ဝက်ဝံကုတ်လို့တစစီဖြစ်သွားတဲ့ Puppey ရဲ့ဂုဏ်သိက္ခာများ

By / 4 weeks ago / Up to Date News / No Comments
ဝက်ဝံကုတ်လို့တစစီဖြစ်သွားတဲ့ Puppey ရဲ့ဂုဏ်သိက္ခာများ

ဝက်ဝံကုတ်လို့တစစီဖြစ်သွားတဲ့ Puppey ရဲ့ဂုဏ်သိက္ခာများ

၂၀၁၈ – ၁၉ DPC ရာသီရဲ့ နောက်ဆုံးမေဂျာဖြစ်တဲ့ EPICENTER Major ရဲ့ Upper Bracket Round 1 ပွဲစဉ်တွေထဲက ပထမဆုံးပွဲအဖြစ် လက်ရှိ DPC Table မှာ အဆင့် ၁ နဲ့ ၂ နေရာမှာရပ်တည်နေတဲ့ Team Secret နဲ့ Virtus Pro တို့ ယှဉ်ပြိုင်ကစားခဲ့ကြပါတယ်။

ပွဲအပြီးမှာတော့ အဆင့် ၁ ဖြစ်တဲ့ Secret က VP ကို ၂ – ၁ နဲ့အရှုံးပေးခဲ့ရလို့ Lower Bracket ကို ဆင်းပေးခဲ့ရပါတယ်။

အနိင်ရခဲ့တဲ့ VP ကတော့ Upper Bracket Round 2 ကိုတက်ရောက်နိင်ခဲ့ပြီး Team Liquid နဲ့တွေ့ဆုံရတော့မှာပါ။

Game 1

နည်းဗျူဟာပါရဂူဖြစ်တဲ့ Puppey က ဒီပွဲမှာလည်း သူ့ထုံးစံအတိုင်း အကွက်ဆန်းတွေလုပ်ခဲ့ပါတယ်။

Stunner လုံးလုံးမပါတဲ့ Lineup ကိုပွဲထုတ်ခဲ့ပြီး Slow တွေနဲ့ပဲ ကစားဖို့စီစဉ်ခဲ့ပါတယ်။

သူ့ရဲ့ No Stun Lineup က အတိုင်းအတာတစ်ခုအထိအလုပ်ဖြစ်ခဲ့ပြီး VP တို့ Early Fight တွေမှာ ဒုက္ခရောက်ခဲ့ပါတယ်။

ဒါပေမယ့် Late Game ရောက်လာတာနဲ့အမျှ VP ဘက်က Dazzle နဲ့ Phoenix တို့ရဲ့ Defensive Play တွေက Secret ကိုကောင်းကောင်းဒုက္ခပေးခဲ့ပြီး ဟီးရိုး ၁ ကောင်သတ်ရဖို့ကို အချိန်တွေအကြာကြီးပေးခဲ့ရပါတယ်။

ဒါ့ကြောင့် RAZMES Sven အတွက် ခုတ်ဖို့အချိန်တွေအများကြီးရခဲ့ပြီး Secret တို့ တပ်ပျက်ခဲ့ပါတယ်။

ထိပ်သီးအသင်းကြီးတွေဖြစ်တာနဲ့အညီ အမှားတွေစောင့်ကစားခဲ့ကြပြီး ကြာလေ Damage မလောက်လေဖြစ်လာတဲ့ Secret တို့ ပွဲချိန် ၁ နာရီမပြည့်ခင်မှာပဲ အရှုံးပေးခဲ့ရပါတယ်။

Game 2

ဒီပွဲကလည်း Secret အတွက် တကယ်ခက်ခဲခဲ့ပါတယ်။

အထူးသဖြင့် အမြဲတမ်း Farming မြန်လေ့ရှိတဲ့ Nisha ပါ။

သူ့အနေနဲ့ Safe Lane မှာတော်တော်ကြီးကို ဖိအားပေးခံခဲ့ရပြီး ခက်ခဲတဲ့ဘ၀ကြီးကို ရင်ဆိုင်ခဲ့ရပါတယ်။

Jugg ရဲ့ Counter တွေထဲကတစ်ကောင်ဖြစ်တဲ့ Doom က Item ရော Level ပါသာသွားခဲ့တာမလို့ သူ့အနေနဲ့ ရှားပါးလှတဲ့ Space လေးတွေကနေပဲ ရှာဖွေစားသောက်ပြီး အသက်ဆက်ခဲ့ရပါတယ်။

ဒီပွဲမှာထူးခြားခဲ့တာတစ်ခုက ဘာလဲဆိုတော့ YapzOr ရဲ့ Enigma မှတ်တမ်းပါ။

သူ့အနေနဲ့ TI8 အပြီးမှာကစားခဲ့တဲ့ LAN ပြိုင်ပွဲတွေမှာ Enigma ၁၆ ပွဲကစားခဲ့ပြီး ၁၆ ပွဲလုံး အနိင်ထားခဲ့ပါတယ်။

