၂၆ – ၆ – ၂၀၁၉ မွ ၂ – ၇ -၂၀၁၉ အထိ ခုႏွစ္ရက္ သားသမီးမ်ားအတြက္ တစ္ပတ္စာ ေဟာစာတမ္း

By / 4 weeks ago / Astrology / No Comments
၂၆ – ၆ – ၂၀၁၉ မွ ၂ – ၇ -၂၀၁၉ အထိ ခုႏွစ္ရက္ သားသမီးမ်ားအတြက္ တစ္ပတ္စာ ေဟာစာတမ္း

၂၆ – ၆ – ၂၀၁၉ မွ ၂ – ၇ -၂၀၁၉ အထိ ခုႏွစ္ရက္ သားသမီးမ်ားအတြက္ တစ္ပတ္စာ ေဟာစာတမ္း

တနဂၤေႏြသားသမီးမ်ား

ဒီေန႔တြင္ ေငြဝင္မည့္ ကိစၥတို႔ ေပၚလာတတ္ပါသည္ ။ အသက္ႀကီးပိုင္း ထဲမွ အမ်ိဳးသမီးတစ္ဦးက အႀကံÓဏ္ေကာင္း၊ အကူအညီ ေကာင္းေပးလာတတ္ပါသည္ ။ ေဗဒင္ ၊ ဂမီ ၻရႏွင့္ဆိုင္သည့္ကိစၥႀကဳံေတြ႕ရတတ္ပါသည္ ။ လုပ္ငန္းသစ္စျခင္း ၊ စာခ်ဳပ္စာတန္းမ်ားတြင္ လက္မွတ္ထိုးျခင္း၊ အလႉမဂၤလာလုပ္ျခင္းတို႔ ေကာင္းပါသည္ ။ ေလာင္းကစားဆန္သည့္စီးပြားေရးႏွင့္ ေလာင္းကစားကိစၥမ်ားလုံးဝမလုပ္ပါႏွင့္ ဒုကၡႏွင့္ႀကဳံေတြ႕သြားရတတ္သည္ ။ သင္တန္းတက္ရမည့္သူမ်ား ပညာရပ္ တစ္ခုကို စတင္ သင္ၾကားရမည့္သူမ်ား အတြက္ ဒီေန႔သည္ ေန႔ေကာင္းရက္ျမတ္ တစ္ေန႔ျဖစ္ပါသည္ ။

ယၾတာ- စေတာ္ဘယ္ရီသီး( သို႔ ) စေတာ္ဘယ္ရီယို ပါသည့္ စားစရာ တစ္မ်ိဳးမ်ိဳးကို အိမ္ဘုရားတြင္ကပ္လႉၿပီး လိုရာကိုဆုေတာင္း ပါေလ ။

တနလၤာသားသမီးမ်ား

အိမ္တြင္းေရး အိမ္ေထာင္ေရးႏွင့္ပတ္သက္၍ အပူေသာက ႀကဳံတတ္ပါသည္ ။ အိမ္တြင္းေရးျပႆနာလည္း ေပၚတတ္ပါသည္ ။ ဤအခ်ိန္တြင္ မိမိယုံ ၾကည္ထားေသာသူမ်ားက မိမိကိုဒုကၡျပန္ေပးတတ္ျခင္း၊ သစၥာေဖာက္ခံရျခင္းတို႔ ႀကဳံေတြ႕ရ တတ္ေသာေၾကာင့္ သတိထားပါ ။ အဆင္မေျပမႈမ်ား ႀကဳံေတြ႕ရသည့္ အတြက္ မလုပ္သင့္တာမ်ားကို လုပ္ရန္ ႀကံစီ ေနတတ္ပါသည္ ။ တဇြတ္ထိုးလုပ္ပါက ဒုကၡေရာက္တတ္ ပါသည္ ။ ေလာင္းကစားႏွင့္ ပတ္သက္ၿပီး လုံးဝအက်ိဳးမေပး ပါ ။ ဤအခ်ိန္တြင္ အေရးႀကီးသည့္ ဆုံးျဖတ္ခ်က္မ်ား မခ်ပါႏွင့္ အမွားေတြ႕တတ္ ပါသည္ ။ ေငြေၾကး ကိစၥေၾကာင့္ စိတ္ညစ္ရ တတ္ပါသည္ ။ အကုန္အက် မ်ားတတ္ ပါသည္ ။ ဝင္ေငြထက္ ၊ ထြက္ေငြပိုေနတတ္ပါသည္ ။ က်န္းမာေရး အေသာက္အစားေၾကာင့္ က်န္းမာေရး ထိခိုက္တတ္ျခင္း၊ အစားအေသာက္ မွားျခင္းတို႔ ျဖစ္တတ္ ပါသည္ ။

