အလွပဆိုင္ရာ ဗဟုသုတေလးမ်ား ။ ။ ။

By / 2 weeks ago / Blog / No Comments
အလွပဆိုင္ရာ ဗဟုသုတေလးမ်ား ။ ။ ။

အလွပဆိုင္ရာ ဗဟုသုတေလးမ်ား ။ ။ ။

မိန္းကေလးတိုင္းဟာ အသားအေရကို ဂ႐ုစိုက္သင့္ပါတယ္။ မိန္းကေလးေတြဟာ အသက္ (၂၅) ႏွစ္ေက်ာ္လာတဲ့အခါ အသားအေရဟာ မသိမသာစတင္ပ်က္စီးလာၿပီး အသက္ (၃၀)အေက်ာ္မွာေတာ့ သိသိသာသာ ပ်က္စီးလာေတာ့မွာပါ။ ကာကြယ္ျခင္းဟာ ကုသျခင္းထက္ ထိေရာက္တာမို႔လို႔ အသက္(၂၅) ႏွစ္မေက်ာ္ခင္ကတည္းက အသားအေရကို ထိန္းသိမ္းထားသင့္ပါတယ္။ မဟုတ္ရင္ေတာ့ အသားအေရျပႆနာေတြျဖစ္တဲ့ တင္းတိပ္၊ အသားအေရတြဲျခင္း၊ အိုမင္းရင့္ေရာ္ျခင္းနဲ႔ အေရးအေၾကာင္းေတြကစလို႔ အသားအေရမညီညာဘဲ အ႐ြယ္မတိုင္ခင္ ႐ုပ္ဆိုးသြားေတာ့မွာပါ။ ဒီေတာ့ အသက္ (၂၅)ႏွစ္မတိုင္ခင္ အသားအေရကို ဘယ္လိုထိန္းသိမ္းရမလဲဆိုတာ ေျပာျပခ်င္လြန္းလို႔ပါ။

ပထမဆုံး ေျပာျပခ်င္တာကေတာ့ Skincare လုပ္ဖို႔ပါပဲ။ အခုေနာက္ပိုင္း Skincare လုပ္ရမယ္ဆိုတဲ့အသိဟာ မိန္းကေလးေတြၾကားမွာ ေတာ္ေတာ္က်ယ္ျပန႔္လာပါၿပီ။ ဒါ ေကာင္းပါတယ္။ မိန္းကေလးေတြဟာ မိတ္ကပ္လိမ္းေန႐ုံနဲ႔ မျပည့္စုံႏိုင္ပါဘူး။ အသားအေရရဲ႕ အျပစ္အနာအဆာေတြကို ခဏေလာက္ ဖုံးအုပ္ေပးထားႏိုင္တဲ့မိတ္ကပ္ထက္ အသားအေရရဲ႕ အျပစ္အနာအဆာေတြကို ထာဝရေမာင္းထုတ္ေပးႏိုင္တဲ့ အသားအေရထိန္းသိမ္းမႈမ်ိဳးကို လုပ္မွသာ မိတ္ကပ္မပါလည္း လွေနႏိုင္မွာပါ။ ၿပီးေတာ့ ျမန္မာျပည္ရဲ႕ ရာသီဥတုဟာ ပူအိုက္စြတ္စိုတာေၾကာင့္ မိတ္ကပ္ကို ေန႔စဥ္မွန္မွန္လိမ္းေနႏိုင္မွာမဟုတ္ပါဘူး။ ဒီေတာ့ ႀကိဳးစားၿပီး Skincare လုပ္ထားမွ မိတ္ကပ္မပါလည္း အသားအေရေလးက ၾကည္လင္ဝင္းပၿပီး ႏုဥေနႏိုင္မွာပါေနာ္။

