By / 3 days ago / Local News / No Comments
ရိုးသားတဲ့ အိမ်ရှင်တွေ ဒီအိမ်ဖော်တွေရဲ့ ဂျင်းထည့်မခံရဖို့ မျှဝေပေးလိုက်ပါတယ်
သူ့ကိုမုဒိန်းကျင့်လို့ပြန်လာတာပါဆိုတဲ့ ဒီလိုကလိမ်ကကျစ်အိမ်ဖော်များရန်မှ ကင်းဝေးနိုင်ကြပါစေ ။
အိမ်ဖော်ခေါ်တဲ့အိမ်များသတိထားရှောင်နိုင်အောင်လို့တင်ပေးတာပါ။
ပုံထဲကလူတွေဆိုလုံးဝမခေါ်ပါနဲ့လို့စေတနာနဲ့သတိပေးချင်ပါတယ်။
(ပုံကသူများရိုက်ပို့ပေးတာဆိုတော့နည်းနည်းဝါးနေတယ်)
အနီနဲ့ဝိုင်းထားသူတွေကအိမ်ဖော်တွေပါ(အမည် သက်သက်ဝင်းနဲ့သန္တာပါ။
အေါ်နဲ့တူမတော်ပါတယ်အဲ့နှစ်ယောက်က)
အိမ်မဲမြို့နားက ဗိုလ်ဝင်းဆိပ်ရွာကပါ။
ပထမတယောက် အကျီအဖြူနဲ့တယာက်က(အမည်-သက်သက်ဝင်း) အိမ်ရှင်ဆီမှာ အကြောင်းပြချက်ပေါင်းစုံနဲ့အသနားခံ ကတိတွေအစုံပေးပြီး လစာတွေအများကြီးကို ထုတ်ပါတယ် ။
ကျမတို့ဆီမှာခုချိန်ထိ၆လစာလောက်ကျန်နေပါသေးတယ်။
လစာကိုတော့စာချုပ်နဲ့အသိသက်သေတွေနဲ့လက်မှတ်ထိုးပြီးထုတ်ပေးထားတာမို့တော်ပါသေးတယ်။
လစာတွေကြိုထုတ်ပီးထဲကအိမ်ကအဖေနေမကောင်းလို့အမေနေမကောင်းလို့ ကလေးနေမကောင်းလို့ ခဏပြန်လာပါလို့ သူ့အိမ်ကခဏခဏပြန်ခေါ်ပါတယ်။
ကျမတို့ကလုံးဝပြန်မလွှတ်ပါဘူး။
ခုနောက်ဆုံးတခါကျသူ့ ၂ နှစ်အရွယ်သားကအိမ်မဲဆေးရုံမှာအသည်းအသန်ဖြစ်နေလို့ပါဆိုလို့ ပြန်လွှတ်လိုက်ပါတယ်။
အလွန်ဆုံးတပတ်ဆိုပြီး ပြန်ခွင့်ပြုလိုက်တော့နှစ်ပတ်နီးပါးကြာပြန်သွားပါတယ်။
ပြန်လာတော့လဲဆေးကုစရိတ်အကြွေးတင်လာလို့ပိုက်ဆံထပ်ထုတ်ချင်တယ်ပြောပြီးအကြွေးရှင်ဆိုတဲ့မိန်းမတယောက်ကိုပါ အိမ်ထဲခေါ်သွင်းလာပါတယ်။
သူ့အကြွေးရှင်ကလဲပိုက်ဆံမရရင်လုံးဝမပြန်ပါဘူး။
ကိုယ်တွေက ဒါဆိုပိုက်ဆံထပ်ထုတ်ပေးမယ် ။
ဒါပေမဲ့တရားရုံးမှာအသိသက်သေတွေရှေ့မှာ လစာမကျေမချင်း ဘာအကြောင်းကြောင့်မှမပြန်ပါဘူးလို့ လက်မှတ်ထိုးရမယ်ဆိုတော့လည်း လုံးဝမထိုးပါဘူး။
အိမ်သားတွေကမကျန်းမာရင်တော့ ပြန်ရမှာပဲပြောပါတယ်
(လစာလဲအများကြီးကြိုထုတ်ချင်သေး ။
အိမ်သားတွေနေမကောင်းလဲပြန်ချင်သေးတယ်။
တအိမ်လုံးကလဲလူမမာတွေချည်းပါ။ သူတို့ပြောပုံအရဆို)
ကိုယ့်ဆီကပိုက်ဆံမရရင် အိမ်မဲက သူ့ဦးလေးဆီမှာလစာပိုရတယ် ။
သွားလုပ်ပြီးကျမတို့ကိုပြန်ပေးဖို့ကျန်နေတဲ့၆လစာပိုက်ဆံကိုနောက်နှစ်လကြာရင်အရစ်ကျနဲ့ပြန်ဆပ်မယ်ပြောပါတယ်။
ကျမတို့ကလဲဒီအိမ်ဖော်တွေက အရမ်းဇယားနောက်လို့ လစာကျေတဲ့ထိဆက်လုပ်မယ်ဆိုတောင် လက်မခံတော့ပါဘူး။
ကျန်တဲ့လစာတွေပဲတလုံးတခဲပြန်အမ်းခိုင်းလိုက်တယ် ။
မအမ်းနိုင်ရင်လိမ်လည်မှုနဲ့အမှုဖွင့်မယ်ပြောလိုက်တယ်။
