အခ်စ္ၾကီးတာလား အခ်စ္ၾကမ္းတာလား ဓားေထာက္ေခၚေဆာင္မႈ ျဖစ္ရပ္

By / 2 weeks ago / Blog / No Comments
အခ်စ္ၾကီးတာလား အခ်စ္ၾကမ္းတာလား ဓားေထာက္ေခၚေဆာင္မႈ ျဖစ္ရပ္

အခ်စ္ၾကီးတာလား အခ်စ္ၾကမ္းတာလား ဓားေထာက္ေခၚေဆာင္မႈ ျဖစ္ရပ္

သထုံၿမိဳ႕တြင္ အမ်ိဳးသား တစ္ဦးမွ ကြန္ပ်ဴတာ တကၠသိုလ္ ေက်ာင္းသူ တစ္ဦးအား ဓါးျဖင့္ၿခိမ္းေျခာက္ ၍ ဆိုင္ကယ္ျဖင့္ ေခၚေဆာင္မႈ ျဖစ္ပြား

သထုံၿမိဳ႕နယ္ က်ဳံပါ ေက်း႐ြာ၌ ဇြန္ ၁၀ ရက္ ညေန ၅း၀၀ အခ်ိန္ ခန႔္က ဟိန္းထက္ေဇာ္( ခ ) ဖိုးသား( ၂၂ ) ႏွစ္ ( ဘ ) ဦးသန္းဝင္း ဟြန္ဒါ ဆိုင္ကယ္ ကုမၸဏီ ဝန္ထမ္း ေရးစုရပ္ မုတၱမ ၿမိဳ႕နယ္ေနထိုင္သူ မွ သထုံၿမိဳ႕ ကြန္ပ်ဴတာ တကၠသိုလ္တြင္ ပညာသင္ၾကားေနေသာ မဆယ္ဆယ္ေရာင္ ( ၂၁ ) ႏွစ္ ( ဘ ) ဦးေက်ာ္ေဇာလင္း ကြန္ပ်ဴတာ တကၠသိုလ္ေက်ာင္းသူ စူပါဂဲလ္ ေဘာ္ဒါေဆာင္ အမွတ္ ( ၆ ) တကၠသိုလ္လမ္း က်ဳံပါ ေက်း႐ြာ ေနထိုင္သူအား ၎၏ ရည္းစားေဟာင္း ျဖစ္သူ ဟိန္းထက္ေဇာ္( ခ ) ဖိုးသား စီးနင္းလာသည့္ ယာယီ E—–နံပါတ္ပါ Honda Dream 125 အစိမ္းေရာင္ ဆိုင္ကယ္ျဖင့္ သထုံၿမိဳ႕ သိမ္ဆိပ္ ကမာစိုင္ ေက်း႐ြာ ဘက္သို႔ ဓါးျဖင့္ ၿခိမ္းေျခာက္ေခၚေဆာင္ သြားသျဖင့္ မဆယ္ဆယ္ေရာင္၏ အတူေန သူငယ္ခ်င္း ျဖစ္သူ မသဇင္ဝင္းထြန္း မွ ေမာ္ကြန္းထိန္း ထံသို႔ ဖုန္းျဖင့္ အေၾကာင္းၾကားရာ

ေမာ္ကြန္းထိန္း မွ သထုံၿမိဳ႕နယ္ ရဲတပ္ဖြဲ႕သို႔ အကူညီ ေတာင္းခဲ့ရာ ရဲတပ္ဖြဲ႕ဝင္ မ်ားမွ ေမာ္လၿမိဳင္ – ရန္ကုန္ အေဝးေျပးလမ္း တစ္ေလွ်ာက္ ပိတ္ဆို႔ ရွာေဖြခဲ့ရာ ကမာစိုင္ ေက်း႐ြာ ခ်ယ္ရီေတာ္ဝင္ စားေသာက္ဆိုင္ အေရွ႕သို႔ ဟိန္းထက္ေဇာ္ ( ခ ) ဖိုးသားႏွင့္ မဆယ္ဆယ္ေရာင္ တို႔ စီးနင္း လာေသာ ဆိုင္ကယ္ ေရာက္လာ ခဲ့၍ သက္ေသမ်ားေရွ႕ ရွာေဖြခဲ့ရာ ဟိန္းထက္ေဇာ္( ခ ) ဖိုးသား ကိုင္ေဆာင္သည့္ အ႐ိုးအသြား( ၁၂ ) လက္မ ခန႔္ အမဲေရာင္ ေကာ္႐ိုးတပ္ ဓါးတစ္ေခ်ာင္းအား ေတြ႕ရွိ၍ သက္ေသမ်ား ေရွ႕ ရွာေဖြပုံစံျဖင့္ သိမ္းဆည္းခဲ့ ေၾကာင္း သိရသည္ ။