ဒီေတာ့ Skincare လုပ္ေတာ့မယ္ဆိုရင္ ဘာေတြအေရးႀကီးလဲဆိုေတာ့ ကိုယ္ Skincare လုပ္မယ့္ Product ေတြက အေရးႀကီးတယ္လို႔ ေျပာရပါလိမ့္မယ္။ Skincare Product ေတြဝယ္တဲ့အခါ ပိုက္ဆံႏွေျမာေနလို႔ လုံးဝမရပါဘူးေနာ္။ ေပါေခ်ာင္ေကာင္းေရာင္းေနတဲ့ပစၥည္းေတြက ဘယ္လိုမွ Quality ေကာင္းမွမဟုတ္သလို ထိေရာက္မႈလည္း ရွိမွာမဟုတ္ပါဘူး။ အခန႔္မသင့္ရင္ အသားအေရကိုပါ ပ်က္စီးသြားႏိုင္ပါတယ္။ ဒီေတာ့ နာမည္လုံးဝမရွိဘဲ ေရာင္းသူေတြကသာ စြတ္တင္ေရာင္းေနတဲ့ပစၥည္းမ်ိဳးေတြနဲ႔ အတုေတြကို လုံးဝမ၀ယ္ျဖစ္ဖို႔ လိုအပ္ပါတယ္။ အဲဒီလိုေျပာလို႔ နာမည္ႀကီးၿပီး ေဈးႀကီးတဲ့ပစၥည္းေတြကိုပဲ ဝယ္သုံးရမယ္လို႔ မဆိုလိုပါဘူး။ စင္ကာပူနဲ႔ ထိုင္းဘက္ကေန တင္သြင္းတဲ့ Quality ေကာင္းၿပီး ထိေရာက္မႈလည္းရွိတဲ့ Budget Brand ေလးေတြ အမ်ားႀကီးရွိပါတယ္ေနာ္။ ဥပမာ – Vaseline တို႔၊ Garnier တို႔လိုေပါ့။

ေနာက္တစ္ခု သတိေပးခ်င္တာကေတာ့ ေဈးႀကီးတဲ့ Brand တိုင္း၊ လူႀကိဳက္မ်ားၿပီး နာမည္ႀကီးတဲ့ Brand တိုင္းကလည္း ကိုယ္နဲ႔သင့္ေတာ္ရဲ႕လားဆိုေတာ့ မသင့္ေတာ္ပါဘူး။ ကိုယ္ေနတဲ့ၿမိဳ႕ရဲ႕ ရာသီဥတု၊ ကိုယ့္ရဲ႕ အသားအေရနဲ႔ ကိုယ္ေန႔စဥ္လႈပ္ရွားေနရတဲ့ပတ္ဝန္းက်င္ေပၚမူတည္ၿပီး ေ႐ြးခ်ယ္တတ္ဖို႔လည္း လိုအပ္ပါေသးတယ္။ ဥပမာ – အရမ္းပူလြန္းတဲ့ၿမိဳ႕မွာ ေနထိုင္သူေတြက အေအးပိုင္းေဒသမွာ သုံးတဲ့ အဆီဓာတ္ပါဝင္မႈမ်ားတဲ့ Skincare ေတြနဲ႔ဆို အဆီေတြျပန္ၿပီး ေနရထိုင္ရအဆင္မေျပသလို၊ Dry Skin သမားေတြဟာလည္း အသားအေရကို ေျခာက္ေသြ႕ေစတဲ့ပစၥည္းေတြကို မွားသုံးမိေနလို႔ မရပါဘူး။ ဒါေၾကာင့္ နာမည္ႀကီးတိုင္း လူတကာၫႊန္းတိုင္းလည္း လိုက္ဝယ္သုံးရမယ္လို႔ မဆိုလိုဘူးဆိုတာ သိရပါလိမ့္မယ္။

