မိုဘိုင္းဖုန္း ေတြဟာ အိမ္သာ ထိုင္ခုံထက္ ခုနစ္ဆ ညစ္ပတ္ေၾကာင္း ေတြ႕ရွိ

By / 4 weeks ago / Health, Knowledge / No Comments
မိုဘိုင္းဖုန္း ေတြဟာ အိမ္သာ ထိုင္ခုံထက္ ခုနစ္ဆ ညစ္ပတ္ေၾကာင္း ေတြ႕ရွိ

မိုဘိုင္းဖုန္း ေတြဟာ အိမ္သာ ထိုင္ခုံထက္ ခုနစ္ဆ ညစ္ပတ္ေၾကာင္း ေတြ႕ရွိ

ေတာက္ပတဲ့ မ်က္ႏွာျပင္ နဲ႔ အလြယ္ တကူ ေဆာင္ယူ သုံးစြဲႏိုင္တဲ့ စက္ပစၥည္းေလး ေတြဟာ ဒီဘက္ေခတ္ လူသားေတြ အတြက္ မရွိမျဖစ္ နီးပါးပါပဲ ။ ဒါေပမယ့္ ဘယ္သြားသြား ဖုန္းကို လက္ထဲက မခ်သူ ေတြကေတာ့ သူတို႔ရဲ႕ ဟန္းဆက္ေတြ ေပၚမွာ ဘက္တီးရီးယားေတြ ဘယ္ေလာက္ ပါလာတယ္ဆိုတာ သိရရင္ ေၾကာက္လန႔္ သြားမွာ အမွန္ပါ ။ ယခု ထြက္ေပၚလာတဲ့ သုေတသန ရလဒ္တစ္ခု အရဆိုရင္ စမတ္ဖုန္း တစ္လုံးဟာ အိမ္သာထိုင္ခုံ တစ္ခုထက္ ပ်မ္းမွ် ခုနစ္ဆ ပိုညစ္ပတ္တယ္လို႔ ဆိုပါတယ္ ။ လည္သာ ကာဗာကို အသုံးျပဳထားတဲ့ ဟန္းဆက္ ေတြဟာ အဆိုးဆုံး ျဖစ္ၿပီး သန႔္ရွင္း တယ္လို႔ ထင္ရတဲ့ ပလတ္စတစ္ ကာဗာနဲ႔ ဖုန္းေတြေတာင္မွ သာမာန္ ထိုင္ခုံ တစ္လုံးေပၚမွ ေတြ႕ရတဲ့ ပိုးမႊား ေတြထက္ ေျခာက္ဆေလာက္ ရွိေနႏိုင္ တယ္လို႔ ဆိုပါတယ္ ။

ဒါ့ျပင္ ႐ုံးလုပ္သား ငါးေယာက္မွာ ႏွစ္ေယာက္ ႏႈန္းဟာ သူတို႔ လုပ္ငန္းခြင္က အိမ္သာ ထဲကို လက္ကိုင္ဖုန္း ယူေဆာင္သြားေလ့ ရွိေၾကာင္း သိရပါတယ္ ။ Company Initial Washroom Hygiene ဟာ အရာ ဝတၳဳေတြရဲ႕ မ်က္ႏွာျပင္ေပၚက ဘက္တီးရီးယား ေတြကို စစ္ေဆးႏိုင္တဲ့ လက္ကိုင္ ကိရိယာျဖင့္ စမ္းသပ္ ခဲ့ရာမွာ အိမ္သာထိုင္ခုံ တစ္ခုဟာ ဘက္တီးရီးယား ခိုေအာင္းေနတဲ့ ေနရာ ၂၂၀ သာ ရွိေပမယ့္ ပ်မ္းမွ် မိုဘိုင္းဖုန္း တစ္လုံး ေပၚမွာေတာ့ ၁၄၇၉ ေနရာထိ ရွိတယ္လို႔ ဆိုပါတယ္ ။ အဘာဒင္း တကၠသိုလ္မွ ဘက္တီးရီးယား ေဗဒဆိုင္ရာ ပါေမာကၡ ဟုခ်္ပန္နင္းတန္ကေတာ့ စမတ္ဖုန္းကို ဘက္တီးရီးယား စစ္ေဆး တာဟာ လက္ကိုင္ပုဝါေပၚကို စစ္ေဆးတာနဲ႔ အတူတူပဲလို႔ ဆိုပါတယ္ ။ ၎အရာကို ေန႔စဥ္ အခ်ိန္ၾကာျမင့္စြာ သုံးစြဲ ကိုင္တြယ္ေနတဲ့ အတြက္ ပိုမ်ား ရျခင္းျဖစ္တယ္လို႔ သူကေတာ့ ေျပာပါတယ္ ။

