ကား႐ိုက္မရွိလို႔ မုန႔္ဟင္းခါးေရာင္းေနရတဲ့ ရဲေလးမ ။ ။

By / 3 months ago / Blog / No Comments
ကား႐ိုက္မရွိလို႔ မုန႔္ဟင္းခါးေရာင္းေနရတဲ့ ရဲေလးမ ။ ။

ကား႐ိုက္မရွိလို႔ မုန႔္ဟင္းခါးေရာင္းေနရတဲ့ ရဲေလးမ ။ ။

ျမန္မာဇာတ္ကားေတြမွာ ဇာတ္ပို႔ေနရာကေန ႏွစ္ေတြအမ်ားႀကီး သ႐ုပ္ေဆာင္ၿပီး က်ရာဇာတ္႐ုပ္မွာ အေကာင္းဆုံး သ႐ုပ္ေဆာင္ႏိုင္တဲ့ ရဲေလးမကိုေတာ့ အားလုံးကို အထူးမိတ္ဆက္ ေပးစရာ မလိုပါဘူး။

သူကေတာ့ အစပိုင္းမွာ ေယာက္်ားေလးတစ္ေယာက္လို သ႐ုပ္ေဆာင္ခဲ့ေပမယ့္ ေနာက္ပိုင္းျမန္မာ ဇာတ္လမ္းေတြရ ဲ့လမ္းေၾကာင္းအရ မိန္းမလ်ာ တစ္ေယာက္လို သ႐ုပ္ေဆာင္ရင္း ရဲေလးမဆိုတဲ့ နာမည္ခံယူရတဲ့ အထိေတာင္ သ႐ုပ္ေဆာင္ အလုပ္အေပၚမွာ ႐ူးသြပ္ၿပီး ႀကိဳးစားသူ တစ္ေယာက္ပဲျဖစ္ပါတယ္။

အခုက်ေနာ္တို႔ ေျပာခ်င္လြန္းလို႔ ပရိသတ္ေတြကို တင္ဆက္ ေပးခ်င္တဲ့အေၾကာင္းအရာေလး ေတြကေတာ့ Myanmar Celebrity နဲ႔ အင္တာဗ်ဴး တစ္ခုမွာရဲေလးမ ေျပာျပသြားတဲ့ အေၾကာင္းေတြကို ေျပာခ်င္လြန္းလို႔ ပရိသတ္ေတြ သိေအာင္ ေျပာျပ ေပးလိုက္ပါတယ္။

Myanmar Celebrity နဲ႔ အင္တာဗ်ဴးမွာ ရဲေလးမက “ ရႈတင္လည္း နားေနေတာ့ ရဲေလးမတို႔ကပိုက္ဆံလည္း အမ်ားႀကီး မတတ္ႏိုင္ဘူး ။ ကိုယ့္ရဲ႕ ဝင္ေငြေလးနဲ႔ ကိုယ္ရဲ႕ ဖြင့္ႏိုင္တဲ့ အေျခအေနေလးေပၚ မူတည္ၿပီးေတာ့ ဒီေနရာေလးမွာ မုန႔္ဟင္းခါး ဆိုင္ေလး ဖြင့္လိုက္တာပါ ။

အရင္းနီးကေတာ့ တစ္သိန္းေက်ာ္ေလာက္ေတာ့ ရင္းရတယ္။ အေျခခံ ရပ္ကြက္ ဝန္ထမ္းေတြ ရွိတဲ့ ရပ္ကြက္ေလးဆိုေတာ့ အမ်ားႀကီး တင္ေရာင္းလို႔လည္း မရဘူးေလ။ အခု တပြဲ၄၀၀ေရာင္းတာ ေတာင္မွ ကိုယ္က ေတာ္ေတာ္အားနာလွၿပီ ။ဘာျဖစ္လို႔လဲဆိုေတာ့ အခုခ်ိန္မွာငါးေဈးၾကက္သြန္ေဈးဆီေဈး အကုန္ ျမင့္ေနတာေလ ။တစ္ေန႔ေတာ့ အျမတ္နည္းရင္လည္း နည္းပါေစေပါ့ ။နည္းနည္းေတာ့ က်န္ပါတယ္။ မိသားစုစား႐ုံ ေသာက္႐ုံ ေလာက္ေတာ့ ရပါတယ္။ ခ်မ္းေတာ့ မခ်မ္းသာဘူးေပါ့ ။

ကိုယ့္ဆီကို ေထြေထြထူးထူး တကူးတက လာစားတာမ်ိဳးေတာ့ မရွိပါဘူး။ရပ္ကြက္ထဲက မိတ္ေဆြေတြ ကိုယ့္မိတ္ပဲ ကိုယ့္မိသားစုပဲ လာၾကတာပါ။ စိတ္က ေပ်ာ္ေနလားဆိုေတာ့ ေပ်ာ္တာေပါ့။ ေဈးေရာင္းရတာဆိုေတာ့ ပင္ေတာ့ ပင္ပန္းတာေပါ့။ ေရာင္းရတဲ့အခါ က်ေတာ့ေပ်ာ္တယ္။ အျမတ္နည္းတာ နည္းတာပဲေလ ။ ေရာင္းၿပီး ကုန္တဲ့အတြက္ကို ကိုယ့္မိသားစု စားဝတ္ ေနေရးက အဆင္ေျပတယ္။ ပင္ပန္းတယ္ ဆိုေပမယ့္လည္း ေပ်ာ္ေအာင္ေတာ့ ေနရတာေပါ့”ဆိုၿပီးေျပာျပ သြားခဲ့ပါတယ္။