ေနာက္ၿပီးေတာ့ သုံးတဲ့ပစၥည္းေတြက အခ်ိန္နဲ႔ေနရာ သင့္ေတာ္မွန္ကန္ဖို႔လည္း လိုအပ္ပါေသးတယ္။ ဥပမာ ေနပူထဲသြားၿပီး Sunscreen မလိမ္းဘဲ ညဘက္အိပ္မွ မွားလိမ္းေနမိရင္လည္း ဘယ္ေလာက္သုံးသုံး အလကားပါပဲ။ ဒီေတာ့ တစ္ေန႔တာအတြက္ Skincare လုပ္ဖို႔ ဘယ္လိုအဆင့္ဆင့္ျဖတ္ေက်ာ္ရမလဲဆိုတာ မွားမေနၾကေအာင္ ေအာက္မွာ Chart ေလး ျပေပးထားလို႔ ေလ့လာၾကည့္ပါဦးေနာ္။

ၿပီးေတာ့ ေျပာခ်င္တာက Skincare လုပ္ရမယ့္ Product ေတြသုံးမွ အသားအေရလွလာမွာမဟုတ္လို႔ ကိုယ့္ရဲ႕ ေနစဥ္ေနထိုင္မႈပုံစံကို မေျပာင္းလဲဘဲ ပစၥည္းေတြအေပၚမွာပဲ မွီခိုေနလို႔မရဘူးဆိုတာပါပဲ။ ဒီလိုဘဲ Skincare ပစၥည္းေတြ လိုက္မဝယ္ႏိုင္လို႔လည္း စိတ္ညစ္စရာမလိုပါဘူး။ ေရလုံေလာက္ေအာင္ ေသာက္မယ္။ ဆီးဝမ္းမွန္ေအာင္ေနမယ္။ ေနပူရင္ ထီးေဆာင္းၿပီး လက္ရွည္ခပ္ပါးပါးေလးဝတ္ထားမယ္။ ညဘက္အိပ္ေရးဝေအာင္အိပ္ၿပီး စိတ္ဖိစီးမႈေတြကို ေလွ်ာ့ခ်မယ္။ ေရဝေအာင္ခ်ိဳးၿပီး သနပ္ခါးေလးလိမ္းထားလည္း ဒါဟာ အသားအေရကို ထိန္းသိမ္းေနတာပဲျဖစ္ပါတယ္။ ေဈးႀကီးတဲ့ Skincare Product ေတြ ဘယ္ေလာက္လိမ္းေနပါေစ ေရဝေအာင္မေသာက္ဘူး။ ညဘက္ အိပ္ေရးေတြပ်က္ေနဦးမယ္ဆိုရင္လည္း အသားအေရက ဘယ္လိုလွလာႏိုင္မွာလဲေနာ္။
Skincare Product ေတြမဝယ္ရင္ေတာင္ ရွားေစာင္းလက္ပတ္ေလးေတြ မ်က္ႏွာကို ပြတ္ၿပီး အားျဖည့္မယ္။ သခြားသီးေလးေတြ၊ အာလူးေလးေတြကို မ်က္ႏွာမွာ ကပ္မယ္။ ေကာ္ဖီနဲ႔ အသားအေရလွဆီတစ္ခုခုကို ေရာၿပီး ေပါင္းတင္မယ္။ အသားအေရအတြက္ အသီးအႏွံေတြစားမယ္စတာေတြကို ႀကိဳးစားလုပ္ဖို႔ တိုက္တြန္းခ်င္ပါတယ္။

ဒီေလာက္သိထားရင္ေတာ့ အသက္ (၃၀)အ႐ြယ္မွာ အိုမင္းရင့္ေရာ္ဖို႔ဆိုတာ မျဖစ္ႏိုင္ေတာ့ပါဘူး။ မိန္းကေလးဆိုတာ အသက္အ႐ြယ္မေ႐ြး လွပေနမွရမွာေနာ္။ လူေတြက ဘယ္သူ႔ကို ၾကည့္ေစခ်င္လို႔ အလွေတြျပင္ေနတာလဲေမးရင္ ကိုယ့္ကိုယ္ကိုယ္ မွန္ထဲမွာၾကည့္ၿပီး ခ်စ္ေနဖို႔လို႔သာ ေျဖလိုက္ပါ။ ကိုယ့္ရဲ႕ အလွတရားဟာ ကိုယ္တိုင္စိတ္တိုင္းက်ေက်နပ္ေနဖို႔ပါေနာ္။ ဒါေၾကာင့္ ဒီစာေလးကို ဖတ္ၿပီးရင္ မိတ္ကပ္ပစၥည္းေတြမွာ ကိုယ့္ရဲ႕ လစာေလးေတြ၊ မုန႔္ဖိုးေလးေတြကို ရင္းႏွီးျမဳပ္ႏွံမယ့္အစား Skincare လုပ္ဖို႔ ျမဳပ္ႏွံၾကဖို႔ တိုက္တြန္းလိုက္ပါတယ္။

