ရနေကြတတိယတောင်မရတော့ပဲ ရုရှားမြေကနေအစောကြီးပြန်ခဲ့ရတဲ့ EG

By / 4 weeks ago / Up to Date News / No Comments
ရနေကြတတိယတောင်မရတော့ပဲ ရုရှားမြေကနေအစောကြီးပြန်ခဲ့ရတဲ့ EG

ရနေကြတတိယတောင်မရတော့ပဲ ရုရှားမြေကနေအစောကြီးပြန်ခဲ့ရတဲ့ EG

EPICENTER Major ရဲ့ Lower Bracket Round 1 ပွဲစဉ်တွေထဲတစ်ပွဲကိုတော့ TI ချန်ပီယံဟောင်းဖြစ်တဲ့ EG နဲ့ လက်ရှိ TI ချန်ပီယံ OG တို့ယှဉ်ပြိုင်ကစားခဲ့ကြပါတယ်။

ဒီနေ့ပွဲမှာလည်း OG ဘက်က အသင်းခေါင်းဆောင် Notail ကျန်းမာရေးအခြေအနေကြောင့် မပါဝင်နိင်ခဲ့ပဲ အုပ်စုပွဲစဉ်တွေကအတိုင်း Coach ဖြစ်သူ Sockshka ပဲ ၀င်ကစားခဲ့ပါတယ်။

တကယ်ဆိုရင် ဒီပွဲက မနေ့ကတည်းက ကစားရမှာဖြစ်ပေမယ့် Notail ရဲ့ကျန်းမာရေးအခြေအနေကြောင့် Pain Vs NiP ပွဲနဲ့ ပွဲချိန်ဇယားလဲလှယ်ပြီး ကစားစေခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် Sockshka ပဲဝင်ကစားခဲ့တာကြောင့် Notail ရဲ့ကျန်းမာရေးက မကောင်းသေးဘူးလို့ပဲ ယူဆရမှာပါ။

Bo1 ဖြစ်တာကြောင့် တစ်ပွဲရှုံးတာနဲ့ထွက်ရမယ့်အနေအထားဖြစ်တာကြောင့် ၂ သင်းစလုံးအတွက် အမှားမခံခဲ့ပါဘူး။

Drafting ပိုင်းမှာတော့ ၂ သင်းစလုံးက သူတို့ကစားနေကြပုံစံတွေပဲကစားမယ့် Hero တွေပဲထုတ်ခဲ့ကြပါတယ်။

OG ကတော့ သူတို့ရဲ့ ဖြေးဖြေးမှန်မှန်နဲ့ Split Push လုပ်ပြီး ပွဲကိုထိန်းချုပ်မယ့် Strategy ကိုကစားနိင်ဖို့အတွက် Sumail ရဲ့ Alche ကို အဓိကထိန်းချုပ်ဖို့ ရည်ရွယ်ခဲ့ပါတယ်။

ဒါပေမယ့် EG ဘက်ကလူတွေရဲ့ Backup ကောင်းမှုနဲ့ Sumail ရဲ့အနေအထိုင်ပိရိမှုတွေကြောင့် သူ့အနေနဲ့ ၁၁ မိနစ်မှာပဲ Power Treads, Bracer ၂ လုံးနဲ့ Radiance ပါ ရခဲ့ပါတယ်။

ဒါက ပွဲကိုဆွဲကစားပြီးတော့ ထိန်းချုပ်ဖို့ကြိုးစားမယ့် OG အတွက် အကြီးအကျယ် Shock ဖြစ်ခဲ့ပေမယ့်လည်း အံ့အားသင့်ဖွယ်ကောင်းလောက်အောင် EG က Aggressive မကစားခဲ့ပါဘူး။

ပွဲရဲ့ Tempo ကိုမတင်ခဲ့ပဲနဲ့ ဒီအတိုင်းလေးပဲ အေးအေးဆေးဆေးဆက်ကစားခဲ့ပါတယ်။

ဒါ့ကြောင့် OG အတွက် အခွင့်အရေးပေးခဲ့သလို ဖြစ်ခဲ့ပါတယ်။

OG အနေနဲ့ သူတို့ Early Game အားနည်းတာကိုသိတဲ့အတွက် Sumail ရဲ့ Alche ကို တရားလွန်ကြီး Fat မသွားအောင် Target ၀ိုင်းထားခဲ့ကြတာဖြစ်သလို Item Build တွေကလည်း Early Team Fight တွေအတွက် အထူးပြင်ဆင်ခဲ့ပါတယ်။

Topson Ember က Medallion စဆက်ခဲ့သလို Ana ရဲ့ Slark ကလည်း ပုံမှန်သွားနေကြ Midas တွေ Shadow Blade တွေမဆက်ပဲနဲ့ Drum နဲ့ Diffusal Blade အရင်ဆက်ထားခဲ့ပါတယ်။

ဒါပေမယ့် EG က Tempo မတင်ပဲ ပွဲကိုအေးအေးဆေးဆေးပဲကစားနေခဲ့လို့ Ana က Midas ပန်ဆက်ခဲ့ပါတယ်။

EG အနေနဲ့ OG ဘာမှမလုပ်နိင်သေးတဲ့အချိန်မှာ ပွဲကိုဖြတ်ဖို့မကြိုးစားခဲ့လို့ ပေးဆပ်မှုကြီးမားသွားခဲ့ပါတယ်။

