Liquid ရဲ့အဖြည့်ခံသူရဲကောင်း MATUMBAMAN အကြောင်း တစ်စေ့တစ်စောင်း

Liquid ရဲ့အဖြည့်ခံသူရဲကောင်း MATUMBAMAN အကြောင်း တစ်စေ့တစ်စောင်း

Liquid ရဲ့အဖြည့်ခံသူရဲကောင်း MATUMBAMAN အကြောင်း တစ်စေ့တစ်စောင်း

Team Liquid ရဲ့ Position 1 ကစားသမားဖြစ်သူ MATUMBAMAN ရဲ့ နာမည်အရင်းကတော့ Lasse Aukusti Urpalainen ဖြစ်ပါတယ် ။

သူ့ကို ၁၉၉၅ ခုနှစ် မတ်လ ၃ ရက်နေ့မှာ မွေးဖွားခဲ့တာကြောင့် အခုအချိန်မှာ ၂၄ နှစ်ပြည့်ခဲ့ပြီး ဖြစ်ပါတယ် ။

သူ နိင်ငံသား ခံယူထားတဲ့ နိင်ငံကတော့ ဖင်လန်နိင်ငံ ဖြစ်ပါတယ် ။

သူ့အနေနဲ့ MATUMBAMAN ဆိုတဲ့ ID အပြင် URPALAINEN နဲ့ MASTURBAMAN ဆိုတဲ့ ID တွေကိုပါ အသုံးပြုလေ့ ရှိပါတယ် ။

သူ့ဟာ Carry Role မှာ အများဆုံးကစားလေ့ရှိပြီး Mid Role ကိုလည်း ရံဖန်ရံခါမှာ အသင်းရဲ့လိုအပ်ချက်အရ ကစားလေ့ရှိပါတယ် ။

(၂၀၁၈ – ၁၉ ရာသီ Liquid မှာတော့ Mid ပဲကစားတာ များခဲ့ပါတယ်)

များသောအားဖြင့်ကတော့ Miracle အတွက် Space Create ပုံစံမျိုး ကစားပေးလေ့ရှိပါတယ် ။

ဒါ့ကြောင့်သူ့ကြည့်လိုက်ရင် Green Cancer တွေဖြစ်တဲ့ Viper, Veno, Pugna တို့ကနေ တက်မလာတော့ပါဘူး ။

ဒါပေမယ့် သူ့ရဲ့ Signature Hero သုံးကောင်ကတော့ Lone Druid, Lycan နဲ့ Broodmother တို့ဖြစ်ပါတယ် ။

ကစားသမားဘ၀ Total Earning ကတော့ $3,537,936 ဖြစ်ပါတယ် ။

Matu အနေနဲ့ သူ့ရဲ့နာမည်ကို သူကိုယ်တိုင်ကြီးလာအောင် Team veni,Vidi,Vici နဲ့ Assembly Summer 2014 LAN ပြိုင်ပွဲမှာ လုပ်နိင်ခဲ့ပါတယ် ။

seppo 13 (Team Menace မှ နာမည်ပြောင်းထားသောအသင်း) နဲ့ ကစားခဲ့တဲ့ semi-finals ပွဲစဉ်နဲ့ Trixi ရဲ့အသင်းဖြစ်တဲ့ Team FINSTACK နဲ့ ကစားခဲ့တဲ့ final ပွဲစဉ်တွေမှာ သူ့ရဲ့ Tinker နဲ့ Ember တို့နဲ့ ပရိသတ်တွေရဲ့ မျက်လုံးထဲမှာ စွဲထင်ကျန်ရစ်နေအောင် ကစားပြနိင်ခဲ့ပါတယ် ။

ဒါကြောင့်မလို့ သိပ်မကြာခင်မှာ အဲ့ဒီအချိန်က အသင်းကြီးတစ်သင်းဖြစ်တဲ့ Fnatic မှာ ကစားခွင့်ရခဲ့ပါတယ် ။

ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ Matu ရောက်ပြီးလို့ မရှေးမနှောင်းမှာပဲ Fnatic က ဖျက်သိမ်းခဲ့ပါတယ် ။

ဒါကြောင့်မလို့ Trixi တည်ထောင်ထားတဲ့ ဖင်လန်နိင်ငံသားတွေပဲ ပါဝင်တဲ့ 4 Anchors + Sea Captain အသင်းကို ၂၀၁၄ ခုနှစ် စက်တင်ဘာလမှာ ပြောင်းရွှေ့ခဲ့ပါတယ် ။

4ANC မှာတော့ JerAx, Vaalix, Buugi နဲ့ Trixi တို့နဲ့အတူ ကစားခဲ့ပါတယ် ။

ဒါပေမဲ့ အသင်းတည်ထောင်ပြီး သိပ်မကြာခင်မှာပဲ JerAx က Team Tinker မှာ ကစားဖို့အတွက် ထွက်ခွာသွားခဲ့ပါတယ် ။

Matu ကလည်း ၂၀၁၅ ခုနှစ် သြဂုတ်လအရောက်မှာ Frankfurt Major မှာကစားဖို့အတွက် Kuroky ရဲ့ခေါ်ယူခြင်းကို ခံခဲ့ရပါတယ် ။

အဲ့ဒီအချိန်က Matu နဲ့ Kuroky တို့ရဲ့ မခွဲအတူနဲ့ စီန်စီသောနေ့ရက်တွေရဲ့ အစဖြစ်ခဲ့ပါတယ် ။

5Jungz မှာတော့ JerAx နဲ့ ပြန်လည်တွေ့ဆုံခဲ့ရသလို FATA- , MinD_ContRoL တို့နဲ့လည်း အတူတွဲကစားခဲ့ရပါတယ် ။

Frankfurt Major မစခင်မှာပဲ Team Liquid က သူတို့ 5Jungz ကို စာချုပ်ချုပ်ခဲ့ပါတယ် ။

TI6 မှာတော့ Matu အနေနဲ့ ပြိုင်ပွဲတစ်ခုလုံးကို သူ့ရဲ့စွမ်းဆောင်ရည်ကောင်းတွေနဲ့ လွှမ်းခြုံစေခဲ့ပေမဲ့လည်း စိတ်ပျက်ဖွယ်ရာရလဒ်တွေနဲ့အတူ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပါတယ် ။

TI7 မှာလည်း စွမ်းဆောင်ရည်ကောင်းတွေကို ထပ်မံပြသနိင်ပြီး ဒီတစ်ခါမှာတော့ ချန်ပီယံဆုကို ရယူနိင်ခဲ့ပါတော့တယ် ။

Team Liquid အနေနဲ့ TI7 အပြီးမှာလည်း တစ်ရာသီလုံးစွမ်းဆောင်ရည်ကောင်းတွေပြသနိင်ခဲ့ပြီး TI8 ကို အရောက်လှမ်းနိင်ခဲ့ပေမဲ့လည်း ချန်ပီယံသရဖူကိုတော့ မကာကွယ်နိင်ခဲ့ပါဘူး ။

TI8 မှာတော့ Group A မှာကျရောက်ခဲ့ပြီး ၁၃ – ၃ ဆိုတဲ့ရလဒ်နဲ့ နောက်တစ်ဆင့်တက်နိင်ခဲ့သလို Upper Bracket Round 1 မှာလည်း OpTic ကိုအနိင်ရပြီး နောက်တစ်ဆင့်တက်နိင်ခဲ့ပါတယ် ။

