နှစ်ကူးအထူးတရားပွဲမှ ဆရာတော်ကြီးသုံးပါး၏ သြဝါဒကောက်နှုတ်ချက်များ ( မျှဝေ ကုသိုလ် ယူပါရန် )

By / 1 week ago / Uncategorized / No Comments
နှစ်ကူးအထူးတရားပွဲမှ ဆရာတော်ကြီးသုံးပါး၏ သြဝါဒကောက်နှုတ်ချက်များ ( မျှဝေ ကုသိုလ် ယူပါရန် )

နှစ်ကူးအထူးတရားပွဲမှ ဆရာတော်ကြီးသုံးပါး၏ သြဝါဒကောက်နှုတ်ချက်များ ( မျှဝေ ကုသိုလ် ယူပါရန် )

သီတဂူ ဆရာတော်ကြီး ဟောလိုက်တဲ့ တရားတော်က နိုင်ငံတော် အတွက် အရမ်း ထိရောက်ပါတယ် …

သံဃာ … အစိုးရ … ပြည်သူ … တပ်မတော် … ဒီ ၄ – ခု ညီညွတ် နေရင် တို့ တိုင်းပြည်ကို ဘယ်သူမှ ဖြိုခွဲလို့ မရဘူး … ။

မြန်မာပြည် ပတ်ပတ် လည်မှာ အဇာတသတ် လိုပြိုကွဲအောင် လုပ်ပြီး တိုက်ဖို့ ချောင်းနေတဲ့ အကောင်တွေ အများကြီး ဆိုတာ သတိထား ကြပါ … ။

နောက် တစ်ခု … ဧရာဝတီ လို ကျင့်ကြပါ … မေခ နဲ့ မလိခ ဆုံလို့ ဧရာဝတီ ဖြစ်တယ် လို့ပြောကြတယ်

အမှန်တော့ … မေခလို့ အမည် တပ်ထားတဲ့ မြစ်က ရေနဲ့ မလိခလို့ အမည် တပ်ထားတဲ့ ရေ အချင်းချင်း ပေါင်းလို့ ဧရာဝတီ ဆိုတဲ့ မြစ်ကြီး ဖြစ် လာတာ ဧရာဝတီ မြစ်ထဲမှာ ဒါက မေခ ကရေ ဒါက မလိခ ကရေ အဲလို ( ၂ ) မျိုး မကွဲဘူး.

ဧရာဝတီက စုစည်း ပေးလိုက်တာ … နောက် ရွှေလီမြစ် သူက လည်း ဧရာဝတီထဲ စီးတယ်

ဧရာဝတီက လက်ခံတယ် စုစည်းပေး လိုက်တယ်

နောက် ဒုဌဝတီမြစ် ၊ ချင်းတွင်းမြစ် သူတို့လည်း ဧရာဝတီထဲ စီးတယ် ။ အဲဒီမြစ်တွေ အကုန်လုံးကရေတွေက ဧရာဝတီ ထဲမှာ သူရေနဲ့သူ ခွဲခြားပြီး စီးနေတယ်လို့ မရှိဘူးနော်

ဧရာဝတီက စုစည်း ပေးထားတာ ဒါကို unity လို့ခေါ်တယ် ” ညီညွတ်မှု ” ပေါ့ …

ဒါကြောင့် ဘုန်းကြီးတို့ မြန်မာ ပြည်မှာ မြန်မာလို့ ပြောလိုက် တာနဲ့ ဗမာ ၊ ကရင် ၊ ရခိုင် ၊ မွန် ၊ ရှမ်း အကုန် ပါသွား ပြီနော် ဒါကို ဟာ ငါက ကရင် ငါကရှမ်း အဲလို ဖြစ်နေမယ် ဆို ပြိုကွဲ သွားမှာပဲ

ဒါကြောင့် ဘယ်မြစ်က ရေပဲ လာလာ သူလက်ခံပြီး မြစ်တစ်စင်းတည်း ဖြစ်အော င်စုစည်းပေး တဲ့ ဧရာဝတီလို ကျင့်ကြ ပါလို့ ဒီကနေ့ မြန်မာ ပြည်သူ ပြည်သား တွေကို တိုက်တွန်း ချင်ပါတယ် ဗျာ … ။

၃.၁.၂၀၁၈ ပြည်သူ့ရင်ပြင် နှစ်ဦးဓမ္မသဘင်: Lay Naing

ဆရာတော်ကြီး သုံးပါး၏ နှစ်ဦး တရားပွဲ သြဝါဒ ကောက်နှုတ်ချက်များ

ဗန်းမော် ဆရာတော်ဘုရားကြီး သြဝါဒ

ဘာကို ပေးလှူရမလဲ တရားတော်

( ၁ ) ဘဝသံသရာ အားဗလကောင်းခြင်ရင်ဘာလှူရ

( ၂ ) အဘယ်အလှူကို ပေးလှူသောသူသည် ရုပ်အဆင်းကို လှပစေသနည်း ?