ယၾတာ – အိမ္ဘုရားေက်ာင္းေဆာင္ရွိ ဘုရားပန္းအိုးမ်ားကို ေရအသစ္လဲျခင္း၊ ပန္းအသစ္လဲျခင္းျပဳလုပ္၍ ဖန္ခြက္ႀကီးႀကီးျဖင့္ ေသာက္ေသာေရတစ္ခြက္ကပ္ လႉပါ ။ လိုရာဆုေတာင္းလိုက္ပါေလ ။

အဂၤါသားသမီးမ်ား

စီးပြားေရးအလုပ္အကိုင္ႏွင့္ပတ္သက္ၿပီး အဆက္အသြယ္တစ္ခုရတတ္ပါသည္။ ထိုအဆက္အသြယ္သည္ ယုံၾကည္စိတ္ခ်ရေလာက္သည့္ အဆက္အသြယ္မဟုတ္ပါ။ ဤကာလတြင္ စကားမတည္၊ ကတိမတည္သူမ်ားႏွင့္ႀကဳံေတြ႕ရတတ္ျခင္း၊ အေျပာတစ္မ်ိဳးအလုပ္တစ္မ်ိဳးလုပ္တတ္သည့္လူစားမ်ား ႏွင့္ႀကဳံေတြ႕ရသည့္အတြက္ စိတ္ညစ္ရတတ္ပါသည္။ စီးပြားေရးလုပ္ငန္းတစ္ခုခုစိတ္ျမန္ကိုယ္ျမန္ထမလုပ္လိုက္ပါႏွင့္။ အခ်ိန္ယူၿပီးမွလုပ္ပါ။ ထိုသို႔မဟုတ္ပါက ထိခိုက္နစ္နာတတ္ပါသည္။ ခရီးသြားရန္ရည္႐ြယ္ခ်က္ရွိပါကေအာင္ျမင္ပါလိမ့္မည္။ မိမိလုပ္ကိုင္သမွ်ေတာ္ေတာ္မ်ားမ်ားသည္အဆင္ေျပေနတတ္ပါသည္။ လူအထင္ႀကီးျခင္းကို ခံရတတ္ပါသည္။ အၿပိဳင္အဆိုင္ႀကဳံေတြ႕လာရပါက မိမိဘက္ကအႏိုင္ရပါလိမ့္မည္။ အလုပ္မွာမ်က္ႏွာသာေပးျခင္း ခံရတတ္ပါသည္။ အခ်စ္ေရးတြင္အထီးက်န္ေနတတ္ပါသည္။ အိမ္ေထာင္သည္မ်ား တစ္ဦးႏွင့္တစ္ဦးခြဲခြာေနရတတ္ပါသည္။

