Puppey ေရးတဲ့ပန္းခ်ီကားတိုင္းကို အသက္၀င္ေအာင္လုပ္ေပးနိင္သူ MidOne ရဲ႕အေၾကာင္း

Puppey ေရးတဲ့ပန္းခ်ီကားတိုင္းကို အသက္၀င္ေအာင္လုပ္ေပးနိင္သူ MidOne ရဲ႕အေၾကာင္း

Puppey ေရးတဲ့ပန္းခ်ီကားတိုင္းကို အသက္၀င္ေအာင္လုပ္ေပးနိင္သူ MidOne ရဲ႕အေၾကာင္း

Team Secret ရဲ႕ Position 2 ကစားသမားျဖစ္သူ MidOne ရဲ႕ နာမည္အရင္းကေတာ့ Yeik Nai Zheng ျဖစ္ပါတယ္။

သူ႔ကို ၁၉၉၆ ခုႏွစ္ ဇြန္လ ၃ ရက္ေန႔မွာ ေမြးဖြားခဲ့တာျဖစ္လို႔ အခုမွ ၂၂ ႏွစ္သာ ရွိပါေသးတယ္။

သူဟာ မေလးရွားနိင္ငံသားတစ္ဦးျဖစ္တာမလို႔ Mushi နဲ႔ တစ္နိင္ငံထဲသားေတြ ျဖစ္ပါတယ္။

သူဟာ မေလးရွားနိင္ငံမွာရွိတဲ့ Multimedia University (Melaka) မွာ mechanical engineering ကို ေလ့လာဆည္းပူးေနပါတယ္။

သူ႔အေနနဲ႔ MidOne ဆိုတဲ့ ID အျပင္ Miduan ဆိုတဲ့ ID ကိုလည္း အသံုးျပဳေလ့ရွိပါတယ္။

(Realman – MidOne ကို ကၽြန္ေတာ္စသိခဲ့တာ ကၽြန္ေတာ့္သူငယ္ခ်င္း 7k တစ္ေယာက္ရဲ႕ Ranked Match ပြဲမွာျဖစ္ပါတယ္။

“Miduan ဆိုေတာ့ Mushi ရဲ႕ ေနာက္ထပ္ ID တစ္ခုလား”လို႔ ကၽြန္ေတာ့္သူငယ္ခ်င္းကို ေမးၾကည့္ေတာ့

သူက “မဟုတ္ဘူးသားႀကီး။ ဒီတစ္ေယာက္က အသစ္ကြ”လို႔ျပန္ေျဖခဲ့ပါတယ္။

သူ႔ MMR ကိုၾကည့္ၾကည့္ေတာ့လည္း 7900 ေက်ာ္ဆိုေတာ့ ဆက္ၾကည့္ျဖစ္ခဲ့ပါတယ္။ (အဲ့ဒီေခတ္က 9k ေတြမရွိေသးပါ)

သူကစားတာေကာင္းေပမယ့္ သူကိုင္ထားတာက သမင္မဆိုေတာ့ အဲ့ေလာက္ႀကီးလုပ္ကြက္က မထြက္ဘူး။

အဲ့ဒါနဲ႔ သိပ္မၾကာပါဘူး။

MidOne တို႔႐ႈံးၿပီးေတာ့ ကၽြန္ေတာ့္သူငယ္ခ်င္းတို႔အဖြဲ႕နိင္သြားတယ္။

အဲ့ပြဲၿပီးေတာ့ သူ႔ကို ေမ့ေမ့ေပ်ာက္ေပ်ာက္ပါပဲ။

ဒါေပမဲ့ သိပ္မၾကာခင္မွာပဲ Fnatic နဲ႔အတူ MidOne ဆိုတဲ့ နာမည္ႀကီးက SEA မွာ ဟိန္းထြက္လာပါေတာ့တယ္)

