ဟင္းသီးဟင္းရြက္နဲ႔ သစ္သီးဝလံအခြံမ်ားကို လႊင့္မပစ္ဘဲ ဒီလိုအသံုးျပဳၾကမယ္

By / 5 months ago / Blog / No Comments
ဟင္းသီးဟင္းရြက္နဲ႔ သစ္သီးဝလံအခြံမ်ားကို လႊင့္မပစ္ဘဲ ဒီလိုအသံုးျပဳၾကမယ္

ဟင္းသီးဟင္းရြက္နဲ႔ သစ္သီးဝလံအခြံမ်ားကို လႊင့္မပစ္ဘဲ ဒီလိုအသံုးျပဳၾကမယ္

သစ္သီးဝလံနဲ႔ ဟင္းသီးဟင္းရြက္အခြံတို႔ကို အလဟႆလႊင့္ပစ္လိုက္ျခင္း အေလ့အက်င့္ကို ဒီေန႔ကစၿပီး ေဖ်ာက္ဖ်က္ပစ္လိုက္ၾကရေအာင္။ ဘာျဖစ္လို႔လဲဆိုေတာ့ သစ္သီးခြံမ်ားက သင့္ရဲ႕ အလွအပ၊ က်န္းမာေရးနဲ႔ အိမ္တြင္းသန္႔႐ွင္းေရးအတြက္ အသံုးတည့္လို႔ပါပဲ။

ဘယ္သစ္သီးခြံေတြကို ဘယ္လိုအသံုးျပဳလို႔ရမလဲဆိုတာ အတူတူဆက္ဖတ္ၾကည့္လိုက္ရေအာင္။

သံပုယုိသီးအခြံ

ေရေႏြးခရားအသံုးျပဳတဲ့အခ်ိန္ အနည္းငယ္ၾကာျမင့္လာတဲ့အခါ ခရားရဲ႕ေအာက္ေျခမွာ အနည္အႏွစ္ေတြစုပံုလာျခင္းေၾကာင့္ ညွစ္ပတ္သြားတတ္ပါတယ္။ ထိုအနည္အႏွစ္မ်ားကို ဖယ္႐ွားၿပီး ေရေႏြးခရားအသစ္တစ္လံုးလို ျပန္လည္ပိုင္ဆိုင္ခ်င္တယ္ဆိုရင္ေတာ့ သံပုယိုသီးအခြံကို ထိုေရေႏြးခရားထဲထည့္ၿပီး ဆူပြက္ေအာင္ တည္ထားလိုက္ပါ။ ဆူပြက္လာၿပီဆိုရင္ မီးပိတ္ထားၿပီး တစ္နာရီေလာက္ စိမ္ထားလိုက္ပါ။ ၿပီးရင္ေတာ့ ေရလွယ္လိုက္လို႔ရပါၿပီ။

သြားမ်ား ျဖဴေဖြးဝင္းပဖို႔ လိေမၼာ္သီးအခြံကို အသံုးျပဳလိုက္ပါ

လိေမၼာ္သီးအခြံကို တစ္လက္မေလာက္ ညွပ္ထုတ္ၿပီးတဲ့ေနာက္မွာ လိေမၼာ္သီးရဲ႕ အျပင္ဘက္အခြံနဲ႔ သြားကို ပြတ္တိုက္ေပးလိုက္ပါ။ အခြံထဲမွာ ပါဝင္တဲ့ အက္စစ္ဓာတ္က သြားမ်ားျဖဴေဖြးဝင္းပလာေအာင္ ကူညီေပးပါလိမ့္မယ္။ မိနစ္အနည္းငယ္ၾကာတဲ့အခါမွာ သြားတိုက္ေပးလိုက္ပါ။ ခ်က္ခ်င္းသြားတိုက္မယ္ဆိုရင္ အက္စစ္ဓာတ္ေၾကာင့္ သြားေၾကြလႊာေတြ အားနည္းသြားႏိုင္တာေၾကာင့္ မိနစ္အနည္းငယ္ ေစာင့္ေပးဖို႔ လိုပါမယ္။

