??? က Liquid ကစားသမားသစ်ဖြစ်လာတော့မှာလား?

By / 2 weeks ago / Up to Date News / No Comments
??? က Liquid ကစားသမားသစ်ဖြစ်လာတော့မှာလား?

??? က Liquid ကစားသမားသစ်ဖြစ်လာတော့မှာလား?

မနေ့ကညကပဲ TI7 ချန်ပီယံ Team Liquid အနေနဲ့ သူတို့နဲ့ ၃ နှစ်တာလောက်လက်တွဲလာတဲ့ Lasse ‘Matumbaman’ Urpalainen နဲ့ လက်တွဲဖြုတ်ခဲ့ပါတယ်။

ဒါက ၂၀၁၈ – ၁၉ DPC Season ရဲ့ အကြီးကျယ်ဆုံးအပြောင်းအရွှေ့သတင်းဖြစ်ခဲ့ပြီး Community ထဲကလူတိုင်းရဲ့ပါးစပ်ဖျားမှာ အဲ့ဒီသတင်းကပဲ ရေပန်းစားနေတာဖြစ်ပါတယ်။

Liquid Dota 2 အသင်းရဲ့အခမ်းနားဆုံးအောင်မြင်မှုတွေမှာ အတူရှိခဲ့တဲ့ကစားသမားတစ်ယောက်ထွက်သွားခဲ့တဲ့အတွက် ၀မ်းနည်းနေသူတွေရှိသလို Liquid ကိုဘယ်သူရောက်လာမလဲဆိုတဲ့မေးခွန်းကလည်း လူတိုင်းမေးချင်ကြတဲ့မေးခွန်းဖြစ်ပါတယ်။

ခန့်မှန်းမှုတွေလည်း မျိုးစုံပြုလုပ်ခဲ့ကြပြီး Liquid ကိုရောက်လာမယ်လို့သတင်းတွေထွက်ခဲ့တာက ၆ ယောက်ရှိခဲ့ပါတယ်။

အဲ့ဒီသူတွေကတော့ w33haa, Madara, Shadow, Resolu1on, ILTW နဲ့ hFn တို့ ဖြစ်ကြပါတယ်။

W33haa

ရိုမေးနီးနီးယားကစားသမားဖြစ်တဲ့ Omar ‘w33haa’ Aliwi က သူ့ရဲ့ Dynamic & Versatile Playstyle တွေကြောင့် လူသိများထင်းရှားပါတယ်။

သူ့အနေနဲ့ အသင်းပေါင်းမြောက်မြားစွာနဲ့ ပြိုင်ပွဲပေါင်းများစွာကိုကစားဖူးတဲ့အတွေ့အကြုံရှိသလို ၂၀၁၆ ခုနှစ်ကလည်း Digital Chaos နဲ့တူ TI6 Grand Finals ရောက်ခဲ့တာကြောင့် ပြိုင်ပွဲကြီးအတွေ့အကြုံမရှိမှာကို ပူစရာမလိုပါဘူး။

Liquid ကနေပြီး သူ့ကိုသဘောကျချင်စရာနောက်ထပ်တစ်ချက်ကတော့ သူဟာ Mid Lane သာမက Carry Role ကိုပါ ကောင်းကောင်းကစားနိင်သူဖြစ်ပါတယ်။

ဒါ့ကြောင့် Liquid ရဲ့အထိမခံတဲ့ Messi ဖြစ်တဲ့ Miracle ကြောင့် w33haa က ရေပန်းအစားဆုံးဖြစ်နေတာဖြစ်ပါတယ်။

သူ့အနေနဲ့ အခုအချိန်မှာတော့ Chaos Esports Club ကနေနုတ်ထွက်ထားတာကြောင့် Liquid ကခေါ်မယ်ဆို အချိန်မရွေးရောက်လာနိင်တဲ့အနေအထားမှာတော့ ရှိနေပါတယ်။

Madara

Omar ‘Madara’ Dabachach က ပြီးခဲ့တဲ့ ESL One Birmingham 2019 မှာ Alliance ရဲ့ qojqva အစားဝင်ကစားပေးခဲ့သလို Dota PIT Minor မှာလည်း mICKe အစား ၀င်ကစားပေးခဲ့ပါတယ်။