( ၃ ) ကိုယ်ချမ်းသာစိတ်ချမ်းသာကို ရချင်ရင် ဘာလှူရမလဲ ?

( ၄ ) မျက်စိအား ကောင်းအောင် အဘယ် အရာကို လှူရမလဲ ?

( ၅ ) အဲ့ အကျိုးလေးမျိုးလုံးရချင်ရင် ဘာလှူရမလဲ ?

( ၁ ) ဆွမ်းခဲဖွယ်ဘောဇဉ်လှူရင် ခွန်အားဗလကောင်းပါမည်

( ၂ ) အဝတ် သင်္ကန်း လှူခြင်းသည် ရွှေရုပ်မက လှစေသည်

( ၃ ) ယာဉ်ကို လှူတန်းသော သူသည် ကိုယ်ချမ်းသာ စိတ်ချမ်းသာသည့် အကျိုးဖြစ်ထွန်းစေသည်

( ၄ ) မျက်စိအား ကောင်းချင်ရင် ဆီမီးကဲ့သို့ အလင်းရောင် ပေးနိုင်တဲ့အရာလှူပါ

( ၅ ) ကျောင်း အဆောက်အဦးကို ပေးလှူသောသူသည် အထက်ပါလေးမျိုးစလုံးကို ပေးလှူ သကဲ့သို့ အကျိုးရသည် ။

တရားအလှူ လှူခြင်းသည် နိဗ္ဗာန် ရောက်စေသည့် အကျိုးကိုပါ ဖြစ်ထွန်းစေသည် ။

ပါမောက္ခချုပ် ဆရာတော်ကြီး

( သတိ နဲ့ နေထိုင်ကြမယ်နှင့် အမုန်းတရားများဖယ်ရှားခြင်း )

လှေကြီး တစ်စင်းနဲ့လူအများ ခရီးသွားသည့်အခါ လှေမှာ အပေါက်ဖြစ်ပြီး ရေဝင်လာပြီ ဆိုရင် ဘယ်နေရာက ပေါက်ပေါက် အားလုံး ဝိုင်းပြီး ဖာရမယ် ။ ရေခပ် ထုတ်ရမယ် ။

မင်းနေရာက ပေါက်တာ မင်းနဲ့ ဆိုင်တယ် ။ ငါနဲ့မဆိုင်ဘူး ။ မင်းလုပ်ရမယ် ဆိုရင် လှေကြီးမှောက်ရင် အားလုံး သေမှာပဲ ။

လှေပိုင်ရှင်နဲ့ ဆိုင်တယ် လှေသမား တွေ ပြုပြင် လိမ့်မယ်လို့ မသိသလို နေရင် လှေမှောက်လျှင် အားလုံး သေမှာပါပဲ ။ အားလုံး ဝိုင်းပြီး ဆောင်ရွက်မှ သာလျှင် အားလုံး နီးပါး အောင်မြင်မှာပါ ။

ဘယ်ကိစ္စ ဘယ်လူမျိုးပဲဖြစ်ဖြစ် သတိရှိရှိ ဆင်ခြင်တုံ တရားရှိရှိနဲ့ နေထိုင်သွားကြဖို့ ။

၂၀၁၉ ခုနှစ်ကစလို့သတိသမ္မဇည ဖြင့်နေထိုင်ခြင်းဖြင့် လေ့ကျင့်ခန်းလုပ်သွားဖို့ ။ သတိ ဆင်ခြင်တုံတရားနှင့်

၁ ။ ရှေ့လှမ်းခြင်း နောက်ဆုတ်ခြင်း ပြုလုပ်ဖို့

၂ ။ မြင်စရာအာရုံများကို ကြည့်ရမည်

၃ ။ ကွေးခြင်း ဆန့်ခြင်း ပြုရမည်

၎ ။ အများနဲ့ဆိုင်တဲ့နေရာ ဝတ်စားမှုသတိရှိဖို့

၅ ။ အစားအစာ အသောက်အစား စားတဲ့အခါ

၆ ။ အိမ်သာထဲ ကျင်ကြီး ကျင်ငယ်ဝင်တဲ့အခါ

၇ ။ လျောင်းထိုင်ရပ်သွား တာတွေမှာ သတိရှိဖို့ ဆင်ခြင်တုံတရားရှိရှိ နေထိုင်ကြဖို့

ပြီးတော့ ဒုတိယအချက်အနေနဲ့ “ရင်ထဲက အမုန်းတရားဖယ်ရှားဖို့”

