ႀကီးပြားခ်မ္းသာခ်င္တယ္ဆိုရင္ သင့္ဘဝကို ေျပာင္းလဲပစ္လိုက္ပါ

By / 3 months ago / Blog / No Comments
ႀကီးပြားခ်မ္းသာခ်င္တယ္ဆိုရင္ သင့္ဘဝကို ေျပာင္းလဲပစ္လိုက္ပါ

ႀကီးပြားခ်မ္းသာခ်င္တယ္ဆိုရင္ သင့္ဘဝကို ေျပာင္းလဲပစ္လိုက္ပါ

၁၉၅၅ ခုႏွစ္ ရဲ႕ေန႔ တေန႔မွာ အသက္ ၂၅ ႏွစ္ အ႐ြယ္ အေမရိကန္ လူငယ္ေလး Jim Rohn ( ဂ်င္မ္ ) ကိုသူ႔အလုပ္ပိုင္ရွင္ အေမရိကန္ မီလီယံနာ သူေ႒းႀကီး John Earl Shoaff ( ဂြၽန္အားလ္ေရွာ့ ) က ေမးခြန္းတခု ေမးလိုက္ပါတယ္။

“ ဂ်င္မ္ မင္း…ငါ့ကုမၸဏီမွာ အလုပ္လုပ္ေနတာ ၆ ႏွစ္ ရွိ သြားၿပီ ။ မင္းပိုက္ဆံ ဘယ္ေလာက္ စုမိၿပီလဲ” တဲ့ ။ ဂ်င္မ္ ကလဲ…“ သူေ႒းႀကီး ခင္ဗ်ား…က်ေနာ္တျပားမွ မစုမိပါဘူး ။ ရတဲ့ လခ ကလဲ က်ေနာ့္အ သုံးစရိတ္ ကာမိ႐ုံပဲ ရွိပါတယ္ ။ လစာေလး နဲနဲ တိုးလိုက္ ကုန္ေဈးႏူန္း တက္လိုက္မို႔ ဘာမွ မက်န္လို႔ မစုႏိုင္ တာပါ လို႔႐ိုး႐ိုးသားသား ေလးပဲ ေျဖလိုက္ပါတယ္ ။

လူငယ္ေလး ဂ်င္မ္ ဟာ အလုပ္ ကိုအရမ္း ႀကိဳးစား လုပ္ကိုင္တတ္သူ တစ္ေယာက္မို႔ သူေ႒းႀကီး က အလြန္ သေဘ ာက်တယ္ ။ သူေ႒းႀကီး က ဆက္ေျပာတယ္ ။ “မင္း ႀကီးပြားခ်မ္းသာခ်င္ သလား” တဲ့။ ဂ်င္မ္က လဲ “ဗ်ာ ခ်မ္းသာခ်င္တာေပါ့။ ခ်မ္းသာေအာင္ ဘယ္လိုလုပ္ရမွန္းမသိလို႔ပါ” ။

သူေ႒းႀကီး က”မင္းအလုပ္လုပ္ေနတာ ၆ ႏွစ္ ရွိသြားလို႔ ဘာမွလဲ မစုမိဘူး မဟုတ္လား ။ မင္း ဒီအတိုင္း ဆက္လုပ္ ေနရင္ ေနာက္ ၆ ႏွစ္လဲ ဒီအတိုင္း ျဖစ္ေနမွာပဲ ။ အဲဒီေတာ့ တကယ္ ခ်မ္းသာ ခ်င္ရင္ မင္း ဘဝ ကိုေျပာင္းလဲ ပစ္ရ လိမ့္မယ္ ။ ေျပာင္းလဲႏိုင္မလား”တဲ့ ။

ဂ်င္မ္က သူေ႒းႀကီး ကို ဘယ္လိုမ်ိဳးေျပာင္းလဲရမွာလဲ… လ့ိုျပန္ေမးေတာ့ သူေ႒းႀကီး က… မင္း အလုပ္ မွာ ႀကိဳးစား တာထက္ မင္းကိုယ္တိုင္ အတြက္ ပိုၿပီး ႀကိဳးစားပါ”တဲ့ ။