သူ႔ရဲ႕ Signature Hero သံုးေကာင္က Invoker, Ember နဲ႔ Monkey King တို႔ျဖစ္ပါတယ္။

ဒါေပမဲ့ မၾကာခင္မွာ Jarkio တို႔ Dazzle တို႔လည္း ပါလာဖြယ္ရွိေနပါတယ္။

သူ႔ကို ေဒါသကုမၼာရ Puppey ႀကီးလည္းမနိင္ပဲ လႊတ္ထားရပါတယ္။

သူ႔ရဲ႕ Nature ကိုက ႐ႈံးနိမ့္မွာကို မေၾကာက္တတ္ပဲနဲ႔ အ႐ံႈးေတြထဲကေန သင္ခန္းစာယူၿပီးေတာ့ ကိုယ့္ကိုကိုယ္ပိုၿပီးတိုးတက္လာေအာင္လုပ္တတ္တဲ့ Nature ျဖစ္ပါတယ္။

ဒါေၾကာင့္မလို႔ တီထြင္ဆန္းသစ္တာကို အရမ္းသေဘာက်တဲ့ နည္းပညာပါရဂူ Puppey က w33, EE တို႔နဲ႔တုန္းကလိုမဟုတ္ပဲနဲ႔ MidOne ကို စိတ္ႀကိဳက္လုပ္ပိုင္ခြင့္ ေပးထားဟန္ရွိပါတယ္။

MidOne ရဲ႕ကစားသမားဘ၀ Total Earning က $1,278,211 ျဖစ္ပါတယ္။

MidOne အေနနဲ႔ Video ဂိမ္းေတြကို အလြန္ငယ္႐ြယ္တဲ့ကေလးဘ၀မွာထဲက အရမ္းႀကိဳက္ခဲ့သူျဖစ္ပါတယ္။

သူပထမဆံုးစကစားခဲ့တဲ့ ဗီဒီယိုဂိမ္းက Gameboy က Tetris ဆိုတဲ့ဂိမ္းျဖစ္ၿပီး အဲ့ဒီအခ်ိန္မွာ သူ႔အသက္က ၃ ႏွစ္ေက်ာ္ ၄ ႏွစ္ပဲ ရွိပါေသးတယ္။

ေနာက္ေတာ့ console gaming ကိုေျပာင္းလဲခဲ့ၿပီး Final Fantasy series ေတြကို P1 မွာကစားခဲ့ပါတယ္။

သူ႔အသက္ ၇ ႏွစ္အေရာက္မွာေတာ့ ကြန္ပ်ဴတာဂိမ္းေတြကို စၿပီးေတာ့ ကစားခဲ့ပါတယ္။

Dota ေတာ့မဟုတ္ေသးပဲ သူ႔အစ္ကိုကစားေနတဲ့ Sonic and Rayman ဂိမ္းေတြပါ။

သူ Dota ကိုဘယ္အခ်ိန္မွာစၿပီးေတာ့ စိတ္၀င္စားလာလဲဆိုေတာ့ Dota ကေန Dota 2 ေခတ္ကိုေျပာင္းတဲ့အခ်ိန္မွာ Semi Pro အသင္းေတြက Pro အသင္းေတြျဖစ္လာတာကို ျမင္ေတြ႔ခဲ့ခ်ိန္မွာျဖစ္ပါတယ္။

ဒါေၾကာင့္မလို႔ Dota ကို စတင္ေလ့လာခဲ့ပါေတာ့တယ္။

သူ႔အစ္ကိုဆီကေန ေလ့လာခဲ့ျခင္းျဖစ္ၿပီး သူ႔အစ္ကိုအရင္းနဲ႔ေရာ သူ႔အစ္ကို၀မ္းကြဲေတြနဲ႔ပါ ေတာက္ေလွ်ာက္ 1v1 ေတြကစားခဲ့ၿပီးေတာ့ ေလ့က်င့္ခဲ့ပါတယ္။

အဲ့လိုေလ့က်င့္ခဲ့ရာမွာ သူ႔အေနနဲ႔ေတာက္ေလွ်ာက္႐ႈံးနိမ့္ခဲ့ေပမဲ့ စိတ္ဓာတ္လံုး၀မက်ခဲ့ပဲ တစ္ေျဖးေျဖးနဲ႔ ၿပိဳင္ပြဲအသြင္ကစားရတာကို ႏွစ္သက္လာၿပီး kYxY လိုမ်ိဳး ပရိုကစားသမားေတြကို အနိင္ယူခ်င္စိတ္က တစ္ေန႔တစ္ျခားျပင္းထန္လာပါတယ္။

