နည္းျပသစ္ ရာဒူလိုဗစ္လက္ထက္ ပထမဆုံးပြဲတြင္ ျမန္မာအသင္း စင္ကာပူကို အႏိုင္ရ

By / 2 weeks ago / Blog / No Comments
နည္းျပသစ္ ရာဒူလိုဗစ္လက္ထက္ ပထမဆုံးပြဲတြင္ ျမန္မာအသင္း စင္ကာပူကို အႏိုင္ရ

နည္းျပသစ္ ရာဒူလိုဗစ္လက္ထက္ ပထမဆုံးပြဲတြင္ ျမန္မာအသင္း စင္ကာပူကို အႏိုင္ရ

စင္ကာပူ လက္ေ႐ြးစင္ အသင္းႏွင့္ ျမန္မာ့လက္ေ႐ြးစင္ အသင္းတို႔၏ ေျခစမ္းပြဲကို ယေန႔ ( ဇြန္ ၁၁ ရက္ ) ညေနပိုင္းက စင္ကာပူ ႏိုင္ငံရွိ အမ်ိဳးသား အားကစားကြင္း၌ ယွဥ္ၿပိဳင္ကစားရာ ျမန္မာအသင္းက ( ၂-၁ ) ဂိုးျဖင့္ အႏိုင္ရ ခဲ့ေၾကာင္း သိရသည္ ။

ျမန္မာ အသင္းသည္ နည္းျပသစ္ ရာဒူလိုဗစ္လက္ထက္ ပထမဆုံး ပြဲတြင္ ႏိုင္ပြဲ ရယူႏိုင္ခဲ့ျခင္းျဖစ္ၿပီး စင္ကာပူ ေျမတြင္ ႏိုင္ပြဲ ရယူႏိုင္ခဲ့ျခင္း ျဖစ္သည္ ။ ျမန္မာအသင္း သည္ နည္းျပသစ္ ရာဒူလိုဗစ္ႏွင့္ စုစည္းေလ့က်င့္ရက္ အနည္းငယ္ ရေသာေၾကာင့္ အေကာင္းဆုံး ပုံစံမရေသးေသာ္လည္း အိမ္ရွင္ စင္ကာပူ ကို တုံ႔ျပန္ ကစားႏိုင္ခဲ့ၿပီး တိုက္စစ္မႉး ေက်ာ္ကိုကို၏ သြင္းဂိုးႏွစ္ဂိုးျဖင့္ ႏိုင္ပြဲ ရယူႏိုင္ ခဲ့ျခင္းျဖစ္သည္ ။

ျမန္မာ့ လက္ေ႐ြးစင္ အသင္းသည္ ေက်ာ္ဇင္ထက္ ၊ ဝင္းမိုးေက် ာ္၊ ေဇာ္မင္းထြန္း၊ စိုးမိုးေက်ာ္၊ နႏၵေက် ာ္၊ ရန္ေအာင္ေက်ာ္ ၊ ေမာင္ေမာင္လြင္ ၊ လႈိင္းဘိုဘို ၊ စည္သူေအာင္ ၊ ေအာင္သူ ၊ ေက်ာ္ကိုကို တို႔ျဖင့္ ပြဲထြက္ခဲ့သည္ ။ ပြဲအစတြင္ ျမန္မာအသင္း ကစားပုံ ေကာင္းခဲ့ၿပီး ၄ မိနစ္တြင္ ေအာင္သူ၏ ေပးပို႔မႈမွ တစ္ဆင့္ ေက်ာ္ကိုကိုက ဦးေဆာင္ဂိုး သြင္းယူ ခဲ့သည္ ။ အိမ္ရွင္စင္ကာပူ အသင္းသည္ ဂိုးေပးလိုက္ရ ေသာေၾကာင့္ ေခ်ပဂိုးရရန္ ႀကိဳးပမ္းလာခဲ့ၿပီး ၂၅ မိနစ္တြင္ ဂါဘရီရယ္က ဂိုးျပန္ သြင္းခဲ့သည္ ။ ဒုတိယပိုင္းတြင္ ႏွစ္သင္းစလုံး အျပန္အလွန္ကစားႏိုင္ခဲ့ၿပီး ေက်ာ္ကိုကို ႏွင့္ ေအာင္သူ တိုက္စစ္ အတြဲက စင္ကာပူ ေနာက္တန္းကို ဖိအားေပးႏိုင္ခဲ့သည္။ ၆၇ မိနစ္တြင္ ျမန္မာအသင္း အႏိုင္ဂိုးရခဲ့ၿပီး ေက်ာ္ကိုကိုက သြင္းယူခဲ့ျခင္းျဖစ္သည္။ ဂိုးေပးလိုက္ရေသာေၾကာင့္ စင္ကာပူ အသင္းသည္ ကစားသမားမ်ား အေျပာင္းအလဲ ျပဳလုပ္ကာ တိုက္စစ္အား ျမင့္ခဲ့ေသာ္လည္း ျမန္မာအသင္း ခံစစ္က အမွားအယြင္း မရွိ ထိန္းခ်ဳပ္ ႏိုင္ခဲ့ၿပီး အႏိုင္ ရလဒ္ကို ထိန္းကစား သြားခဲ့သည္ ။

