ဗိုလ္ခ်ဳပ္ေၾကး႐ုပ္ကို လုံးဝမေ႐ႊ႕ေပးနိုင္ဟု ဝန္ႀကီးခ်ဳပ္ကေျပာသျဖင့္ ညွိႏွိုင္းပြဲပ်က္

By / 2 months ago / Local News / No Comments
ဗိုလ္ခ်ဳပ္ေၾကး႐ုပ္ကို လုံးဝမေ႐ႊ႕ေပးနိုင္ဟု ဝန္ႀကီးခ်ဳပ္ကေျပာသျဖင့္ ညွိႏွိုင္းပြဲပ်က္

ဗိုလ္ခ်ဳပ္ေၾကး႐ုပ္ကို လုံးဝမေ႐ႊ႕ေပးနိုင္ဟု ဝန္ႀကီးခ်ဳပ္ကေျပာသျဖင့္ ညွိႏွိုင္းပြဲပ်က္

ကယားျပည္နယ္၊ လြိုင္ေကာ္ၿမိဳ႕ရွိ ျပည္နယ္အစိုးရ႐ုံးမွာ ဒီေန႕မနက္ ျပဳလုပ္တဲ့ ဗိုလ္ခ်ဳပ္ေအာင္ဆန္းေၾကး႐ုပ္တုကိစၥ ေျဖရွင္းေရး ညွိႏွိုင္းအစည္းအေဝး ပ်က္သြားပါတယ္။

ဒီမနက္ ၁၀ နာရီ အစည္းအေဝးစတင္ခ်ိန္မွာ ကယားျပည္နယ္ဝန္ႀကီးခ်ဳပ္ ဦးအယ္လ္ေဖာင္းရွိုက အဖြင့္အမွာစကားေျပာရာမွာ ေၾကး႐ုပ္တုကို လုံးဝေနရာေ႐ႊ႕ေပးမွာ မဟုတ္ေၾကာင္း၊ ဒီ႐ုပ္တုကို ဆက္လက္ထိန္းသိမ္းသြားမယ္လို႔ ေျပာၾကားခဲ့ပါတယ္။

“က်ေနာ္တို႔ ကႏၲေဟဝန္ပန္းၿခံထဲမွာ ထားရွိတဲ့ဗိုလ္ခ်ဳပ္ေၾကး႐ုပ္နဲ႕ ပတ္သက္လို႔ က်ေနာ္တို႔ ေပါင္းစပ္ညွိႏွိုင္းမႈေတြ၊ ေတြ႕ဆုံမႈေတြ အႀကိမ္ႀကိမ္ျပဳလုပ္ခဲ့ပါတယ္။

ဒီေၾကး႐ုပ္နဲ႕ပတ္သက္ၿပီး ဒါက်ေနာ္တို႔ ကယားျပည္နယ္အစိုးရရဲ႕သေဘာထားကို က်ေနာ္တို႔အေနနဲ႕တင္ျပပါမယ္။

က်ေနာ္ တို႔ ကယားျပည္နယ္အစိုးရအဖြဲ႕အေနနဲ႕ကေတာ့ ဒီဗိုလ္ခ်ဳပ္ေၾကး႐ုပ္တုကိစၥနဲ႕ပတ္သက္ၿပီးမွ ႏွစ္ဦး ႏွစ္ဖက္ညွိႏွိုင္းေဆြးေႏြးတဲ့အခါမွာ ညွိႏွိုင္းေဆြးေႏြမႈေတြ ျပဳလုပ္ခဲ့ေသာ္လည္းပဲ အဆင္မေျပခဲ့တဲ့ အေနအထားေတာ့ ရွိပါတယ္။

ဒါေၾကာင့္မို႔လို႔ က်ေနာ္တို႔ ကယားျပည္နယ္ အစိုးရအဖြဲ႕အေနနဲ႕ ဗိုလ္ခ်ဳပ္ေၾကး႐ုပ္ကိစၥနဲ႕ပတ္သက္ၿပီး၊ က်ေနာ္တို႔ လုံး၀ မေျပာင္းေ႐ႊ႕ေပးဘူးဆိုတဲ့အေၾကာင္းကို တင္ျပလိုပါတယ္။

