By / 2 weeks ago / Astrology / No Comments
တနင်္လာသားသမီးများ
အင်္ဂါသားသမီးများ
ဗုဒ္ဓဟူးသားသမီးများ
ကြာသပတေးသားသမီး
သောကြာသားသမီး
စနေသားသမီး
ယတြာ- မင်္ဂလာရှိသည့် တေးသံသာကိုဖွင့်၍နားထောင်ပြီး စိတ်ကြည်နူးမှုယူကာလုပ်ငန်းများကိုစတင်လုပ်ကိုင်ပါလေ။
ဆက်သွယ်ရန်ဖုန်း
09787734338
09797532606
Unicode
၁၂.၆.၂၀၁၉ မှ ၁၈.၆.၂၀၁၉အထိ ခုနစ်ရက်သားသမီးဗေဒင်ဟောစာတမ်း
တနင်္ဂနွေသားသမီးများ
အပြောင်းအလဲလုပ်လိုစိတ်များပေါ်မည်။ အလုပ်ပြောင်းချင်၊ အိမ်ပြောင်းချင်၊ နေရောင်ပြောင်းချင်စိတ်များဖြစ်ပေါ်နေတတ်ပါသည်။ ထူးခြားမှုတစ်ခု မှာဘာသာရေးလုပ်လိုတဲ့စိတ်၊ အဓိဋ္ဌာန်ဝင်လိုတဲ့စိတ်၊ သာသနာ့ဘောင်သို့ဝင်လိုသည့်စိတ်များဖြစ်ပေါ်လာတတ်ပါသည်။ အဓိဋ္ဌာန်တစ်ခုခုဝင်ဖြစ်အောင် ဝင် လိုက်ပါ။ အကောင်းများနှင့်ကြုံတွေ့လာရပါလိမ့်မည်။ မိမိကိုအကြံÓဏ်ကောင်းပေးမည့်သူ၊ အကူအညီကောင်းပေးမည့်သူပေါ်လာတတ်ပါသည်။
တိုးတက် ကောင်းမွန်သည့် အပြောင်းအလဲအချို့နှင့်ကြုံတွေ့ရတတ်ပါသည်။ နိုင်ငံရပ်ခြားခရီးဝေးသွားမည့်သူတို့သတင်းကောင်းကြားရတတ်ပါသည်။ ဘဝတိုးတက်ရာ တိုးတက်ကြောင်းအတွက် အတတ်ပညာသင်ကြားရခြင်း၊ သင်တန်းတက်ရခြင်းတို့ဖြစ်တတ်ပါသည်။ ငွေဝင်ပါလိမ့်မည်။ ငွေဝင်သလောက်အကုန်အကျလည်း များနေတတ်ပါသည်။ လုပ်ငန်းရှင်များ၊ အရောင်းအဝယ်စီးပွားရေးသမားများ၊ ကုမ္ပဏီများ၊ မိမိလုပ်ငန်းဖွဲ့စည်းပုံကိုအသစ်တစ်ဖန်ပြုပြင်ပြောင်းလဲခြင်း၊ ပစ္စည်း နေရာအထားအသိုများကို ပြန်လည်မွန်းမံခြင်း၊ အသစ်တစ်ဖန်ခင်းကျင်းပြင်ဆင်ခြင်းတို့ ပြုလုပ်လိုက်ပါက အကျိုးပေးပါလိမ့်မည်။
ကျန်းမာရေး- ကိုယ်ပူလိုက်၊ ချမ်းလိုက်ဖြစ်တတ်ပါသည်။ အအေးမိခြင်း၊ ရေချိုးမှားခြင်းတို့ကြောင့် ရောဂါဖြစ်တတ်ပါသည်။
ယတြာ- အိမ်ရှိဘုရားကို ရေသပ္ပါယ်ကုသိုလ်ပြု၍လိုရာဆုကိုတောင်းလိုက်ပါလေ။
တနင်္လာသားသမီးများ
