ပ်ိဳေမတုိင္း သိထားသင့္တဲ့ လြယ္ကူ႐ိုးရွင္းစြာ ျပင္ဆင္ျခယ္သနည္း (၁၀) မ်ိဳး

By / 1 month ago / Blog / No Comments
ပ်ိဳေမတုိင္း သိထားသင့္တဲ့ လြယ္ကူ႐ိုးရွင္းစြာ ျပင္ဆင္ျခယ္သနည္း (၁၀) မ်ိဳး

ပ်ိဳေမတုိင္း သိထားသင့္တဲ့ လြယ္ကူ႐ိုးရွင္းစြာ ျပင္ဆင္ျခယ္သနည္း (၁၀) မ်ိဳး

အလွအပၾကိဳက္တဲ့ ပ်ိဳေမေလးေတြ လွသထက္လွေအာင္ ျပင္ဆင္ျခယ္သဖို႕အတြက္ လြယ္ကူရိုးရွင္းျပီး လုပ္ရလည္းလြယ္၊ အသံုးလည္း၀င္မယ့္ အခ်က္ေလးေတြကို ေဖာ္ျပေပးလိုက္ပါတယ္ေနာ္ …..

(၁) အိုင္းလိုင္နာဆြဲတဲ့အခါမွာ အိုင္းလိုင္နာအရည္ကိုလည္း သံုးခ်င္တယ္ လက္ကမျငိမ္လို႕ ဆြဲတိုင္းလည္းမသပ္မရပ္ျဖစ္ရတယ္ဆိုတဲ့ သူေလးေတြအတြက္ အေကာင္းဆံုးနည္းလမ္းရွိပါတယ္။ အဲ့ဒါကေတာ့ အိုင္းလိုင္နာအရည္နဲ႕ မဆြဲခင္မွာ ခဲတံလိုင္နာေလးနဲ႕ တစ္ေၾကာင္းဆြဲလိုက္ပါ၊ အဲ့ဒီအေပၚကမွ အရည္အိုင္းလိုင္နာကိုထပ္ဆြဲေပးမယ္ဆိုရင္ ညီညာလွပတဲ့ အိုင္းလိုင္နာမ်ဥ္းေလးကို ရျပီပဲ ျဖစ္ပါတယ္ …။

(၂) မ်က္ေတာင္ေကာ့တဲ့အခါမွာ မ်က္ေတာင္ေကာ့ကိရိယာေလးနဲ႕ ေကာ့ေပမယ့္ ဘာမွထူးမလာဘူး၊ အဲ့ဒီထက္ ပိုေကာ့ခ်င္တယ္ဆိုတဲ့သူေလးေတြကေတာ့ မ်က္ေတာင္ေကာ့ကိရိယာကိုု ေရေႏြးထဲမွာ ခဏေလာက္စိမ္ျပီးမွ မ်က္ေတာင္ေလးေတြကို ေကာ့ေပးလိုက္ပါ။ ေကာ့ညႊတ္လွပတဲ့ မ်က္ေတာင္ေလးေတြကို ရျပီး အခ်ိန္လည္း ပိုၾကာၾကာခံတာကို ေတြ႕ရမွာပဲ ျဖစ္ပါတယ္ …။

(၃) မ်က္လံုးက်ယ္က်ယ္ေလးေတြ လိုခ်င္ရင္ ေအာက္မ်က္ခမ္းေလးေတြကို အိုင္းလိုင္နာအျဖဴနဲ႕ ျခယ္ေပးလိုက္ပါ။ ၀ုိင္းစက္လွပတဲ့ မ်က္လံုးေလးေတြကိို ရပါလိမ့္မယ္ …။