ေနာက္တခ်က္ကေတာ့ ျပည္နယ္အစိုးရအဖြဲ႕မွ ဗိုလ္ခ်ဳပ္ေအာင္ဆန္း ႐ုပ္တုမ်ားကို ထိန္းသိမ္းေစာင့္ေရွာက္ရမယ့္တာဝန္ လက္ရွိ ကႏၲေဟဝန္ပန္းၿခံထဲမွာရွိတဲ့ ဗိုလ္ခ်ဳပ္ေၾကး႐ုပ္ကို ထိန္းသိမ္းကာကြယ္ေစာင့္ေရွာက္သြားမွာ ျဖစ္ပါတယ္။”

ဒီလိုေျပာၾကားလိုက္တဲ့အခ်ိန္မွာ ေၾကး႐ုပ္တုဆန႔္က်င္တဲ့ သပိတ္ေကာ္မီတီအဖြဲ႕ကလည္း ဒီကိုေရာက္ရွိလာတာဟာ ေဆြးေႏြးဖို႔ျဖစ္ေပမယ့္ ဝန္ႀကီးခ်ဳပ္ရဲ႕မိန႔္ခြန္းေၾကာင့္ ဆက္လက္ ေဆြးေႏြးစရာမေၾကာင္းမရွိဘူးဆိုကာ အစည္းအေဝးခန္းမကေန ျပန္လည္ထြက္ခြာသြားပါတယ္။

ဗိုလ္ခ်ဳပ္ေၾကး႐ုပ္တုကို လြိုင္ေကာ္ပန္းၿခံကေန ေနရာေ႐ႊ႕ေျပာင္းဖို႔ ၿပီးခဲ့တဲ့ ေမလ ၇ ရက္က ေတြ႕ဆုံပြဲမွာ ဝန္ႀကီးခ်ဳပ္က သေဘာတူခဲ့တဲ့အတြက္ ႐ုပ္တုေ႐ႊ႕ေျပာင္းေရးကို ဦးတည္ ညွိႏွိုင္းသြားဖို႔ ေကာ္မီတီတရပ္ကိုလည္း ဖြဲ႕စည္းခဲ့ပါတယ္။

ေၾကး႐ုပ္တု ေ႐ႊ႕ေျပာင္းေရး ဦးတည္ေဆြးေႏြးဖို႔ ဒီကေန႕ ေမလ ၁၄ ရက္မွာ ထပ္မံ ေတြ႕ဆုံေဆြးေႏြးတာျဖစ္ေပမယ့္ ဝန္ႀကီးခ်ဳပ္ရဲ႕ မိန႔္ခြန္းအၿပီးမွာ အစည္းအေဝး ေရွ႕မဆက္နိုင္ဘဲ ပ်က္သြားတာျဖစ္ပါတယ္။

အစည္းအေဝးပ်က္သြားလို႔ ေၾကး႐ုပ္ကိစၥနဲ႕ပတ္သက္ၿပီး ေနာက္ျဖစ္လာမယ့္ကိစၥေတြ မိမိတို႔နဲ႕ မသက္ဆိုင္ေၾကာင္း ေၾကး႐ုပ္ေျပာင္းေ႐ႊ႕ေရးကိစၥ ညွိႏွိုင္းေရးေကာ္မီတီက သတင္းေထာက္ ေတြကို ေျပာပါတယ္။

“အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ အစည္းအေဝးက အထမေျမာက္ခဲ့ဘူး။

က်ေနာ္တို႔ ေကာ္မီတီ ကိုလည္း တရားဝင္ဖ်က္သိမ္းဖို႔ က်ေနာ္တို႔အစည္းအေဝးမွာလည္း တင္ျပခြင့္၊ ေျပာဆိုခြင့္ မရွိခဲ့ဘူး။

သို႔ေသာ္ျငားလည္း ဒီအခ်ိန္မွာ က်ေနာ္တို႔ ညွိႏွိုင္းေရးေကာ္မီတီကိုေတာ့ အားလုံးေရွ႕မွာ တရားဝင္ပ်က္ျပယ္ၿပီျဖစ္ေၾကာင္း၊ က်ေနာ္တို႔ ေကာ္မီတီရဲ႕ကိုယ္စား က်ေန္ာေျပာၾကားလိုပါတယ္။

