ထိုင္း ႏွင့္ ျမန္မာ ပူးေပါင္း ႐ိုက္ကူး သည့္ ‘ မဖဲဝါ ’ ဝိညာဥ္ ဇာတ္ကား စတင္ ႐ိုက္ကူးလ်က္ ရွိၿပီး ႏိုင္ငံ တကာတြင္ ျပသရန္ စီစဥ္ထား

By / 5 days ago / Up to Date News / No Comments
ထိုင္း ႏွင့္ ျမန္မာ ပူးေပါင္း ႐ိုက္ကူး သည့္ ‘ မဖဲဝါ ’ ဝိညာဥ္ ဇာတ္ကား စတင္ ႐ိုက္ကူးလ်က္ ရွိၿပီး ႏိုင္ငံ တကာတြင္ ျပသရန္ စီစဥ္ထား

ထိုင္း ႏွင့္ ျမန္မာ ပူးေပါင္း ႐ိုက္ကူး သည့္ ‘ မဖဲဝါ ’ ဝိညာဥ္ ဇာတ္ကား စတင္ ႐ိုက္ကူးလ်က္ ရွိၿပီး ႏိုင္ငံ တကာတြင္ ျပသရန္ စီစဥ္ထား

ထိုင္းႏွင့္ ျမန္မာ ပူးေပါင္း ႐ိုက္ကူး သည့္ ‘ မဖဲဝါ ’ ဝိညာဥ္ ဇာတ္ကား အား ေမလ ဒုတိယ ပတ္တြင္ စတင္ ႐ိုက္ကူး လ်က္ရွိကာ ယင္း ဇာတ္ကားကို ျမန္မာ ၊ ထိုင္း ႏွင့္ ႏိုင္ငံ တကာ တြင္ ပါ ျပသ ရန္စီစဥ္ ထားသည္ဟု သိရ သည္ ။ ‘ မဖဲဝါ ’ ႐ုပ္ရွင္ ဇာတ္ကားကို ထိုင္း ဒါ႐ိုက္တာ Pakphum Wongjinda က ႐ိုက္ကူးလ်က္ ရွိကာ ထိုင္းႏိုင္ငံမွ မင္းသား Nararphat Stary ၊ ခါရာ၊ Kohtee Aramboy ၊ ပက္ထရစ္ရွာ ၊ အကယ္ဒမီ ေမသၪၨာဦး ၊ ေနာ္ေဖာအယ္ထား ၊ လီလီေက်ာ္ခိုင္ ႏွင့္ ထိုင္း သ႐ုပ္ေဆာင္ မ်ားစြာ တို႔ ပါဝင္ေၾကာင္း သိရ သည္ ။

“ မဖဲဝါ ဇာတ္ကားက ဇာတ္ၫႊန္း ဖတ္တည္းက ေၾကာက္ခဲ့ ရတဲ့ ဇာတ္ကား ေပါ့ ။ ထိုင္းက ဒါ႐ိုက္တာ ႐ိုက္ကူးၿပီး ထိုင္းက သ႐ုပ္ေဆာင္ ေတြနဲ႔ တြဲဖက္ ႐ိုက္ကူးရမွာ ဆိုေတာ့ စိတ္ လႈပ္ရွားတယ္ ။ ဒီ ဇာတ္ကားမွာ ညီမရဲ႕ ခ်စ္သူက ထိုင္း ေကာင္ေလးေပါ့ ။

သူနဲ႔ဆိုရင္ ထိုင္းဘာသာ စကားနဲ႔ ေျပာရမွာ ဆိုေတာ့ ထိုင္း ဘာသာ စကားကို ေသခ်ာ ႀကိဳၿပီး သင္ထား ရတယ္ ။ သူနဲ႔ တကယ္ ရင္းႏွီးမႈ ရွိေအာင္လည္း ဂိမ္းအတူ ေဆာ့ခိုင္း တာမ်ိဳးေတြ လုပ္ခိုင္း တယ္ ။ တကယ္ ႐ိုက္မယ့္အခ်ိန္ မွာလည္း စကား ေျပာကို အာ႐ုံစိုက္ရင္း အမူအရာ လြတ္သြား တာမ်ိဳး ျဖစ္မွာ စိုးတယ္ ။ ဒါေၾကာင့္ ေသခ်ာႀကိဳၿပီး ျပင္ဆင္ ေနပါတယ္ ။