သို႔ျဖစ္ပါ၍ အႏၲရာယ္ ျဖစ္ေစေသာ အ႐ိုးအသြား( ၁၂ ) လက္မခန႔္ ဓါးကိုင္ေဆာင္သူ ဟိန္းထက္ေဇာ္( ခ ) ဖိုးသားအား လက္နက္ ဥပေဒပုဒ္မ-၁၉( င ) ႏွင့္ရာဇသတ္ႀကီး ပုဒ္မ-၃၆၇ တို႔ႏွင့္ သထုံ ၿမိဳ႕မရဲစခန္းမွ အေရးယူထားေၾကာင္း သိရသည္ ။

လႈိင္ထြန္းေအာင္( သထုံ ) သမိန္ျဗတ္စ

Unicode

အချစ်ကြီးတာလား အချစ်ကြမ်းတာလား ဓားထောက်ခေါ်ဆောင်မှု ဖြစ်ရပ်

သထုံမြို့တွင် အမျိုးသား တစ်ဦးမှ ကွန်ပျူတာ တက္ကသိုလ် ကျောင်းသူ တစ်ဦးအား ဓါးဖြင့်ခြိမ်းခြောက် ၍ ဆိုင်ကယ်ဖြင့် ခေါ်ဆောင်မှု ဖြစ်ပွား

သထုံမြို့နယ် ကျုံပါ ကျေးရွာ၌ ဇွန် ၁၀ ရက် ညနေ ၅း၀၀ အချိန် ခန့်က ဟိန်းထက်ဇော်( ခ ) ဖိုးသား( ၂၂ ) နှစ် ( ဘ ) ဦးသန်းဝင်း ဟွန်ဒါ ဆိုင်ကယ် ကုမ္ပဏီ ဝန်ထမ်း ရေးစုရပ် မုတ္တမ မြို့နယ်နေထိုင်သူ မှ သထုံမြို့ ကွန်ပျူတာ တက္ကသိုလ်တွင် ပညာသင်ကြားနေသော မဆယ်ဆယ်ရောင် ( ၂၁ ) နှစ် ( ဘ ) ဦးကျော်ဇောလင်း ကွန်ပျူတာ တက္ကသိုလ်ကျောင်းသူ စူပါဂဲလ် ဘော်ဒါဆောင် အမှတ် ( ၆ ) တက္ကသိုလ်လမ်း ကျုံပါ ကျေးရွာ နေထိုင်သူအား ၎င်း၏ ရည်းစားဟောင်း ဖြစ်သူ ဟိန်းထက်ဇော်( ခ ) ဖိုးသား စီးနင်းလာသည့် ယာယီ E—–နံပါတ်ပါ Honda Dream 125 အစိမ်းရောင် ဆိုင်ကယ်ဖြင့် သထုံမြို့ သိမ်ဆိပ် ကမာစိုင် ကျေးရွာ ဘက်သို့ ဓါးဖြင့် ခြိမ်းခြောက်ခေါ်ဆောင် သွားသဖြင့် မဆယ်ဆယ်ရောင်၏ အတူနေ သူငယ်ချင်း ဖြစ်သူ မသဇင်ဝင်းထွန်း မှ မော်ကွန်းထိန်း ထံသို့ ဖုန်းဖြင့် အကြောင်းကြားရာ

မော်ကွန်းထိန်း မှ သထုံမြို့နယ် ရဲတပ်ဖွဲ့သို့ အကူညီ တောင်းခဲ့ရာ ရဲတပ်ဖွဲ့ဝင် များမှ မော်လမြိုင် – ရန်ကုန် အဝေးပြေးလမ်း တစ်လျှောက် ပိတ်ဆို့ ရှာဖွေခဲ့ရာ ကမာစိုင် ကျေးရွာ ချယ်ရီတော်ဝင် စားသောက်ဆိုင် အရှေ့သို့ ဟိန်းထက်ဇော် ( ခ ) ဖိုးသားနှင့် မဆယ်ဆယ်ရောင် တို့ စီးနင်း လာသော ဆိုင်ကယ် ရောက်လာ ခဲ့၍ သက်သေများရှေ့ ရှာဖွေခဲ့ရာ ဟိန်းထက်ဇော်( ခ ) ဖိုးသား ကိုင်ဆောင်သည့် အရိုးအသွား( ၁၂ ) လက်မ ခန့် အမဲရောင် ကော်ရိုးတပ် ဓါးတစ်ချောင်းအား တွေ့ရှိ၍ သက်သေများ ရှေ့ ရှာဖွေပုံစံဖြင့် သိမ်းဆည်းခဲ့ ကြောင်း သိရသည် ။

သို့ဖြစ်ပါ၍ အန္တရာယ် ဖြစ်စေသော အရိုးအသွား( ၁၂ ) လက်မခန့် ဓါးကိုင်ဆောင်သူ ဟိန်းထက်ဇော်( ခ ) ဖိုးသားအား လက်နက် ဥပဒေပုဒ်မ-၁၉( င ) နှင့်ရာဇသတ်ကြီး ပုဒ်မ-၃၆၇ တို့နှင့် သထုံ မြို့မရဲစခန်းမှ အရေးယူထားကြောင်း သိရသည် ။

လှိုင်ထွန်းအောင်( သထုံ ) သမိန်ဗြတ်စ

zc

The author didn't add any Information to his profile yet.

Leave a comment

Your email address will not be published. Required fields are marked. *