ဒါေၾကာင့္ ေနာက္ေနာင္ဗိုလ္ခ်ဳပ္ေၾကး႐ုပ္နဲ႕ ပတ္သက္ၿပီးေတာ့ အရႈပ္အရွင္းျပႆနာကိစၥ အားလုံး က်ေနာ္တို႔ ညွိႏွိုင္းေရးေကာ္မတီနဲ႕ မသက္ဆိုင္ေတာ့ပါဘူးဆိုတဲ့အေၾကာင္း အားလုံး ထပ္မံၿပီး အသိေပးေဖာ္ျပပါတယ္။”

ေၾကး႐ုပ္တု လူငယ္သပိတ္ေကာ္မီတီက ခူးပိုးရယ္ကေတာ့ ညွိႏွိုင္းေဆြးေႏြးဖို႔ ႀကိဳးစား ခဲ့ေပမယ့္အခုလို ေဆြးေႏြးပြဲပ်က္ပယ္သြားတဲ့အတြက္ ခ်မွတ္ထားတဲ့ မူအတိုင္း လုပ္သင့္တာကို ဆက္လုပ္ သြားမယ္လို႔ ေျပာပါတယ္။

“ေရွ႕ဆက္ဘာလုပ္ရမလဲဆိုေတာ့ က်ေနာ္တို႔ ျပန္ၿပီးေတာ့ ညွိႏွိုင္းရမယ့္အခ်က္ေတြ ရွိတယ္။

ေနာက္ၿပီးေတာ့ အရင္တုန္းကတည္းကလည္း က်ေနာ္တို႔ master plan ေတြ ရွိၿပီးသားပါ။

ေခြးေတာင္မွ ေခ်ာင္ပိတ္ရိုက္ရင္ ျပန္ကိုက္တာပဲဗ်ာ။

ဆိုေတာ့ လူႀကီးလူေကာင္းမဆန္တဲ့ အစိုးရ လက္ထက္မွာ က်ေနာ္တို႔နဲ႕ က်ေနာ္တို႔ရဲ႕ လြတ္လပ္တဲ့ သေဘာဆႏၵကိုေတာ့ က်ေနာ္တို႔ ေဖာ္ထုတ္တာက ျပႆနာမရွိဘူးထင္တယ္ေနာ္။

က်ေနာ္တို႔ဆႏၵျပလို႔ ျပည္နယ္ဆူပူေအာင္ လုပ္တာ မဟုတ္ဘူး။

တည္ၿငိမ္ေအးခ်မ္းေရးကို ထိခိုက္ေအာင္ လုပ္တာမဟုတ္ဘူး။

က်ေနာ္တို႔ အဲဒါျဖစ္မွာစိုးလို႔ က်ေန္ာတို႔ ေစ့စပ္ညွိႏွိုင္းေရးလမ္းေၾကာင္းကို က်ေနာ္တို႔ သြားေနတာ အခုထက္ထိပဲေလ။”

ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလက ဗိုလ္ခ်ဳပ္ေအာင္ဆန္း႐ုပ္တုကို လြိုင္ေကာ္ ပန္းၿခံထဲကေန ဖယ္ရွားေရးေတာင္းဆို ဆႏၵျပမႈေတြျဖစ္ပြားခဲ့ၿပီး လုံၿခဳံေရးတပ္ဖြဲ႕ေတြက ရာဘာက်ည္နဲ႕ ပစ္ခတ္လူစုခြဲခဲ့ရတဲ့ အတြက္ လူငယ္တခ်ိဳ႕ ဒဏ္ရာရရွိခဲ့ၾကပါတယ္။