(အသေးစိတ်ပြောရင်အရမ်းရှည်သွားမှာစိုးလို့)
နောက်ဆုံးသူ့ကိုအလုပ်ခေါ်တဲ့သူ့ဦးလေးဆိုသူနဲ့ညှိရင်းနဲ့ဒီလကုန်ဦးလေးဖြစ်သူက ကျမတို့ကို၆လစာလုံးငွေပြန်ပေးပြီးမှအဲ့ကောင်မလေးကိုပြန်လွှတ်ပါဆိုပြီးပြေလည်သွားပါတယ်။
လစာအမ်းတဲ့ကိစ္စပြေလည်ပြန်တော့ သူခေါ်လာတဲ့အကြွေးရှင်မိန်းမကိုပြန်လိုက်ပို့ ရမှာမို့လို့ဆိုပြီးခွင့်တရက်နဲ့လမ်းစရိတ်ထပ်တောင်းပါတယ်။
အလိမ်အညာဆင်ခြေကတော့အကြွေးရှင်မိန်းမကနှလုံးရောဂါနဲ့မို့လမ်းမှာတခုခုဖြစ်မှာစိုးလို့ပါတဲ့။
ကျမတို့ကလမ်းစရိတ်လုံးဝထုတ်မပေးတော့သူ့ဟာသူရှာကြံပြန်ပို့မယ်ဆိုပြီး လမ်းထိပ်မှာတွေ့သမျှလူတွေကို အိမ်ရှင်တွေကထမင်းမကျွေးကြောင်း ခုအိမ်ပြန်ဖို့လမ်းစရိတ်တောင်မပေးကြောင်း မူယာမာယာမျိုးစုံသုံး လိမ်လည်ပိုက်ဆံတောင်းပြီးပြန်သွားပါတယ်။
(လမ်းထိပ်ကဆိုင်တွေကကိုယ့်အိမ်နဲ့သိနေလို့ပြန်ပြောပြတာ)
တရားရုံးမှာအမှုဖွင့်ပြီးပြီမို့နောက်တရက်မှာသူပြောတဲ့အတိုင်းပြန်မလာလဲနေပစေဆိုပြီးပြန်ခိုင်းလိုက်တာ။
အဲ့လိုမှမဟုတ်ရင်သူ့အကြွေးရှင်ကိုပါအိမ်မှာခေါ်တင်ကျွေးထားရမဲ့ပုံ။
နောက်တယောက်သန္တာကအဲ့လိုပါပဲ။
ကျမတို့ကို ၇၀၀၀လောက်ပဲပြန်အမ်းဖို့လိုတာမို့ဒီတိုင်းပြန်လွှတ်လိုက်တာပါ။
သူတို့ဘက်ကပြန်အမ်းဖို့ကျန်တာတောင်ပြန်ဖို့လမ်းစရိတ်မရှိလို့ဆိုပြီးထပ်တောင်းနေပါသေးတယ်။
အရှက်မရှိပုံများ ။
သူ့သမီးကိုပြန်လာခေါ်တော့ ချက်ချင်းမခေါ်သွားပဲနှစ်ညအိပ်သွားပါသေးတယ်။
ကလိမ်ကကျစ်တွေဆို အိမ်ကအမေကသိပ်အားနာတယ်။
နောက်ထပ်တညထပ်အိပ်မယ်လုပ်နေလို့ လုံးဝသည်းခံနိုင်တော့လို့ ကျမကိုယ်တိုင်ရန်ကုန်ကနေဖုန်းလှမ်းဆက်ပြီး “အိမ်ရိပ်တောင်လာမနင်းနဲ့။
ခုချက်ချင်းထွက်သွားကြ”လို့ပြောလို့ဘုန်းကြီးကျောင်းသွားအိပ်ရင်းအိမ်ရှင်မကောင်းကြောင်းသတင်းလွှင့်သွားကြပါသေးတယ်။
သူ့အမေကတချိန်လုံးဖုန်းဆက်လစာတွေတောင်းနေတာပါ။
အရင်အိမ်တွေမှာလဲလစာမကျေပဲ အတင်းပြသနာရှာပြီးပြန်ခေါ်ခဲ့တယ်လို့ သတင်းကြားပါတယ် ။
သူ့အဒေါ်ဖြစ်သူသက်သက်ဝင်းကိုယ်တိုင်ကလဲပြောပါတယ်။
အိမ်ရှင်ဆီကအမျိုးမျိုးပိုက်ဆံတောင်း ပိုက်ဆံရရင်အကြောင်းအမျိုးမျိုးပြအိမ်ပြန်ပြီး ပြန်လာပြန်တော့လဲသူတို့ ရှိသမျှအကြွေးပါအိမ်ရှင်ကိုဆပ်ခိုင်းတတ်တဲ့။
အိမ်တကာလှည့်ပြီး ဒီလိုကလိမ်ကကျစ်ကျလိမ်ညာစားသောက်တတ်တဲ့သူမျိုးတွေမို့ အိမ်ရှင်ချင်းကိုယ်ချင်းစာပြီးဝေးဝေးရှောင်နိုင်အောင်တင်ပေးလိုက်တာပါ။
အင်မတန်ကိုယုတ်မာကောက်ကျစ်တဲ့သူတွေပါ ။
တမျိုးလုံးကိုယုတ်တာပါ။
ကလိမ်ကကျစ်အိမ်ဖော်များရန်မှကင်းဝေးနိုင်ကြပါစေရှင်။