Unicode

ကားရိုက်မရှိလို့ မုန့်ဟင်းခါးရောင်းနေရတဲ့ ရဲလေးမ ။ ။

မြန်မာဇာတ်ကားတွေမှာ ဇာတ်ပို့နေရာကနေ နှစ်တွေအများကြီး သရုပ်ဆောင်ပြီး ကျရာဇာတ်ရုပ်မှာ အကောင်းဆုံး သရုပ်ဆောင်နိုင်တဲ့ ရဲလေးမကိုတော့ အားလုံးကို အထူးမိတ်ဆက် ပေးစရာ မလိုပါဘူး။

သူကတော့ အစပိုင်းမှာ ယောက်ျားလေးတစ်ယောက်လို သရုပ်ဆောင်ခဲ့ပေမယ့် နောက်ပိုင်းမြန်မာ ဇာတ်လမ်းတွေရ ဲ့လမ်းကြောင်းအရ မိန်းမလျာ တစ်ယောက်လို သရုပ်ဆောင်ရင်း ရဲလေးမဆိုတဲ့ နာမည်ခံယူရတဲ့ အထိတောင် သရုပ်ဆောင် အလုပ်အပေါ်မှာ ရူးသွပ်ပြီး ကြိုးစားသူ တစ်ယောက်ပဲဖြစ်ပါတယ်။

အခုကျနော်တို့ ပြောချင်လွန်းလို့ ပရိသတ်တွေကို တင်ဆက် ပေးချင်တဲ့အကြောင်းအရာလေး တွေကတော့ Myanmar Celebrity နဲ့ အင်တာဗျူး တစ်ခုမှာရဲလေးမ ပြောပြသွားတဲ့ အကြောင်းတွေကို ပြောချင်လွန်းလို့ ပရိသတ်တွေ သိအောင် ပြောပြ ပေးလိုက်ပါတယ်။

Myanmar Celebrity နဲ့ အင်တာဗျူးမှာ ရဲလေးမက “ ရှုတင်လည်း နားနေတော့ ရဲလေးမတို့ကပိုက်ဆံလည်း အများကြီး မတတ်နိုင်ဘူး ။ ကိုယ့်ရဲ့ ဝင်ငွေလေးနဲ့ ကိုယ်ရဲ့ ဖွင့်နိုင်တဲ့ အခြေအနေလေးပေါ် မူတည်ပြီးတော့ ဒီနေရာလေးမှာ မုန့်ဟင်းခါး ဆိုင်လေး ဖွင့်လိုက်တာပါ ။

အရင်းနီးကတော့ တစ်သိန်းကျော်လောက်တော့ ရင်းရတယ်။ အခြေခံ ရပ်ကွက် ဝန်ထမ်းတွေ ရှိတဲ့ ရပ်ကွက်လေးဆိုတော့ အများကြီး တင်ရောင်းလို့လည်း မရဘူးလေ။ အခု တပွဲ၄၀၀ရောင်းတာ တောင်မှ ကိုယ်က တော်တော်အားနာလှပြီ ။ဘာဖြစ်လို့လဲဆိုတော့ အခုချိန်မှာငါးဈေးကြက်သွန်ဈေးဆီဈေး အကုန် မြင့်နေတာလေ ။တစ်နေ့တော့ အမြတ်နည်းရင်လည်း နည်းပါစေပေါ့ ။နည်းနည်းတော့ ကျန်ပါတယ်။ မိသားစုစားရုံ သောက်ရုံ လောက်တော့ ရပါတယ်။ ချမ်းတော့ မချမ်းသာဘူးပေါ့ ။

ကိုယ့်ဆီကို ထွေထွေထူးထူး တကူးတက လာစားတာမျိုးတော့ မရှိပါဘူး။ရပ်ကွက်ထဲက မိတ်ဆွေတွေ ကိုယ့်မိတ်ပဲ ကိုယ့်မိသားစုပဲ လာကြတာပါ။ စိတ်က ပျော်နေလားဆိုတော့ ပျော်တာပေါ့။ ဈေးရောင်းရတာဆိုတော့ ပင်တော့ ပင်ပန်းတာပေါ့။ ရောင်းရတဲ့အခါ ကျတော့ပျော်တယ်။ အမြတ်နည်းတာ နည်းတာပဲလေ ။ ရောင်းပြီး ကုန်တဲ့အတွက်ကို ကိုယ့်မိသားစု စားဝတ် နေရေးက အဆင်ပြေတယ်။ ပင်ပန်းတယ် ဆိုပေမယ့်လည်း ပျော်အောင်တော့ နေရတာပေါ့”ဆိုပြီးပြောပြ သွားခဲ့ပါတယ်။

zc

The author didn't add any Information to his profile yet.

Leave a comment

Your email address will not be published. Required fields are marked. *