အဝတ္အစားနဲ႔ မိတ္ကပ္ပိုင္းကိုေတာ့သိပ္စိတ္မပူဘူး။ ထိုင္းကအဖြဲ႕ေတြက costume designer နဲ႔ မိတ္ကပ္ပိုင္းေတြကို တစ္ခါတည္းျပင္ဆင္ေပးထားမွာပါ။ ဒီဇာတ္ကားကျမန္မာႏိုင္ငံနဲ႔ ထိုင္းႏိုင္ငံအျပင္ အျခားႏိုင္ငံေတြမွာလည္း ႐ုံတင္မွာဆိုေတာ့ အရမ္းလည္းတာဝန္ႀကီး သလိုအရမ္းလည္း ေပ်ာ္ပါတယ္” ဟု ပက္ထရစ္ရွာက ဆိုသည္။

“ ထိုင္းမွာ သရဲ ဇာတ္ကားေတြ ႐ိုက္ကူးၾကတာ အရမ္း မ်ားတယ္ ။ အခု ျမန္မာ ေတြနဲ႔ ပူးေပါင္းၿပီး ဇာတ္ကား ႐ိုက္ဖို႔ စီစဥ္ တဲ့အခါ မွာ ဒီဇာတ္ကားရဲ႕ ဇာတ္ၫႊန္းကို ဖတ္ၾကည့္ၿပီး စိတ္ဝင္စား တာနဲ႔႐ိုက္ျဖစ္ သြားတာပါ ။ အေကာင္းဆုံး ျဖစ္ေအာင္ေတာ့ ႀကိဳးစား သြားပါမယ္ ” ဟု ဒါ႐ိုက္တာ Pakphum Wongjinda ကေျပာျပ ခဲ့သည္ ။

‘မဖဲဝါ’ ႐ုပ္ရွင္ ဇာတ္ကားတြင္ ပါဝင္မည့္ သ႐ုပ္ေဆာင္ ခါရာကလည္း “ ႏိုင္ငံတကာနဲ႔ တြဲၿပီး ႐ိုက္ရမွာဆိုေတာ့ စိတ္လႈပ္ရွား ရသလို အေတြ႕အႀကဳံ ေကာင္းေတြ အမ်ားႀကီး ရမယ္လို႔လည္း ယုံၾကည္ပါတယ္ ။ ကြၽန္ေတာ့္ဘက္ကေတာ့ အေကာင္းဆုံး ႀကိဳးစားသြားပါမယ္ ။

ဒီဇာတ္ကားက ပုံမွန္ဇာတ္ကားအမ်ိဳးအစားမဟုတ္ဘဲ ခြဲထြက္ဖန္တီးထားတဲ့ဇာတ္လမ္း အမ်ိဳးအစားဆိုေတာ့ပိုၿပီး စိတ္လႈပ္ရွားပါတယ္”ဟု ဆိုသည္။‘မဖဲဝါ’ ဇာတ္ကားကို ထိတ္လန႔္ဖြယ္ဝိညာဥ္ဇာတ္ကားအျဖစ္ ပုံေဖာ္မည္ျဖစ္သည္။

Unicode

ထိုင်း နှင့် မြန်မာ ပူးပေါင်း ရိုက်ကူး သည့် ‘ မဖဲဝါ ’ ဝိညာဉ် ဇာတ်ကား စတင် ရိုက်ကူးလျက် ရှိပြီး နိုင်ငံ တကာတွင် ပြသရန် စီစဉ်ထား

ထိုင်းနှင့် မြန်မာ ပူးပေါင်း ရိုက်ကူး သည့် ‘ မဖဲဝါ ’ ဝိညာဉ် ဇာတ်ကား အား မေလ ဒုတိယ ပတ်တွင် စတင် ရိုက်ကူး လျက်ရှိကာ ယင်း ဇာတ်ကားကို မြန်မာ ၊ ထိုင်း နှင့် နိုင်ငံ တကာ တွင် ပါ ပြသ ရန်စီစဉ် ထားသည်ဟု သိရ သည် ။ ‘ မဖဲဝါ ’ ရုပ်ရှင် ဇာတ်ကားကို ထိုင်း ဒါရိုက်တာ Pakphum Wongjinda က ရိုက်ကူးလျက် ရှိကာ ထိုင်းနိုင်ငံမှ မင်းသား Nararphat Stary ၊ ခါရာ၊ Kohtee Aramboy ၊ ပက်ထရစ်ရှာ ၊ အကယ်ဒမီ မေသဉ္ဇာဦး ၊ နော်ဖောအယ်ထား ၊ လီလီကျော်ခိုင် နှင့် ထိုင်း သရုပ်ဆောင် များစွာ တို့ ပါဝင်ကြောင်း သိရ သည် ။

