ဘာစီလိုနာနဲ့ ပြဲစဥ္မွာ ဆုိးလ္ရွားရဲ့ နည္းစနစ္ပိုင္းကို မသိမသာ ထုိးႏွက္လိုက္တဲ့ ေမာ္ရင္ဟို

By / 6 months ago / sport News / No Comments
ဘာစီလိုနာနဲ့ ပြဲစဥ္မွာ ဆုိးလ္ရွားရဲ့ နည္းစနစ္ပိုင္းကို မသိမသာ ထုိးႏွက္လိုက္တဲ့ ေမာ္ရင္ဟို

ဘာစီလိုနာနဲ့ ပြဲစဥ္မွာ ဆုိးလ္ရွားရဲ့ နည္းစနစ္ပိုင္းကို မသိမသာ ထုိးႏွက္လိုက္တဲ့ ေမာ္ရင္ဟို

ဒီ တစ္ပါတ္ ဘာစီလိုနာ အသင္း ကို ကစား သြား ခဲ့တဲ့ ခ်န္ပီယံ လိဂ္ ကြာတား ဖုိင္နယ္ ဒုတိယ အေက်ာ့ ပြဲစဥ္ မွာ အသင္း ေဟာင္း မန္ခ်က္စတာ ယူနုိက္တက္ ရဲ့ လက္ရွိ နည္းျပ ျဖစ္သူ ဆုိးလ္ရွား က အမွား ျပဳလုပ္ ခဲ့တယ္ လို့ ယခင္ နည္းျပ ျဖစ္သူ ဟိုေဆး ေမာ္ရင္ဟို က ယံုၾကည္ ေနခဲ့ ပါတယ္ ။

ယူနုိက္တက္ တုိ့ ပထမ အေက်ာ့ တုန္းက 1 – 0 ဆုိတဲ့ ရလဒ္ နဲ့ ရွံဳးနိမ့္ ထားခဲ့ တာေၾကာင့္ ဒု အေက်ာ့ ပြဲစဥ္ စတင္ ကတည္းက ႏူးကမ့္ ကြင္းထဲ ျပိဳင္ဖက္ အသင္း ကို တရစပ္ တုိက္စစ္ ဆင္ ကစား ခဲ့ျပီး ရပ္ရွ္ဖုိ့ နဲ့ ေတာ္မီေနး တုိ႔ အခြင့္ အေရး ကိုယ္စီ ရရွိ ထား ခဲ့ၾက ပါ ေသးတယ္ ။

ဒါေပမဲ့ ယူနုိက္တက္ တုိ႔ အခြင့္ အေရး ေကာင္းေတြ မယူ နုိင္ ခဲ့တဲ့ ပြဲခ်န္ 15 မိနစ္ ေနာက္မွာ ျပိဳင္ဖက္ အသင္း ရဲ့ အဓိက တုိက္စစ္ ကစားသမား ျဖစ္သူ လီယြန္နယ္ မက္ဆီ က သြင္းဂိုး 2 ဂိုး ဆက္တုိက္ သြင္းယူ ျပီး ပြဲခ်ိန္ မိနစ္ 20 အတြင္း မွာပဲ ပြဲစဥ္ ကို ေသဆံုး သြားေစ ခဲ့ ပါတယ္ ။

မက္ဆီ ဟာ တစ္ကယ့္ ကို ေကာင္းမြန္ တဲ့ ေျခစြမ္း ေတြ ဆက္တုိက္ ျပသ နုိင္ ခဲ့ျခင္း နဲ့ အတူ ယူနုိက္တက္ ခံစစ္ မွာ လစ္ဟာ မွဳ ျဖစ္တဲ့ အခ်ိန္ အခြင့္ အေရး ေတြ ရယူ ျပီး ဂိုးေတြ ဆက္တုိက္ သြင္းယူ ခဲ့တာ ပဲ ျဖစ္ ပါတယ္ ။

ဒုတိယ ဂိုး ကိုေတာ့ ယူနုိက္တက္ ဂိုး သမား ျဖစ္သူ ဒီဂီယာ ရဲ့ အမွား မွ တစ္ဆင့္ ရရွိ ခဲ့ ပါတယ္ ။

အခု ေတာ့ ယူနုိက္တက္ နည္းျပ ေဟာင္း ဟိုေဆး ေမာ္ရင္ဟို က ဘာစီလိုနာ အသင္း ကို တုိက္စစ္ ဖြင့္ ကစား ခဲ့ျခင္း က ဆိုးလ္ရွား ရဲ့ အဓိက အမွား ျဖစ္ခဲ့ ျပီး ကြင္းဘယ္ မွာ မက္ဆီ အတြက္ ေဘာလံုး ကိုင္ခြင့္ ေတြ ၊ ေနရာ လြတ္ေတြ ရရွိ ေစခဲ့ တယ္ လို့ ဆုိသြား ခဲ့လိုက္ ပါတယ္ ။