ဒီလို ေတြ႕ရတဲ့ ဘက္တီးရီးယား ေတြဟာ ကိုင္ေဆာင္ သူရဲ႕ ဘက္တီးရီးယား ေတြပဲ အျဖစ္မ်ားတာေၾကာင့္ ေရာဂါ ကူးစက္ႏိုင္ျခင္း ရာခိုင္ႏႈန္း ကေတာ့ အင္မတန္ နည္းတယ္လို႔ ဆိုတယ္ ။ ဒါေပမယ့္ စမတ္ဖုန္း ေတြကိုေတာ့ လဲလွယ္ မသုံးစြဲေစလိုဘူးလို႔ ေျပာပါတယ္ ။ ၂၀၁၁ ခုႏွစ္က လန္ဒန္ၿမိဳ႕ Hygiene & Tropical Medicine ေက်ာင္းေတာ္မွ သုေတသနမွာ မိုဘိုင္းဖုန္း ေျခာက္လုံးအနက္ တစ္လုံးမွာ အစာအိမ္ နာက်င္ျခင္းနဲ႔ အစားအေသာက္ အဆိပ္ ျဖစ္ေစတဲ့ အီကိုလီ ပိုးကို ေတြ႕ရေလ့ရွိေၾကာင္း ထုတ္ျပန္ခဲ့ ပါတယ္ ။

ေနာက္ဆုံး စမ္းသပ္ခ်က္ မွာေတာ့ ဖုန္းအလုံး ၅၀ ကို စမ္းသပ္ခဲ့ ရာမွာ ပိုက္ဆံအိတ္ အျဖစ္လည္း အသုံးျပဳ ႏိုင္တဲ့ လည္သာဖုန္း Casing ဖုန္းအုပ္ ထားတဲ့ ဟန္းဆက္မွာ အညစ္ပတ္ဆုံး ျဖစ္တယ္လို႔ သိရ ပါတယ္ ။ ကြၽမ္းက်င္သူ ေတြကေတာ့ ဖုန္းေတြ ညစ္ပတ္ ရတာဟာ သန႔္စင္ခန္း ေတြထဲ ယူသြား ၾကလို႔ အဓိက ျဖစ္ေၾကာင္း ယူဆေန ၾကပါတယ္ ။ လုပ္ငန္းခြင္က သန႔္စင္ခန္းထဲကို ဖုန္းယူသြားတဲ့ဦးေရဟာ ၄၀ ရာခိုင္ႏႈန္း ရွိေနေပမယ့္ အိမ္သာက ျပန္ထြက္လာရင္ ဖုန္းကို သန႔္ရွင္းမႈလုပ္တာ ကေတာ့ ၂၀ ရာခိုင္ႏႈန္း ေတာင္ မျပည့္ဘူး လို႔လဲ သိရပါတယ္ ။

Unicode

မိုဘိုင်းဖုန်း တွေဟာ အိမ်သာ ထိုင်ခုံထက် ခုနစ်ဆ ညစ်ပတ်ကြောင်း တွေ့ရှိ

တောက်ပတဲ့ မျက်နှာပြင် နဲ့ အလွယ် တကူ ဆောင်ယူ သုံးစွဲနိုင်တဲ့ စက်ပစ္စည်းလေး တွေဟာ ဒီဘက်ခေတ် လူသားတွေ အတွက် မရှိမဖြစ် နီးပါးပါပဲ ။ ဒါပေမယ့် ဘယ်သွားသွား ဖုန်းကို လက်ထဲက မချသူ တွေကတော့ သူတို့ရဲ့ ဟန်းဆက်တွေ ပေါ်မှာ ဘက်တီးရီးယားတွေ ဘယ်လောက် ပါလာတယ်ဆိုတာ သိရရင် ကြောက်လန့် သွားမှာ အမှန်ပါ ။ ယခု ထွက်ပေါ်လာတဲ့ သုတေသန ရလဒ်တစ်ခု အရဆိုရင် စမတ်ဖုန်း တစ်လုံးဟာ အိမ်သာထိုင်ခုံ တစ်ခုထက် ပျမ်းမျှ ခုနစ်ဆ ပိုညစ်ပတ်တယ်လို့ ဆိုပါတယ် ။ လည်သာ ကာဗာကို အသုံးပြုထားတဲ့ ဟန်းဆက် တွေဟာ အဆိုးဆုံး ဖြစ်ပြီး သန့်ရှင်း တယ်လို့ ထင်ရတဲ့ ပလတ်စတစ် ကာဗာနဲ့ ဖုန်းတွေတောင်မှ သာမာန် ထိုင်ခုံ တစ်လုံးပေါ်မှ တွေ့ရတဲ့ ပိုးမွှား တွေထက် ခြောက်ဆလောက် ရှိနေနိုင် တယ်လို့ ဆိုပါတယ် ။