သူ႔အေနနဲ႔ အသက္ ၁၃ ႏွစ္မွာပဲ SMM ၿပိဳင္ပြဲရဲ႕ Qualifier ကို၀င္ေရာက္ခဲ့ၿပီး ဒုတိယရခဲ့ပါတယ္။

ေနာက္ႏွစ္အနည္းအတြင္းမွာ MidOne ဟာ Dota Knowledge နဲ႔ အေတြ႔အၾကံဳေတြရရွိဖို႔အတြက္ မေလးရွားမွာရွိတဲ့ ၿပိဳင္ပြဲငယ္ေလးေတြကို ေတာက္ေလွ်ာက္၀င္ကစားခဲ့ပါတယ္။

အဲ့လိုကစားေနခ်ိန္မွာပဲ သူ႔အေနနဲ႔ သူ႔ရဲ႕ Solo MMR ကိုလည္း တိုးတက္လာေအာင္ လုပ္ေနခဲ့ပါတယ္။

သူ႔အဲ့လိုမ်ိဳး Amateur ဘ၀နဲ႔ ၿပိဳင္ပြဲေတြလိုက္ကစားေနတာကို သူ႔မိဘေတြေရာ သူ႔သူငယ္ခ်င္းေတြပါအားမေပးခဲ့ၾကပဲ Dota မကစားေတာ့ဖို႔ကို ၀ိုင္းၿပီးေတာ့ ေျပာခဲ့ၾကပါတယ္။

ဒါေပမဲ့ ေနာက္ပိုင္းသူ Professional ကစားသမားျဖစ္လာခ်ိန္မွာေတာ့ သူ႔မိဘေတြေရာ သူငယ္ခ်င္းေတြကပါ ၀ိုင္း၀န္းၿပီးေတာ့ အာေပးေထာက္ခံခဲ့ၾကပါတယ္။

သူ႔အေနနဲ႔ ၿပိိဳင္ပြဲေတြမွာ ေတာက္ေလွ်ာက္႐ႈံးနိမ့္ၿပီးေတာ့ Dota ကစားသမားဘ၀ကို စြန္႔လႊတ္ဖို႔အတြက္ နီးစပ္ခဲ့ေပမဲ့ ၿပိဳင္ပြဲတစ္ခုက သူ႔ဘ၀ကိုေျပာင္းလဲေစခဲ့ပါတယ္။

အဲ့ဒီၿပိဳင္ပြဲကေတာ့ 2015 Mountain Dew Dota 2 Challenge ျဖစ္ၿပီးေတာ့ MidOne ဟာ သူ႔သူငယ္ခ်င္းေတြနဲ႔ Team DOT ကိုဖြဲ႔ၿပီးေတာ့ ၀င္ကစားခဲ့ပါတယ္။

သူတို႔ region ျဖစ္တဲ့ Penang မွာ Qualifiers ကိုေအာင္ျမင္ၿပီးတဲ့ေနာက္မွာ Main Event ကိုေရာက္ရွိခဲ့ၿပီး ေတာက္ေလွ်ာက္အနိင္ယူကာ Grand Finals မွာေတာ့ Team GIZMO ကို ၃ – ၀ ဆိုတဲ့ရလဒ္နဲ႔ အနိင္ယူဗိုလ္စြဲခဲ့ၿပီး ဆုေၾကး RM60,000 ကိုလည္းရယူနိင္ခဲ့ပါတယ္။

အဲ့ဒီၿပိဳင္ပြဲမွာ ခ်န္ပီယံျဖစ္ၿပီးတဲ့ေနာက္ ၂၀၁၅ ခုႏွစ္ ဇူလိုင္လ ၇ ရက္ေန႔မွာေတာ့ Fnatic ရဲ႕မန္ေနဂ်ာျဖစ္သူ Eric ကေန MidOne ကို Fnatic မွာ လာကစားဖို႔အတြက္ ကမ္းလွမ္းခဲ့ပါေတာ့တယ္။