သူေ႒းႀကီးရဲ႕အႀကံေပးခ်က္ဟာ တိုတိုေလးပါ။ ဒါေပမယ့္ အဲဒီစကားတိုတိုေလးဟာ ဂ်င္မ္ရဲ႕အသိအျမင္ ကိုပြင့္သြားေစခဲ့ပါတယ္ ။ သူေ႒းႀကီး ေျပာတဲ့အတိုင္း သူအတြက္ ႀကိဳးစားလိုက္တာ ဂ်င္မ္ ဟာ အသက္ ၃၁ ႏွစ္ အ႐ြယ္မွာ မီလီယံနာ သူေ႒း တေယာက္ ျဖစ္သြားခဲ့ ပါတယ္ ။ အဲဒီ ေခတ္က အေမရိကန္ ႏိုင္ငံမွာ မီလီယံနာ သူေ႒း ဆိုတာ လက္ခ်ိဳးေရတြက္လို႔ရေလာက္ေအာင္ အလြန္ ကို နည္းပါတယ္ ။

ဒီစာကို ဖတ္ေနသူေတြအေနနဲ႔ ဂ်င္မ္ ဟာ သူ႔အတြက္ ဘာေတြႀကိဳးစားခဲ့လို႔ ၆ ႏွစ္ အတြင္းပိုက္ဆံ တျပားမွ မစုႏိုင္တဲ့ လူငယ္ေလး ကေန မီလီယံနာ သူေ႒းႀကီး ျဖစ္သြားရ တာလဲလို႔ သိခ်င္ေနမွာပါ ။

သူေ႒းႀကီး ရဲ႕အႀကံေပးစကားမၾကားခင္ ဂ်င္မ္ တစ္ေယာက္ ၆ ႏွစ္တာ ကာလကို ဘယ္လိုကုန္ဆုံးခဲ့ သလဲ ၾကည့္ၾက ရေအာင္ ။ ဂ်င္မ္ဟာ အလုပ္ထဲမွာ အရမ္း ႀကိဳးစား လုပ္တယ္ ။ အလုပ္ မွာပင္ပန္း တယ္လို႔ သူ႔ကိုယ္ သူအေၾကာင္းျပၿပီး အလုပ္ကျပန္ အိမ္ေရာက္ ညစာ စားၿပီးတာနဲ႔ သူငယ္ခ်င္းေတြနဲ႔ေကာ္ဖီ ဆိုင္ၿပီး ေထြရာ ေလးပါး စကားေတြ ေလွ်ာက္ေျပာ ၾကတယ္ ။ ညမိုးႀကီးခ်ဳပ္ မွျပန္လာတယ္ ။ ျပန္ေရာက္တာနဲ႔ အိပ္ယာထဲဝင္တယ္ ။ တခါတေလအျပင္မထြက္ျဖစ္ရင္ အိမ္မွာ ဘီယာေလးနဲ႔ ၿငိမ့္ေနေလ့ ရွိတယ္ ။ တခါတေလ တီဗြီထိုင္ၾကည့္ ေနတယ္ ။ ညနက္ေရာက္ေတာ့ အိပ္ယာဝင္ လိုက္တယ္ ။ သူ႔မွာ ႀကီးပြားခ်မ္းသာ ခ်င္စိတ္ေတာ့ ရွိတယ္။ တေန႔ေတာ့ ကံေကာင္းရင္ ခ်မ္းသာလာမယ္လို႔ ေမွ်ာ္လင့္ေနတယ္ ။ သူေမ်ာ္လင့္ေနတဲ့ကံေကာင္းတဲ့ ေန႔ ဆိုတာ ၆ ႏွစ္ သာ ၾကာသြားတယ္ ေရာက္မလာပါဘူး ။ သူ႔ဘဝဟာဒုံရင္းပါပဲ။

