နမ့္ခမ္းၿမိဳ႕မွာ မိသားစုလိုက္ ေရာင္းစားခံရတဲ့ ျဖစ္ရပ္

By / 4 months ago / Blog / No Comments
နမ့္ခမ္းၿမိဳ႕မွာ မိသားစုလိုက္ ေရာင္းစားခံရတဲ့ ျဖစ္ရပ္

နမ့္ခမ္းၿမိဳ႕မွာ မိသားစုလိုက္ ေရာင္းစားခံရတဲ့ ျဖစ္ရပ္

နမ့္ခမ္းၿမိဳ႕မွာ မိသားစုလိုက္ လူကုန္ကူးမႈ အျဖစ္ ေရာင္းစားခံရ….. ။ ။ ။

ေမ ၁၇ မူဆယ္

ရွမ္းျပည္နယ္ ေျမာက္ပိုင္း၊ ကြတ္ခိုင္ၿမိဳ႕နယ္ ၊ မိုင္းယုေလး႐ြာတြင္ ေနထိုင္သည့္ သားမိ ေလးေယာက္ကို နမ့္ခမ္းၿမိဳ႕နယ္တြင္ ေနထိုင္သည့္ လီမိန္းက်ိန္း ဆိုသည့္ အမ်ိဳးသမီးမွ ဦးေဆာင္ၿပီး တ႐ုတ္ျပည္သို႔ လူကုန္ကူး အျဖစ္ ေရာင္းစားခဲ့ တာေၾကာင့္ …… က်ဴးလြန္သူ ေလးဦးကို မိသားစုဝင္မ်ား က သတင္း ရရွိၿပီး ျပည္သူစစ္မ်ား အကူအညီႏွင့္ ဖမ္းဆီးရမိေၾကာင္း မိသားစုဝင္မ်ားထံမွသိရသည္ ။

“ ကေလးႏွစ္ေယာက္နဲ႔ သူ႔အေမကို ေရာင္းစားလိုက္တာ ….. ဒီႏွစ္ ႏွစ္လပိုင္း ကပါ သူအေဖကအလုပ္သြား ေနတာ အိမ္မွာ မရွိဘူး ….အခု ေရာင္းစားခံရတဲ့ သားမိ သုံးေယာက္က က်ေနာ္ တူရဲ႕ မိန္းမနဲ႔ ကေလးေတြပါ ….. ။

ေရာင္းတာေတာ့ သားမိ ေလးေယာက္လုံး ေရာင္းတာ သားအငယ္ ႏွစ္ေယာက္နဲ႔ သူအေမကိုပဲ တ႐ုတ္ေတြက ဝယ္တယ္တဲ့ သမီးအႀကီးေလးကို မဝယ္ေတာ့ ေရာင္းစားတဲ့ သူေတြက နမ့္ခမ္းျပန္ပို႔ထားလို႔ အခုလို ဖမ္းမိတာပါ ” ဟု ေရာင္းစားခံ သူ၏ ဦးေလး ျဖစ္သူက ေျပာသည္ ….. ။

ေရာင္းမရလို႔ က်န္ခဲ့တဲ့ ကေလးကို ေရာင္းစား သူေတြရဲ႕ အိမ္မွာ ထားၿပီး ဝယ္သူမရွိေသးလို႔ အခုလိုက်န္ေနတာ ပါသြားတဲ့ ကေလး ႏွစ္ေယာက္ ကေတာ့ ေသလားရွင္လား စုံစမ္း မရေသးဘူး ….. က်န္ခဲ့တဲ့ ကေလးက စိတ္ဒဏ္ရာ ရၿပီး ေၾကာက္လန႔္ေနတယ္ ….ၿပီးေတာ့ နည္းနည္းလည္း ေၾကာင္သလို ျဖစ္ေနတယ္

သူတို႔ ေဆးေတြဘာေတြ တိုက္ထားလားလည္းမသိဘူး။ ဟု ၎ကဆက္ေျပာသည္ …. ။ေရာင္းစားခံရသည့္ ကေလးအေမမွာ အသက္ (၃၀) ဝန္က်င္ရွိၿပီျဖစ္ၿပီး ကေလး ေယာက္က်ာၤးေလး ႏွစ္ေယာက္မွာေတာ့ ေလးႏွစ္ေက်ာ္ တစ္ေယာက္ တစ္ႏွစ္ေက်ာ္တစ္ေယာက္နဲ႔ မေရာင္းရေသးပဲက်န္ေနခဲ့ သမီးအႀကီးမွာ ခုႏွစ္ႏွစ္ျဖစ္သည္။

လူကုန္ကူးခံရသူမ်ားကို တ႐ုတ္ႏိုင္ငံ၊ ယူနန္ျပည္နယ္၊ ထိန္ခ်ဳံးၿမိဳ႕မွာ ေရာင္းစားခဲ့ေၾကာင္း ဖမ္းဆီးရမိသည့္ လူကုန္သူမူက်ဴးလြန္သူမ်ားက ဝန္ခံေျပာဆိုသည္ ….. ။

ယခု ျပစ္မူက်ဴးလြန္မ်ားကို ပန္းေဆးျပည္သူ႔စစ္ဌာနခ်ဳပ္၏လက္ေအာက္ခံ နမ့္ခမ္းၿမိဳ႕ေပၚမွ ျပည္သူ႔စစ္ကသုံးရက္ၾကာ ထိန္းသိမ္းထားသည့္ အခ်ိန္တြင္ က်ဴးလြန္သူ အမ်ိဳးသမီး တစ္ဦးထြက္ေျပးသြားၿပီး …..က်န္ရွိသည့္ သုံးဦးကို ယေန႔ေမလ (၁၇)ရက္တြင္ နမ့္ခမ္း ၿမိဳ႕မ ရဲစခန္းကိုသြားေရာက္အပ္ႏွံမည္ျဖစ္ေၾကာင္း သိရၿပီး ပစ္မူက်ဴးလြန္သူမ်ားသည္။ အမ်ိဳးသမီး သုံဦး အမ်ိဳးသားတစ္ဦးျဖစ္သည္ ….. ။