MidOne အေနနဲ႔ ရလာတဲ့အခြင့္အေရးကို လက္လြတ္မခံပဲနဲ႔ လက္ခံခဲ့ပါတယ္။

၂၀၁၆ ခုႏွစ္ ဧၿပီလအေရာက္မွာေတာ့ MidOne ဟာ 8k MMR ကိုေရာက္ရွိတဲ့ ပထမဆံုး SEA Server က ကစားသမား ျဖစ္လာပါေတာ့တယ္။

Fnatic မွာ ကိုးလေလာက္ကစားၿပီး ၂၀၁၆ ခုႏွစ္ ၾသဂုတ္လ ၂၇ ရက္ေန႔အေရာက္မွာေတာ့ Team Secret ကို ေရာက္ရွိခဲ့ပါေတာ့တယ္။

Fnatic နဲ႔အတူ StarLadder StarSeries S2 မွာ တတိယနဲ႔ TI6 မွာ စတုတၳေနရာတို႔ကို ရယူနိင္ခဲ့ပါတယ္။

Team Secret မွာလည္း MidOne အေနနဲ႔ ေတာက္ေလွ်ာက္အေကာင္းဆံုးႀကိဳးစားကစားခဲ့ၿပီး ေအာင္ျမင္မႈတစ္ခ်ိဳ႕ကိုလည္း ရယူနိင္ခဲ့ပါတယ္။

ဒါေပမဲ့ TI နဲ႔ေတာ့ ကံမစပ္ေသးဘူးလို႔ပဲေျပာရမွာျဖစ္ၿပီး အခုထိမရယူနိင္ေသးပါဘူး။

ဒါေပမဲ့ Puppey ရဲ႕ဦးေဆာင္မႈေအာက္မွာ MidOne အေနနဲ႔ မၾကာခင္မွာပဲ ရယူနိင္ေတာ့မယ္လို႔ေတာ့ ေမွ်ာ္လင့္ရပါတယ္။

ဒီရာသီ Major ၄ ခုမွာ ၃ ခုအထိ ဗိုလ္လုပြဲေရာက္ခဲ့ၿပီး ၂ ႀကိမ္တိုင္တိုင္ ခ်န္ပီယံျဖစ္ထားပါတယ္။

ဒါ့အျပင္ MidOne နဲ႔ Team Secret တို႔ရဲ႕လက္စြမ္းကလည္း အခုအခ်ိန္မွာၿပိဳင္ဘက္ကင္းေနပါတယ္။

ဒါေပမယ့္ TI ေရာက္ရင္ လက္စြမ္းေကာင္းေတြေပ်ာက္ဆံုးသြားတတ္တဲ့အစဥ္အလာေၾကာင့္ ရင္တထိတ္ထိတ္နဲ႔ေတာ့ ဆက္လက္ေစာင့္ၾကည့္သြားရဦးမွာျဖစ္ပါတယ္ခင္ဗ်ာ။

Unicode Version

Puppey ရေးတဲ့ပန်းချီကားတိုင်းကို အသက်ဝင်အောင်လုပ်ပေးနိင်သူ MidOne ရဲ့အကြောင်း

Team Secret ရဲ့ Position 2 ကစားသမားဖြစ်သူ MidOne ရဲ့ နာမည်အရင်းကတော့ Yeik Nai Zheng ဖြစ်ပါတယ်။

သူ့ကို ၁၉၉၆ ခုနှစ် ဇွန်လ ၃ ရက်နေ့မှာ မွေးဖွားခဲ့တာဖြစ်လို့ အခုမှ ၂၂ နှစ်သာ ရှိပါသေးတယ်။

သူဟာ မလေးရှားနိင်ငံသားတစ်ဦးဖြစ်တာမလို့ Mushi နဲ့ တစ်နိင်ငံထဲသားတွေ ဖြစ်ပါတယ်။

သူဟာ မလေးရှားနိင်ငံမှာရှိတဲ့ Multimedia University (Melaka) မှာ mechanical engineering ကို လေ့လာဆည်းပူးနေပါတယ်။