(၄) အျပင္သြားခါနီးမွာ ေခါင္းေလွ်ာ္ဖို႕အခ်ိန္္လည္း မရွိဘူး၊ ဆံပင္ေတြကလည္း ျပားကပ္ျပီး ပံုမက်ျဖစ္ေနတယ္ဆိုရင္ ေဘဘီေပါင္ဒါကို လက္ထဲထည့္ျပီး ဆံပင္အရင္းကေန ဖြေပးပါ၊ ၿပီးရင္ Dryer နဲ႕ ကိုယ္လိုခ်င္တဲ့ပံုစံရေအာင္ ပံုသြင္းလို႕ရပါျပီ …။

(၅) မ်က္နွာအဆီျပန္္တဲ့သူေတြက ေဖာင္ေဒးရွင္း မလိမ္းဘဲ ေပါင္ဒါတန္းမလိမ္းလိုက္ပါနဲ႕။ ေဖာင္ေဒးရွင္းလိမ္း၊ ကြန္ဆီလာလိမ္းျပီးမွ ေပါင္ဒါကို ခပ္ပါးပါးေလးလိမ္းေပးမယ္ဆိုရင္ ပိုၾကည့္ေကာင္းျပီး အဆီျပန္္တာကိုလည္း ထိန္္းသိိမ္းေပးနိုင္ပါတယ္ေနာ္ …။

(၆) ဆံပင္ပံုစံတစ္မ်ိဳးတည္းကို အၾကာၾကီးထားထားရင္ ကိုယ့္ကိုယ္လည္း ၿငီးေငြ႕လာျပီး ၾကာလာရင္ မလန္းဆန္းတဲ့ အသြင္မ်ိဳး ျဖစ္လာတတ္ပါတယ္။ ဆံပင္အရွည္ထားမယ္ဆိုရင္ေတာင္ နွစ္လတစ္ခါေလာက္ ဆိုင္မွာ ဆံပင္တိေပးတာမ်ိဳး၊ အေရွ႕ဆံပင္ပံုေလးေတြ ေျပာင္းတာမ်ိဳးလုပ္ေပးမယ္ဆို အေျပာင္းအလဲျဖစ္ျပီး အျမဲသစ္လြင္လွပေနပါလိမ့္မယ္ …။

(၇) ဆံပင္အေျပာင္သိမ္းတဲ့ပံုစံက လူတိုင္းနဲ႕မလိုက္ပါဘူး။ တကယ္လို႕ သင္ကလည္း အဲ့လိုဆံပင္အေျပာင္သိမ္းတဲ့ပံုစံမ်ိဳးမလုပ္ဖူးဘူးဆိုရင္ တစ္ခါေလာက္ေတာ့ လုပ္ၾကည့္သင့္ပါတယ္။ အဲ့ဒီဆံပင္ပံုစံမ်ိဳးလုပ္ရင္ သင္နဲ႕လိုက္ဖက္တဲ့အက်ၤ ီပံုစံမ်ိဳးကိုပဲ ေရြး၀တ္ပါ …။

(၈) ႏႈတ္ခမ္းနီအေရာင္အမ်ိဳးမ်ိဳးဆိုးမွ လွတာ မဟုတ္ပါဘူးေနာ္။ တခါတေလ အေရာင္မပါတဲ့ ႏႈတ္ခမ္းနီအဆီကို အိိတ္ထဲ ထည့္ထားျပီး အျမဲဆိုးေပးပါ။ သဘာ၀ဆန္ျပီး စိုျပည္တဲ့ ႏႈတ္ခမ္းေလးက ပိုဆြဲေဆာင္မႈရွိေနတာကို သိရမွာပါ …။

(၉) မ်က္ခံုးေမြးပါးတဲ့သူေတြအေနနဲ႕လည္း မ်က္ခံုးဆြဲခဲတံနဲ႕ ခပ္ပါးပါးေလးဆြဲျပီး eyebrow powder နဲ႕ ထပ္ဆြဲေပးလိုက္ပါ။ မ်က္ခံုးထူထူလွလွေလး ရပါလိမ့္မယ္ …။