က်န္းမာေရး- ေသြးထြက္သံယိုျဖစ္တတ္ပါသည္။

ယၾတာ- အိမ္ဘုရားတြင္ဖေယာင္းတိုင္(၇)တိုင္ထြန္းလႉ၍ အလိုရွိရာကိုဆုေတာင္းလိုက္ပါေလ။

ဗုဒၶဟူးသားသမီးမ်ား

ခရီးသြားမည့္အစီအစဥ္ရွိပါက ရက္ေ႐ႊ႕ဆိုင္းလိုက္ရျခင္း၊ ခရီးစဥ္ပ်က္ျပယ္သြားျခင္းတု႔ိျဖစ္တတ္ပါသည္။ သြင္းကုန္၊ ထုတ္ကုန္လုပ္ငန္းတို႔ အခက္ အခဲအထစ္အေငါ့ႏွင့္ႀကဳံေတြ႕ရတတ္ပါသည္။ အခ်စ္ေရးအဆင္မေျပျဖစ္တတ္ပါသည္။ အခ်စ္ေရးႏွင့္ပတ္သက္ၿပီးအသည္းခြဲခံရတတ္ပါသည္။ သတင္းဆိုး တစ္ခုၾကားရတတ္သည္။ စီးပြားေရးအလုပ္အကိုင္ႏွင့္ပတ္သက္ၿပီး ဆုံးျဖတ္ခ်က္မပ်က္မသားျဖစ္တတ္ပါသည္။ အဆင္မေျပမႈတို႔ႏွင့္ႀကဳံေတြ႕ရတတ္ပါသည္။ ေငြေၾကးႏွင့္ပတ္သက္ၿပီး မေအာင္မျမင္ျဖစ္တတ္ပါသည္။ ဤအခ်ိန္တြင္ အေပ်ာ္အပါးမက္သည့္ သူငယ္ခ်င္းမိတ္ေဆြမ်ားႏွင့္ ေဝးေဝးေရွာင္ေနပါ။ မိမိပါေရာ၍ ပ်က္စီးသြားရတတ္ပါသည္။ က်န္းမာေရး ဇက္ေၾကာတတ္ျခင္း၊ ဇက္ေလးျခင္း၊ မ်က္စီေဝျခင္း၊ ျပာျခင္းတို႔ျဖစ္တတ္ပါသည္။

ယၾတာ- သေျပၫႊန႔္ေျခာက္ၫႊန႔္ကို အိမ္ဘုရားတြင္လႉၿပီး လိုရာဆုကိုေတာင္းလိုက္ပါေလ။

ၾကာသပေတးသားသမီးမ်ား

ဒီေန႔တြင္အနာဂတ္အတြက္ ေမွ်ာ္ကိုးၿပီးလုပ္ရသည့္ အလုပ္မ်ားအားလုံးေကာင္းပါသည္။ ႀကိဳတင္ေျပာဆိုထားသည့္ အလုပ္ကိစၥ၊ ေငြေၾကးကိစၥ ေအာင္ျမင္ပါလိမ့္မည္။ ပြဲစားအလုပ္မ်ား အက်ိဳးေပးမည္။ ေရလုပ္ငန္း၊ စာေပအႏုပညာႏွင့္ဆိုင္သည့္ လုပ္ငန္းမ်ားအက်ိဳးေပးပါသည္။ သူတစ္ပါးအထင္ႀကီးျခင္း ကိုခံရတတ္ပါသည္။ အလွျပင္ဆိုင္၊ ဆံသဆိုင္လုပ္ငန္းမ်ားစတင္လုပ္ကိုင္၍ေကာင္းပါသည္။ မိမိေမွ်ာ္လင့္ထားသည့္ ကိစၥမ်ားျဖစ္လာတတ္ပါသည္။ ဒီေန႔တြင္ အေပ်ာ္အပါး ကိစၥတို႔ကိုအထူးေရွာင္ထားပါ။ မေရွာင္လွ်င္ ေနာင္တြင္အႏၲရာယ္ႀကဳံတတ္ပါသည္။ က်န္းမာေရး ဒူးနာျခင္း၊ ဒူးေအာက္ပိုင္းတြင္ ေဝဒနာခံစားရျခင္း တို႔ႀကဳံရတတ္ပါသည္။

ယၾတာ- အျဖဴေရာင္ရွိသည့္ ပန္းပြင့္(၇)အိမ္ဘုရားတြင္ ကပ္လႉပူေဇာ္ၿပီး သင္အလိုရွိရာကိုဆုေတာင္းလိုက္ပါေလ။