Unicode .

အလှပဆိုင်ရာ ဗဟုသုတလေးများ ။ ။ ။

မိန်းကလေးတိုင်းဟာ အသားအရေကို ဂရုစိုက်သင့်ပါတယ်။ မိန်းကလေးတွေဟာ အသက် (၂၅) နှစ်ကျော်လာတဲ့အခါ အသားအရေဟာ မသိမသာစတင်ပျက်စီးလာပြီး အသက် (၃၀)အကျော်မှာတော့ သိသိသာသာ ပျက်စီးလာတော့မှာပါ။ ကာကွယ်ခြင်းဟာ ကုသခြင်းထက် ထိရောက်တာမို့လို့ အသက်(၂၅) နှစ်မကျော်ခင်ကတည်းက အသားအရေကို ထိန်းသိမ်းထားသင့်ပါတယ်။ မဟုတ်ရင်တော့ အသားအရေပြဿနာတွေဖြစ်တဲ့ တင်းတိပ်၊ အသားအရေတွဲခြင်း၊ အိုမင်းရင့်ရော်ခြင်းနဲ့ အရေးအကြောင်းတွေကစလို့ အသားအရေမညီညာဘဲ အရွယ်မတိုင်ခင် ရုပ်ဆိုးသွားတော့မှာပါ။ ဒီတော့ အသက် (၂၅)နှစ်မတိုင်ခင် အသားအရေကို ဘယ်လိုထိန်းသိမ်းရမလဲဆိုတာ ပြောပြချင်လွန်းလို့ပါ။

ပထမဆုံး ပြောပြချင်တာကတော့ Skincare လုပ်ဖို့ပါပဲ။ အခုနောက်ပိုင်း Skincare လုပ်ရမယ်ဆိုတဲ့အသိဟာ မိန်းကလေးတွေကြားမှာ တော်တော်ကျယ်ပြန့်လာပါပြီ။ ဒါ ကောင်းပါတယ်။ မိန်းကလေးတွေဟာ မိတ်ကပ်လိမ်းနေရုံနဲ့ မပြည့်စုံနိုင်ပါဘူး။ အသားအရေရဲ့ အပြစ်အနာအဆာတွေကို ခဏလောက် ဖုံးအုပ်ပေးထားနိုင်တဲ့မိတ်ကပ်ထက် အသားအရေရဲ့ အပြစ်အနာအဆာတွေကို ထာဝရမောင်းထုတ်ပေးနိုင်တဲ့ အသားအရေထိန်းသိမ်းမှုမျိုးကို လုပ်မှသာ မိတ်ကပ်မပါလည်း လှနေနိုင်မှာပါ။ ပြီးတော့ မြန်မာပြည်ရဲ့ ရာသီဥတုဟာ ပူအိုက်စွတ်စိုတာကြောင့် မိတ်ကပ်ကို နေ့စဉ်မှန်မှန်လိမ်းနေနိုင်မှာမဟုတ်ပါဘူး။ ဒီတော့ ကြိုးစားပြီး Skincare လုပ်ထားမှ မိတ်ကပ်မပါလည်း အသားအရေလေးက ကြည်လင်ဝင်းပပြီး နုဥနေနိုင်မှာပါနော်။