သူေ႒းႀကီး အႀကံေပးခ်က္ကိုၾကားၿပီး ေနာက္တရက္က စၿပီး သူ႔ကိုယ္သူေျပာင္းလဲပစ္လိုက္တယ္။ ဘာေတြေျပာင္းလဲ လိုက္တာလဲ။ အလုပ္ကျပန္တာနဲ႔ ထမင္းစားၿပီး သူငယ္ခ်င္းေတြနဲ႔ေကာ္ဖီဆိုင္ သြား မထိုင္ ေတာ့ဘူး။ အိမ္ကခပ္လွမ္းလွမ္းမွာရွိတဲ့ စာၾကည့္တိုက္ ကိုသြားတယ္။ စာၾကည့္တိုက္ ပိတ္တဲ့ ည၁၁နာရီထိ စာအုပ္ေတြဖတ္တယ္။ ပရိသတ္ကိုစကားေျပာနည္း ေဖါက္သည္ တစ္ေယာက္ကို ေဈးဝယ္ခ်င္ေအာင္ ဆြဲေဆာင္နည္း ေဈးကြက္ရွာေဖြျခင္း ေငြစာရင္း တြက္ခ်က္နည္း အစုရွယ္ယာအေၾကာင္းစတာေတြ အသဲအသန္ဖတ္ၿပီးေလ့လာေတာ့တယ္။ သူဟာ ေကာလိပ္တပိုင္းတစနဲ႔ေက်ာင္းထြက္အလုပ္လုပ္လို႔ ဘြဲ႕တခုေတာင္မရခဲ့ပါဘူး။

တစ္ႏွစ္ေလာက္ ႐ုံးဖြင့္ရက္ညတိုင္းနဲ႔ ႐ုံးပိတ္ရက္ဆို တေနကုန္စာေတြဖတ္လိုက္တာ ကုမၸဏီ ကသူ႔ အရည္အခ်င္းေတြတက္လာတာကိုသေဘာက်ၿပီး ရာထူး တိုးေပးတယ္။ ေနာက္ထပ္တႏွစ္ၾကာျပန္ေတာ့ အရည္အခ်င္းေတြပိုတိုးတက္လာတာနဲ႔အမွ် ရာထူးတိုး ခံရ လစာအတိုးခံခဲ့ရျပန္တယ္။

ေနာက္ႏွစ္အနဲငယ္ၾကာေတာ့ သူ အရည္အခ်င္းကို သူ ယုံၾကည္လို႔ အလုပ္ကထြက္ၿပီး ကိုယ္ပိုင္ကုမၸဏီ ေထာင္တယ္။ လုပ္ငန္းေအာင္ျမင္လာလို႔ ၆ႏွစ္ အၾကာ အသက္၃၁ႏွစ္နဲ႔ငယ္ငယ္႐ြယ္႐ြယ္မွာပဲ မီလီယံနာသူေ႒း တစ္ေယာက္ျဖစ္သြားတယ္။

ဂ်င္မ္ဟာ မီလီယံနာ သူေ႒း ျဖစ္ၿပီးေနာက္ပိုင္းမွာ စီးပြားေရး မလုပ္ေတာ့ပါဘူး။ ႀကီးပြားခ်မ္းသာေအာင္ လုပ္နည္းနဲ႔ပတ္သက္တဲ့ေဟာေျပာပြဲေတြမွာလိုက္ေဟာ ေျပာတယ္။ လူေပါင္းမ်ားစြာေဈးႀကီးေပးၿပီးသူ႔ေဟာေျပာ ပြဲကို တက္ေရာက္နားေထာင္ၾကတယ္။ ေဟာေျပာခ ဝင္ေငြေတြအမ်ားႀကီးရသလို အဲဒီေခတ္က အေမရိကန္ ႏိုင္ငံမွာ ေအာင္ျမင္ႀကီးပြားေရး ေဟာေျပာသူေတြ ထဲမွာ ထင္ရွားအေက်ာ္ၾကားဆုံး ပုဂၢိဳလ္ တစ္ေယာက္ ျဖစ္လာခဲ့ပါတယ္။