သူက Mid ရော Carry ပါ ကောင်းကောင်းကစားနိင်သူဖြစ်ပြီး သူ့ကိုသာကောင်းကောင်း Support လုပ်ပေးနိင်တဲ့အသင်းတွေမှာဆို တကယ်ထွန်းတောက်လာနိင်တဲ့ကစားသမားတစ်ယောက်ပါ။

Qojqva ပြန်လာအပြီးမှာတော့ Madara ဟာအသင်းလက်မဲ့ဖြစ်နေပြီး Liquid ခေါ်မယ်ဆို အချိန်မရွေးဝင်ကစားပေးနိင်ပါတယ်။

သူ့အနေနဲ့ အသင်းပေါင်းများစွာမှာ Stand-in ၀င်ကစားခဲ့တာက သူ့ရဲ့ Professional Experience ကို အကောင်းဆုံးအနေအထားမှာရှိနေစေခဲ့ပြီး သူ့ကိုပိုတန်ဖိုးရှိတဲ့ကစားသမားတစ်ယောက် ဖြစ်လာစေခဲ့တာပါ။

Shadow

TI6 ချန်ပီယံ Wings Gaming ရဲ့ Carry Player Shadow ကလည်း Liquid ရဲ့ကစားသမားသစ်ဖြစ်နိင်ဖွယ်ရှိလာသူတွေထဲမှာ ပါဝင်နေပါတယ်။

Liquid နဲ့လက်တွဲဖြစ်ခဲ့မယ်ဆိုရင် ဒါကသူတို့ရဲ့ပထမဆုံးအကြိမ်လက်တွဲမှုမဟုတ်ပါဘူး။

ပြီးခဲ့တဲ့ Chongqing Major မှာလည်း Miracle အစား Shadow က ၀င်ကစားပေးခဲ့ပြီး ဘာသာစကားအခက်အခဲကြောင့် ထင်သလောက်တော့ အောင်မြင်မှုမရခဲ့ပါဘူး။

ဒါ့ကအချိန်တစ်ခုပေးပြီးတော့ လေ့ကျင့်လိုက်ရင် အဆင်ပြေနိင်တာဖြစ်လို့ Shadow ကိုလည်း မေ့ထားလို့မရပါဘူး။

Resolut1on

Matu ရဲ့နေရာကိုအစားထိုးပေးဖို့အတွက် ပရိသတ်တောင်းဆိုမှုအများဆုံးကတော့ Reso ပါ။

ဒါပေမယ့်ပြဿနာတစ်ခုက Reso အနေနဲ့ သူကစားခဲ့သမျှအသင်းတိုင်းမှာ First Priority အနေနဲ့ ဦးစားပေးခဲ့ခံရပြီး Liquid ရဲ့ Messi Miracle နဲ့ ထိပ်တိုက်တွေ့နိင်ပါတယ်။

တကယ်လို့သူလာဖြစ်ခဲ့တယ်ဆိုရင်တောင်မှ Miracle အလိုကျပဲ ကစားပေးရဖို့ရှိနေပါတယ်။

ဒါ့အပြင်သူ့အနေနဲ့ သိပ်မကြာသေးခင်ကပဲ J.Storm ကိုပူးပေါင်းခဲ့တာကြောင့် ချက်ခြင်းကြီးအသင်းထပ်ပြောင်းဖို့ဆိုတာက နည်းနည်းတော့ရုပ်ပေါက်မှာပါ။

ဒါပေမယ့်တစ်ခုရှိတာက J.Storm အနေနဲ့ TI9 ၀င်ခွင့်မရခဲ့ဘူးဆိုရင်တော့ ဒီအပြောင်းအလဲက ဖြစ်လာဖို့ရှိနေပါတယ်။

ILTW

ITLW အနေနဲ့ ငယ်ရွယ်သေးသလို ဘာမှကြီးကြီးမားမားလည်း လုပ်ပြထားနိင်ခြင်းတော့ မရှိသေးပါဘူး။