ျမန္မာ့လက္ေ႐ြးစင္ အသင္းသည္ ယခုႏွစ္ အတြင္း ယွဥ္ၿပိဳင္ ကစားသည့္ ႏိုင္ငံတကာ ေျခစမ္းပြဲသုံးပြဲ ေျမာက္တြင္ ပထမဆုံး ႏိုင္ပြဲ ရယူႏိုင္ခဲ့ျခင္း ျဖစ္ၿပီး မတ္လ အတြင္းက ကစားသည့္ ေျခစမ္းပြဲ မ်ားတြင္ တ႐ုတ္တိုင္ေပႏွင့္ ဂိုးမရွိ သေရက်ကာ အင္ဒိုနီးရွား အသင္းကို ( ၀-၂ ) ဂိုးျဖင့္ ရႈံးနိမ့္ ခဲ့သည္ ။

Unicode

နည်းပြသစ် ရာဒူလိုဗစ်လက်ထက် ပထမဆုံးပွဲတွင် မြန်မာအသင်း စင်ကာပူကို အနိုင်ရ

စင်ကာပူ လက်ရွေးစင် အသင်းနှင့် မြန်မာ့လက်ရွေးစင် အသင်းတို့၏ ခြေစမ်းပွဲကို ယနေ့ ( ဇွန် ၁၁ ရက် ) ညနေပိုင်းက စင်ကာပူ နိုင်ငံရှိ အမျိုးသား အားကစားကွင်း၌ ယှဉ်ပြိုင်ကစားရာ မြန်မာအသင်းက ( ၂-၁ ) ဂိုးဖြင့် အနိုင်ရ ခဲ့ကြောင်း သိရသည် ။

မြန်မာ အသင်းသည် နည်းပြသစ် ရာဒူလိုဗစ်လက်ထက် ပထမဆုံး ပွဲတွင် နိုင်ပွဲ ရယူနိုင်ခဲ့ခြင်းဖြစ်ပြီး စင်ကာပူ မြေတွင် နိုင်ပွဲ ရယူနိုင်ခဲ့ခြင်း ဖြစ်သည် ။ မြန်မာအသင်း သည် နည်းပြသစ် ရာဒူလိုဗစ်နှင့် စုစည်းလေ့ကျင့်ရက် အနည်းငယ် ရသောကြောင့် အကောင်းဆုံး ပုံစံမရသေးသော်လည်း အိမ်ရှင် စင်ကာပူ ကို တုံ့ပြန် ကစားနိုင်ခဲ့ပြီး တိုက်စစ်မှူး ကျော်ကိုကို၏ သွင်းဂိုးနှစ်ဂိုးဖြင့် နိုင်ပွဲ ရယူနိုင် ခဲ့ခြင်းဖြစ်သည် ။

မြန်မာ့ လက်ရွေးစင် အသင်းသည် ကျော်ဇင်ထက် ၊ ဝင်းမိုးကျေ ာ်၊ ဇော်မင်းထွန်း၊ စိုးမိုးကျော်၊ နန္ဒကျေ ာ်၊ ရန်အောင်ကျော် ၊ မောင်မောင်လွင် ၊ လှိုင်းဘိုဘို ၊ စည်သူအောင် ၊ အောင်သူ ၊ ကျော်ကိုကို တို့ဖြင့် ပွဲထွက်ခဲ့သည် ။ ပွဲအစတွင် မြန်မာအသင်း ကစားပုံ ကောင်းခဲ့ပြီး ၄ မိနစ်တွင် အောင်သူ၏ ပေးပို့မှုမှ တစ်ဆင့် ကျော်ကိုကိုက ဦးဆောင်ဂိုး သွင်းယူ ခဲ့သည် ။ အိမ်ရှင်စင်ကာပူ အသင်းသည် ဂိုးပေးလိုက်ရ သောကြောင့် ချေပဂိုးရရန် ကြိုးပမ်းလာခဲ့ပြီး ၂၅ မိနစ်တွင် ဂါဘရီရယ်က ဂိုးပြန် သွင်းခဲ့သည် ။ ဒုတိယပိုင်းတွင် နှစ်သင်းစလုံး အပြန်အလှန်ကစားနိုင်ခဲ့ပြီး ကျော်ကိုကို နှင့် အောင်သူ တိုက်စစ် အတွဲက စင်ကာပူ နောက်တန်းကို ဖိအားပေးနိုင်ခဲ့သည်။ ၆၇ မိနစ်တွင် မြန်မာအသင်း အနိုင်ဂိုးရခဲ့ပြီး ကျော်ကိုကိုက သွင်းယူခဲ့ခြင်းဖြစ်သည်။ ဂိုးပေးလိုက်ရသောကြောင့် စင်ကာပူ အသင်းသည် ကစားသမားများ အပြောင်းအလဲ ပြုလုပ်ကာ တိုက်စစ်အား မြင့်ခဲ့သော်လည်း မြန်မာအသင်း ခံစစ်က အမှားအယွင်း မရှိ ထိန်းချုပ် နိုင်ခဲ့ပြီး အနိုင် ရလဒ်ကို ထိန်းကစား သွားခဲ့သည် ။

မြန်မာ့လက်ရွေးစင် အသင်းသည် ယခုနှစ် အတွင်း ယှဉ်ပြိုင် ကစားသည့် နိုင်ငံတကာ ခြေစမ်းပွဲသုံးပွဲ မြောက်တွင် ပထမဆုံး နိုင်ပွဲ ရယူနိုင်ခဲ့ခြင်း ဖြစ်ပြီး မတ်လ အတွင်းက ကစားသည့် ခြေစမ်းပွဲ များတွင် တရုတ်တိုင်ပေနှင့် ဂိုးမရှိ သရေကျကာ အင်ဒိုနီးရှား အသင်းကို ( ၀-၂ ) ဂိုးဖြင့် ရှုံးနိမ့် ခဲ့သည် ။

zc

The author didn't add any Information to his profile yet.

Leave a comment

Your email address will not be published. Required fields are marked. *