” ယူနုိက္တက္ တုိ့ ခ်ဥ္းကပ္ ပံု ျခားနား ခဲ့တယ္ လို့ က်ြန္ေတာ္ ထင္ ပါတယ္ ။

ပထမ အေက်ာ့ တုန္းက ေတာ့ သူတုိ့ ေတြဟာ ကြင္းလယ္ ကို ထိန္းခ်ဳပ္ ဖုိ့ ၾကိဳးစား ခဲ့ၾက ပါတယ္ ။

မက္ဆီ ရဲ့ ေနရာ ယူမွဳ ေတြကို နားလည္ ဖုိ့ လြယ္ကူ ခဲ့တာ ေပါ့ ။

ဒါေပမဲ့ သူတုိ့ ေတြက မက္ဆီ ကို ေလွာင္ခ်ိဳင့္ ( ေထာင္ေခ်ာက္ ) ထဲ မထည့္ နိုင္ခဲ့ ၾက ပါဘူး ”

” သူဟာ ညာဖက္ အျခမ္း ကေန ဝင္ေရာက္ ထုိးေဖာက္ လို့ ကစား ခဲ့တယ္ ။

အဲ့ဒီ ေနာက္ ကြင္းလယ္ ထဲ ေနရာ ယူ ကစား ခဲ့တယ္ ။

အဲ့ဒီ အခ်ိန္ မွာ ရာကီတစ္ က ညာဖက္ အျခမ္း မွာ ေနရာ ယူ ျဖည့္စြက္ ကစား ေပးျပီး မက္ဆီ ကို ကြင္းလယ္ မွာ အဆင္ ေျပေအာင္ ကစား ေစနုိင္ ခဲ့ ပါတယ္ ။

ဒါဟာ တစ္ကယ့္ ကို ခက္ခဲ သြား ေစခဲ့ ပါတယ္ ”

” ဒါေပမဲ့ ယူနုိက္တက္ တုိ့ ပထမ အေက်ာ့ တုန္းက ေတာ့ ကြင္းလယ္ ကို အေတာ္ ေလး ထိန္းခ်ဳပ္ နုိင္ခဲ့ ၾက ပါတယ္ ။

သူတုိ့ ကြင္းလယ္ မွာ ေဘာလံုး ရရွိ ခဲ့တဲ့ အခ်ိန္ ဖရက္ဒ္ ကို ရွာေဖြ ေနခဲ့ ၾကတယ္ ။

အဲ့ဒီ ေနာက္ ေတာ္မီေနး ကုိပါ အခ်ိန္ ျပည့္ ရွာေဖြ ေနခဲ့ ရ ပါတယ္ ”

” အဲ့ဒီ ပြဲစဥ္ မွာ တုန္းက ယူနုိက္တက္ တုိ့ ျခားနား တဲ့ နည္း စနစ္ နဲ့ ကစား နုိင္ဖုိ့ ၾကိဳးစား ခဲ့ ၾကတဲ့ အတြက္ 0 – 1 နဲ့ ရွံဳးနိမ့္ ခဲ့ ၾကတာလို့ က်ြန္ေတာ္ ထင္ ပါတယ္ ။

ဒါေပမဲ့ အခု (ဒုတိယ အေက်ာ့) က်ေတာ့ ေပါ့ဂ္ဘာ က ဘယ္ အျခမ္း မွာ ေနရာ ယူတယ္ ။

ေတာ္မီေနး က ညာဖက္ အျခမ္း မွာ ရွိေန ခဲ့ျပီး ဂ်ီစီက နံပါတ္ 10 ကစားသမား တစ္ဦး လို ကစား ခဲ့ ပါတယ္ ”

” အဲ့ဒီ အခ်ိန္ ကြင္းလယ္ ခံစစ္ ေနရာ မွာေတာ့ ဖရက္ဒ္ တစ္ဦး တည္းသာ ရွိေန ခဲ့ရ ပါတယ္ ။

အဲ့ဒီ အခ်ိန္ မက္ဆီ ဆီကို ေဘာလံုး ေရာက္ရွိ သြားတဲ့ အခါ တုိင္း သူဟာ ဝမ္း ၊ ဝမ္း ခ်င္းပဲ ရင္ဆုိင္ ေက်ာ္ျဖတ္ ရပါ ေတာ့တယ္ ။