ေသာၾကာသားသမီး

အလႉတစ္ခုဖိတ္ၾကားခံရျခင္း၊ အလႉတစ္ခုသို႔သြားေရာက္ရျခင္းျဖစ္ပါလိမ့္မည္။ ေကာင္းပါသည္။ ေငြေရးေၾကးေရးကိစၥေၾကာင့္ စိတ္ညစ္စရာႀကဳံ ေတြ႕ရတတ္ပါသည္။ စီးပြားေရးအလုပ္အကိုင္တို႔အဆင္ေျပသလိုႏွင့္ အဆင္မေျပျဖစ္ေနတတ္ပါသည္။ ဤအခ်ိန္တြင္ ေသာ့ခေလာက္အသစ္၊ ေသာ့အသစ္တို႔ အဝင္မခံပါႏွင့္။ ပို၍လာဘ္ပိတ္တတ္ပါသည္။ မိမိရည္႐ြယ္ထားသည့္ အႀကံအစည္တို႔ ထစ္ေငါ့ခက္ခဲေနေသာေၾကာင့္ စိတ္ညစ္ရတတ္ပါသည္။ ဘုရားဖူးရတတ္ ပါသည္။ အိမ္ကိုဧည့္သည္ေရာက္လာတတ္သည္။ အိမ္ေထာင္ေရးအဆင္မေျပျဖစ္တတ္ပါသည္။ အခ်စ္ေရးတြင္ မိမိထက္အသက္ႀကီးသူႏွင့္ႀကဳံေတြ႕ရတတ္ သည္။ ေငြအရင္းအႏွီးမ်ားသည့္စီးပြားေရးလုပ္ငန္းတို႔စတင္လုပ္ကိုင္ျခင္းမျပဳလုပ္သင့္ေသးပါ။ အႀကီးအကဲပုဂၢိဳလ္ထဲမွ ကူညီမစတတ္ပါသည္။

က်န္းမာေရး- ႏွာေစးျခင္း၊ ႏွာေခါင္းႏွင့္ ပတ္သက္သည့္ ေဝဒနာခံစားရျခင္းတို႔ျဖစ္တတ္ပါသည္။

ယၾတာ- သံဃာေတာ္တစ္ပါးကိုဆြမ္းေလာင္းလႉ၍ အလိုရွိရာကိုဆုေတာင္းလိုက္ပါေလ။

စေနသားသမီးမ်ား

စပ္တူရွယ္ယာလုပ္ငန္း၊ အက်ိဳးတူလုပ္ရသည့္အလုပ္တို႔ အဆင္မေျပျဖစ္တတ္ပါသည္။ စီးပြားဖက္၊ လုပ္ေဖာ္ကိုင္ဘက္တို႔ႏွင့္စိတ္ဝမ္းကြဲတတ္ သည္အဆင္မေျပျဖစ္တတ္သည္။ အခ်စ္ေရးအိမ္ေထာင္ေရး စိတ္ညစ္စရာႀကဳံရတတ္ပါသည္။ ေငြအကုန္အက်လည္းမ်ားရတတ္ပါသည္။ သူတစ္ပါးအႀကံေပး သည့္လုပ္ရသည့္အလုပ္မ်ိဳးျဖစ္ပါက မည္သည့္အလုပ္ကိုမွ်မလုပ္ပါႏွင့္ ဆုံးရႈံးနစ္နာတတ္ပါသည္။ ေငြေၾကးကိစၥေၾကာင့္စကားမ်ားရတတ္ပါသည္။ ခရီးသြားရန္ အစီအစဥ္ရွိပါက ရက္ေ႐ႊ႕ဆိုင္းၿပီးမွသြားပါေလ။ သူတစ္ပါးထံတြင္ အကူအညီေတာင္းခံထားသည့္ကိစၥတို႔ အဆင္ေျပမလိုႏွင့္အဖ်ားရွဴးသြားတတ္ပါသည္။ လူမႈေရးတြင္ ဆက္ဆံေရးအဆင္မေျပမႈတို႔ႀကဳံေတြ႕ရတတ္ပါသည္။ ဤကာလတြင္ ခုနစ္ထိပ္စီးႏွစ္ထိပ္စီးေလးထိပ္စီးတို႔ျဖင့္ ထီးထိုး၍ကံစမ္းလိုက္ပါေလ။ ထီကံေကာင္းေနပါသည္။ က်န္းမာေရး လက္တစ္ဖက္အေၾကာကပ္ျခင္း၊ အေၾကာညႇပ္ျခင္းတို႔ျဖစ္တတ္ပါသည္။