ဒီတော့ Skincare လုပ်တော့မယ်ဆိုရင် ဘာတွေအရေးကြီးလဲဆိုတော့ ကိုယ် Skincare လုပ်မယ့် Product တွေက အရေးကြီးတယ်လို့ ပြောရပါလိမ့်မယ်။ Skincare Product တွေဝယ်တဲ့အခါ ပိုက်ဆံနှမြောနေလို့ လုံးဝမရပါဘူးနော်။ ပေါချောင်ကောင်းရောင်းနေတဲ့ပစ္စည်းတွေက ဘယ်လိုမှ Quality ကောင်းမှမဟုတ်သလို ထိရောက်မှုလည်း ရှိမှာမဟုတ်ပါဘူး။ အခန့်မသင့်ရင် အသားအရေကိုပါ ပျက်စီးသွားနိုင်ပါတယ်။ ဒီတော့ နာမည်လုံးဝမရှိဘဲ ရောင်းသူတွေကသာ စွတ်တင်ရောင်းနေတဲ့ပစ္စည်းမျိုးတွေနဲ့ အတုတွေကို လုံးဝမဝယ်ဖြစ်ဖို့ လိုအပ်ပါတယ်။ အဲဒီလိုပြောလို့ နာမည်ကြီးပြီး ဈေးကြီးတဲ့ပစ္စည်းတွေကိုပဲ ဝယ်သုံးရမယ်လို့ မဆိုလိုပါဘူး။ စင်ကာပူနဲ့ ထိုင်းဘက်ကနေ တင်သွင်းတဲ့ Quality ကောင်းပြီး ထိရောက်မှုလည်းရှိတဲ့ Budget Brand လေးတွေ အများကြီးရှိပါတယ်နော်။ ဥပမာ – Vaseline တို့၊ Garnier တို့လိုပေါ့။

နောက်တစ်ခု သတိပေးချင်တာကတော့ ဈေးကြီးတဲ့ Brand တိုင်း၊ လူကြိုက်များပြီး နာမည်ကြီးတဲ့ Brand တိုင်းကလည်း ကိုယ်နဲ့သင့်တော်ရဲ့လားဆိုတော့ မသင့်တော်ပါဘူး။ ကိုယ်နေတဲ့မြို့ရဲ့ ရာသီဥတု၊ ကိုယ့်ရဲ့ အသားအရေနဲ့ ကိုယ်နေ့စဉ်လှုပ်ရှားနေရတဲ့ပတ်ဝန်းကျင်ပေါ်မူတည်ပြီး ရွေးချယ်တတ်ဖို့လည်း လိုအပ်ပါသေးတယ်။ ဥပမာ – အရမ်းပူလွန်းတဲ့မြို့မှာ နေထိုင်သူတွေက အအေးပိုင်းဒေသမှာ သုံးတဲ့ အဆီဓာတ်ပါဝင်မှုများတဲ့ Skincare တွေနဲ့ဆို အဆီတွေပြန်ပြီး နေရထိုင်ရအဆင်မပြေသလို၊ Dry Skin သမားတွေဟာလည်း အသားအရေကို ခြောက်သွေ့စေတဲ့ပစ္စည်းတွေကို မှားသုံးမိနေလို့ မရပါဘူး။ ဒါကြောင့် နာမည်ကြီးတိုင်း လူတကာညွှန်းတိုင်းလည်း လိုက်ဝယ်သုံးရမယ်လို့ မဆိုလိုဘူးဆိုတာ သိရပါလိမ့်မယ်။

နောက်ပြီးတော့ သုံးတဲ့ပစ္စည်းတွေက အချိန်နဲ့နေရာ သင့်တော်မှန်ကန်ဖို့လည်း လိုအပ်ပါသေးတယ်။ ဥပမာ နေပူထဲသွားပြီး Sunscreen မလိမ်းဘဲ ညဘက်အိပ်မှ မှားလိမ်းနေမိရင်လည်း ဘယ်လောက်သုံးသုံး အလကားပါပဲ။ ဒီတော့ တစ်နေ့တာအတွက် Skincare လုပ်ဖို့ ဘယ်လိုအဆင့်ဆင့်ဖြတ်ကျော်ရမလဲဆိုတာ မှားမနေကြအောင် အောက်မှာ Chart လေး ပြပေးထားလို့ လေ့လာကြည့်ပါဦးနော်။