သတင္း/ဓာတ္ပုံ / by- လီေရွာမ်ိဳးဆက္ #Kan Baw Za

Unicode

နမ့်ခမ်းမြို့မှာ မိသားစုလိုက် ရောင်းစားခံရတဲ့ ဖြစ်ရပ်

နမ့်ခမ်းမြို့မှာ မိသားစုလိုက် လူကုန်ကူးမှု အဖြစ် ရောင်းစားခံရ….. ။ ။ ။

မေ ၁၇ မူဆယ်

ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ် ၊ မိုင်းယုလေးရွာတွင် နေထိုင်သည့် သားမိ လေးယောက်ကို နမ့်ခမ်းမြို့နယ်တွင် နေထိုင်သည့် လီမိန်းကျိန်း ဆိုသည့် အမျိုးသမီးမှ ဦးဆောင်ပြီး တရုတ်ပြည်သို့ လူကုန်ကူး အဖြစ် ရောင်းစားခဲ့ တာကြောင့် …… ကျူးလွန်သူ လေးဦးကို မိသားစုဝင်များ က သတင်း ရရှိပြီး ပြည်သူစစ်များ အကူအညီနှင့် ဖမ်းဆီးရမိကြောင်း မိသားစုဝင်များထံမှသိရသည် ။

“ ကလေးနှစ်ယောက်နဲ့ သူ့အမေကို ရောင်းစားလိုက်တာ ….. ဒီနှစ် နှစ်လပိုင်း ကပါ သူအဖေကအလုပ်သွား နေတာ အိမ်မှာ မရှိဘူး ….အခု ရောင်းစားခံရတဲ့ သားမိ သုံးယောက်က ကျနော် တူရဲ့ မိန်းမနဲ့ ကလေးတွေပါ ….. ။

ရောင်းတာတော့ သားမိ လေးယောက်လုံး ရောင်းတာ သားအငယ် နှစ်ယောက်နဲ့ သူအမေကိုပဲ တရုတ်တွေက ဝယ်တယ်တဲ့ သမီးအကြီးလေးကို မဝယ်တော့ ရောင်းစားတဲ့ သူတွေက နမ့်ခမ်းပြန်ပို့ထားလို့ အခုလို ဖမ်းမိတာပါ ” ဟု ရောင်းစားခံ သူ၏ ဦးလေး ဖြစ်သူက ပြောသည် ….. ။

ရောင်းမရလို့ ကျန်ခဲ့တဲ့ ကလေးကို ရောင်းစား သူတွေရဲ့ အိမ်မှာ ထားပြီး ဝယ်သူမရှိသေးလို့ အခုလိုကျန်နေတာ ပါသွားတဲ့ ကလေး နှစ်ယောက် ကတော့ သေလားရှင်လား စုံစမ်း မရသေးဘူး ….. ကျန်ခဲ့တဲ့ ကလေးက စိတ်ဒဏ်ရာ ရပြီး ကြောက်လန့်နေတယ် ….ပြီးတော့ နည်းနည်းလည်း ကြောင်သလို ဖြစ်နေတယ်

သူတို့ ဆေးတွေဘာတွေ တိုက်ထားလားလည်းမသိဘူး။ ဟု ၎င်းကဆက်ပြောသည် …. ။ရောင်းစားခံရသည့် ကလေးအမေမှာ အသက် (၃၀) ဝန်ကျင်ရှိပြီဖြစ်ပြီး ကလေး ယောက်ကျာၤးလေး နှစ်ယောက်မှာတော့ လေးနှစ်ကျော် တစ်ယောက် တစ်နှစ်ကျော်တစ်ယောက်နဲ့ မရောင်းရသေးပဲကျန်နေခဲ့ သမီးအကြီးမှာ ခုနှစ်နှစ်ဖြစ်သည်။

လူကုန်ကူးခံရသူများကို တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ထိန်ချုံးမြို့မှာ ရောင်းစားခဲ့ကြောင်း ဖမ်းဆီးရမိသည့် လူကုန်သူမူကျူးလွန်သူများက ဝန်ခံပြောဆိုသည် ….. ။

ယခု ပြစ်မူကျူးလွန်များကို ပန်းဆေးပြည်သူ့စစ်ဌာနချုပ်၏လက်အောက်ခံ နမ့်ခမ်းမြို့ပေါ်မှ ပြည်သူ့စစ်ကသုံးရက်ကြာ ထိန်းသိမ်းထားသည့် အချိန်တွင် ကျူးလွန်သူ အမျိုးသမီး တစ်ဦးထွက်ပြေးသွားပြီး …..ကျန်ရှိသည့် သုံးဦးကို ယနေ့မေလ (၁၇)ရက်တွင် နမ့်ခမ်း မြို့မ ရဲစခန်းကိုသွားရောက်အပ်နှံမည်ဖြစ်ကြောင်း သိရပြီး ပစ်မူကျူးလွန်သူများသည်။ အမျိုးသမီး သုံဦး အမျိုးသားတစ်ဦးဖြစ်သည် ….. ။

သတင်း/ဓာတ်ပုံ / by- လီရှောမျိုးဆက် #Kan Baw Za

Unicode

zc

The author didn't add any Information to his profile yet.

Leave a comment

Your email address will not be published. Required fields are marked. *