ယၾတာ- အိမ္ဘုရားတြင္ ေသာက္ေသာေရသုံးခြက္ကပ္လႉ၍ အလိုရွိရာကိုအာ႐ုံျပဳၿပီးဆုေတာင္းလိုက္ပါေလ။

U N I C O D E

၂၆ – ၆ – ၂၀၁၉ မှ ၂ – ၇ -၂၀၁၉ အထိ တစ်ပတ်စာ ဟောစာတမ်း

တနင်္ဂနွေသားသမီးများ

ဒီနေ့တွင် ငွေဝင်မည့် ကိစ္စတို့ ပေါ်လာတတ်ပါသည် ။ အသက်ကြီးပိုင်း ထဲမှ အမျိုးသမီးတစ်ဦးက အကြံÓဏ်ကောင်း၊ အကူအညီ ကောင်းပေးလာတတ်ပါသည် ။ ဗေဒင် ၊ ဂမီ ္ဘရနှင့်ဆိုင်သည့်ကိစ္စကြုံတွေ့ရတတ်ပါသည် ။ လုပ်ငန်းသစ်စခြင်း ၊ စာချုပ်စာတန်းများတွင် လက်မှတ်ထိုးခြင်း၊ အလှူမင်္ဂလာလုပ်ခြင်းတို့ ကောင်းပါသည် ။ လောင်းကစားဆန်သည့်စီးပွားရေးနှင့် လောင်းကစားကိစ္စများလုံးဝမလုပ်ပါနှင့် ဒုက္ခနှင့်ကြုံတွေ့သွားရတတ်သည် ။ သင်တန်းတက်ရမည့်သူများ ပညာရပ် တစ်ခုကို စတင် သင်ကြားရမည့်သူများ အတွက် ဒီနေ့သည် နေ့ကောင်းရက်မြတ် တစ်နေ့ဖြစ်ပါသည် ။

ယတြာ- စတော်ဘယ်ရီသီး( သို့ ) စတော်ဘယ်ရီယို ပါသည့် စားစရာ တစ်မျိုးမျိုးကို အိမ်ဘုရားတွင်ကပ်လှူပြီး လိုရာကိုဆုတောင်း ပါလေ ။

တနင်္လာသားသမီးများ

အိမ်တွင်းရေး အိမ်ထောင်ရေးနှင့်ပတ်သက်၍ အပူသောက ကြုံတတ်ပါသည် ။ အိမ်တွင်းရေးပြဿနာလည်း ပေါ်တတ်ပါသည် ။ ဤအချိန်တွင် မိမိယုံ ကြည်ထားသောသူများက မိမိကိုဒုက္ခပြန်ပေးတတ်ခြင်း၊ သစ္စာဖောက်ခံရခြင်းတို့ ကြုံတွေ့ရ တတ်သောကြောင့် သတိထားပါ ။ အဆင်မပြေမှုများ ကြုံတွေ့ရသည့် အတွက် မလုပ်သင့်တာများကို လုပ်ရန် ကြံစီ နေတတ်ပါသည် ။ တဇွတ်ထိုးလုပ်ပါက ဒုက္ခရောက်တတ် ပါသည် ။ လောင်းကစားနှင့် ပတ်သက်ပြီး လုံးဝအကျိုးမပေး ပါ ။ ဤအချိန်တွင် အရေးကြီးသည့် ဆုံးဖြတ်ချက်များ မချပါနှင့် အမှားတွေ့တတ် ပါသည် ။ ငွေကြေး ကိစ္စကြောင့် စိတ်ညစ်ရ တတ်ပါသည် ။ အကုန်အကျ များတတ် ပါသည် ။ ဝင်ငွေထက် ၊ ထွက်ငွေပိုနေတတ်ပါသည် ။ ကျန်းမာရေး အသောက်အစားကြောင့် ကျန်းမာရေး ထိခိုက်တတ်ခြင်း၊ အစားအသောက် မှားခြင်းတို့ ဖြစ်တတ် ပါသည် ။