ပြီးတော့ ပြောချင်တာက Skincare လုပ်ရမယ့် Product တွေသုံးမှ အသားအရေလှလာမှာမဟုတ်လို့ ကိုယ့်ရဲ့ နေစဉ်နေထိုင်မှုပုံစံကို မပြောင်းလဲဘဲ ပစ္စည်းတွေအပေါ်မှာပဲ မှီခိုနေလို့မရဘူးဆိုတာပါပဲ။ ဒီလိုဘဲ Skincare ပစ္စည်းတွေ လိုက်မဝယ်နိုင်လို့လည်း စိတ်ညစ်စရာမလိုပါဘူး။ ရေလုံလောက်အောင် သောက်မယ်။ ဆီးဝမ်းမှန်အောင်နေမယ်။ နေပူရင် ထီးဆောင်းပြီး လက်ရှည်ခပ်ပါးပါးလေးဝတ်ထားမယ်။ ညဘက်အိပ်ရေးဝအောင်အိပ်ပြီး စိတ်ဖိစီးမှုတွေကို လျှော့ချမယ်။ ရေဝအောင်ချိုးပြီး သနပ်ခါးလေးလိမ်းထားလည်း ဒါဟာ အသားအရေကို ထိန်းသိမ်းနေတာပဲဖြစ်ပါတယ်။ ဈေးကြီးတဲ့ Skincare Product တွေ ဘယ်လောက်လိမ်းနေပါစေ ရေဝအောင်မသောက်ဘူး။ ညဘက် အိပ်ရေးတွေပျက်နေဦးမယ်ဆိုရင်လည်း အသားအရေက ဘယ်လိုလှလာနိုင်မှာလဲနော်။
Skincare Product တွေမဝယ်ရင်တောင် ရှားစောင်းလက်ပတ်လေးတွေ မျက်နှာကို ပွတ်ပြီး အားဖြည့်မယ်။ သခွားသီးလေးတွေ၊ အာလူးလေးတွေကို မျက်နှာမှာ ကပ်မယ်။ ကော်ဖီနဲ့ အသားအရေလှဆီတစ်ခုခုကို ရောပြီး ပေါင်းတင်မယ်။ အသားအရေအတွက် အသီးအနှံတွေစားမယ်စတာတွေကို ကြိုးစားလုပ်ဖို့ တိုက်တွန်းချင်ပါတယ်။

ဒီလောက်သိထားရင်တော့ အသက် (၃၀)အရွယ်မှာ အိုမင်းရင့်ရော်ဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး။ မိန်းကလေးဆိုတာ အသက်အရွယ်မရွေး လှပနေမှရမှာနော်။ လူတွေက ဘယ်သူ့ကို ကြည့်စေချင်လို့ အလှတွေပြင်နေတာလဲမေးရင် ကိုယ့်ကိုယ်ကိုယ် မှန်ထဲမှာကြည့်ပြီး ချစ်နေဖို့လို့သာ ဖြေလိုက်ပါ။ ကိုယ့်ရဲ့ အလှတရားဟာ ကိုယ်တိုင်စိတ်တိုင်းကျကျေနပ်နေဖို့ပါနော်။ ဒါကြောင့် ဒီစာလေးကို ဖတ်ပြီးရင် မိတ်ကပ်ပစ္စည်းတွေမှာ ကိုယ့်ရဲ့ လစာလေးတွေ၊ မုန့်ဖိုးလေးတွေကို ရင်းနှီးမြုပ်နှံမယ့်အစား Skincare လုပ်ဖို့ မြုပ်နှံကြဖို့ တိုက်တွန်းလိုက်ပါတယ်။

zc

The author didn't add any Information to his profile yet.

Leave a comment

Your email address will not be published. Required fields are marked. *