မိန္းကေလး ေတြရဲ႕ လက္ေမာင္း မွာ အဆီပို ေတြ မရွိဘဲ သြယ္လ် လွပ ေနေစဖို႔ ေလ့က်င့္ခန္းေကာင္းေလး ေတြ ဘယ္လို လုပ္ၾကမလဲ ။

By / 3 months ago / Blog / No Comments
မိန္းကေလး ေတြရဲ႕ လက္ေမာင္း မွာ အဆီပို ေတြ မရွိဘဲ သြယ္လ် လွပ ေနေစဖို႔ ေလ့က်င့္ခန္းေကာင္းေလး ေတြ ဘယ္လို လုပ္ၾကမလဲ ။

မိန္းကေလး ေတြရဲ႕ လက္ေမာင္း မွာ အဆီပို ေတြ မရွိဘဲ သြယ္လ် လွပ ေနေစဖို႔ ေလ့က်င့္ခန္းေကာင္းေလး ေတြ ဘယ္လို လုပ္ၾကမလဲ ။

ေခါင္းေပၚ လက္ေျမႇာက္ ေကြးျခင္း ေလ့က်င့္ခန္း

အခု တစ္ခါ ေလ့က်င့္ခန္း ကေတာ့ ေဘာလုံး( သို႔ ) တုတ္ တစ္ေခ်ာင္းရဲ႕ အကူ အညီကို ရယူရမွာ ျဖစ္ပါတယ္ ။ ပုံမွာ ျပထားတဲ့ အတိုင္း လက္ႏွစ္ဖက္ကို အေပၚသို႔ ေျမႇာက္ၿပီး သင့္လက္ထဲမွာ တုတ္ေခ်ာင္း( သို႔ ) ေဘာလုံးကို ကိုင္ကာ ခႏၶာကိုယ္ကို မ်ဥ္းေျဖာင့္အတိုင္း ထားကာ ဘယ္ဘက္သို႔ ကိုယ္ကို ကိုင္းျခင္း၊ ညာဘက္သို႔ ကိုယ္ကို ကိုင္ျခင္းျပဳလုပ္ ေပးပါ ။ ထိုအခါသင့္လက္ေမာင္းသား မ်ားသာမက သင့္ခါးသား ကိုပါ လွပ ေစပါတယ္ ။ အကယ္၍ အကူအညီမယူခ်င္ပါက သင့္လက္ႏွစ္ဖက္ကို အေပၚသို႔ ေျမႇာက္ၿပီး လက္ႏွစ္ခု ယွက္ကိုင္ကာ အထက္မွာေဖာ္ျပပါပုံစံ အတိုင္းျပဳလုပ္ေပး ရမွာပါ ။ ဒီအဆင့္အတိုင္း တစ္ဖက္ကို ၂၅ႀကိမ္ခန႔္ျပဳလုပ္ေပးပါ ။

လက္ေနာက္ပစ္ ေလ့က်င့္ခန္း

ဒီေလ့က်င့္ခန္းရဲ႕ ပုံစံကေတာ့ သင့္လက္ေမာင္းကို ေနာက္သို႔ ပစ္ထားၿပီး ပုံမွာ ျပထားတဲ့အတိုင္း လက္ဖဝါး ႏွစ္ဖက္ကို ၾကမ္းျပင္နဲ႔ ကပ္ထားေပးပါ ။ ၿပီးရင္ေတာ့ သင့္ေျခေထာက္ ႏွစ္ဖက္ကို စုၿပီး ဒူးေခါင္း ေထာင္ထား ေပးပါ ။ ထို႔ေနာက္ သင္ေနာက္ကို ျပစ္ထားတဲ့ လက္ႏွစ္ဖက္ကိုအဆုံးစြန္ထိ ဆန႔္တန္းလိုက္ပါ ။