ယတြာ – အိမ်ဘုရားကျောင်းဆောင်ရှိ ဘုရားပန်းအိုးများကို ရေအသစ်လဲခြင်း၊ ပန်းအသစ်လဲခြင်းပြုလုပ်၍ ဖန်ခွက်ကြီးကြီးဖြင့် သောက်သောရေတစ်ခွက်ကပ် လှူပါ ။ လိုရာဆုတောင်းလိုက်ပါလေ ။

အင်္ဂါသားသမီးများ

စီးပွားရေးအလုပ်အကိုင်နှင့်ပတ်သက်ပြီး အဆက်အသွယ်တစ်ခုရတတ်ပါသည်။ ထိုအဆက်အသွယ်သည် ယုံကြည်စိတ်ချရလောက်သည့် အဆက်အသွယ်မဟုတ်ပါ။ ဤကာလတွင် စကားမတည်၊ ကတိမတည်သူများနှင့်ကြုံတွေ့ရတတ်ခြင်း၊ အပြောတစ်မျိုးအလုပ်တစ်မျိုးလုပ်တတ်သည့်လူစားများ နှင့်ကြုံတွေ့ရသည့်အတွက် စိတ်ညစ်ရတတ်ပါသည်။ စီးပွားရေးလုပ်ငန်းတစ်ခုခုစိတ်မြန်ကိုယ်မြန်ထမလုပ်လိုက်ပါနှင့်။ အချိန်ယူပြီးမှလုပ်ပါ။ ထိုသို့မဟုတ်ပါက ထိခိုက်နစ်နာတတ်ပါသည်။ ခရီးသွားရန်ရည်ရွယ်ချက်ရှိပါကအောင်မြင်ပါလိမ့်မည်။ မိမိလုပ်ကိုင်သမျှတော်တော်များများသည်အဆင်ပြေနေတတ်ပါသည်။ လူအထင်ကြီးခြင်းကို ခံရတတ်ပါသည်။ အပြိုင်အဆိုင်ကြုံတွေ့လာရပါက မိမိဘက်ကအနိုင်ရပါလိမ့်မည်။ အလုပ်မှာမျက်နှာသာပေးခြင်း ခံရတတ်ပါသည်။ အချစ်ရေးတွင်အထီးကျန်နေတတ်ပါသည်။ အိမ်ထောင်သည်များ တစ်ဦးနှင့်တစ်ဦးခွဲခွာနေရတတ်ပါသည်။

