
By / 3 months ago / Health / No Comments






















7. အားကစားလုပ်ပါ…












Unicode Version

အဲ့ဒီလိုလေးတွေစားနိုင်မှ…အဲ့လို လှချင်တယ်ပြောပါ

အမှန်တကယ် အဆီကျချင်ရင်

1 . အဆီ ၊ အဆိမ့် ၊ အချို ၊ ငန်းလွန်းတဲ့အစားအစာ ၊ ရယ်ဒီမိတ် (အသင့်စား) ခေါက်ဆွဲခြောက်ထုပ် ၊ ဆီကြော်စာ ၊ ဆီပြန်ဟင်းအနှစ်တွေ ၊ တိရိစ္ဆာန်ရဲ့
ကလီစာနဲ့ အရေပြား (တုတ်ထိုး ငါးရေခွံ ကြက်ရေခွံ) ၊ ဥအမျိုးမျိုးရဲ့ အနှစ်တွေ စတာတွေ ရှောင်ပါ ။

2. မနက်စာ ၊ နေ့လည်စာ ၊ ညနေစာ အချိန်မှန်စားပါ။

မနက်စာလွတ်သွားလို့ နေ့လည်မှပေါင်းစားတာမျိုး ၊ ပိန်ချင်လွန်းလို့ ထမင်းဖြတ်တာ ၊ ညစာ မစားတာမျိုးဟာ အဆီကို ပိုတက်စေပါတယ် ။

3. ညနက်မှ အိပ်တာမျိုးရှောင်ပါ ။

အိပ်ယာဝင်ချိန် 11 PM ထက်နောက်မကျတာအကောင်းဆုံးပါ ။

တစ်နေ့တာအိပ်ချိန် 6 နာရီမှ 8 နာရီကြား ရှိရပါမယ် ။

4. ရေ တစ်ရက် လေးလီတာ အနည်းဆုံးသောက်ပါ ။

အစားမစားမီ ရေသောက်ပေးပါ ။

(ရေများများသောက်ရင် ဝိတ်ကျပါတယ် ။

ဒါပေမယ့်ရေသောက်များလွန်း သွားရင် water intoxication ဖြစ်ပြီး သေနိုင်တယ် ဆိုတာလေး သတိပြုပါ ။

တစ်နာရီကို 1 လီတာ နှုန်းပဲသောက်သင့်ပါတယ် ။

တစ်နာရီအတွင်း ရေ 3/4 lit လောက် သောက်တာမျိုး ရှောင်ပါ)

5. အစာစားပြီးပြီးချင်းရေ / ကော်ဖီ သောက်တာ ၊ အသီးအနှံစားတာ ၊ ထိုင်တာ ၊ အချိုတည်းတာမျိုး ရှောင်ပါ ။

အနည်းဆုံး 45 မိနစ်ခြားပါ ။

6. အရက်ဆေးလိပ် ဘီယာ ရှောင်ပါ…

သောက်ချင်သပ ဆိုလည်း တစ်ရက်ကို အရက် ယောင်္ကျားလေး နှစ်ပတ် ၊ မိန်းကလေး တစ်ပတ် ။

ဘီယာ ယောင်္ကျားလေး နှစ်ဗူး ၊ မိန်းကလေး တစ်ဗူး ။

ဝိုင် ဆိုရင် ယောင်္ကျားလေး 300 ml ၊ မိန်းကလေး 150 ml ထက်မပိုသင့်ပါ။

(ဒေါက်တာ ညီညီကျော်ပြောထားတာလေးပါ )

7. အားကစားလုပ်ပါ…

8. တစ်ရက်ကို အနည်းဆုံး အသား ဆယ်ကျပ်သားခန့် ၊ ကြက်ဥ ငါးလုံးခန့် (အနှစ်မပါ) မဖြစ်မနေ စားပေးပါ ။

(ပရိုတင်း လုံလောက်စွာ စားပြီး လေ့ကျင့်ခန်းလုပ်မှ အသားတွဲတာ skin fat ကျန်တာတွေ မဖြစ်မှာပါနော်)

9. ညနေစာ ထမင်း/ ဂျုံ /ခေါက်ဆွဲ မစားဘဲ အသီးရွက် အသား/ ငါး / ဥ လေးတွေပဲ စားပေးနိုင်ရင် အကောင်းဆုံးပါ ။

10. အဆီကိုချေဖို့ အဆီ(ကောင်းတဲ့အဆီ)လည်း စားပေးဖို့လိုအပ် ပါတယ်နော် ။

(ဥပမာ – ထောပတ်သီး ၊ အစေ့အဆံ ၊ အခွံမာသီးတွေ ဖြစ်တဲ့ နေကြာစေ့ ၊ ဗန္ဓာစေ့ ၊ သီဟိုစေ့ ၊ ငါးကရတဲ့အဆီ Omega-3 တွေကိုလည်း အနည်းငယ် စားပေးပါ ။

(ငါးကြီးဆီ မနက်တစ်လုံး ညတစ်လုံးသောက်ပေးနိုင်ပါတယ် ။

အဆီလည်းကျ ၊ နှလုံးအားလည်း ကောင်းစေပါတယ်)

ကဲ…ကျန်းကျန်းမာမာနဲ့ အဆီကျဖို့ ဒီ အခြေခံ 10 ချက် ကို ဘယ်တော့မှမမေ့နဲ့နော့…

အမြဲတန်းလှချင်ရင် အမြဲတန်းလိုက်နာပါနော်

ချွင်းချက်အနေနဲ့တခါလေတော့စားချင်တာစားပေါ့

Virgo Zenobia (OptimumGym)

Realman

The author didn't add any Information to his profile yet.

Leave a comment

Your email address will not be published. Required fields are marked. *