ထိုအခါသင့္ရဲ႕ခႏၶာကိုယ္တစ္ခုလုံးကေလေပၚသို႔ေျမာက္တတ္သြားၿပီးသင့္တစ္ကိုယ္လုံးမွ အားေတြကလက္သို႔ သြားေရာက္ စုေနမွာျဖစ္ပါတယ္ ။ ၿပီးရင္ေတာ့ သက္ေထာက္ထားတဲ့ လက္ကိုေျဖးညႇင္းစြာ ျပန္ေကြးၿပီး သင့္ခႏၶာကိုယ္ကိုၾကမ္းျပင္နဲ႔ထိကပ္သည္အထိျပန္ခ်လိုက္ပါ။ ေလ့က်င့္ခန္းအစအဆုံက လက္ကိုသာအဓိကအသုံးျပဳရတာေၾကာင့္သင့္လက္လွပဖို႔ကေတာ့အထိေရာက္ဆုံးပါပဲ။

အဆင့္လိုက္ ဒိုက္ထိုးေလ့က်င့္ခန္း

ဒီေလ့က်င့္ခန္းကေတာ့အရမ္းကိုအဆင့္မ်ားလြန္းပါတယ္။ ဒါေပမယ့္ တကယ့္ကိုထိေရာက္မယ့္ေလ့က်င့္ခန္းေလးပါ ။ သင့္လက္ေမာင္းသား လွပ႐ုံသာမကဘဲ သင့္ခႏၶာကိုယ္အခ်ိဳးအစား ကိုပါေျပာင္းလဲသြားေစႏိုင္ပါတယ္။ ပထမဦးဆုံးအဆင့္အေနနဲ႔ ာကမ္းျပင္ေပၚမွာရပ္ၿပီးသင့္လက္ႏွစ္ဖက္ကိုေျမႇာက္ထားပါ။

သင့္ပုံစံက မ်ဥ္းေျဖာင့္အတိုင္းျဖစ္ေနပါေစ။ ၿပီးရင္ေတာ့သင္အသက္ကိုဝေအာင္ရႈသြင္းလိုက္ပါ။ ထို႔ေနာက္ခႏၶာကိုယ္ကို ကုန္းလိုက္ၿပီးလက္ကိုၾကမ္းျပင္နဲ႔ထိသည္အထိကုန္းပါ။ ၿပီးရင္ေတာ့ေလကို ရႈထုတ္ေပးလိုက္ပါ။ေနာက္တဆင့္အေနနဲ႔ဝမ္းလ်ားေမွာက္အေနအထားကိုေျပာင္းကာဒိုက္ထိုးျခင္းကိုျပဳလုပ္ေပးပါ။ ၿပီးေနာက္ အထက္မွာျပဳလုပ္ခဲ့သည့္အတိုင္းၾကမ္းျပင္ကိုလက္ႏွင့္ထိကာကုန္းသည့္အေနအထားသို႔ျပန္သြားပါ။ ေနာက္ဆုံးအဆင့္အေနနဲ႔ၾကမ္းျပင္ကိုထိထားေသာလက္ကိုျပန္႐ုတ္သိမ္းၿပီးခါးကုန္းေနသည့္အေနအထားနဲ႔ပင္ အသက္ကိုရႈထုတ္ကာပုံတြင္ျပထားသည့္အတိုင္းသက္ေတာင့္သက္သာအေနအထားကိုေျပာင္းေ႐ႊ႕ပါ။ ဒီအဆင့္အတိုင္းကို သင္လုပ္ႏိုင္တဲ့အေခါက္အေရအတြက္အထိသင္ျပဳလုပ္ေပးပါ။

ဒူးေထာက္ဒိုက္ထိုးနည္း

ဒီေလ့က်င့္ခန္းက သင့္လက္ေမာင္းေသးသြယ္လွပဖို႔ အရမ္းေကာင္းတဲ့ ေလ့က်င့္ခန္းတစ္ခုပါ။ေလ့က်င့္ဖို႔အတြက္ကေတာ့သင့္ဒူးဆစ္ေတြကို ေကာင္းေကာင္းအသုံးခ်ရပါလိမ့္မယ္။ ဒီေလ့က်င့္ခန္းကဒိုက္ထိုးသလိုပါပဲ။ကြာျခားသြားတာကေတာ့ ဒူးဆစ္ကိုၾကမ္းျပင္မွာေထာက္ၿပီး ဒိုက္ထိုးတဲ့ပုံးစံအတိုင္းလက္ဖဝါးႏွစ္ဖက္ကို ၾကမ္းျပင္မွာေထာက္ကာ ခႏၶာကိုယ္ကို ျြကတတ္လိုက္၊ ၾကမ္းျပင္နဲ႔ကပ္လိုက္ပုံစံမ်ိဳး ျပဳလုပ္ရမွာပါ။ဒီလိုျပဳလုပ္ေနစဥ္အတြင္းမွာသင့္လက္ေမာင္းလွပလာတာကိုသင္ကိုယ္တိုင္သတိထားမိလာမွာပါ။

