By / 3 months ago / Blog / No Comments
6.ကျောမှီထိုင်ရင်… ။
Unicode
မိန်းကလေးတိုင်း ဓာတ်ပုံထဲမှာစတိုင်ကျ လှပနေစေဖို့ Pose ပေးနည်း ။
တစ်ခါတလေမှာ သာမန်မိန်းကလေးတွေ ဓာတ်ပုံရိုက်ရင်ရော မဂ္ဂဇင်းကာဗာတွေထဲက မိန်းကလေးတွေလို လှပါ့မလားလို့ တွေးထင်ခဲ့ကြမှာပါ။ဘယ်လိုခန္ဓာကိုယ် အချိုးအစား ဖြစ်ပါစေ ဓာတ်ပုံထဲမှာလှနေဖို့၊ကောက်ကြောင်းပေါ်နေဖို့ ရိုရှင်းတဲ့ နည်းလမ်းများစွာ ရှိပါတယ်။ဒီတစ်ခါမှာတော့ မိန်းကလေးတိုင်း ဓာတ်ပုံထဲမှာ စတိုင်ကျလှပနေစေဖို့ ဘယ်လိုpose ပေးရမလဲဆိုတာကို ဖော်ပြပေးသွားမှာပါ။ ။
1.သင့်ရဲ့လက်မောင်းသွယ်လျနေသယောင်ဖြစ်ဖို့… ။
ဓာတ်ပုံထဲမှာ သင့်ရဲ့လက်မောင်း သွယ်လျနေသယောင်ဖြစ်ဖို့ ခန္ဓာကိုယ်ဘေးဘက်မှာ လက်မောင်းကို အတင်းကြီး ကပ်မထားပါနဲ့။ကင်မရာဘက်ကို ဘေးတိုက်လှည့်ပြီး လက်မောင်းနဲ့ ခန္ဓာကိုယ်ကြား နေရာခြားစေဖို့ လက်တစ်ဖက်ကို တင်ပေါ်တင်ထားပါ။ဒါဆိုရင်တော့ ကျက်သရေရှိပြီး သွယ်လျတဲ့ လက်မောင်းကို ပိုင်ဆိုင်ရမှာပါ။.
2.ပေါင်ကိုကပ်ပြီး ရပ်တာထက် အနည်းငယ်ခွာပြီး ရပ်ပေးခြင်းအားဖြင့် ညီမျှတဲ့ ခန္ဓာကိုယ်အချိုးအစားနဲ့ သွယ်လျတဲ့ခြေတံတွေ အဖြစ် ပုံစံဖော်ပေးမှာပါ။ .
3.မေးနှစ်ထပ် မပေါ်အောင်…ဘယ်လိုခန္ဓာကိုယ် အချိုးအစားမဆို မေးနှစ်ထပ် ပုံစံဖြစ်နေနိုင်ပါတယ်။ဒါဟာ သင့်ရဲ့ခေါင်းအနေအထား မှားယွင်း နေလို့ပါ။တကယ်လို့ သင်ဟာ မေးနှစ်ထပ်ပုံစံပေါ် မနေစေချင်ဘူးဆိုရင် ခေါင်းကို အရှေ့တည့်တည့် မတ်ထားပါ။ .
4.တင်ပါးကြီးပြီး ခါးသွယ်နေဖို့…။
ဒီလိုကောက်ကြောင်း ပေါ်နေဖို့လည်း နည်းလမ်းသိထားရင် လွယ်ပါတယ်။သင့်ရဲ့တင်ကို ဘေးတိုက် ဖြေးဖြေးချင်းစီ ရွေ့ပြီး လက်ကိုခါးပေါ်မှာ တင်ထားပါ။ဒီရိုးရှင်းတဲ့ နည်းလမ်းလေးက သင့်တင်ကို ကြီးစေပြီး ခါးသွယ်သယောင်ဖြစ်စေမှာပါ။ .