ဒါပေမယ့် ဗိုလ်လုပွဲရောက်အသင်းဖြစ်လာမယ့် LGD ကိုရှုံးနိမ့်ပြီး အောက်ဆင်းခဲ့ရသလို Secret ကို နိင်ပြီး နောက်တစ်ဆင့်တက်ခဲ့ပေမယ့် Lower Bracket Round 5 မှာတော့ အမေရိကန်ထိပ်သီး EG ကို ၂ – ၀ နဲ့ရှုံးနိမ့်ခဲ့ရလို့ ချန်ပီယံကာကွယ်ခွင့် ဆုံးရှုံးခဲ့ရပါတယ် ။

TI8 အပြီး ရာသီသစ်မှာလည်း Liquid နဲ့ Matu တို့အနေနဲ့ အကြောင်းအမျိုးမျိုးကြောင့် DreamLeague Season 11 မတိုင်ခင်အထိ ဘယ်ပြိုင်ပွဲကိုမှ ကောင်းကောင်းမကစားခဲ့ရပါဘူး။

သေချာစကစားခွင့်ရတဲ့ DreamLeague မှာလည်း အောက်ဆုံးအဆင့်ကနေပဲ ထွက်ခဲ့ရပါတယ်။

ဒါ့ကြောင့် Liquid ရဲ့အနေအထားက တော်တော်လေးဆိုးရွားခဲ့ပြီး Kuroky ကိုယ်တိုင်က ပြင်သစ်မေဂျာမှာ သူတို့အနေနဲ့ အတူတူကြိုးစားရင်ကြိုးစား၊ မကြိုးစားရင်တော့ အပြောင်းအလဲတွေလုပ်ရတော့မယ်လို့ ပြောခဲ့ရပါတယ်။

Kuroky အဲ့လိုမျိုးပြောပြီးနောက်မှာမှ Liquid တို့ မယုံနိင်လောက်တဲ့လက်စွမ်းတွေနဲ့အတူ Lower Bracket Round 2 ကနေရုန်းထပြီး ဗိုလ်လုပွဲအထိတက်ရောက်နိင်ခဲ့ပါတယ်။

ဗိုလ်လုပွဲမှာ Secret ကိုရှုံးနိမ့်ခဲ့ပေမယ့် လက်စွမ်းကောင်းတွေကိုပြသနိင်ခဲ့သလို TI9 Direct Invite ကိုလည်း ရရှိခဲ့ပါတယ်။

ဒါ့ကြောင့် Liquid ရဲ့အခြေအနေတွေ အတိုင်းအတာတစ်ခုအထိ ပြန်လည်တည်ငြိမ်သွားပြီလို့ သတ်မှတ်လို့ရခဲ့တာကြောင့် Liquid ပရိသတ်တွေ စိတ်အေးခဲ့ရပါတယ်။

ဒါ့ပေမယ့် ဇွန်လ ၁၂ ရက်နေ့မှာ ပရိသတ်တွေကို Shock ရစေခဲ့ပါတယ်။

အဲ့ဒါကတော့ Liquid အတွက် အမြဲတမ်းအဖြည့်ခံကစားပေးခဲ့တဲ့ Matu ကို အသင်းလူစာရင်းကနေ ထုတ်ပယ်လိုက်တာပဲ ဖြစ်ပါတယ်။

Matu အနေနဲ့ အခုအချိန်အထိ Liquid Player ပဲဖြစ်နေသေးပေမယ့် သူ့အတွက်အခွင့်အလမ်းသစ်တွေကို ရှာဖွေနိင်ပြီလို့ တရားဝင်ပြောထားတာကြောင့် သူ့ရဲ့ Liquid ပြဇာတ်ကတော့ တစ်ခန်းရပ်သွားပါပြီ။

ကြိုးစားခဲ့သလောက် အသိအမှတ်ပြုမှုမရခဲ့တဲ့ Matu တစ်ယောက် ဘယ်ကိုရောက်သွားမလဲဆိုတာကို စောင့်ကြည့်ရင်းနဲ့ …

Realman

The author didn't add any Information to his profile yet.

Leave a comment

Your email address will not be published. Required fields are marked. *