ခရီးထွက်ရန် အစီအစဉ်ရှိသူတို့ ရက်ရွှေ့ဆိုင်းလိုက်ရခြင်း၊ ခရီးစီစဉ်ပျက်သွားခြင်းတို့ဖြစ်တတ်ပါသည်။ အချစ်ရေးအဆင်မပြေတတ်ပါ။ သူတစ်ပါး၏ မနာလိုခြင်းကိုခံရတတ်ပြီး မကောင်းပြောဆိုခံရခြင်းကိုကြုံရတတ်ပါသည်။ အိမ်ထောင်ရေးမှာအဆင်မပြေဖြစ်တတ်ပါသည်။ အိမ်တွင်းရေးဆူပူတတ်ပါသည်။ စီးပွားရေး၊ ငွေရးကြေးရေးနှင့်ပတ်သက်ပြီးအငြင်းပွားစရာများပေါ်ပေါက်လာတတ်ပါသည်။ လုပ်ငန်းခွင်တွင်မိမိအထက်လူကြီး(သို့မဟုတ်)လုပ်ဖော်ကိုင်ဘက် တို့နှင့် စိတ်သဘောထားကွဲလွဲတတ်ပါသည်။ စပ်တူရှယ်ယာလုပ်ငန်းအကျိုးမပေးပါ။ သူတစ်ပါးတစ်ဆင့်ပြောပေးထားသည့်အလုပ်ကိစ္စတို့မအောင်မမြင်ဖြစ် တတ်ပါသည်။ အောင်မြင်ချင်စိတ်များပြီးစွန့်စားရသည့်လုပ်ငန်းများ လုံးဝမလုပ်ပါနှင့်။ သောကများနှင့်သာကြုံတွေ့ရတတ်ပါသည်။ ဤအချိန်အခါကာလတွင် မိမိကိုယ်ကိုယုံကြည်မှုလွန်ကဲ၍လုပ်ကိုင်ပြောဆိုမှုတို့သည်အမှားနှင့်သာကြုံတွေ့ရတတ်ပါသည်ကိုသတိပြုပါလေ။
ကျန်းမာရေး- လေထိုးလေအောင့်ဖြစ်ခြင်း၊ လေမကြေဘဲဝမ်းဗိုက်ကယ်ခြင်း၊ ကြို့ထိုးခြင်းတို့ဖြစ်တတ်ပါသည်။
ယတြာ- မိမိအိမ်ဘုရားတွင်အမွှေးတိုင်(၅)တိုင်ကိုထွန်းလှူပူဇော်ပြီးဆုတောင်းလိုက်ပါလေ။
အင်္ဂါသားသမီးများ
စီးပွားရေးအလုပ်အကိုင်နှင့်ပတ်သက်ပြီး အဆက်အသွယ်တစ်ခုရတတ်ပါသည်။ ထိုအဆက် အသွယ်သည် ယုံကြည်စိတ်ချရလောက်သည့် အဆက်အသွယ်မဟုတ်ပါ။ ဤကာလတွင် စကားမတည်၊ ကတိမတည်သူများနှင့်ကြုံတွေ့ရတတ်ခြင်း၊ အပြောတစ်မျိုးအလုပ်တစ်မျိုးလုပ်တတ်သည့်လူစားများ နှင့်ကြုံတွေ့ရသည့်အတွက် စိတ်ညစ်ရတတ်ပါသည်။ စီးပွားရေးလုပ်ငန်းတစ်ခုခုစိတ်မြန်ကိုယ်မြန်ထမလုပ်လိုက်ပါနှင့်။ အချိန်ယူပြီးမှလုပ်ပါ။ ထိုသို့မဟုတ်ပါက ထိခိုက်နစ်နာတတ်ပါသည်။ ခရီးသွားရန်ရည်ရွယ်ချက်ရှိပါကအောင်မြင်ပါလိမ့်မည်။ မိမိလုပ်ကိုင်သမျှတော်တော်များများသည်အဆင်ပြေနေတတ်ပါသည်။ လူအထင်ကြီးခြင်းကို ခံရတတ်ပါသည်။ အပြိုင်အဆိုင်ကြုံတွေ့လာရပါက မိမိဘက်ကအနိုင်ရပါလိမ့်မည်။ အလုပ်မှာမျက်နှာသာပေးခြင်း ခံရတတ်ပါသည်။ အချစ်ရေးတွင်အထီးကျန်နေတတ်ပါသည်။ အိမ်ထောင် သည်များ တစ်ဦးနှင့်တစ်ဦးခွဲခွာနေရတတ်ပါသည်။
ကျန်းမာရေး- သွေးထွက်သံယိုဖြစ်တတ်ပါသည်။
ယတြာ- အိမ်ဘုရားတွင်ဖယောင်းတိုင်(၇)တိုင်ထွန်းလှူ၍ အလိုရှိရာကိုဆုတောင်းလိုက်ပါလေ။
ဗုဒ္ဓဟူးသားသမီးများ