5.နောက်ကျောက အဆီအခေါက်ပြင်ကြီး ပျောက်ဖို့…
သင့်ရဲ့ပုခုံး အနေအထား ပေါ်မူတည်ပြီး သင့်ပုံတစ်ပုံလုံးကို အလှပျက်စေမယ့် ကျောက အဆီအလိပ်လိုက်ကို မြင်သာအောင် ဖန်တီးပေးနိုင်ပါတယ်။ဒါပေမယ့် စိတ်မပူပါနဲ့။ဖျောက်ထားဖို့ လွယ်ကူပါတယ်။သင့်ရဲ့ပခုံးကို ကင်မရာနဲ့ နီးရာကိုအားစိုက်ပြီး အရှေ့ကို မသိမသာတွန်းပေးပါ။
6.ကျောမှီထိုင်ရင်… ။
ထိုင်ခုံမှာ ကျောမှီထိုင်ခြင်းကတော့ သင့်ရဲ့ ခန္ဓာကိုယ်ပုံစံ တစ်ခုလုံးကို ပြောင်းပေးနိုင်ပါတယ်။ဒါပေမယ့် မေ့နေကြတာ တစ်ခုက ပုံစံကျအောင်ထိုင်မှသာ လက်မောင်းခြေထောက်တွေကို သွယ်တန်းရှည်လျား နေစေမှာပါ။
7.သင့်ရဲ့ခန္ဓာကိုယ်ကို အရှေ့အနည်းငယ် ကိုင်းပေးပါ။
အပေါ်ပိုင်းပုံ ရိုက်တဲ့အခါမျိုးမှာ အနောက်ကိုမဆွဲပါနဲ့။အဲလိုလုပ်ခြင်းအားဖြင့် သင့်ပုခုံးကို ပိုကျယ်စေတဲ့အပြင် မေးနှစ်ထပ်ဖြစ်စေပြီး လည်ပင်းကိုတိုသယောင် ဖြစ်စေပါတယ်။ခေါင်းကို အနည်းငယ်စောင်းပြီး ခန္ဓာကိုယ်ကို ကင်မရာဘက်ကို ကိုင်းပေးခြင်းအားဖြင့် အသွင်ပြောင်း စေမှာပါ။ .
8.သင်ရပ်ပြီး ဓာတ်ပုံရိုက်ရလို့ ဘာposeပေးရမှန်းမသိ ဖြစ်နေရင်တော့ တစ်ဝက်လှည့် အနေအထားနဲ့ နောက်ခြေနဲ့အလေးချိန်ကို မျှထမ်းပါ။ပခုံးတွေကို ဆန့်ပေးပါ။ဒီလိုposeမျိုးမှာတော့ ခန္ဓာကိုယ်ကို ဖုံးကွယ်နေဖို့ထက် ဘယ်လိုနေနေ လှပါတယ်ဆိုတာကို အထူးအသားပေး ဖော်ပြရမယ့် အခြေအနေဖြစ်သွားပါပြီ။ .
9.ဓာတ်ပုံကို နောက်ဘက်က ရိုက်တာအကောင်းဆုံးပါ။
သင့်ရဲ့ကောက်ကြောင်း ပေါ်ဖို့အတွက် အသင့်တော်ဆုံးထောင့်အနေအထားကတော့ အနောက်ဘက်က ဓာတ်ပုံရိုက်တာပါ။ကင်မရာဘက်ကို တစ်ဝက်လှည့်ပြီး လက်နှစ်ဖက်ကို ခါးပေါ်တင်ပါ။ခေါင်းကိုအနည်းငယ်လှည့်ပါ။
10.ခြေထောက်ကို ကန့်လန့်ဖြတ်ထားပါ။ .
သင်ဟာ ကောက်ကြောင်းပေါ်တဲ့ ကိုယ်နေ ဟန်ထားဖြစ်ဖို့ ခက်ခဲတယ်လို့ ခုချိန်ထိ ယူဆနေသေးတယ် ဆိုရင်တော့ နောက်ဆုံးနည်းလမ်းလေးတစ်ခု ထပ်မံဖော်ပြ ပေးချင်ပါတယ်။အရှေ့ကို ခြေတစ်လှမ်း တိုးတော့မယ့်ဟန်နဲ့ ကန့်လန့်ဖြတ် အနေအထား ထားပါ။ခါးပေါ်မှာ လက်တစ်ဖက်ကို တင်ထားပါ။ .
zc
The author didn't add any Information to his profile yet.
Leave a comment
Your email address will not be published. Required fields are marked. *