ဒီေနာက္ မတ္လ ၂၀ ရက္ေန႕မွာ အမ်ိဳးသားျပန္လည္ သင့္ျမတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရး ဗဟိုဌာန(NRPC)၊ ကယားျပည္နယ္အစိုးရအဖြဲ႕၊ ေၾကး႐ုပ္ကန႔္ကြက္မႈ သပိတ္ေကာ္မီတီ၊ ေၾကး႐ုပ္တု ျဖစ္ေျမာက္ေရးေကာ္မီတီနဲ႕ ကရင္နီ အမ်ိဳးသား တိုးတက္ေရးပါတီ (ေကအန္ပီပီ) တို႔ ေတြ႕ဆုံေဆြးေႏြးခဲ့ပါတယ္။

ဒါ့အျပင္ ေမလ ၇ ရက္ကလည္း ၄ ပြင့္ဆိုင္ထပ္မံေတြ႕ဆုံခဲ့ၿပီး အဲဒီအစည္းအေဝးမွာပဲ အန္အာပီစီ အစည္းအေဝးမွာ မပါေတာ့သလို ေကအန္ပီပီကလည္း ႏုတ္ထြက္သြားခဲ့ပါတယ္။

ဒီကေန႕ ညွိႏွိုင္းေဆြးေႏြးပြဲ စတင္ခင္မွာလည္း ရဲတပ္ဖြဲဝင္ေတြက သံဆူးႀကိဳးနဲ႔ ျပဳလုပ္ထားတဲ့ အတားအဆီးေတြကို ဂႏၲေဟဝန္ပန္းၿခံအနီးမွာ ခ်ထားခဲ့ပါတယ္။

Credit: DVB TV News

Unicode Version

ဗိုလ်ချုပ်ကြေးရုပ်ကို လုံးဝမရွှေ့ပေးနိုင်ဟု ဝန်ကြီးချုပ်ကပြောသဖြင့် ညှိနှိုင်းပွဲပျက်

ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ ပြည်နယ်အစိုးရရုံးမှာ ဒီနေ့မနက် ပြုလုပ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တုကိစ္စ ဖြေရှင်းရေး ညှိနှိုင်းအစည်းအဝေး ပျက်သွားပါတယ်။

ဒီမနက် ၁၀ နာရီ အစည်းအဝေးစတင်ချိန်မှာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက အဖွင့်အမှာစကားပြောရာမှာ ကြေးရုပ်တုကို လုံးဝနေရာရွှေ့ပေးမှာ မဟုတ်ကြောင်း၊ ဒီရုပ်တုကို ဆက်လက်ထိန်းသိမ်းသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

“ကျနော်တို့ ကန္တဟေဝန်ပန်းခြံထဲမှာ ထားရှိတဲ့ဗိုလ်ချုပ်ကြေးရုပ်နဲ့ ပတ်သက်လို့ ကျနော်တို့ ပေါင်းစပ်ညှိနှိုင်းမှုတွေ၊ တွေ့ဆုံမှုတွေ အကြိမ်ကြိမ်ပြုလုပ်ခဲ့ပါတယ်။

ဒီကြေးရုပ်နဲ့ပတ်သက်ပြီး ဒါကျနော်တို့ ကယားပြည်နယ်အစိုးရရဲ့သဘောထားကို ကျနော်တို့အနေနဲ့တင်ပြပါမယ်။

ကျနော် တို့ ကယားပြည်နယ်အစိုးရအဖွဲ့အနေနဲ့ကတော့ ဒီဗိုလ်ချုပ်ကြေးရုပ်တုကိစ္စနဲ့ပတ်သက်ပြီးမှ နှစ်ဦး နှစ်ဖက်ညှိနှိုင်းဆွေးနွေးတဲ့အခါမှာ ညှိနှိုင်းဆွေးနွေမှုတွေ ပြုလုပ်ခဲ့သော်လည်းပဲ အဆင်မပြေခဲ့တဲ့ အနေအထားတော့ ရှိပါတယ်။

ဒါကြောင့်မို့လို့ ကျနော်တို့ ကယားပြည်နယ် အစိုးရအဖွဲ့အနေနဲ့ ဗိုလ်ချုပ်ကြေးရုပ်ကိစ္စနဲ့ပတ်သက်ပြီး၊ ကျနော်တို့ လုံး၀ မပြောင်းရွှေ့ပေးဘူးဆိုတဲ့အကြောင်းကို တင်ပြလိုပါတယ်။