ဂ်င္မ္ ဘာလို႔ ႀကီးပြားခ်မ္းသာသြားတာလဲ။ အေျဖက…

၁ ။ သူ႔မွာႀကီးပြားခ်မ္းသာခ်င္တဲ့ျပင္းျပတဲ့ စိတ္ဆႏၵ ( Burning_Desire) ရွိတယ္။

၂ ။ သူ႔အေနအထိုင္ အက်င့္စ႐ိုက္ေတြကို လုံးဝ ျပဳျပင္ ေျပာင္းလဲလိုက္တယ္။

၃ ။ စာအုပ္ေတြဖတ္တယ္ ေလ့လာတယ္။ ဖတ္ထားတာေတြ ကို အသုံးခ်တယ္ ။

၄ ။ အႀကံေကာင္းေပးတတ္တဲ့ Earl Shoaff နဲ႔ ဆုံေတြ႕ ခြင့္ရလိုက္တယ္။ ဒါကိုေတာ့ ကံေကာင္းတယ္လို႔ ေျပာရမလားပဲ။

ေရးသားသူ_BamawTheinPe

Unicode

ကြီးပွားချမ်းသာချင်တယ်ဆိုရင် သင့်ဘဝကို ပြောင်းလဲပစ်လိုက်ပါ

၁၉၅၅ ခုနှစ် ရဲ့နေ့ တနေ့မှာ အသက် ၂၅ နှစ် အရွယ် အမေရိကန် လူငယ်လေး Jim Rohn ( ဂျင်မ် ) ကိုသူ့အလုပ်ပိုင်ရှင် အမေရိကန် မီလီယံနာ သူဋ္ဌေးကြီး John Earl Shoaff ( ဂျွန်အားလ်ရှော့ ) က မေးခွန်းတခု မေးလိုက်ပါတယ်။

“ ဂျင်မ် မင်း…ငါ့ကုမ္ပဏီမှာ အလုပ်လုပ်နေတာ ၆ နှစ် ရှိ သွားပြီ ။ မင်းပိုက်ဆံ ဘယ်လောက် စုမိပြီလဲ” တဲ့ ။ ဂျင်မ် ကလဲ…“ သူဋ္ဌေးကြီး ခင်ဗျား…ကျနော်တပြားမှ မစုမိပါဘူး ။ ရတဲ့ လခ ကလဲ ကျနော့်အ သုံးစရိတ် ကာမိရုံပဲ ရှိပါတယ် ။ လစာလေး နဲနဲ တိုးလိုက် ကုန်ဈေးနူန်း တက်လိုက်မို့ ဘာမှ မကျန်လို့ မစုနိုင် တာပါ လို့ရိုးရိုးသားသား လေးပဲ ဖြေလိုက်ပါတယ် ။

လူငယ်လေး ဂျင်မ် ဟာ အလုပ် ကိုအရမ်း ကြိုးစား လုပ်ကိုင်တတ်သူ တစ်ယောက်မို့ သူဋ္ဌေးကြီး က အလွန် သဘေ ာကျတယ် ။ သူဋ္ဌေးကြီး က ဆက်ပြောတယ် ။ “မင်း ကြီးပွားချမ်းသာချင် သလား” တဲ့။ ဂျင်မ်က လဲ “ဗျာ ချမ်းသာချင်တာပေါ့။ ချမ်းသာအောင် ဘယ်လိုလုပ်ရမှန်းမသိလို့ပါ” ။

သူဋ္ဌေးကြီး က”မင်းအလုပ်လုပ်နေတာ ၆ နှစ် ရှိသွားလို့ ဘာမှလဲ မစုမိဘူး မဟုတ်လား ။ မင်း ဒီအတိုင်း ဆက်လုပ် နေရင် နောက် ၆ နှစ်လဲ ဒီအတိုင်း ဖြစ်နေမှာပဲ ။ အဲဒီတော့ တကယ် ချမ်းသာ ချင်ရင် မင်း ဘဝ ကိုပြောင်းလဲ ပစ်ရ လိမ့်မယ် ။ ပြောင်းလဲနိုင်မလား”တဲ့ ။

ဂျင်မ်က သူဋ္ဌေးကြီး ကို ဘယ်လိုမျိုးပြောင်းလဲရမှာလဲ… လ့ိုပြန်မေးတော့ သူဋ္ဌေးကြီး က… မင်း အလုပ် မှာ ကြိုးစား တာထက် မင်းကိုယ်တိုင် အတွက် ပိုပြီး ကြိုးစားပါ”တဲ့ ။