သူ့အနေနဲ့ MidOne ဆိုတဲ့ ID အပြင် Miduan ဆိုတဲ့ ID ကိုလည်း အသုံးပြုလေ့ရှိပါတယ်။

(Realman – MidOne ကို ကျွန်တော်စသိခဲ့တာ ကျွန်တော့်သူငယ်ချင်း 7k တစ်ယောက်ရဲ့ Ranked Match ပွဲမှာဖြစ်ပါတယ်။

“Miduan ဆိုတော့ Mushi ရဲ့ နောက်ထပ် ID တစ်ခုလား”လို့ ကျွန်တော့်သူငယ်ချင်းကို မေးကြည့်တော့

သူက “မဟုတ်ဘူးသားကြီး။ ဒီတစ်ယောက်က အသစ်ကွ”လို့ပြန်ဖြေခဲ့ပါတယ်။

သူ့ MMR ကိုကြည့်ကြည့်တော့လည်း 7900 ကျော်ဆိုတော့ ဆက်ကြည့်ဖြစ်ခဲ့ပါတယ်။ (အဲ့ဒီခေတ်က 9k တွေမရှိသေးပါ)

သူကစားတာကောင်းပေမယ့် သူကိုင်ထားတာက သမင်မဆိုတော့ အဲ့လောက်ကြီးလုပ်ကွက်က မထွက်ဘူး။

အဲ့ဒါနဲ့ သိပ်မကြာပါဘူး။

MidOne တို့ရှုံးပြီးတော့ ကျွန်တော့်သူငယ်ချင်းတို့အဖွဲ့နိင်သွားတယ်။

အဲ့ပွဲပြီးတော့ သူ့ကို မေ့မေ့ပျောက်ပျောက်ပါပဲ။

ဒါပေမဲ့ သိပ်မကြာခင်မှာပဲ Fnatic နဲ့အတူ MidOne ဆိုတဲ့ နာမည်ကြီးက SEA မှာ ဟိန်းထွက်လာပါတော့တယ်)

သူ့ရဲ့ Signature Hero သုံးကောင်က Invoker, Ember နဲ့ Monkey King တို့ဖြစ်ပါတယ်။

ဒါပေမဲ့ မကြာခင်မှာ Jarkio တို့ Dazzle တို့လည်း ပါလာဖွယ်ရှိနေပါတယ်။

သူ့ကို ဒေါသကုမ္မာရ Puppey ကြီးလည်းမနိင်ပဲ လွှတ်ထားရပါတယ်။

သူ့ရဲ့ Nature ကိုက ရှုံးနိမ့်မှာကို မကြောက်တတ်ပဲနဲ့ အရှုံးတွေထဲကနေ သင်ခန်းစာယူပြီးတော့ ကိုယ့်ကိုကိုယ်ပိုပြီးတိုးတက်လာအောင်လုပ်တတ်တဲ့ Nature ဖြစ်ပါတယ်။

ဒါကြောင့်မလို့ တီထွင်ဆန်းသစ်တာကို အရမ်းသဘောကျတဲ့ နည်းပညာပါရဂူ Puppey က w33, EE တို့နဲ့တုန်းကလိုမဟုတ်ပဲနဲ့ MidOne ကို စိတ်ကြိုက်လုပ်ပိုင်ခွင့် ပေးထားဟန်ရှိပါတယ်။

MidOne ရဲ့ကစားသမားဘ၀ Total Earning က $1,278,211 ဖြစ်ပါတယ်။

MidOne အနေနဲ့ Video ဂိမ်းတွေကို အလွန်ငယ်ရွယ်တဲ့ကလေးဘဝမှာထဲက အရမ်းကြိုက်ခဲ့သူဖြစ်ပါတယ်။

သူပထမဆုံးစကစားခဲ့တဲ့ ဗီဒီယိုဂိမ်းက Gameboy က Tetris ဆိုတဲ့ဂိမ်းဖြစ်ပြီး အဲ့ဒီအချိန်မှာ သူ့အသက်က ၃ နှစ်ကျော် ၄ နှစ်ပဲ ရှိပါသေးတယ်။

နောက်တော့ console gaming ကိုပြောင်းလဲခဲ့ပြီး Final Fantasy series တွေကို P1 မှာကစားခဲ့ပါတယ်။