နောက်တချက်ကတော့ ပြည်နယ်အစိုးရအဖွဲ့မှ ဗိုလ်ချုပ်အောင်ဆန်း ရုပ်တုများကို ထိန်းသိမ်းစောင့်ရှောက်ရမယ့်တာဝန် လက်ရှိ ကန္တဟေဝန်ပန်းခြံထဲမှာရှိတဲ့ ဗိုလ်ချုပ်ကြေးရုပ်ကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်သွားမှာ ဖြစ်ပါတယ်။”

ဒီလိုပြောကြားလိုက်တဲ့အချိန်မှာ ကြေးရုပ်တုဆန့်ကျင်တဲ့ သပိတ်ကော်မီတီအဖွဲ့ကလည်း ဒီကိုရောက်ရှိလာတာဟာ ဆွေးနွေးဖို့ဖြစ်ပေမယ့် ဝန်ကြီးချုပ်ရဲ့မိန့်ခွန်းကြောင့် ဆက်လက် ဆွေးနွေးစရာမကြောင်းမရှိဘူးဆိုကာ အစည်းအဝေးခန်းမကနေ ပြန်လည်ထွက်ခွာသွားပါတယ်။

ဗိုလ်ချုပ်ကြေးရုပ်တုကို လွိုင်ကော်ပန်းခြံကနေ နေရာရွှေ့ပြောင်းဖို့ ပြီးခဲ့တဲ့ မေလ ၇ ရက်က တွေ့ဆုံပွဲမှာ ဝန်ကြီးချုပ်က သဘောတူခဲ့တဲ့အတွက် ရုပ်တုရွှေ့ပြောင်းရေးကို ဦးတည် ညှိနှိုင်းသွားဖို့ ကော်မီတီတရပ်ကိုလည်း ဖွဲ့စည်းခဲ့ပါတယ်။

ကြေးရုပ်တု ရွှေ့ပြောင်းရေး ဦးတည်ဆွေးနွေးဖို့ ဒီကနေ့ မေလ ၁၄ ရက်မှာ ထပ်မံ တွေ့ဆုံဆွေးနွေးတာဖြစ်ပေမယ့် ဝန်ကြီးချုပ်ရဲ့ မိန့်ခွန်းအပြီးမှာ အစည်းအဝေး ရှေ့မဆက်နိုင်ဘဲ ပျက်သွားတာဖြစ်ပါတယ်။

အစည်းအဝေးပျက်သွားလို့ ကြေးရုပ်ကိစ္စနဲ့ပတ်သက်ပြီး နောက်ဖြစ်လာမယ့်ကိစ္စတွေ မိမိတို့နဲ့ မသက်ဆိုင်ကြောင်း ကြေးရုပ်ပြောင်းရွှေ့ရေးကိစ္စ ညှိနှိုင်းရေးကော်မီတီက သတင်းထောက် တွေကို ပြောပါတယ်။

“အကြောင်းအမျိုးမျိုးကြောင့် အစည်းအဝေးက အထမမြောက်ခဲ့ဘူး။

ကျနော်တို့ ကော်မီတီ ကိုလည်း တရားဝင်ဖျက်သိမ်းဖို့ ကျနော်တို့အစည်းအဝေးမှာလည်း တင်ပြခွင့်၊ ပြောဆိုခွင့် မရှိခဲ့ဘူး။

သို့သော်ငြားလည်း ဒီအချိန်မှာ ကျနော်တို့ ညှိနှိုင်းရေးကော်မီတီကိုတော့ အားလုံးရှေ့မှာ တရားဝင်ပျက်ပြယ်ပြီဖြစ်ကြောင်း၊ ကျနော်တို့ ကော်မီတီရဲ့ကိုယ်စား ကျနေ်ာပြောကြားလိုပါတယ်။

ဒါကြောင့် နောက်နောင်ဗိုလ်ချုပ်ကြေးရုပ်နဲ့ ပတ်သက်ပြီးတော့ အရှုပ်အရှင်းပြဿနာကိစ္စ အားလုံး ကျနော်တို့ ညှိနှိုင်းရေးကော်မတီနဲ့ မသက်ဆိုင်တော့ပါဘူးဆိုတဲ့အကြောင်း အားလုံး ထပ်မံပြီး အသိပေးဖော်ပြပါတယ်။”