အလုပ်ကိုကြိုးစားလုပ်ကိုင်သူတို့ အခွင့်အရေးရခြင်း၊ ငွေဝင်ခြင်းတို့ဖြစ်တတ်ပါသည်။ မိတ်ဆွေအပေါင်းအသင်းတို့ထံမှ အကူအညီရတတ်ပါသည်။ အပြိုင်အဆိုင်ဖြင့် လုပ်ရသည့် အလုပ်တို့အောင်မြင်ပါလိမ့်မည်။ သူတစ်ပါး၏ချီးမွမ်းခြင်းကိုခံရတတ်ပါသည်။ စီးပွားရေးလုပ်ငန်းတွင်ငွေကြေးရင်းနှီးမြှုပ်နှံခြင်း၊ လုပ်ငန်းသစ်၊ စီးပွားသစ်စတင်လုပ်ကိုင်ခြင်းတို့အကျိုးပေးပါလိမ့်မည်။ နာမည်ဂုဏ်သတင်းကြီးခြင်း၊ အောင်မြင်ကျော်ကြားမှုရရှိခြင်းတို့ဖြစ်တတ်ပါသည်။ ဤကာလတွင် မိမိ၏အရည်အချင်းကိုအသိအမှတ်ပြုခံရတတ်ပါသည်။ မျက်နှာပွင့်လန်းတတ်ပါသည်။ အရည်အချင်းကိုအကြောင်းပြုပြီးရာထူးတိုးခြင်း၊ လစာ တိုးခြင်း၊ နေရာကောင်းရရှိခြင်းတို့ဖြစ်တတ်ပါသည်။ အိမ်ပြောင်း၊ အလုပ်ပြောင်း၊ နေရာပြောင်းလဲသူတို့ ပတ်ဝန်းကျင်ကောင်းနှင့်ကြုံရတတ်ပါသည်။ ကူညီတတ် သူတို့နှင့်လည်းတွေ့ရတတ်ပါသည်။ အားကစားပြိုင်ပွဲဝင်သူတို့ဆုတံဆိပ်ရရှိခြင်း၊ အောင်မြင်ခြင်းဖြစ်ပါလိမ့်မည်။
ကျန်းမာရေး- အသေးစားထိခိုက်အနာတရလေးများဖြစ်တတ်ပါသည်။
ယတြာ- ပြေညွန့်(၇)ညွန့်ကို အိမ်ဘုရားတွင် ကပ်လှူပူဇော်၍ဆုတောင်းလိုက်ပါလေ။
ကြာသပတေးသားသမီး
အဆင်ပြေပြီဟု ထင်ထားသောကိစ္စများအလွဲလွဲအချော်ချော်ဖြစ်သွားတတ်ပါသည်။ ဆုံးဖြတ် ချက်တို့ မပြတ်မသားဖြစ်တတ်ပါသည်။ ဟိုဟာလုပ်ရ ကောင်းနိုး၊ ဒီဟာလုပ်ရကောင်းနိုးဖြင့် မယ်မယ်ရရမရွေးချယ်နိုင်ဘဲဖြစ်တတ်ပါသည်။ ငွေအကုန်အကျများရတတ်ပါသည်။ ငွေဝင်မည့်ကိစ္စတို့ အလွဲလွဲအချော် ချော်ဖြစ်နေတတ်သည်။ အဆင်ပြေမည်ဟုကတိပေးထားပြီးသည့် ငွေကြေးကိစ္စကတိပျက်သွားတတ်ပါသည်။ လာဘ်ပိတ်နေတတ်ပါသည်။ အလုပ်ကိစ္စတို့ ဝင်လာပြီးမှပျက်သွားတတ်ပါသည်။ ငွေအသုံးကြမ်းတတ်ပါသည်။ အချစ်ရေးကိစ္စရှေ့ဆက်နိုး၊ ရပ်တန့်ရနိုးဖြင့်ဝေခွဲမရဖြစ်တတ်ပါသည်။ အိမ်ထောင်ရေးမှာ စိတ်ညစ်စရာကြုံတတ်သည်။
ကျန်းမာရေး- ခေါင်းမူး၊ ခေါင်းကိုက်ရောဂါ၊ အာရုံကြောနှင့်ဆိုင်သည့်ရောဂါတို့ဖြစ်တတ်ပါသည်။
ယတြာ- ဖန်ခွက်တစ်ခွက်ထဲမှ ဖယောင်းတိုင်စိုက်ထွန်း၍ အိမ်ဘုရားမှာပူဇော်လိုက်ပါလေ။
သောကြာသားသမီး