သူ့အသက် ၇ နှစ်အရောက်မှာတော့ ကွန်ပျူတာဂိမ်းတွေကို စပြီးတော့ ကစားခဲ့ပါတယ်။

Dota တော့မဟုတ်သေးပဲ သူ့အစ်ကိုကစားနေတဲ့ Sonic and Rayman ဂိမ်းတွေပါ။

သူ Dota ကိုဘယ်အချိန်မှာစပြီးတော့ စိတ်ဝင်စားလာလဲဆိုတော့ Dota ကနေ Dota 2 ခေတ်ကိုပြောင်းတဲ့အချိန်မှာ Semi Pro အသင်းတွေက Pro အသင်းတွေဖြစ်လာတာကို မြင်တွေ့ခဲ့ချိန်မှာဖြစ်ပါတယ်။

ဒါကြောင့်မလို့ Dota ကို စတင်လေ့လာခဲ့ပါတော့တယ်။

သူ့အစ်ကိုဆီကနေ လေ့လာခဲ့ခြင်းဖြစ်ပြီး သူ့အစ်ကိုအရင်းနဲ့ရော သူ့အစ်ကိုဝမ်းကွဲတွေနဲ့ပါ တောက်လျှောက် 1v1 တွေကစားခဲ့ပြီးတော့ လေ့ကျင့်ခဲ့ပါတယ်။

အဲ့လိုလေ့ကျင့်ခဲ့ရာမှာ သူ့အနေနဲ့တောက်လျှောက်ရှုံးနိမ့်ခဲ့ပေမဲ့ စိတ်ဓာတ်လုံးဝမကျခဲ့ပဲ တစ်ဖြေးဖြေးနဲ့ ပြိုင်ပွဲအသွင်ကစားရတာကို နှစ်သက်လာပြီး kYxY လိုမျိုး ပရိုကစားသမားတွေကို အနိင်ယူချင်စိတ်က တစ်နေ့တစ်ခြားပြင်းထန်လာပါတယ်။

သူ့အနေနဲ့ အသက် ၁၃ နှစ်မှာပဲ SMM ပြိုင်ပွဲရဲ့ Qualifier ကိုဝင်ရောက်ခဲ့ပြီး ဒုတိယရခဲ့ပါတယ်။

နောက်နှစ်အနည်းအတွင်းမှာ MidOne ဟာ Dota Knowledge နဲ့ အတွေ့အကြုံတွေရရှိဖို့အတွက် မလေးရှားမှာရှိတဲ့ ပြိုင်ပွဲငယ်လေးတွေကို တောက်လျှောက်ဝင်ကစားခဲ့ပါတယ်။

အဲ့လိုကစားနေချိန်မှာပဲ သူ့အနေနဲ့ သူ့ရဲ့ Solo MMR ကိုလည်း တိုးတက်လာအောင် လုပ်နေခဲ့ပါတယ်။

သူ့အဲ့လိုမျိုး Amateur ဘဝနဲ့ ပြိုင်ပွဲတွေလိုက်ကစားနေတာကို သူ့မိဘတွေရော သူ့သူငယ်ချင်းတွေပါအားမပေးခဲ့ကြပဲ Dota မကစားတော့ဖို့ကို ဝိုင်းပြီးတော့ ပြောခဲ့ကြပါတယ်။

ဒါပေမဲ့ နောက်ပိုင်းသူ Professional ကစားသမားဖြစ်လာချိန်မှာတော့ သူ့မိဘတွေရော သူငယ်ချင်းတွေကပါ ဝိုင်းဝန်းပြီးတော့ အာပေးထောက်ခံခဲ့ကြပါတယ်။

သူ့အနေနဲ့ ပြိုင်ပွဲတွေမှာ တောက်လျှောက်ရှုံးနိမ့်ပြီးတော့ Dota ကစားသမားဘဝကို စွန့်လွှတ်ဖို့အတွက် နီးစပ်ခဲ့ပေမဲ့ ပြိုင်ပွဲတစ်ခုက သူ့ဘဝကိုပြောင်းလဲစေခဲ့ပါတယ်။