ေထာပတ္သီးအခြံ

ေထာပတ္သီးအခြံက မ်က္ႏွာအသားအေရကို အစိုဓာတ္ထိန္းေပးထားႏိုင္တယ္ဆိုတာ သင္ သိပါသလား။ ေထာပတ္သီးအခြံထဲမွာ ပါဝင္တဲ့ Fatty Acids က မ်က္ႏွာအသားအေရအတြက္ေရာ ဆံပင္က်န္းမာေရးအတြက္ပါ အသံုးတည့္ပါတယ္။ ေထာပတ္သီးအသားကို အသံုးျပဳၿပီးသြားတဲ့အခါ က်န္ခဲ့တဲ့အခြံကို မ်က္ႏွာနဲ႔ ဆံေကသာေပၚမွာ ညင္ညင္သာသာေလး ပြတ္တိုက္ေပးလိုက္ပါ။ မိနစ္ ၂၀ ခန္႔ၾကာမွ ေရေဆးခ်လိုက္ပါ။

မ်က္ကြင္းညိဳျခင္း၊ မ်က္လံုး ေဖာင္းအစ္ျခင္း၊ နီျမန္းျခင္းတို႔အတြက္ အသံုးတည့္တဲ့ အာလူးအခြံ

အာလူးအခြံရဲ႕ အတြင္းဘက္အျခမ္းကို မ်က္လံုးေပၚမွာ ၁၀ မိနစ္ခန္႔ ကပ္ေပးထားလိုက္ပါ။ အာလူးခြံထဲမွာပါဝင္တဲ့ Catecholase အင္ဇိုင္းဓာတ္က အသားအေရကို ျပန္လည္ဝင္းပလာေအာင္ စြမ္းေအာင္ေပးႏိုင္တာေၾကာင့္ မ်က္ကြင္းညိဳျခင္းကို အၿပီးအပိုင္ႏႈတ္ဆက္ႏိုင္ပါၿပီ။

ငွက္ေပ်ာခြံ

မိမိအိမ္ထဲမွာ အလွစိုက္ပ်ိဳးထားတဲ့ ပန္းပင္ေလးေတြ အေရာင္ညွိဳးႏြမ္းသြားလို႔ စိတ္ညစ္ေနပါသလား။ ငွက္ေပ်ာခြံ အသံုးျပဳေပးလိုက္ပါ။ ငွက္ေပ်ာသီးစားၿပီးလို႔ က်န္ခဲ့တဲ့ အခြံကို မလႊင့္ပစ္ဘဲ အိမ္ထဲက ပန္းပင္ေလးေတြရဲ႕ အရြက္ေပၚမွာ ပြတ္တိုက္ေပးလိုက္ပါ။ သင့္ အိမ္ခန္းလည္း အနံ႔အသက္ ေမႊးပ်ံ႕လာမွာျဖစ္သလို ပန္းပင္ေတြကလည္း စိမ္းစိမ္းစိုစိုေလးနဲ႔ လန္းဆန္းလာပါလိမ့္မယ္။

Unicode

ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံအခွံများကို လွှင့်မပစ်ဘဲ ဒီလိုအသုံးပြုကြမယ်

သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်အခွံတို့ကို အလဟဿလွှင့်ပစ်လိုက်ခြင်း အလေ့အကျင့်ကို ဒီနေ့ကစပြီး ဖျောက်ဖျက်ပစ်လိုက်ကြရအောင်။ ဘာဖြစ်လို့လဲဆိုတော့ သစ်သီးခွံများက သင့်ရဲ့ အလှအပ၊ ကျန်းမာရေးနဲ့ အိမ်တွင်းသန့်ရှင်းရေးအတွက် အသုံးတည့်လို့ပါပဲ။

ဘယ်သစ်သီးခွံတွေကို ဘယ်လိုအသုံးပြုလို့ရမလဲဆိုတာ အတူတူဆက်ဖတ်ကြည့်လိုက်ရအောင်။

သံပုယိုသီးအခွံ

ရေနွေးခရားအသုံးပြုတဲ့အချိန် အနည်းငယ်ကြာမြင့်လာတဲ့အခါ ခရားရဲ့အောက်ခြေမှာ အနည်အနှစ်တွေစုပုံလာခြင်းကြောင့် ညှစ်ပတ်သွားတတ်ပါတယ်။ ထိုအနည်အနှစ်များကို ဖယ်ရှားပြီး ရေနွေးခရားအသစ်တစ်လုံးလို ပြန်လည်ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ သံပုယိုသီးအခွံကို ထိုရေနွေးခရားထဲထည့်ပြီး ဆူပွက်အောင် တည်ထားလိုက်ပါ။ ဆူပွက်လာပြီဆိုရင် မီးပိတ်ထားပြီး တစ်နာရီလောက် စိမ်ထားလိုက်ပါ။ ပြီးရင်တော့ ရေလှယ်လိုက်လို့ရပါပြီ။