ကျန်းမာရေး- သွေးထွက်သံယိုဖြစ်တတ်ပါသည်။

ယတြာ- အိမ်ဘုရားတွင်ဖယောင်းတိုင်(၇)တိုင်ထွန်းလှူ၍ အလိုရှိရာကိုဆုတောင်းလိုက်ပါလေ။

ဗုဒ္ဓဟူးသားသမီးများ

ခရီးသွားမည့်အစီအစဉ်ရှိပါက ရက်ရွှေ့ဆိုင်းလိုက်ရခြင်း၊ ခရီးစဉ်ပျက်ပြယ်သွားခြင်းတု့ိဖြစ်တတ်ပါသည်။ သွင်းကုန်၊ ထုတ်ကုန်လုပ်ငန်းတို့ အခက် အခဲအထစ်အငေါ့နှင့်ကြုံတွေ့ရတတ်ပါသည်။ အချစ်ရေးအဆင်မပြေဖြစ်တတ်ပါသည်။ အချစ်ရေးနှင့်ပတ်သက်ပြီးအသည်းခွဲခံရတတ်ပါသည်။ သတင်းဆိုး တစ်ခုကြားရတတ်သည်။ စီးပွားရေးအလုပ်အကိုင်နှင့်ပတ်သက်ပြီး ဆုံးဖြတ်ချက်မပျက်မသားဖြစ်တတ်ပါသည်။ အဆင်မပြေမှုတို့နှင့်ကြုံတွေ့ရတတ်ပါသည်။ ငွေကြေးနှင့်ပတ်သက်ပြီး မအောင်မမြင်ဖြစ်တတ်ပါသည်။ ဤအချိန်တွင် အပျော်အပါးမက်သည့် သူငယ်ချင်းမိတ်ဆွေများနှင့် ဝေးဝေးရှောင်နေပါ။ မိမိပါရော၍ ပျက်စီးသွားရတတ်ပါသည်။ ကျန်းမာရေး ဇက်ကြောတတ်ခြင်း၊ ဇက်လေးခြင်း၊ မျက်စီဝေခြင်း၊ ပြာခြင်းတို့ဖြစ်တတ်ပါသည်။

ယတြာ- သပြေညွှန့်ခြောက်ညွှန့်ကို အိမ်ဘုရားတွင်လှူပြီး လိုရာဆုကိုတောင်းလိုက်ပါလေ။

ကြာသပတေးသားသမီးများ

ဒီနေ့တွင်အနာဂတ်အတွက် မျှော်ကိုးပြီးလုပ်ရသည့် အလုပ်များအားလုံးကောင်းပါသည်။ ကြိုတင်ပြောဆိုထားသည့် အလုပ်ကိစ္စ၊ ငွေကြေးကိစ္စ အောင်မြင်ပါလိမ့်မည်။ ပွဲစားအလုပ်များ အကျိုးပေးမည်။ ရေလုပ်ငန်း၊ စာပေအနုပညာနှင့်ဆိုင်သည့် လုပ်ငန်းများအကျိုးပေးပါသည်။ သူတစ်ပါးအထင်ကြီးခြင်း ကိုခံရတတ်ပါသည်။ အလှပြင်ဆိုင်၊ ဆံသဆိုင်လုပ်ငန်းများစတင်လုပ်ကိုင်၍ကောင်းပါသည်။ မိမိမျှော်လင့်ထားသည့် ကိစ္စများဖြစ်လာတတ်ပါသည်။ ဒီနေ့တွင် အပျော်အပါး ကိစ္စတို့ကိုအထူးရှောင်ထားပါ။ မရှောင်လျှင် နောင်တွင်အန္တရာယ်ကြုံတတ်ပါသည်။ ကျန်းမာရေး ဒူးနာခြင်း၊ ဒူးအောက်ပိုင်းတွင် ဝေဒနာခံစားရခြင်း တို့ကြုံရတတ်ပါသည်။

ယတြာ- အဖြူရောင်ရှိသည့် ပန်းပွင့်(၇)အိမ်ဘုရားတွင် ကပ်လှူပူဇော်ပြီး သင်အလိုရှိရာကိုဆုတောင်းလိုက်ပါလေ။

