှေးဂျပန်ဓလေ့တစ်ခုတွင် ရှေးဘုရင်များလက်ထက်က ဂျပန်၌ စားနပ်ရိက္ခာရှားပါးလာလျှင် မှီခိုစားသောက်နေသူများထဲမှအသက်အကြီးဆုံးသူ (အဓိကအားဖြင့် အမျိုးသမီး)ကို ထိုတောတွင် လာရောက်စွန့်ပစ်ကာ စတေးပစ်လေ့ရှိသည်ဟုပါရှိသည်။ ထိုအစွန့်ပစ်ခံ အဖွားအိုသည် တောနက်တွင်းတွင် အစွန့်ပစ်ခံရသဖြင့် အကူအညီမဲ့၍ အစာရေစာငတ်ပြတ်ကာသေဆုံးသွားပြီး ယူ့ရိန် Yūrei (幽霊) ခေါ် ကလဲစားချေလိုသည့် သူရဲဖြစ်သွားသည်ဟုဆိုသည်။

ထို လက်စားချေလိုသော တစ္ဆေသူရဲများသည် တိတ်ဆိပ်ငြိမ်သက်သောတော၌ ကပ်မှီနေထိုင်ကြသည်ဟုဆိုသည်။ထိုဝမ်းနည်းကြေကွဲဖွယ်ဖြစ်ရပ်များကို ရှေးခေတ်ဂျပန်စာပေနှင့် ကဗျာများတွင်ထည့်သွင်းရေးသားခဲ့ကြသည်။

သတ်သေမှုများ

၁၉၅၀အစောပိုင်းမှစ၍ လာရောက်လည်ပတ်သူများသည် တောအုပ်အတွင်းတွင် ပုတ်သိုးနေသောအလောင်းများကို စတင်တွေ့ရှိခဲ့ရပြီး အများစုမှာ ကိုယ့်ကိုယ်ကိုသတ်သေခဲ့ကြသူများဖြစ်သည်။ အာ့အိုကီဂါဟာရတောအုပ်၏ ကြောက်မက်ဖွယ်ကောင်းလှ
သော အူဘစုတေသမိုင်းနှင့် ပတ်သက်၍ လက်ခံရန် အငြင်းပွားကြသော်လည်း ခေတ်သစ်သတ်သေမှုများ၏ အဓိကတရားခံဟုသတ်မှတ်ခံရသူမှာ ၁၉၆၀ခုနှစ်က စာရေးဆရာ ဆဟိကို မက်စုမိုတို(Seicho Matsumoto) ၏ ကူရွိုင်းဂျုကိုင် (Kuroi Jukai -黒い樹海) ခေါ် အနက်ရောင်သစ်ပင်ပင်လယ် ဝတ္ထုစာအုပ်ဖြစ်သည်။

ထိုစာအုပ်သည် အလွန်ရေပန်းစားခဲ့ပြီး ထိုစာအုပ်တွင် အာ့အိုကီဂါဟာရတောအုပ်၏ ထိတ်လန့်ဖွယ်ကောင်းပုံနှင့် ထိုတောအတွင်း သတ်သေသောချစ်သူတို့အကြောင်းဇာတ်လမ်းကို ရေးသားထားသဖြင့် စိတ်ပျက် ထိတ်လန့် ဝမ်းနည်းဖွယ်ရာများနှင့်ပြည့်နှက်နေသည်။ထိုစာအုပ်ထွက်သည့်အချိန်မှစတင်၍ အာ့အိုကီဂါဟာရတောအုပ်တွင်းသို့ ဝင်ရောက်သတ်သေသူများပိုမိုများပြားလာခဲ့သည်။၁၉၇၀မှ စ၍ စေတနာ့ဝန်ထမ်းပရဟိတအဖွဲ့ဝင်များ ဂျာနယ်လစ်များနှင့် ရဲတပ်ဖွဲ့ဝင်များသည် တောအတွင်းသို့ လစဉ်ပုံမှန်ဝင်ရောက်လှည့်လည်ရှာဖွေကင်းလှည့်လေ့ရှိပြီး လက်ဗလာနှင့် ထွက်လာရသည့်နေ့ဟူ၍မရှိခဲ့ပေ။

၂၀၀၂တွင် ၇၈လောင်း စတင်တွေ့ရှိခဲ့ပြီး ၂၀၀၃တွင် ၁၀၅လောင်းအထိတိုးတက်လာခဲ့သည်။ ၂၀၀၄ခုနှစ်တစ်နှစ်ထဲ၌ပင် အလောင်း၁၀၈လောင်းရရှိခဲ့ပြီး ၂၀၁၀ခုနှစ်၌ သတ်သေရန် ကြိုးစားသူ၂၀၀ခန့်ကို ရဲတပ်ဖွဲ့က အချိန်မှီ ကယ်တင်နိုင်ခဲ့သည်။ ၅၄ဦးကတော့ အထမြောက်ခဲ့ပြီး အလောင်းသာလျှင်ပြန်ရခဲ့သည်။၂၀၁၁ ခုနှစ်တွင် သတ်သေရန် ကြိုးပမ်းမှုအများစုသည် ဘက်ဂျက်နှစ်အကုန် (ဧပြီလ)တွင်အဖြစ်များပြီး ကျူးလွန်သည့်ပုံစံသည် ဆွဲကြိုးချခြင်းနှင့် ဆေးအလွန်အကျွံသောက်ခြင်းဟု တွေ့ရှိခဲ့ရသည်။သေဆုံးသူအရေအတွက်ကိုထုတ်ပြန်ခြင်းသည်လည်း သတ်သေလိုသူများကို လာရောက်ရန်သတ်သေရန် ကြော်ငြာအားပေးသလိုဖြစ်နေဖြင့် ရပ်ဆိုင်းခဲ့သည်။

ဤအရေအတွက်များမှာ ရှာတွေ့သည့်အရေအတွက် သာလျှင်ရှိသေး၍ အပင်နှင့်အမြစ်များကြားရောက်နေသည့် အလောင်းများနှင့် တိရစ္ဆာန်များစားသောက်သွားသော အလောင်းများမပါဝင်သေးပေ။

ထို့ကြောင့်တောအဝင်တွင် “ကျေးဇူးပြု၍ ပြန်စဉ်းစားကြည့်ပါဦး – please reconsider” နှင့် ”ကလေးတွေနဲ့ ကိုယ့်မိသားစုအကြောင်းကို သေချာပြန်တွေးကြည့်ပါ – think carefully about your children, your family”ဟုရေးသားထားရခြင်းဖြစ်သည်။

ကနောင် T h a r a p a r . o r g

zc

The author didn't add any Information to his profile yet.

Leave a comment

Your email address will not be published. Required fields are marked. *