ပွဲချိန်ကြာတာနဲ့အမျှ Topson နဲ့ Ceb တို့ Push Pushing နဲ့ မွှေနှောက်မှုတွေကို မခံနိင်ဖြစ်လာခဲ့ပြီး တဖြေးဖြေးနဲ့ လုံးပါးတွေပါးလာခဲ့ပါတယ်။

ဒါ့အပြင် EG Player တွေအနေနဲ့ တစ်ချိန်လုံး Topson နောက်ကိုပဲလိုက်ပြီးတော့ သူ့ကိုပဲအာရုံစိုက်နေခဲ့တဲ့အတွက် Ana က Space တွေကို မလိုချင်အဆုံးရနေခဲ့ပါတယ်။

ဒါ့ကြောင့် အပြာချောင်းပြီးသွားတဲ့ Ember နဲ့ BKB ပြီးသွားတဲ့ Ceb တို့ကို ဖမ်းဖို့အရမ်းခက်လာခဲ့သလို Ana Slark ကလည်း တဖြေးဖြေးနဲ့ Item တွေသာမက Agility တွေလည်း များလာခဲ့ပါတယ်။

EG ဘက်မှာတော့ Sumail က Net Worth ချွန်ထွက်ပြီး အပြာချောင်းတွေလည်းလိုက်ပေးခဲ့ပေမယ့် Team Fight တွေကို တစ်ချိန်လုံးလိုက်ပေးနေရတဲ့ RTZ က ထင်သလောက် Fat မလာခဲ့ပါဘူး။

ဒါ့ကြောင့် ပွဲချိန်ကြာလာတာနဲ့အမျှ Sumail Alche က ပုတ်လာခဲ့တာမလို့ Team Fight တွေမှာ OG ကို EG အနေနဲ့ ရင်ဆိုင်ဖို့အခက်အခဲတွေရှိလာခဲ့ပါတယ်။

OG အနေနဲ့ သူတို့ရဲ့ပုံစံအတိုင်း ဒဲ့ဒဲ့လိုက်ချတာထက် Split Push တွေနဲ့ပဲ ပွဲကိုထိန်းချုပ်ဖို့ကြိုးစားခဲ့ပြီး Rat Game လည်းလုပ်ခဲ့တာကြောင့် EG တို့ တဖြေးဖြေးအခြေအနေဆိုးသထက်ဆိုးလာခဲ့ပါတယ်။

EG တို့ လုံးဝပြန်မလာနိင်ဖြစ်ခဲ့တာကတော့ Ana Slark ရဲ့ Item Build ကလည်း တစ်စိတ်တစ်ပိုင်းပါဝင်ခဲ့ပါတယ်။

သူ့အနေနဲ့ Drum, Diffusal, Midas, Skadi ပြီးတဲ့အချိန်မှာ Fly သွားခဲ့ပါတယ်။

ဒါ့အပြင် MKB ပြီးချိန်မှာလည်း Fly နောက်တစ်ချောင်းထည့်ခဲ့လို့ Jugg နဲ့ Alche တို့အနေနဲ့ သူ့ကိုယှဉ်ချဖို့ မဖြစ်နိင်သလောက် ဖြစ်သွားခဲ့ပါတယ်။

သူတို့ ၂ ယောက်လုံး MKB တွေအသီးသီးဆက်ခဲ့ပေမယ့် Slark ကို လုံးဝယှဉ်မချနိင်ခဲ့ပါဘူး။

Ceb Prophet ရဲ့ Rat တစ်ပေါက်ကလည်း တော်တော်လေးလျှမ်းလျှမ်းတောက်ခဲ့လို့ EG တို့ ပန်လာနိင်စွမ်းမရှိတော့ပါဘူး။

ပွဲကတော့ ဒီလိုပဲအပြန်အလှန်ကစားနေရင်းနဲ့ မိနစ် ၅၀ ကျော်အရောက်မှာ ပြီးဆုံးခဲ့ပါတယ်။

EG အနေနဲ့ ဒီပြိုင်ပွဲကနေထွက်ခဲ့ရတာကြောင့် စိတ်ဓာတ်တစ်ချို့တော့ ထိခိုက်ဖွယ်ရာ ရှိနေပါတယ်။

သူတို့အနေနဲ့ အစောဆုံးထွက်ခဲ့ရတယ်ဆိုတာထက် သူတို့ရဲ့ကစားပုံက Gambit နဲ့ပွဲမှာရော အခု OG နဲ့ပွဲမှာပါ အတော်လေးလျော့တိလျော့ရဲနိင်ခဲ့တာဖြစ်ပါတယ်။

ဒါ့ကြောင့် TI မစခင်မှာ ဒါကိုအကောင်းဆုံးပြင်ဆင်သွားဖို့လိုအပ်နေခဲ့တာ ဖြစ်ပါတယ်။

အနိင်ရခဲ့တဲ့ OG ကတော့ နောက်တစ်ဆင့်မှာ DPC Table က အဆင့် ၁ ဖြစ်တဲ့ Secret နဲ့ကစားရမှာဖြစ်ပြီး သူတို့ရဲ့ TI9 Direct Invite ရဖို့အတွက် Secret ကို မဖြစ်မနေကျော်ဖြတ်နိင်ဖို့တော့ လိုအပ်နေပါတယ်ခင်ဗျာ။

Realman

The author didn't add any Information to his profile yet.

Leave a comment

Your email address will not be published. Required fields are marked. *