Source : MODA

Unicode

မိန်းကလေး တွေရဲ့ လက်မောင်း မှာ အဆီပို တွေ မရှိဘဲ သွယ်လျ လှပ နေစေဖို့ လေ့ကျင့်ခန်းကောင်းလေး တွေ ဘယ်လို လုပ်ကြမလဲ ။

ခေါင်းပေါ် လက်မြှောက် ကွေးခြင်း လေ့ကျင့်ခန်း

အခု တစ်ခါ လေ့ကျင့်ခန်း ကတော့ ဘောလုံး( သို့ ) တုတ် တစ်ချောင်းရဲ့ အကူ အညီကို ရယူရမှာ ဖြစ်ပါတယ် ။ ပုံမှာ ပြထားတဲ့ အတိုင်း လက်နှစ်ဖက်ကို အပေါ်သို့ မြှောက်ပြီး သင့်လက်ထဲမှာ တုတ်ချောင်း( သို့ ) ဘောလုံးကို ကိုင်ကာ ခန္ဓာကိုယ်ကို မျဉ်းဖြောင့်အတိုင်း ထားကာ ဘယ်ဘက်သို့ ကိုယ်ကို ကိုင်းခြင်း၊ ညာဘက်သို့ ကိုယ်ကို ကိုင်ခြင်းပြုလုပ် ပေးပါ ။ ထိုအခါသင့်လက်မောင်းသား များသာမက သင့်ခါးသား ကိုပါ လှပ စေပါတယ် ။ အကယ်၍ အကူအညီမယူချင်ပါက သင့်လက်နှစ်ဖက်ကို အပေါ်သို့ မြှောက်ပြီး လက်နှစ်ခု ယှက်ကိုင်ကာ အထက်မှာဖော်ပြပါပုံစံ အတိုင်းပြုလုပ်ပေး ရမှာပါ ။ ဒီအဆင့်အတိုင်း တစ်ဖက်ကို ၂၅ကြိမ်ခန့်ပြုလုပ်ပေးပါ ။

လက်နောက်ပစ် လေ့ကျင့်ခန်း

ဒီလေ့ကျင့်ခန်းရဲ့ ပုံစံကတော့ သင့်လက်မောင်းကို နောက်သို့ ပစ်ထားပြီး ပုံမှာ ပြထားတဲ့အတိုင်း လက်ဖဝါး နှစ်ဖက်ကို ကြမ်းပြင်နဲ့ ကပ်ထားပေးပါ ။ ပြီးရင်တော့ သင့်ခြေထောက် နှစ်ဖက်ကို စုပြီး ဒူးခေါင်း ထောင်ထား ပေးပါ ။ ထို့နောက် သင်နောက်ကို ပြစ်ထားတဲ့ လက်နှစ်ဖက်ကိုအဆုံးစွန်ထိ ဆန့်တန်းလိုက်ပါ ။

ထိုအခါသင့်ရဲ့ခန္ဓာကိုယ်တစ်ခုလုံးကလေပေါ်သို့မြောက်တတ်သွားပြီးသင့်တစ်ကိုယ်လုံးမှ အားတွေကလက်သို့ သွားရောက် စုနေမှာဖြစ်ပါတယ် ။ ပြီးရင်တော့ သက်ထောက်ထားတဲ့ လက်ကိုဖြေးညှင်းစွာ ပြန်ကွေးပြီး သင့်ခန္ဓာကိုယ်ကိုကြမ်းပြင်နဲ့ထိကပ်သည်အထိပြန်ချလိုက်ပါ။ လေ့ကျင့်ခန်းအစအဆုံက လက်ကိုသာအဓိကအသုံးပြုရတာကြောင့်သင့်လက်လှပဖို့ကတော့အထိရောက်ဆုံးပါပဲ။