ဒီပွဲမှာတော့ သူ့ရဲ့စံချိန်ကျိုးပြတ်လုနီးပါးဖြစ်ခဲ့ပေမယ့် Comeback နိင်ခဲ့တာကြောင့် 17 – 0 ဆိုတဲ့ Record ကို ပိုင်ဆိုင်ခဲ့ပါတယ်။

တော်တော်လေးခက်ခဲခဲ့တဲ့အနေအထားကနေ Secret တို့ဘယ်လိုပြန်လာခဲတာလဲဆိုတော့ MidOne MK ကြာင့်ပါပဲ။

Team Fight တွေမှာ ကျန်တဲ့ ၄ ယောက်က သူ့အတွက် Space တွေရှာပေးခဲ့ပြီး အဲ့ဒီ Space တွေကို MidOne က အကောင်းဆုံးအသုံးချနိင်ခဲ့တာဖြစ်ပါတယ်။

VP အနေနဲ့ ၂ – ၀ နဲ့တောင်ဖြတ်နိင်တော့မယ့်အနေအထားမှာ Noone Lone Druid ရဲ့ဝက်ဝံတွေ မသေသင့်ပဲသေသေသွားခဲ့တာကြောင့် ပွဲရဲ့ Tempo ကို ပြန်မတင်တော့တာပါ။

Ramzes Morphling လည်း အစွမ်းကုန်ရုန်းခဲ့သေးပေမယ့် MidOne အရင်မသေတဲ့ Battle တွေမှာ သူလည်းဘာမှလုပ်လို့မရခဲ့လို့ ပွဲချိန် ၅၂ မိနစ်မှာပဲ အရှုံးပေးခဲ့ရပါတယ်။

Game 3

ဒီပွဲကတော့ Secret အကြီးအကျယ်အရှက်ကွဲခဲ့တဲ့ပွဲပါ။

အထူးသဖြင့် Puppey အနေနဲ့ တော်တော်လေးကို မခံမရပ်နိင်စေမှာပါ။

Secret အနေနဲ့ ဒီလောက်ထိပြတ်သားတဲ့ရှုံးပွဲကိုမတွေ့တာ တော်တော်လေးကြာနေခဲ့ပါပြီ။

ဒီပွဲမှာ VP ရဲ့ Strategy က တော်တော်လေးကို ကောင်းခဲ့ပြီး Last Pick Necro က Secret တစ်သင်းလုံးကို လုံးဝငုတ်တုတ်မေ့သွားစေခဲ့ပါတယ်။

နောက်ပြီးတော့ VP ရဲ့ Smart Play တစ်ခုကိုလည်း မြင်တွေ့ခဲ့ရပါတယ်။

ပုံမှန်ဆိုရင် အရမ်း Aggressive ဖြစ်လွန်းတဲ့ VP က ဒီပွဲမှာ Safe ကစားသွားခဲ့ပြီး ဖြေးဖြေးမှန်မှန်နဲ့ပဲ Secret ကိုချေမှုန်းခဲ့ပါတယ်။

Necro ကိုရှေ့မှာတင်ထားပြီး Ominiknight, Shadow Demon တို့က အမြဲကယ်ဖို့အသင့်အနေအထားမှာရှိနေသလို Sven War Cry နဲ့ CW Stampede တို့ကြောင့်လည်း Physical Damage ပဲအဓိကရှိတဲ့ Secret တို့ ဘာမှလုပ်လို့မရခဲ့ပါဘူး။

ကိုယ်က Damage ပေးတာနဲ့ သူကတန်း Heal နိင်တဲ့အနေအထားမှာ Secret တို့ Kill ၁ ကောင်ပဲရခဲ့တာက အံ့အားသင့်စရာတော့ မဖြစ်ခဲ့ပါဘူး။

အဲ့ဒီ Kill ၁ ကောင်ရဖို့တောင်မှ မိနစ် ၂၀ ကြာခဲ့ပြီး YapzOr က တော်တော်လေးခက်ခက်ခဲခဲရယူပေးခဲ့တာပါ။

ဘယ်လိုမှ ဘာမှလုပ်လို့မရတဲ့အဆုံးမှာတော့ မိနစ် ၃၀ အရောက်မှာ Secret တို့ အရှက်ရဖွယ်ရှုံးပွဲနဲ့အတူ Lower Bracket ကို ဆင်းပေးခဲ့ရပါတော့တယ်။

ဒီပွဲအရှုံးကြောင့် Secret အနေနဲ့ Lower Bracket Round 2 မှာ Round 1 က OG Vs EG မှာ နိင်လာမယ့်အသင်းကို စောင့်နေခဲ့ရပြီလည်းဖြစ်ပါတယ်။

VP ကတော့ Secret ကိုကျော်ဖြတ်နိင်ခဲ့တာကြောင့် Top 6 တော့ အနည်းဆုံးသေချာသွားခဲ့ပြီလည်းဖြစ်ပါတယ်။

Realman

The author didn't add any Information to his profile yet.

Leave a comment

Your email address will not be published. Required fields are marked. *