(၁၀) လက္သည္းနီေတြ အမ်ိဳးမ်ိဳးေျပာင္းဆိုးလို႕ ေျခသည္း၊ လက္သည္းေတြ၀ါေနရင္ အျဖဴေရာင္သြားတိုက္ေဆးနဲ႕ ပြတ္တိုက္ေပးလိုက္ရံုနဲ႕ လက္သည္းေလးေတြ သဘာ၀အေရာင္အတိုင္းျဖစ္သြားမွာပါေနာ္ …။

MAY THAZINHTOO

Unicode

ပျိုမေတိုင်း သိထားသင့်တဲ့ လွယ်ကူရိုးရှင်းစွာ ပြင်ဆင်ခြယ်သနည်း (၁၀) မျိုး

အလှအပကြိုက်တဲ့ ပျိုမေလေးတွေ လှသထက်လှအောင် ပြင်ဆင်ခြယ်သဖို့အတွက် လွယ်ကူရိုးရှင်းပြီး လုပ်ရလည်းလွယ်၊ အသုံးလည်းဝင်မယ့် အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော် …..

(၁) အိုင်းလိုင်နာဆွဲတဲ့အခါမှာ အိုင်းလိုင်နာအရည်ကိုလည်း သုံးချင်တယ် လက်ကမငြိမ်လို့ ဆွဲတိုင်းလည်းမသပ်မရပ်ဖြစ်ရတယ်ဆိုတဲ့ သူလေးတွေအတွက် အကောင်းဆုံးနည်းလမ်းရှိပါတယ်။ အဲ့ဒါကတော့ အိုင်းလိုင်နာအရည်နဲ့ မဆွဲခင်မှာ ခဲတံလိုင်နာလေးနဲ့ တစ်ကြောင်းဆွဲလိုက်ပါ၊ အဲ့ဒီအပေါ်ကမှ အရည်အိုင်းလိုင်နာကိုထပ်ဆွဲပေးမယ်ဆိုရင် ညီညာလှပတဲ့ အိုင်းလိုင်နာမျဉ်းလေးကို ရပြီပဲ ဖြစ်ပါတယ် …။

(၂) မျက်တောင်ကော့တဲ့အခါမှာ မျက်တောင်ကော့ကိရိယာလေးနဲ့ ကော့ပေမယ့် ဘာမှထူးမလာဘူး၊ အဲ့ဒီထက် ပိုကော့ချင်တယ်ဆိုတဲ့သူလေးတွေကတော့ မျက်တောင်ကော့ကိရိယာကို ရေနွေးထဲမှာ ခဏလောက်စိမ်ပြီးမှ မျက်တောင်လေးတွေကို ကော့ပေးလိုက်ပါ။ ကော့ညွှတ်လှပတဲ့ မျက်တောင်လေးတွေကို ရပြီး အချိန်လည်း ပိုကြာကြာခံတာကို တွေ့ရမှာပဲ ဖြစ်ပါတယ် …။

(၃) မျက်လုံးကျယ်ကျယ်လေးတွေ လိုချင်ရင် အောက်မျက်ခမ်းလေးတွေကို အိုင်းလိုင်နာအဖြူနဲ့ ခြယ်ပေးလိုက်ပါ။ ဝိုင်းစက်လှပတဲ့ မျက်လုံးလေးတွေကို ရပါလိမ့်မယ် …။

(၄) အပြင်သွားခါနီးမှာ ခေါင်းလျှော်ဖို့အချိန်လည်း မရှိဘူး၊ ဆံပင်တွေကလည်း ပြားကပ်ပြီး ပုံမကျဖြစ်နေတယ်ဆိုရင် ဘေဘီပေါင်ဒါကို လက်ထဲထည့်ပြီး ဆံပင်အရင်းကနေ ဖွပေးပါ၊ ပြီးရင် Dryer နဲ့ ကိုယ်လိုချင်တဲ့ပုံစံရအောင် ပုံသွင်းလို့ရပါပြီ …။