ကြေးရုပ်တု လူငယ်သပိတ်ကော်မီတီက ခူးပိုးရယ်ကတော့ ညှိနှိုင်းဆွေးနွေးဖို့ ကြိုးစား ခဲ့ပေမယ့်အခုလို ဆွေးနွေးပွဲပျက်ပယ်သွားတဲ့အတွက် ချမှတ်ထားတဲ့ မူအတိုင်း လုပ်သင့်တာကို ဆက်လုပ် သွားမယ်လို့ ပြောပါတယ်။

“ရှေ့ဆက်ဘာလုပ်ရမလဲဆိုတော့ ကျနော်တို့ ပြန်ပြီးတော့ ညှိနှိုင်းရမယ့်အချက်တွေ ရှိတယ်။

နောက်ပြီးတော့ အရင်တုန်းကတည်းကလည်း ကျနော်တို့ master plan တွေ ရှိပြီးသားပါ။

ခွေးတောင်မှ ချောင်ပိတ်ရိုက်ရင် ပြန်ကိုက်တာပဲဗျာ။

ဆိုတော့ လူကြီးလူကောင်းမဆန်တဲ့ အစိုးရ လက်ထက်မှာ ကျနော်တို့နဲ့ ကျနော်တို့ရဲ့ လွတ်လပ်တဲ့ သဘောဆန္ဒကိုတော့ ကျနော်တို့ ဖော်ထုတ်တာက ပြဿနာမရှိဘူးထင်တယ်နော်။

ကျနော်တို့ဆန္ဒပြလို့ ပြည်နယ်ဆူပူအောင် လုပ်တာ မဟုတ်ဘူး။

တည်ငြိမ်အေးချမ်းရေးကို ထိခိုက်အောင် လုပ်တာမဟုတ်ဘူး။

ကျနော်တို့ အဲဒါဖြစ်မှာစိုးလို့ ကျနေ်ာတို့ စေ့စပ်ညှိနှိုင်းရေးလမ်းကြောင်းကို ကျနော်တို့ သွားနေတာ အခုထက်ထိပဲလေ။”

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ဗိုလ်ချုပ်အောင်ဆန်းရုပ်တုကို လွိုင်ကော် ပန်းခြံထဲကနေ ဖယ်ရှားရေးတောင်းဆို ဆန္ဒပြမှုတွေဖြစ်ပွားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့တွေက ရာဘာကျည်နဲ့ ပစ်ခတ်လူစုခွဲခဲ့ရတဲ့ အတွက် လူငယ်တချို့ ဒဏ်ရာရရှိခဲ့ကြပါတယ်။

ဒီနောက် မတ်လ ၂၀ ရက်နေ့မှာ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန(NRPC)၊ ကယားပြည်နယ်အစိုးရအဖွဲ့၊ ကြေးရုပ်ကန့်ကွက်မှု သပိတ်ကော်မီတီ၊ ကြေးရုပ်တု ဖြစ်မြောက်ရေးကော်မီတီနဲ့ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (ကေအန်ပီပီ) တို့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ဒါ့အပြင် မေလ ၇ ရက်ကလည်း ၄ ပွင့်ဆိုင်ထပ်မံတွေ့ဆုံခဲ့ပြီး အဲဒီအစည်းအဝေးမှာပဲ အန်အာပီစီ အစည်းအဝေးမှာ မပါတော့သလို ကေအန်ပီပီကလည်း နုတ်ထွက်သွားခဲ့ပါတယ်။

ဒီကနေ့ ညှိနှိုင်းဆွေးနွေးပွဲ စတင်ခင်မှာလည်း ရဲတပ်ဖွဲဝင်တွေက သံဆူးကြိုးနဲ့ ပြုလုပ်ထားတဲ့ အတားအဆီးတွေကို ဂန္တဟေဝန်ပန်းခြံအနီးမှာ ချထားခဲ့ပါတယ်။

Credit: DVB TV News

Realman

The author didn't add any Information to his profile yet.

Leave a comment

Your email address will not be published. Required fields are marked. *