
By / 4 months ago / Up to Date News / No Comments






အမွှာညီနောင်

Unicode

အဖေတူ အမေကွဲ အစ်ကို မှ ညီမ ဖြစ်သူအား သားမယား အကြိမ်ကြိမ် ပြုကျင့်

မွန်ပြည်နယ် မုဒုံမြို.နယ် ကော. ခပုံ ကျေးရွာ အလည်ပိုင်း ရထားလမ်း အနီးနေ. ဒေါ်…. ၏ သမီး မ….. ( ၁၂ ) နှစ် အရွယ် ခလေးအား ဒေါ်….၏ ခင်ပွန်း ဖြစ်သူ ဦး…. ယခင် အိမ်ထောင် မှ ပါလာသော သား မောင်ပိုင်စိုးသူ ( ခ ) အဘိုင် ၂၁ နှစ် မှ အလို မတူဘဲ သားမယား အဖြစ် အကြိမ်ကြိမ် ပြုခဲ့ ကြောင့် အိမ်နီးချင်း များ၏ ပြောပြချက် များအရ သိရ၍ …

သမီး ဖြစ်သူ မ….. ( ၁၂ ) အား မေးမြန်း ရာ မ…. မှ အစ်ကို ဖြစ်သူ ပိုင်စိုးသူ မှ မိမိအား သာမယားအဖြစ် အကြိမ်ကြိမ် ပြုကျင့် ခဲ့ကြောင်း ပြောသဖြင့် မိခင် ဖြစ်သူ ဒေါ်….. မှ မွန်ပြည်နယ် မုဒုံမြို.နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါ်မြသိင်္ဂီမော် အား ဖြစ်စဉ်နှင့်ပတ်သက်၍ သွားရောက် ပြောပြသဖြင့် …

၁၈ ရက်နေ. ၁၄:၀၀ ခန်.အချိန်တွင် ဒေါ်မြသိင်္ဂီမော် မှ နစ်နာသူ အား မုဒုံမြို.နယ် မြို.နယ် ရဲတပ်ဖွဲ့ရုံးသို. ကူညီ ခေါ်ဆောင် သွားပြီး မြို့နယ် ရဲတပ်ဖွဲ့မှူး အား အကျိုးကြောင်း ပြောပြရာ မြို.နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မိုးလွင်ဦးမှ သက်ငယ် မုဒိန်းမှု ကျုးလွန်သူ ပိုင်စိုးသူအား အချိန်မှီ ဖမ်းစီး နိုင်ရေးအတွက် ရဲတပ်ဖွဲ.ဝင်များအား ညွန်ကြားခဲ့ပြီး ကျူးလွန် သူအား ၁၆:၀၀ ခန်.အချိန်တွင် ဖမ်းစီး ရမိခဲ့ကြောင်း သိရှိခဲ့ ရပါတယ် … ။

၎င်း ဖြစ်စဉ်နှင့် ပတ်သက်၍ မုဒုံမြို.နယ် မြို.မ ရဲစခန်းမှ သက်ငယ် မုဒိန်းမှု ကျုးလွန်သူ ပိုင်စိုးသူ အား ပ ( ၂၂၄၀ / ၂၀၁၉ ) ရာဇသတ်ကြီး ပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်ထားကြောင်း သတင်း ရရှိပါတယ် … ။

အမွှာညီနောင်

zc

The author didn't add any Information to his profile yet.

Leave a comment

Your email address will not be published. Required fields are marked. *