ရင်ထဲက အမုန်းတရားတွေ ဖြစ်တည်လာရခြင်း အကြောင်းတရား ( ၂ ) မျိုး

၁ ။ ဣဿာ = သူတစ်ပါးစည်းစိမ်ကို ငြူစူခြင်း မနာလိုရှုစိမ့်ခြင်း

၂ ။ မစ္ဆရိယ = မိမိစည်းစိမ်ကို လျှို့ဝှက်ခြင်း ၊ ဝန်တိုခြင်း အထက်ပါတရား ၂ပါး ဖြစ်တဲ့

၁ ။ ဣဿာ ကို မုဒိတာ= ဝမ်းမြောက်ခြင်း ဆိုတဲ့ တရားနဲ့ ဖယ်ရှားရှင်းလင်းဖို့

၂ ။ မစ္ဆရိယ ကို သဒ္ဓါ = ယုံကြည်ခြင်း ဆိုတဲ့ တရားနဲ့ဖယ်ရှားရှင်းလင်းဖို့ ဟောကြား။

အချုပ်အားဖြင့် ဆိုရသော် အထက်က သတိသမ္မဇည တရား ( ၇ ) ချက်ဖြင့်နေထိုင်ပြီး ရင်ထဲက အမုန်းတရား (၂)ချက် ကို ဖယ်ရှားခြင်းဖြင့် ကျန်းမာ၊ စီးပွား၊ ပညာများတိုးတက်အောင်မြင် လာမည့်အကြောင်း ဟောကြားခဲ့သည်ကို တစ်ဆင့်မျှဝေ ဓမ္မဒါနပြုပါသည် ။

သီတဂူဆရာတော်ကြီး၏ သြဝါဒ

ဂေါသိင်္ဂစိတ်ထား မွေးကြစေ

အချင်းချင်း ညီညွှတ်စွာ နေနိုင်ကြပါရန်

တစ်ယောက်နှင့် တစ်ယောက် ဝမ်းမြှောက်စွာ နေနိုင်ကြရေး။

အချင်းချင်း ဆန့်ကျင်ဘက်စကား မပြောကြဘဲ ငြင်းခုံမှု ခိုက်ရန် မဖြစ်ကြဘဲ နေနိုင်ကြပါရန် နို့နှင့်ရေ ရောသလို ခွဲခြားလို့ မရလောက်အောင် ရောရောနှောနှော နေနိုင်ကြရေး။

အမေသည် ရင်ခွင်ထဲက ကလေးကို ချစ်သော မျက်လုံးနှင့်ကြည့်သလို တိုင်းရင်းသား ညီအစ်ကို မောင်နှမတွေ တစ်ယောက်ကို တစ်ယောက် ချစ်သော မျက်လုံးနှင့် ကြည့်နိုင်ကြရေး ။

မျက်ကွယ်မှာပဲ ဖြစ်ဖြစ် မျက်မှောက်ပဲ ဖြစ်ဖြစ် ကာယကံ မေတ္တာ ဝစီကံ မေတ္တာတွေ ထားနိုင်ကြရေး ။

မိမိ အလိုဆန္ဒကို ချထားပြီး အချင်းချင်းရဲ့ အလိုဆန္ဒကို လိုက်လျောစွာ နေနိုင်ရေး။ ထိုကဲ့သို့ နေထိုင်ကြပါက တိုင်ပြည်ကြီး ဂေါသိင်္ဂဥယျာဉ်ကြီးကဲ့သို့ တိုးတက် စည်ကား လာနိုင်ကြောင်း ဟောကြားတော် မူပါသည် ။

တရားတော် များကို နာယူမှတ်သား၍ ရခဲ့သောအသိဉာဏ်တို့နှင့် တရားတော်ကို ဖတ်ရှုမှတ်သားဖြန့်ဝေရသော ဓမ္မဿဝန-ဓမ္မဒါနကုသိုလ်တို့သည်နိဗ္ဗာန်၏ အထောက်ပံ့ကောင်း ဖြစ်ရပါလို၏ဘုရား

မေတ္တာများစွာဖြင့်.. ဓမ္မဒါန-အရှင်နန္ဒိယ ( သာကီနွယ် )

zc

The author didn't add any Information to his profile yet.

Leave a comment

Your email address will not be published. Required fields are marked. *