အဲ့ဒီပြိုင်ပွဲကတော့ 2015 Mountain Dew Dota 2 Challenge ဖြစ်ပြီးတော့ MidOne ဟာ သူ့သူငယ်ချင်းတွေနဲ့ Team DOT ကိုဖွဲ့ပြီးတော့ ဝင်ကစားခဲ့ပါတယ်။

သူတို့ region ဖြစ်တဲ့ Penang မှာ Qualifiers ကိုအောင်မြင်ပြီးတဲ့နောက်မှာ Main Event ကိုရောက်ရှိခဲ့ပြီး တောက်လျှောက်အနိင်ယူကာ Grand Finals မှာတော့ Team GIZMO ကို ၃ – ၀ ဆိုတဲ့ရလဒ်နဲ့ အနိင်ယူဗိုလ်စွဲခဲ့ပြီး ဆုကြေး RM60,000 ကိုလည်းရယူနိင်ခဲ့ပါတယ်။

အဲ့ဒီပြိုင်ပွဲမှာ ချန်ပီယံဖြစ်ပြီးတဲ့နောက် ၂၀၁၅ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့မှာတော့ Fnatic ရဲ့မန်နေဂျာဖြစ်သူ Eric ကနေ MidOne ကို Fnatic မှာ လာကစားဖို့အတွက် ကမ်းလှမ်းခဲ့ပါတော့တယ်။

MidOne အနေနဲ့ ရလာတဲ့အခွင့်အရေးကို လက်လွတ်မခံပဲနဲ့ လက်ခံခဲ့ပါတယ်။

၂၀၁၆ ခုနှစ် ဧပြီလအရောက်မှာတော့ MidOne ဟာ 8k MMR ကိုရောက်ရှိတဲ့ ပထမဆုံး SEA Server က ကစားသမား ဖြစ်လာပါတော့တယ်။

Fnatic မှာ ကိုးလလောက်ကစားပြီး ၂၀၁၆ ခုနှစ် သြဂုတ်လ ၂၇ ရက်နေ့အရောက်မှာတော့ Team Secret ကို ရောက်ရှိခဲ့ပါတော့တယ်။

Fnatic နဲ့အတူ StarLadder StarSeries S2 မှာ တတိယနဲ့ TI6 မှာ စတုတ္ထနေရာတို့ကို ရယူနိင်ခဲ့ပါတယ်။

Team Secret မှာလည်း MidOne အနေနဲ့ တောက်လျှောက်အကောင်းဆုံးကြိုးစားကစားခဲ့ပြီး အောင်မြင်မှုတစ်ချို့ကိုလည်း ရယူနိင်ခဲ့ပါတယ်။

ဒါပေမဲ့ TI နဲ့တော့ ကံမစပ်သေးဘူးလို့ပဲပြောရမှာဖြစ်ပြီး အခုထိမရယူနိင်သေးပါဘူး။

ဒါပေမဲ့ Puppey ရဲ့ဦးဆောင်မှုအောက်မှာ MidOne အနေနဲ့ မကြာခင်မှာပဲ ရယူနိင်တော့မယ်လို့တော့ မျှော်လင့်ရပါတယ်။

ဒီရာသီ Major ၄ ခုမှာ ၃ ခုအထိ ဗိုလ်လုပွဲရောက်ခဲ့ပြီး ၂ ကြိမ်တိုင်တိုင် ချန်ပီယံဖြစ်ထားပါတယ်။

ဒါ့အပြင် MidOne နဲ့ Team Secret တို့ရဲ့လက်စွမ်းကလည်း အခုအချိန်မှာပြိုင်ဘက်ကင်းနေပါတယ်။

ဒါပေမယ့် TI ရောက်ရင် လက်စွမ်းကောင်းတွေပျောက်ဆုံးသွားတတ်တဲ့အစဉ်အလာကြောင့် ရင်တထိတ်ထိတ်နဲ့တော့ ဆက်လက်စောင့်ကြည့်သွားရဦးမှာဖြစ်ပါတယ်ခင်ဗျာ။

Realman

The author didn't add any Information to his profile yet.

Leave a comment

Your email address will not be published. Required fields are marked. *