သောကြာသားသမီး

အလှူတစ်ခုဖိတ်ကြားခံရခြင်း၊ အလှူတစ်ခုသို့သွားရောက်ရခြင်းဖြစ်ပါလိမ့်မည်။ ကောင်းပါသည်။ ငွေရေးကြေးရေးကိစ္စကြောင့် စိတ်ညစ်စရာကြုံ တွေ့ရတတ်ပါသည်။ စီးပွားရေးအလုပ်အကိုင်တို့အဆင်ပြေသလိုနှင့် အဆင်မပြေဖြစ်နေတတ်ပါသည်။ ဤအချိန်တွင် သော့ခလောက်အသစ်၊ သော့အသစ်တို့ အဝင်မခံပါနှင့်။ ပို၍လာဘ်ပိတ်တတ်ပါသည်။ မိမိရည်ရွယ်ထားသည့် အကြံအစည်တို့ ထစ်ငေါ့ခက်ခဲနေသောကြောင့် စိတ်ညစ်ရတတ်ပါသည်။ ဘုရားဖူးရတတ် ပါသည်။ အိမ်ကိုဧည့်သည်ရောက်လာတတ်သည်။ အိမ်ထောင်ရေးအဆင်မပြေဖြစ်တတ်ပါသည်။ အချစ်ရေးတွင် မိမိထက်အသက်ကြီးသူနှင့်ကြုံတွေ့ရတတ် သည်။ ငွေအရင်းအနှီးများသည့်စီးပွားရေးလုပ်ငန်းတို့စတင်လုပ်ကိုင်ခြင်းမပြုလုပ်သင့်သေးပါ။ အကြီးအကဲပုဂ္ဂိုလ်ထဲမှ ကူညီမစတတ်ပါသည်။

ကျန်းမာရေး- နှာစေးခြင်း၊ နှာခေါင်းနှင့် ပတ်သက်သည့် ဝေဒနာခံစားရခြင်းတို့ဖြစ်တတ်ပါသည်။

ယတြာ- သံဃာတော်တစ်ပါးကိုဆွမ်းလောင်းလှူ၍ အလိုရှိရာကိုဆုတောင်းလိုက်ပါလေ။

စနေသားသမီးများ

စပ်တူရှယ်ယာလုပ်ငန်း၊ အကျိုးတူလုပ်ရသည့်အလုပ်တို့ အဆင်မပြေဖြစ်တတ်ပါသည်။ စီးပွားဖက်၊ လုပ်ဖော်ကိုင်ဘက်တို့နှင့်စိတ်ဝမ်းကွဲတတ် သည်အဆင်မပြေဖြစ်တတ်သည်။ အချစ်ရေးအိမ်ထောင်ရေး စိတ်ညစ်စရာကြုံရတတ်ပါသည်။ ငွေအကုန်အကျလည်းများရတတ်ပါသည်။ သူတစ်ပါးအကြံပေး သည့်လုပ်ရသည့်အလုပ်မျိုးဖြစ်ပါက မည်သည့်အလုပ်ကိုမျှမလုပ်ပါနှင့် ဆုံးရှုံးနစ်နာတတ်ပါသည်။ ငွေကြေးကိစ္စကြောင့်စကားများရတတ်ပါသည်။ ခရီးသွားရန် အစီအစဉ်ရှိပါက ရက်ရွှေ့ဆိုင်းပြီးမှသွားပါလေ။ သူတစ်ပါးထံတွင် အကူအညီတောင်းခံထားသည့်ကိစ္စတို့ အဆင်ပြေမလိုနှင့်အဖျားရှူးသွားတတ်ပါသည်။ လူမှုရေးတွင် ဆက်ဆံရေးအဆင်မပြေမှုတို့ကြုံတွေ့ရတတ်ပါသည်။ ဤကာလတွင် ခုနစ်ထိပ်စီးနှစ်ထိပ်စီးလေးထိပ်စီးတို့ဖြင့် ထီးထိုး၍ကံစမ်းလိုက်ပါလေ။ ထီကံကောင်းနေပါသည်။ ကျန်းမာရေး လက်တစ်ဖက်အကြောကပ်ခြင်း၊ အကြောညှပ်ခြင်းတို့ဖြစ်တတ်ပါသည်။

ယတြာ- အိမ်ဘုရားတွင် သောက်သောရေသုံးခွက်ကပ်လှူ၍ အလိုရှိရာကိုအာရုံပြုပြီးဆုတောင်းလိုက်ပါလေ။

zc

The author didn't add any Information to his profile yet.

Leave a comment

Your email address will not be published. Required fields are marked. *