ဒါ့ပြင် ရုံးလုပ်သား ငါးယောက်မှာ နှစ်ယောက် နှုန်းဟာ သူတို့ လုပ်ငန်းခွင်က အိမ်သာ ထဲကို လက်ကိုင်ဖုန်း ယူဆောင်သွားလေ့ ရှိကြောင်း သိရပါတယ် ။ Company Initial Washroom Hygiene ဟာ အရာ ဝတ္ထုတွေရဲ့ မျက်နှာပြင်ပေါ်က ဘက်တီးရီးယား တွေကို စစ်ဆေးနိုင်တဲ့ လက်ကိုင် ကိရိယာဖြင့် စမ်းသပ် ခဲ့ရာမှာ အိမ်သာထိုင်ခုံ တစ်ခုဟာ ဘက်တီးရီးယား ခိုအောင်းနေတဲ့ နေရာ ၂၂၀ သာ ရှိပေမယ့် ပျမ်းမျှ မိုဘိုင်းဖုန်း တစ်လုံး ပေါ်မှာတော့ ၁၄၇၉ နေရာထိ ရှိတယ်လို့ ဆိုပါတယ် ။ အဘာဒင်း တက္ကသိုလ်မှ ဘက်တီးရီးယား ဗေဒဆိုင်ရာ ပါမောက္ခ ဟုချ်ပန်နင်းတန်ကတော့ စမတ်ဖုန်းကို ဘက်တီးရီးယား စစ်ဆေး တာဟာ လက်ကိုင်ပုဝါပေါ်ကို စစ်ဆေးတာနဲ့ အတူတူပဲလို့ ဆိုပါတယ် ။ ၎င်းအရာကို နေ့စဉ် အချိန်ကြာမြင့်စွာ သုံးစွဲ ကိုင်တွယ်နေတဲ့ အတွက် ပိုများ ရခြင်းဖြစ်တယ်လို့ သူကတော့ ပြောပါတယ် ။

ဒီလို တွေ့ရတဲ့ ဘက်တီးရီးယား တွေဟာ ကိုင်ဆောင် သူရဲ့ ဘက်တီးရီးယား တွေပဲ အဖြစ်များတာကြောင့် ရောဂါ ကူးစက်နိုင်ခြင်း ရာခိုင်နှုန်း ကတော့ အင်မတန် နည်းတယ်လို့ ဆိုတယ် ။ ဒါပေမယ့် စမတ်ဖုန်း တွေကိုတော့ လဲလှယ် မသုံးစွဲစေလိုဘူးလို့ ပြောပါတယ် ။ ၂၀၁၁ ခုနှစ်က လန်ဒန်မြို့ Hygiene & Tropical Medicine ကျောင်းတော်မှ သုတေသနမှာ မိုဘိုင်းဖုန်း ခြောက်လုံးအနက် တစ်လုံးမှာ အစာအိမ် နာကျင်ခြင်းနဲ့ အစားအသောက် အဆိပ် ဖြစ်စေတဲ့ အီကိုလီ ပိုးကို တွေ့ရလေ့ရှိကြောင်း ထုတ်ပြန်ခဲ့ ပါတယ် ။

နောက်ဆုံး စမ်းသပ်ချက် မှာတော့ ဖုန်းအလုံး ၅၀ ကို စမ်းသပ်ခဲ့ ရာမှာ ပိုက်ဆံအိတ် အဖြစ်လည်း အသုံးပြု နိုင်တဲ့ လည်သာဖုန်း Casing ဖုန်းအုပ် ထားတဲ့ ဟန်းဆက်မှာ အညစ်ပတ်ဆုံး ဖြစ်တယ်လို့ သိရ ပါတယ် ။ ကျွမ်းကျင်သူ တွေကတော့ ဖုန်းတွေ ညစ်ပတ် ရတာဟာ သန့်စင်ခန်း တွေထဲ ယူသွား ကြလို့ အဓိက ဖြစ်ကြောင်း ယူဆနေ ကြပါတယ် ။ လုပ်ငန်းခွင်က သန့်စင်ခန်းထဲကို ဖုန်းယူသွားတဲ့ဦးရေဟာ ၄၀ ရာခိုင်နှုန်း ရှိနေပေမယ့် အိမ်သာက ပြန်ထွက်လာရင် ဖုန်းကို သန့်ရှင်းမှုလုပ်တာ ကတော့ ၂၀ ရာခိုင်နှုန်း တောင် မပြည့်ဘူး လို့လဲ သိရပါတယ် ။

zc

The author didn't add any Information to his profile yet.

Leave a comment

Your email address will not be published. Required fields are marked. *