ဒါဆုိ ခင္ဗ်ား ေသျပီ ပဲေလ ”

” ဒါ့ေၾကာင့္ က်ြန္ေတာ္ ဟာ မက္ဆီ ကို ထိန္းခ်ဳပ္ ဖုိ့ အတြက္ တစ္ဦး ခ်င္း ထိပ္တုိက္ ရင္ဆုိင္ ကစား ရမဲ့ ကစား ကြက္ မ်ိးေတြ အျမဲ ေရွာင္ရွား ခဲ့ရ ပါတယ္ ။

မက္ဆီ ဟာ ေထာင္ေခ်ာက္ တစ္ခု ပါ ။

ဒါ့ေၾကာင့္ သူ့ အတြက္ ေလွာင္အိမ္ တစ္ခု ဖန္တီး နုိင္ဖုိ႔ လိုအပ္ လွ ပါတယ္ ”

” ဘာစီလိုနာ က ဘာစီလိုနာ ပါပဲ ။

သူတုိ့ အသင္း မွာ မန္ခ်က္စတာ ယူနုိက္တက္ ထက္ သာလြန္ တဲ့ ကစားသမား ေကာင္း စုဖြဲ့ မဳွဳေတြ ရွိေန ပါတယ္ ။

ဒါ့ေၾကာင့္ သူတုိ့ အနုိင္ ရရွိ သြားတာ ဟာ သာမန္ ကိစၥ တစ္ခု လို့ပဲ က်ြန္ေတာ္ ထင္ ပါတယ္ ” လို႔ ဟိုေဆး ေမာ္ရင္ဟို က သံုးသပ္ သြားခဲ့ လိုက္ ပါတယ္ ။

#Sports_Myanmar

Unicode Version

ဘာစီလိုနာနဲ့ ပွဲစဉ်မှာ ဆိုးလ်ရှားရဲ့ နည်းစနစ်ပိုင်းကို မသိမသာ ထိုးနှက်လိုက်တဲ့ မော်ရင်ဟို

ဒီ တစ်ပါတ် ဘာစီလိုနာ အသင်း ကို ကစား သွား ခဲ့တဲ့ ချန်ပီယံ လိဂ် ကွာတား ဖိုင်နယ် ဒုတိယ အကျော့ ပွဲစဉ် မှာ အသင်း ဟောင်း မန်ချက်စတာ ယူနိုက်တက် ရဲ့ လက်ရှိ နည်းပြ ဖြစ်သူ ဆိုးလ်ရှား က အမှား ပြုလုပ် ခဲ့တယ် လို့ ယခင် နည်းပြ ဖြစ်သူ ဟိုဆေး မော်ရင်ဟို က ယုံကြည် နေခဲ့ ပါတယ် ။

ယူနိုက်တက် တို့ ပထမ အကျော့ တုန်းက 1 – 0 ဆိုတဲ့ ရလဒ် နဲ့ ရှုံးနိမ့် ထားခဲ့ တာကြောင့် ဒု အကျော့ ပွဲစဉ် စတင် ကတည်းက နူးကမ့် ကွင်းထဲ ပြိုင်ဖက် အသင်း ကို တရစပ် တိုက်စစ် ဆင် ကစား ခဲ့ပြီး ရပ်ရှ်ဖို့ နဲ့ တော်မီနေး တို့ အခွင့် အရေး ကိုယ်စီ ရရှိ ထား ခဲ့ကြ ပါ သေးတယ် ။

ဒါပေမဲ့ ယူနိုက်တက် တို့ အခွင့် အရေး ကောင်းတွေ မယူ နိုင် ခဲ့တဲ့ ပွဲချန် 15 မိနစ် နောက်မှာ ပြိုင်ဖက် အသင်း ရဲ့ အဓိက တိုက်စစ် ကစားသမား ဖြစ်သူ လီယွန်နယ် မက်ဆီ က သွင်းဂိုး 2 ဂိုး ဆက်တိုက် သွင်းယူ ပြီး ပွဲချိန် မိနစ် 20 အတွင်း မှာပဲ ပွဲစဉ် ကို သေဆုံး သွားစေ ခဲ့ ပါတယ် ။

မက်ဆီ ဟာ တစ်ကယ့် ကို ကောင်းမွန် တဲ့ ခြေစွမ်း တွေ ဆက်တိုက် ပြသ နိုင် ခဲ့ခြင်း နဲ့ အတူ ယူနိုက်တက် ခံစစ် မှာ လစ်ဟာ မှု ဖြစ်တဲ့ အချိန် အခွင့် အရေး တွေ ရယူ ပြီး ဂိုးတွေ ဆက်တိုက် သွင်းယူ ခဲ့တာ ပဲ ဖြစ် ပါတယ် ။