အလှူတစ်ခုဖိတ်ကြားခံရခြင်း၊ အလှူတစ်ခုသို့သွားရောက်ရခြင်းဖြစ်ပါလိမ့်မည်။ ကောင်းပါသည်။ ငွေရေးကြေးရေးကိစ္စကြောင့် စိတ်ညစ်စရာကြုံ တွေ့ရတတ်ပါသည်။ စီးပွားရေးအလုပ်အကိုင်တို့အဆင်ပြေသလိုနှင့် အဆင်မပြေဖြစ်နေတတ်ပါသည်။ ဤအချိန်တွင် သော့ ခလောက်အသစ်၊ သော့အသစ်တို့ အဝင်မခံပါနှင့်။ ပို၍လာဘ်ပိတ်တတ်ပါသည်။ မိမိရည်ရွယ်ထားသည့် အကြံအစည်တို့ ထစ်ငေါ့ခက်ခဲနေသောကြောင့် စိတ်ညစ်ရတတ်ပါသည်။ ဘုရားဖူးရတတ် ပါသည်။ အိမ်ကိုဧည့်သည်ရောက်လာတတ်သည်။ အိမ်ထောင်ရေးအဆင်မပြေဖြစ်တတ်ပါသည်။ အချစ်ရေးတွင် မိမိထက်အသက်ကြီးသူနှင့်ကြုံတွေ့ရတတ် သည်။ ငွေအရင်း အနှီးများသည့်စီးပွားရေးလုပ်ငန်းတို့စတင်လုပ်ကိုင်ခြင်းမပြုလုပ်သင့်သေးပါ။ အကြီးအကဲပုဂ္ဂိုလ်ထဲမှ ကူညီမစတတ်ပါသည်။
ကျန်းမာရေး- နှာစေးခြင်း၊ နှာခေါင်းနှင့် ပတ်သက်သည့် ဝေဒနာခံစားရခြင်းတို့ဖြစ်တတ်ပါသည်။
ယတြာ- သံဃာတော်တစ်ပါးကိုဆွမ်းလောင်းလှူ၍ အလိုရှိရာကိုဆုတောင်းလိုက်ပါလေ။
စနေသားသမီး
ဤအချိန်ကာလသည် အောင်မြင်မှုအသီးအပွင့်တို့ကို စတင်ခံစားရတတ်ပါသည်။ ပွဲစားအလုပ်၊ အရောင်းအဝယ်အလုပ်တို့ဖြင့် အကျိုးပေးမည့် မိတ်ဆွေအပေါင်းအသင်းကို အကြောင်းပြုပြီးငွေဝင်တတ်ပါသည်။ အဆင်မပြေသောအပေါင်းအသင်းမိတ်ဆွေတို့နှင့်ပြန်လည်အဆင်ပြေတတ်ပါသည်။ လုပ်ဖော်ကိုင်ဘက်တို့အကူအညီတို့ရတတ်သည်။ မိမိပတ်ဝန်းကျင်မှလူများသည် မိမိကိုအကျိုးပြုပါလိမ့်မည်။ ငွေအလုံးအရင်းလိုက်ဝင်တတ်သည်။ အရောင်း အဝယ်၊ ကုန်သည်ပွဲစားတို့စီးပွားသစ်၊ အလုပ်သစ်စတင်ပါကအကျိုးပေးသည်။ ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်မိသူတို့အတွက် ကောင်းပါသည်။ သူတစ်ပါးကိုအကြံ Óဏ်ကောင်းပေးရတတ်ပါသည်။ အိမ်ထောင်ရေးသာယာပါလိမ့်မည်။ အချစ်ရေးမှာစန်းပွင့်နေတတ်သည်။
ကျန်းမာရေး- ညောင်းညာကိုက်ခဲခြင်း၊ မောပန်းနွမ်းနယ်ခြင်းတို့ဖြစ်တတ်သည်။
ယတြာ- အိမ်ဘုရားတွင် အမွှေးတိုင်(၃)တိုင်ကိုတြိဂံပုံစိုက်၍ မီးထွန်းညှိပူဇော်ပြီး အလိုရှိရာကိုဆုတောင်းလိုက်ပါလေ။
Unicode
ဒဂုံမြို့သစ်တောင်ပိုင်းနှင့်မြောက်ပိုင်းလမ်းဆုံအနီး၊မြောက်ဒဂုံပြည်ကြီးချမ်းသာမဟာစေတီခေါ်( မြို့ဦးစေတီ ) ဘုရားတောင်ဘက်မုခ်
ဆက်သွယ်ရန်ဖုန်း
09787734338
09797532606
တနင်္လာနေ့တိုင်းဟောခန်းနားပါသည်။
ဟောခန်းဖွင့်ချိန်မနက် 10:00 မှ ညနေ 4:00ထိ
zc
The author didn't add any Information to his profile yet.
Leave a comment
Your email address will not be published. Required fields are marked. *