သူဋ္ဌေးကြီးရဲ့အကြံပေးချက်ဟာ တိုတိုလေးပါ။ ဒါပေမယ့် အဲဒီစကားတိုတိုလေးဟာ ဂျင်မ်ရဲ့အသိအမြင် ကိုပွင့်သွားစေခဲ့ပါတယ် ။ သူဋ္ဌေးကြီး ပြောတဲ့အတိုင်း သူအတွက် ကြိုးစားလိုက်တာ ဂျင်မ် ဟာ အသက် ၃၁ နှစ် အရွယ်မှာ မီလီယံနာ သူဋ္ဌေး တယောက် ဖြစ်သွားခဲ့ ပါတယ် ။ အဲဒီ ခေတ်က အမေရိကန် နိုင်ငံမှာ မီလီယံနာ သူဋ္ဌေး ဆိုတာ လက်ချိုးရေတွက်လို့ရလောက်အောင် အလွန် ကို နည်းပါတယ် ။

ဒီစာကို ဖတ်နေသူတွေအနေနဲ့ ဂျင်မ် ဟာ သူ့အတွက် ဘာတွေကြိုးစားခဲ့လို့ ၆ နှစ် အတွင်းပိုက်ဆံ တပြားမှ မစုနိုင်တဲ့ လူငယ်လေး ကနေ မီလီယံနာ သူဋ္ဌေးကြီး ဖြစ်သွားရ တာလဲလို့ သိချင်နေမှာပါ ။

သူဋ္ဌေးကြီး ရဲ့အကြံပေးစကားမကြားခင် ဂျင်မ် တစ်ယောက် ၆ နှစ်တာ ကာလကို ဘယ်လိုကုန်ဆုံးခဲ့ သလဲ ကြည့်ကြ ရအောင် ။ ဂျင်မ်ဟာ အလုပ်ထဲမှာ အရမ်း ကြိုးစား လုပ်တယ် ။ အလုပ် မှာပင်ပန်း တယ်လို့ သူ့ကိုယ် သူအကြောင်းပြပြီး အလုပ်ကပြန် အိမ်ရောက် ညစာ စားပြီးတာနဲ့ သူငယ်ချင်းတွေနဲ့ကော်ဖီ ဆိုင်ပြီး ထွေရာ လေးပါး စကားတွေ လျှောက်ပြော ကြတယ် ။ ညမိုးကြီးချုပ် မှပြန်လာတယ် ။ ပြန်ရောက်တာနဲ့ အိပ်ယာထဲဝင်တယ် ။ တခါတလေအပြင်မထွက်ဖြစ်ရင် အိမ်မှာ ဘီယာလေးနဲ့ ငြိမ့်နေလေ့ ရှိတယ် ။ တခါတလေ တီဗွီထိုင်ကြည့် နေတယ် ။ ညနက်ရောက်တော့ အိပ်ယာဝင် လိုက်တယ် ။ သူ့မှာ ကြီးပွားချမ်းသာ ချင်စိတ်တော့ ရှိတယ်။ တနေ့တော့ ကံကောင်းရင် ချမ်းသာလာမယ်လို့ မျှော်လင့်နေတယ် ။ သူမျော်လင့်နေတဲ့ကံကောင်းတဲ့ နေ့ ဆိုတာ ၆ နှစ် သာ ကြာသွားတယ် ရောက်မလာပါဘူး ။ သူ့ဘဝဟာဒုံရင်းပါပဲ။