(၅) မျက်နှာအဆီပြန်တဲ့သူတွေက ဖောင်ဒေးရှင်း မလိမ်းဘဲ ပေါင်ဒါတန်းမလိမ်းလိုက်ပါနဲ့။ ဖောင်ဒေးရှင်းလိမ်း၊ ကွန်ဆီလာလိမ်းပြီးမှ ပေါင်ဒါကို ခပ်ပါးပါးလေးလိမ်းပေးမယ်ဆိုရင် ပိုကြည့်ကောင်းပြီး အဆီပြန်တာကိုလည်း ထိန်းသိမ်းပေးနိုင်ပါတယ်နော် …။

(၆) ဆံပင်ပုံစံတစ်မျိုးတည်းကို အကြာကြီးထားထားရင် ကိုယ့်ကိုယ်လည်း ငြီးငွေ့လာပြီး ကြာလာရင် မလန်းဆန်းတဲ့ အသွင်မျိုး ဖြစ်လာတတ်ပါတယ်။ ဆံပင်အရှည်ထားမယ်ဆိုရင်တောင် နှစ်လတစ်ခါလောက် ဆိုင်မှာ ဆံပင်တိပေးတာမျိုး၊ အရှေ့ဆံပင်ပုံလေးတွေ ပြောင်းတာမျိုးလုပ်ပေးမယ်ဆို အပြောင်းအလဲဖြစ်ပြီး အမြဲသစ်လွင်လှပနေပါလိမ့်မယ် …။

(၇) ဆံပင်အပြောင်သိမ်းတဲ့ပုံစံက လူတိုင်းနဲ့မလိုက်ပါဘူး။ တကယ်လို့ သင်ကလည်း အဲ့လိုဆံပင်အပြောင်သိမ်းတဲ့ပုံစံမျိုးမလုပ်ဖူးဘူးဆိုရင် တစ်ခါလောက်တော့ လုပ်ကြည့်သင့်ပါတယ်။ အဲ့ဒီဆံပင်ပုံစံမျိုးလုပ်ရင် သင်နဲ့လိုက်ဖက်တဲ့အင်္ကျ ီပုံစံမျိုးကိုပဲ ရွေးဝတ်ပါ …။

(၈) နှုတ်ခမ်းနီအရောင်အမျိုးမျိုးဆိုးမှ လှတာ မဟုတ်ပါဘူးနော်။ တခါတလေ အရောင်မပါတဲ့ နှုတ်ခမ်းနီအဆီကို အိတ်ထဲ ထည့်ထားပြီး အမြဲဆိုးပေးပါ။ သဘာဝဆန်ပြီး စိုပြည်တဲ့ နှုတ်ခမ်းလေးက ပိုဆွဲဆောင်မှုရှိနေတာကို သိရမှာပါ …။

(၉) မျက်ခုံးမွေးပါးတဲ့သူတွေအနေနဲ့လည်း မျက်ခုံးဆွဲခဲတံနဲ့ ခပ်ပါးပါးလေးဆွဲပြီး eyebrow powder နဲ့ ထပ်ဆွဲပေးလိုက်ပါ။ မျက်ခုံးထူထူလှလှလေး ရပါလိမ့်မယ် …။

(၁၀) လက်သည်းနီတွေ အမျိုးမျိုးပြောင်းဆိုးလို့ ခြေသည်း၊ လက်သည်းတွေဝါနေရင် အဖြူရောင်သွားတိုက်ဆေးနဲ့ ပွတ်တိုက်ပေးလိုက်ရုံနဲ့ လက်သည်းလေးတွေ သဘာဝအရောင်အတိုင်းဖြစ်သွားမှာပါနော် …။

MAY THAZINHTOO

zc

The author didn't add any Information to his profile yet.

Leave a comment

Your email address will not be published. Required fields are marked. *