“ မဖဲဝါ ဇာတ်ကားက ဇာတ်ညွှန်း ဖတ်တည်းက ကြောက်ခဲ့ ရတဲ့ ဇာတ်ကား ပေါ့ ။ ထိုင်းက ဒါရိုက်တာ ရိုက်ကူးပြီး ထိုင်းက သရုပ်ဆောင် တွေနဲ့ တွဲဖက် ရိုက်ကူးရမှာ ဆိုတော့ စိတ် လှုပ်ရှားတယ် ။ ဒီ ဇာတ်ကားမှာ ညီမရဲ့ ချစ်သူက ထိုင်း ကောင်လေးပေါ့ ။

သူနဲ့ဆိုရင် ထိုင်းဘာသာ စကားနဲ့ ပြောရမှာ ဆိုတော့ ထိုင်း ဘာသာ စကားကို သေချာ ကြိုပြီး သင်ထား ရတယ် ။ သူနဲ့ တကယ် ရင်းနှီးမှု ရှိအောင်လည်း ဂိမ်းအတူ ဆော့ခိုင်း တာမျိုးတွေ လုပ်ခိုင်း တယ် ။ တကယ် ရိုက်မယ့်အချိန် မှာလည်း စကား ပြောကို အာရုံစိုက်ရင်း အမူအရာ လွတ်သွား တာမျိုး ဖြစ်မှာ စိုးတယ် ။ ဒါကြောင့် သေချာကြိုပြီး ပြင်ဆင် နေပါတယ် ။

အဝတ်အစားနဲ့ မိတ်ကပ်ပိုင်းကိုတော့သိပ်စိတ်မပူဘူး။ ထိုင်းကအဖွဲ့တွေက costume designer နဲ့ မိတ်ကပ်ပိုင်းတွေကို တစ်ခါတည်းပြင်ဆင်ပေးထားမှာပါ။ ဒီဇာတ်ကားကမြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံအပြင် အခြားနိုင်ငံတွေမှာလည်း ရုံတင်မှာဆိုတော့ အရမ်းလည်းတာဝန်ကြီး သလိုအရမ်းလည်း ပျော်ပါတယ်” ဟု ပက်ထရစ်ရှာက ဆိုသည်။

“ ထိုင်းမှာ သရဲ ဇာတ်ကားတွေ ရိုက်ကူးကြတာ အရမ်း များတယ် ။ အခု မြန်မာ တွေနဲ့ ပူးပေါင်းပြီး ဇာတ်ကား ရိုက်ဖို့ စီစဉ် တဲ့အခါ မှာ ဒီဇာတ်ကားရဲ့ ဇာတ်ညွှန်းကို ဖတ်ကြည့်ပြီး စိတ်ဝင်စား တာနဲ့ရိုက်ဖြစ် သွားတာပါ ။ အကောင်းဆုံး ဖြစ်အောင်တော့ ကြိုးစား သွားပါမယ် ” ဟု ဒါရိုက်တာ Pakphum Wongjinda ကပြောပြ ခဲ့သည် ။

‘မဖဲဝါ’ ရုပ်ရှင် ဇာတ်ကားတွင် ပါဝင်မည့် သရုပ်ဆောင် ခါရာကလည်း “ နိုင်ငံတကာနဲ့ တွဲပြီး ရိုက်ရမှာဆိုတော့ စိတ်လှုပ်ရှား ရသလို အတွေ့အကြုံ ကောင်းတွေ အများကြီး ရမယ်လို့လည်း ယုံကြည်ပါတယ် ။ ကျွန်တော့်ဘက်ကတော့ အကောင်းဆုံး ကြိုးစားသွားပါမယ် ။

ဒီဇာတ်ကားက ပုံမှန်ဇာတ်ကားအမျိုးအစားမဟုတ်ဘဲ ခွဲထွက်ဖန်တီးထားတဲ့ဇာတ်လမ်း အမျိုးအစားဆိုတော့ပိုပြီး စိတ်လှုပ်ရှားပါတယ်”ဟု ဆိုသည်။‘မဖဲဝါ’ ဇာတ်ကားကို ထိတ်လန့်ဖွယ်ဝိညာဉ်ဇာတ်ကားအဖြစ် ပုံဖော်မည်ဖြစ်သည်။

zc

The author didn't add any Information to his profile yet.

Leave a comment

Your email address will not be published. Required fields are marked. *