သူဋ္ဌေးကြီး အကြံပေးချက်ကိုကြားပြီး နောက်တရက်က စပြီး သူ့ကိုယ်သူပြောင်းလဲပစ်လိုက်တယ်။ ဘာတွေပြောင်းလဲ လိုက်တာလဲ။ အလုပ်ကပြန်တာနဲ့ ထမင်းစားပြီး သူငယ်ချင်းတွေနဲ့ကော်ဖီဆိုင် သွား မထိုင် တော့ဘူး။ အိမ်ကခပ်လှမ်းလှမ်းမှာရှိတဲ့ စာကြည့်တိုက် ကိုသွားတယ်။ စာကြည့်တိုက် ပိတ်တဲ့ ည၁၁နာရီထိ စာအုပ်တွေဖတ်တယ်။ ပရိသတ်ကိုစကားပြောနည်း ဖေါက်သည် တစ်ယောက်ကို ဈေးဝယ်ချင်အောင် ဆွဲဆောင်နည်း ဈေးကွက်ရှာဖွေခြင်း ငွေစာရင်း တွက်ချက်နည်း အစုရှယ်ယာအကြောင်းစတာတွေ အသဲအသန်ဖတ်ပြီးလေ့လာတော့တယ်။ သူဟာ ကောလိပ်တပိုင်းတစနဲ့ကျောင်းထွက်အလုပ်လုပ်လို့ ဘွဲ့တခုတောင်မရခဲ့ပါဘူး။

တစ်နှစ်လောက် ရုံးဖွင့်ရက်ညတိုင်းနဲ့ ရုံးပိတ်ရက်ဆို တနေကုန်စာတွေဖတ်လိုက်တာ ကုမ္ပဏီ ကသူ့ အရည်အချင်းတွေတက်လာတာကိုသဘောကျပြီး ရာထူး တိုးပေးတယ်။ နောက်ထပ်တနှစ်ကြာပြန်တော့ အရည်အချင်းတွေပိုတိုးတက်လာတာနဲ့အမျှ ရာထူးတိုး ခံရ လစာအတိုးခံခဲ့ရပြန်တယ်။

နောက်နှစ်အနဲငယ်ကြာတော့ သူ အရည်အချင်းကို သူ ယုံကြည်လို့ အလုပ်ကထွက်ပြီး ကိုယ်ပိုင်ကုမ္ပဏီ ထောင်တယ်။ လုပ်ငန်းအောင်မြင်လာလို့ ၆နှစ် အကြာ အသက်၃၁နှစ်နဲ့ငယ်ငယ်ရွယ်ရွယ်မှာပဲ မီလီယံနာသူဋ္ဌေး တစ်ယောက်ဖြစ်သွားတယ်။

ဂျင်မ်ဟာ မီလီယံနာ သူဋ္ဌေး ဖြစ်ပြီးနောက်ပိုင်းမှာ စီးပွားရေး မလုပ်တော့ပါဘူး။ ကြီးပွားချမ်းသာအောင် လုပ်နည်းနဲ့ပတ်သက်တဲ့ဟောပြောပွဲတွေမှာလိုက်ဟော ပြောတယ်။ လူပေါင်းများစွာဈေးကြီးပေးပြီးသူ့ဟောပြော ပွဲကို တက်ရောက်နားထောင်ကြတယ်။ ဟောပြောခ ဝင်ငွေတွေအများကြီးရသလို အဲဒီခေတ်က အမေရိကန် နိုင်ငံမှာ အောင်မြင်ကြီးပွားရေး ဟောပြောသူတွေ ထဲမှာ ထင်ရှားအကျော်ကြားဆုံး ပုဂ္ဂိုလ် တစ်ယောက် ဖြစ်လာခဲ့ပါတယ်။

ဂျင်မ် ဘာလို့ ကြီးပွားချမ်းသာသွားတာလဲ။ အဖြေက…

၁ ။ သူ့မှာကြီးပွားချမ်းသာချင်တဲ့ပြင်းပြတဲ့ စိတ်ဆန္ဒ (Burning_Desire)ရှိတယ်။

၂ ။ သူ့အနေအထိုင် အကျင့်စရိုက်တွေကို လုံးဝ ပြုပြင် ပြောင်းလဲလိုက်တယ်။

၃ ။ စာအုပ်တွေဖတ်တယ် လေ့လာတယ်။ ဖတ်ထားတာတွေ ကို အသုံးချတယ်။

၄ ။ အကြံကောင်းပေးတတ်တဲ့ Earl Shoaff နဲ့ ဆုံတွေ့ ခွင့်ရလိုက်တယ်။ ဒါကိုတော့ ကံကောင်းတယ်လို့ ပြောရမလားပဲ။

ရေးသားသူ_BamawTheinPe

zc

The author didn't add any Information to his profile yet.

Leave a comment

Your email address will not be published. Required fields are marked. *