
By / 3 months ago / Up to Date News / No Comments








Game 1











Game 2


















Unicode Version

၀က်ဝံတို့မာန်စွယ်ချိုးခံခဲ့ရတဲ့ပွဲ

ပြင်သစ်နိင်ငံမှာကျင်းပပြုလုပ်နေတဲ့ MDL Disneyland® Paris Major ရဲ့ Upper Bracket ပွဲစဉ်တွေထဲကတစ်ပွဲဖြစ်တဲ့ TI8 Champion OG နဲ့ CIS Region က ဘီလူးကြီး Virtus Pro မှာတော့ OG က ၂ – ၀ နဲ့ အနိင်ရရှိခဲ့ပါတယ်။

ပုံမှန်ဆိုရင်က TI ချန်ပီယံဆိုတာက ကမ္ဘာ့ချန်ပီယံဖြစ်တာကြောင့် ဒီရလဒ်က ထူးဆန်းတဲ့အရာတော့ ဟုတ်မှာမဟုတ်ပါဘူး။

ဒါပေမယ့် VP ရဲ့ တည်ငြိမ်မှု၊ အရှိန်အဝါနဲ့ အစဉ်အလာ၊ OG ရဲ့ TI ရပြီးတပ်ပျက်နေမှုတွေကြောင့် ဒီပွဲက VP ၂ – ၀ နဲ့တင် အနိင်ယူပြမယ်လို့ တော်တော်များများက မှန်းထားခဲ့ကြတာပါ။

ဒါပေမယ့် လက်တွေ့မှာတော့ OG က VP ကို VP Style နဲ့ပြန်ကစားပြပြီး ၂ – ၀ နဲ့ ချေမှုန်းပြီး နောက်တစ်ဆင့်တက်သွားခဲ့ပါတယ်။

VP ရဲ့ Play Style က အားလုံးသိတဲ့အတိုင်း Very Aggressive ပါ။

ဒါပေမယ့် ဒီ Series မှာတော့ OG က VP ကို ကစားကွက်ပါတည်မရအောင် Aggressive ကစားပြသွားခဲ့ပါတယ်။

Game 1

Game 1 မှာတော့ ဒီ Meta မှာလူကြိုက်အများဆုံးဖြစ်တဲ့ Drow Ranger ကို OG က ရခဲ့ပြီး Drow ကို Counter ဖို့ VP က Spec, Sand King, NP စတာတွေကို ပွဲထုတ်ခဲ့ပါတယ်။

OG ဘက်ကတော့ Drow Ranger ကို ကာကွယ်ဖို့အတွက် အခုနောက်ပိုင်းမှာ သူတို့အသင်းရဲ့ Signature Hero လိုတောင်ဖြစ်လာခဲ့ပြီဖြစ်တဲ့ Notail ရဲ့ Abaddon ကို အသုံးပြုခဲ့ပါတယ်။

ပွဲစထဲက OG တို့အနေနဲ့ တောက်လျှောက် Aggressive ကစားပြီး ဖိအားပေးခဲ့ပါတယ်။

Spec ကြောင့် Laning Stage မှာအားနည်းတဲ့ VP တို့ ဘာမှပြန်မလုပ်နိင်ခဲ့သလို JerAx ရဲ့ ES Ganking တွေကြောင့် Noone Invoker လည်း Mid မှာ အခြေအနေမကောင်းခဲ့ပါဘူး။

နောက်ပိုင်းမှာ Noone က Sun Strike Kill တွေနဲ့ Recover ဖြစ်ခဲ့ပေမယ့် ဟိုးအတွင်းထိပါ ဝင်ဝင်မွှေနေတဲ့ Topson Ember ကိုတော့ လုံးဝမထိန်းနိင်ခဲ့ပါဘူး။

Laning Stage ပြီးဆုံးချိန်မှာလည်း OG တို့ Pressure ပေးမှုကို လုံးဝမရပ်တန့်ခဲ့လို့ Item တစ်ပိုင်းတစ်စတွေနဲ့ Ramzes ရဲ့ Spec ပါ Battle ကူပေးခဲ့ရပါတယ်။

ဒါပေမယ့် Topson Ember ရဲ့ အဆက်မပြတ်ထိုးနှက်မွှေနှောက်မှု၊ Notail Abaddon နဲ့ Ceb Necro တို့ရဲ့ Healing Power တွေကြောင့် VP တို့ တောက်လျှောက်ပြိုဆင်းလာခဲ့ပါတယ်။

၂၂ မိနစ်ဝန်းကျင်လောက်မှာဖြစ်ခဲ့တဲ့ Clash မှာ Ana ရဲ့ Drow Ranger ကို VP တို့ ရှိသမျှအကုန်သုံးပြီး အပြတ်ဖြတ်ခဲ့ပေမယ့် Notail နဲ့ Ceb တို့ကောင်းမှုကြောင့် မသေသွားခဲ့ပါတယ်။

ဒါ့ကြောင့် VP တို့မှောက်ခဲ့ပြီး OG High Ground ပြေးတပ်လာခဲ့ရမှာတော့ VP တို့ GG ပေးခဲ့ပါတော့တယ်။

အဲ့ဒီအနေအထားမှာ VP တို့ GG မခေါ်ခဲ့ရင် ဆက်ကစားလို့ရသေးတဲ့အနေအထားဖြစ်ပေမယ့် တန်းအရှုံးပေးခဲ့တာကတော့ စဉ်းစားစရာတစ်ခုဖြစ်ခဲ့ပါတယ်။