သွားများ ဖြူဖွေးဝင်းပဖို့ လိမ္မော်သီးအခွံကို အသုံးပြုလိုက်ပါ

လိမ္မော်သီးအခွံကို တစ်လက်မလောက် ညှပ်ထုတ်ပြီးတဲ့နောက်မှာ လိမ္မော်သီးရဲ့ အပြင်ဘက်အခွံနဲ့ သွားကို ပွတ်တိုက်ပေးလိုက်ပါ။ အခွံထဲမှာ ပါဝင်တဲ့ အက်စစ်ဓာတ်က သွားများဖြူဖွေးဝင်းပလာအောင် ကူညီပေးပါလိမ့်မယ်။ မိနစ်အနည်းငယ်ကြာတဲ့အခါမှာ သွားတိုက်ပေးလိုက်ပါ။ ချက်ချင်းသွားတိုက်မယ်ဆိုရင် အက်စစ်ဓာတ်ကြောင့် သွားကြွေလွှာတွေ အားနည်းသွားနိုင်တာကြောင့် မိနစ်အနည်းငယ် စောင့်ပေးဖို့ လိုပါမယ်။

ထောပတ်သီးအခွံ

ထောပတ်သီးအခွံက မျက်နှာအသားအရေကို အစိုဓာတ်ထိန်းပေးထားနိုင်တယ်ဆိုတာ သင် သိပါသလား။ ထောပတ်သီးအခွံထဲမှာ ပါဝင်တဲ့ Fatty Acids က မျက်နှာအသားအရေအတွက်ရော ဆံပင်ကျန်းမာရေးအတွက်ပါ အသုံးတည့်ပါတယ်။ ထောပတ်သီးအသားကို အသုံးပြုပြီးသွားတဲ့အခါ ကျန်ခဲ့တဲ့အခွံကို မျက်နှာနဲ့ ဆံကေသာပေါ်မှာ ညင်ညင်သာသာလေး ပွတ်တိုက်ပေးလိုက်ပါ။ မိနစ် ၂၀ ခန့်ကြာမှ ရေဆေးချလိုက်ပါ။

မျက်ကွင်းညိုခြင်း၊ မျက်လုံး ဖောင်းအစ်ခြင်း၊ နီမြန်းခြင်းတို့အတွက် အသုံးတည့်တဲ့ အာလူးအခွံ

အာလူးအခွံရဲ့ အတွင်းဘက်အခြမ်းကို မျက်လုံးပေါ်မှာ ၁၀ မိနစ်ခန့် ကပ်ပေးထားလိုက်ပါ။ အာလူးခွံထဲမှာပါဝင်တဲ့ Catecholase အင်ဇိုင်းဓာတ်က အသားအရေကို ပြန်လည်ဝင်းပလာအောင် စွမ်းအောင်ပေးနိုင်တာကြောင့် မျက်ကွင်းညိုခြင်းကို အပြီးအပိုင်နှုတ်ဆက်နိုင်ပါပြီ။

ငှက်ပျောခွံ

မိမိအိမ်ထဲမှာ အလှစိုက်ပျိုးထားတဲ့ ပန်းပင်လေးတွေ အရောင်ညှိုးနွမ်းသွားလို့ စိတ်ညစ်နေပါသလား။ ငှက်ပျောခွံ အသုံးပြုပေးလိုက်ပါ။ ငှက်ပျောသီးစားပြီးလို့ ကျန်ခဲ့တဲ့ အခွံကို မလွှင့်ပစ်ဘဲ အိမ်ထဲက ပန်းပင်လေးတွေရဲ့ အရွက်ပေါ်မှာ ပွတ်တိုက်ပေးလိုက်ပါ။ သင့် အိမ်ခန်းလည်း အနံ့အသက် မွှေးပျံ့လာမှာဖြစ်သလို ပန်းပင်တွေကလည်း စိမ်းစိမ်းစိုစိုလေးနဲ့ လန်းဆန်းလာပါလိမ့်မယ်။

zc

The author didn't add any Information to his profile yet.

Leave a comment

Your email address will not be published. Required fields are marked. *