အဆင့်လိုက် ဒိုက်ထိုးလေ့ကျင့်ခန်း

ဒီလေ့ကျင့်ခန်းကတော့အရမ်းကိုအဆင့်များလွန်းပါတယ်။ ဒါပေမယ့် တကယ့်ကိုထိရောက်မယ့်လေ့ကျင့်ခန်းလေးပါ ။ သင့်လက်မောင်းသား လှပရုံသာမကဘဲ သင့်ခန္ဓာကိုယ်အချိုးအစား ကိုပါပြောင်းလဲသွားစေနိုင်ပါတယ်။ ပထမဦးဆုံးအဆင့်အနေနဲ့ ာကမ်းပြင်ပေါ်မှာရပ်ပြီးသင့်လက်နှစ်ဖက်ကိုမြှောက်ထားပါ။

သင့်ပုံစံက မျဉ်းဖြောင့်အတိုင်းဖြစ်နေပါစေ။ ပြီးရင်တော့သင်အသက်ကိုဝအောင်ရှုသွင်းလိုက်ပါ။ ထို့နောက်ခန္ဓာကိုယ်ကို ကုန်းလိုက်ပြီးလက်ကိုကြမ်းပြင်နဲ့ထိသည်အထိကုန်းပါ။ ပြီးရင်တော့လေကို ရှုထုတ်ပေးလိုက်ပါ။နောက်တဆင့်အနေနဲ့ဝမ်းလျားမှောက်အနေအထားကိုပြောင်းကာဒိုက်ထိုးခြင်းကိုပြုလုပ်ပေးပါ။ ပြီးနောက် အထက်မှာပြုလုပ်ခဲ့သည့်အတိုင်းကြမ်းပြင်ကိုလက်နှင့်ထိကာကုန်းသည့်အနေအထားသို့ပြန်သွားပါ။ နောက်ဆုံးအဆင့်အနေနဲ့ကြမ်းပြင်ကိုထိထားသောလက်ကိုပြန်ရုတ်သိမ်းပြီးခါးကုန်းနေသည့်အနေအထားနဲ့ပင် အသက်ကိုရှုထုတ်ကာပုံတွင်ပြထားသည့်အတိုင်းသက်တောင့်သက်သာအနေအထားကိုပြောင်းရွှေ့ပါ။ ဒီအဆင့်အတိုင်းကို သင်လုပ်နိုင်တဲ့အခေါက်အရေအတွက်အထိသင်ပြုလုပ်ပေးပါ။

ဒူးထောက်ဒိုက်ထိုးနည်း

ဒီလေ့ကျင့်ခန်းက သင့်လက်မောင်းသေးသွယ်လှပဖို့ အရမ်းကောင်းတဲ့ လေ့ကျင့်ခန်းတစ်ခုပါ။လေ့ကျင့်ဖို့အတွက်ကတော့သင့်ဒူးဆစ်တွေကို ကောင်းကောင်းအသုံးချရပါလိမ့်မယ်။ ဒီလေ့ကျင့်ခန်းကဒိုက်ထိုးသလိုပါပဲ။ကွာခြားသွားတာကတော့ ဒူးဆစ်ကိုကြမ်းပြင်မှာထောက်ပြီး ဒိုက်ထိုးတဲ့ပုံးစံအတိုင်းလက်ဖဝါးနှစ်ဖက်ကို ကြမ်းပြင်မှာထောက်ကာ ခန္ဓာကိုယ်ကို ြွကတတ်လိုက်၊ ကြမ်းပြင်နဲ့ကပ်လိုက်ပုံစံမျိုး ပြုလုပ်ရမှာပါ။ဒီလိုပြုလုပ်နေစဉ်အတွင်းမှာသင့်လက်မောင်းလှပလာတာကိုသင်ကိုယ်တိုင်သတိထားမိလာမှာပါ။

Source : MODA

zc

The author didn't add any Information to his profile yet.

Leave a comment

Your email address will not be published. Required fields are marked. *