Game 2
Game 2 မှာတော့ OG က သူတို့ရဲ့နာမည်ကျော် Combo ဖြစ်တဲ့ Ceb Magnus နဲ့ Ana PA အတွဲကို ပွဲထုတ်ခဲ့ပ့ါတယ်။

Notail ကတော့ သူ့ရဲ့ Abaddon နဲ့ပဲ ရုရှားဝက်ဝံတွေကို စိတ်ဒုက္ခဆက်ပေးခဲ့ပါတယ်။

Topson ကလည်း Ember နဲ့ Pangolier ပဲကွာသွားပြီး Game 1 လိုပဲ တောက်လျှောက်လိုက်ပြီးတော့ မွှေနှောက်ခဲ့လို့ Noone တော်တော်တိုင်ပတ်ခဲ့ပါတယ်။

ပိုဆိုးသွားတာက Game 2 မှာသူကစားတာက OD ဖြစ်လို့ Game 1 ကလိုမျိုး SS Kill တွေနဲ့ ပြန်ပြီး Recovery လုပ်လို့မရခဲ့ပါဘူး။

ဒါ့ကြောင့် Noone လုပ်ကွက်လုံးဝပျောက်သွားခဲ့ပါတယ်။

ဒါ့အပြင် Topson ရဲ့မွှေနှောက်မှုကို Ramzes ရဲ့ Ember ကိုပါ ဒုက္ခရောက်စေခဲ့လို့ VP တို့ Phoenix ကိုပဲ အားကိုးပြီးကစားခဲ့ရပါတယ်။

ဒါပေမယ့် PA + Magnus Combo စတင်အသက်ဝင်ချိန်ကစလို့ VP တို့ ဘယ်လိုမှပြန်မလာနိင်ခဲ့တော့ပါဘူး။

Ana PA ရဲ့ Critical ထချက်တွေကလည်း ကြောက်စရာဖြစ်ခဲ့လို့ ၁၉ မိနစ်နဲ့ VP တို့ Lower Bracket ဆင်းပေးခဲ့ရပါတော့တယ်။

Ana ပြန်ပါလာတာက OG အတွက် အဖိုးဖြတ်လို့မရတဲ့ဆုလဒ်တစ်ခုဖြစ်ပါတယ်။

Ana က တစ်ဦးချင်းအလွန်ထူးချွန်သလို သူ့ကြောင့် OG ရဲ့ Teamwork က ပိုပြီးတော့ မြဲမြံလာခဲ့ပါတယ်။

ဒီနေ့ပွဲမှာတော့ အားလုံးကောင်းခဲ့ကြပြီး Notail ရဲ့ Amazing Strategy တွေနဲ့ Abaddon လုပ်ကွက်တွေ၊ JerAx ရဲ့ ချိန်သားကိုက်လှုပ်ရှားမှုတွေ၊ Ceb ရဲ့တည်ငြိမ်မှုတွေက အသင်းကို နောက်တစ်ဆင့်ရောက်စေခဲ့တာပါ။

အထူးချီးကျူးရမှာက Topson ဖြစ်ပြီး Ana မရှိချိန်မှာ လက်စွမ်းတွေကျခဲ့သလို Ana ပြန်ရောက်လာချိန်မှာလည်း ပုံစံကောင်းတွေမပြနိင်ခဲ့လို့ ဝေဖန်ခဲ့ရသူ Topson တစ်ယောက် ဒီနေ့ပွဲမှာတော့ Ana ထက်တောင် အသင်းကိုထမ်းတင်ပေးနိင်ခဲ့ပါတယ်။

ဒီနေ့နိင်ပွဲကြောင့် Top 6 ဝင်သွားပြီဖြစ်တဲ့ OG ဟာ ဒီပြိုင်ပွဲကနေ DPC 900 ကိုရရှိနေခဲ့ပြီဖြစ်တာကြောင့် DPC Ranking မှာ အဆင့် ၉ နေရာအထိကို ရောက်ရှိလာခဲ့ပါပြီ။

Secret နဲ့နောက်တစ်ဆင့်မှာကစားရမယ့်ပွဲဟာ သူတို့အတွက် နောက်ထပ်စိန်ခေါ်မှုတစ်ခုဖြစ်လာမှာပါ။

သူတို့အနေနဲ့ အခုအချိန်မှာ Secret နဲ့အဆင့်အတန်းချင်းတူတယ်လို့ အကြမ်းဖျင်းသတ်မှတ်နိင်တဲ့ VP ကို ဖြုတ်ချခဲ့ပြီးဖြစ်ပေမယ့် Overconfident တော့ ဖြစ်လို့မရပါဘူး။

ဒါပေမယ့် OG အတွက်ခံသာစရာတစ်ခုရှိတာက Secret က TI9 Direct Invite ကို ရရှိထားပြီးသားအသင်းဖြစ်နေတာပါ။

ဒါ့ကြောင့် Draft စမ်းရတာအရမ်းကြိုက်တဲ့ Puppey ကြောင့် သူတို့အတွက် အခွင့်အရေးတစ်ချို့တော့ ရှိနေပါတယ်။

 

Realman

The author didn't add any Information to his profile yet.

Leave a comment

Your email address will not be published. Required fields are marked. *