ဒါပေမယ့် OG မှာ Stand-in ၀င်ကစားခဲ့စဉ်မှာတော့ ပုံစံကောင်းတစ်ချို့ကိုပြသနိင်ခဲ့ပြီး ဒါက Liquid အတွက် မျက်စိကျစရာတော့ ဖြစ်လာနိင်ပါတယ်။

အဓိကက ILTW ဟာလည်း Mid ရော Carry ပါ ကောင်းကောင်းကစားနိင်သူဖြစ်နေခြင်းပါ။

ဒါ့အပြင် သူကလက်ရှိမှာ Espada ရဲ့ inactive roster တစ်ယောက်ဖြစ်နေတာကြောင့် Kuroky ဖုန်းဆက်တာနဲ့ ကိုင်နိင်မယ့်သူဖြစ်နေတာပါ။

လောလောဆယ်မှာ ဘာမှမလုပ်ပြနိင်သေးပေမယ့် Raw Potential တွေရှိနေတဲ့သူဖြစ်တာကြောင့် တန်ဖိုးတစ်ခုတော့ သူ့မှာရှိနေပါတယ်။

hFn

နောက်ဆုံးဖြစ်နိင်တဲ့ကစားသမားကတော့ ဘရာဇီးလ်ကစားသမား hFn ပဲဖြစ်ပါတယ်။

သူ့အနေနဲ့ Chaos Esports Club ကနေ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကပဲ လူမသိသူမသိ ထွက်ခွာထားခဲ့တာပါ။

သူ့ကို Pro Scene မှာ လူကြိုက်သိပ်မများကြပေမယ့် တစ်ချိန်က အမေရိကန် Leader Board ရဲ့ထိပ်ပိုင်းတွေမှာကြီးစိုးနိင်ခဲ့သူဖြစ်ပါတယ်။

Mid ရော Carry ရောကို ကောင်းကောင်းကစားနိင်သူဖြစ်လို့ Liquid လိုချင်တဲ့ပုံစံနဲ့လည်း အံကိုက်ပါ။

သူက Skill အရမ်းကောင်းသလို paiN Gaming နဲ့ Chaos Esports Club တို့နဲ့တူ Lan Experience လည်း အများအပြားရှိထားသူပါ။

ဒါ့ကြောင့် အသင်းလက်မဲ့ဖြစ်နေတဲ့သူဟာလည်း Liquid ကိုရောက်လာနိင်ခြေရှိသူတွေထဲမှာ ပါဝင်ပါတယ်။

အခုနောက်ဆုံးရထားတဲ့သတင်းတွေအရ Liquid ရဲ့ Player သစ်က w33haa ဖြစ်လာဖို့ အလားအလာတွေရှိနေပါပြီ။

အပေါ်မှာပြထားတဲ့ Screenshot မှာ Liquid က MC, rmn, gh နဲ့ Miracle တို့နဲ့တူ w33, mag, Blizzy တို့ Lobby တစ်ခုထဲမှာ ရှိနေကြပါတယ်။

အဲ့ဒီ SS ကိုတော့ Khezu ရဲ့ Twitch Stream ကနေတစ်ဆင့် Reddit User တစ်ယောက်ကမြင်တွေ့ပြီးတော့ တင်ထားခဲ့တာပါ။

Na’Vi Player တွေလည်းပါတယ်ဆိုပေမယ့် Na’Vi က ဘာအပြောင်းအရွှေ့မှ မလုပ်ထားပါဘူး။

လုပ်ထားတာက Liquid ပါ။

ပြီးတော့ Liquid ကစားသမားဖြစ်လာနိင်ချေလူစာရင်းထဲမှာ w33 က ထိပ်ဆုံးမှာပါ။

ဒါက Liquid အနေနဲ့ w33 နဲ့လက်တွဲဖို့သေချာသွားပြီလို့ ပြောနိင်သလို အခုမှစမ်းသပ်နေဆဲလည်း ဖြစ်နိင်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ကျန်တဲ့သူတွေထက်တော့ w33ha က အခွင့်အလမ်းတော်တော်များနေပါပြီ။

တကယ်ဖြစ်လာမဖြစ်လာကတော့ ဆက်လက်စောင့်ကြည့်သွားရမှာပါ။

Realman

The author didn't add any Information to his profile yet.

Leave a comment

Your email address will not be published. Required fields are marked. *