ဒုတိယ ဂိုး ကိုတော့ ယူနိုက်တက် ဂိုး သမား ဖြစ်သူ ဒီဂီယာ ရဲ့ အမှား မှ တစ်ဆင့် ရရှိ ခဲ့ ပါတယ် ။

အခု တော့ ယူနိုက်တက် နည်းပြ ဟောင်း ဟိုဆေး မော်ရင်ဟို က ဘာစီလိုနာ အသင်း ကို တိုက်စစ် ဖွင့် ကစား ခဲ့ခြင်း က ဆိုးလ်ရှား ရဲ့ အဓိက အမှား ဖြစ်ခဲ့ ပြီး ကွင်းဘယ် မှာ မက်ဆီ အတွက် ဘောလုံး ကိုင်ခွင့် တွေ ၊ နေရာ လွတ်တွေ ရရှိ စေခဲ့ တယ် လို့ ဆိုသွား ခဲ့လိုက် ပါတယ် ။

” ယူနိုက်တက် တို့ ချဉ်းကပ် ပုံ ခြားနား ခဲ့တယ် လို့ ကျွန်တော် ထင် ပါတယ် ။

ပထမ အကျော့ တုန်းက တော့ သူတို့ တွေဟာ ကွင်းလယ် ကို ထိန်းချုပ် ဖို့ ကြိုးစား ခဲ့ကြ ပါတယ် ။

မက်ဆီ ရဲ့ နေရာ ယူမှု တွေကို နားလည် ဖို့ လွယ်ကူ ခဲ့တာ ပေါ့ ။

ဒါပေမဲ့ သူတို့ တွေက မက်ဆီ ကို လှောင်ချိုင့် ( ထောင်ချောက် ) ထဲ မထည့် နိုင်ခဲ့ ကြ ပါဘူး ”

” သူဟာ ညာဖက် အခြမ်း ကနေ ဝင်ရောက် ထိုးဖောက် လို့ ကစား ခဲ့တယ် ။

အဲ့ဒီ နောက် ကွင်းလယ် ထဲ နေရာ ယူ ကစား ခဲ့တယ် ။

အဲ့ဒီ အချိန် မှာ ရာကီတစ် က ညာဖက် အခြမ်း မှာ နေရာ ယူ ဖြည့်စွက် ကစား ပေးပြီး မက်ဆီ ကို ကွင်းလယ် မှာ အဆင် ပြေအောင် ကစား စေနိုင် ခဲ့ ပါတယ် ။

ဒါဟာ တစ်ကယ့် ကို ခက်ခဲ သွား စေခဲ့ ပါတယ် ”

” ဒါပေမဲ့ ယူနိုက်တက် တို့ ပထမ အကျော့ တုန်းက တော့ ကွင်းလယ် ကို အတော် လေး ထိန်းချုပ် နိုင်ခဲ့ ကြ ပါတယ် ။

သူတို့ ကွင်းလယ် မှာ ဘောလုံး ရရှိ ခဲ့တဲ့ အချိန် ဖရက်ဒ် ကို ရှာဖွေ နေခဲ့ ကြတယ် ။

အဲ့ဒီ နောက် တော်မီနေး ကိုပါ အချိန် ပြည့် ရှာဖွေ နေခဲ့ ရ ပါတယ် ”

” အဲ့ဒီ ပွဲစဉ် မှာ တုန်းက ယူနိုက်တက် တို့ ခြားနား တဲ့ နည်း စနစ် နဲ့ ကစား နိုင်ဖို့ ကြိုးစား ခဲ့ ကြတဲ့ အတွက် 0 – 1 နဲ့ ရှုံးနိမ့် ခဲ့ ကြတာလို့ ကျွန်တော် ထင် ပါတယ် ။

ဒါပေမဲ့ အခု (ဒုတိယ အကျော့) ကျတော့ ပေါ့ဂ်ဘာ က ဘယ် အခြမ်း မှာ နေရာ ယူတယ် ။

တော်မီနေး က ညာဖက် အခြမ်း မှာ ရှိနေ ခဲ့ပြီး ဂျီစီက နံပါတ် 10 ကစားသမား တစ်ဦး လို ကစား ခဲ့ ပါတယ် ”

” အဲ့ဒီ အချိန် ကွင်းလယ် ခံစစ် နေရာ မှာတော့ ဖရက်ဒ် တစ်ဦး တည်းသာ ရှိနေ ခဲ့ရ ပါတယ် ။

အဲ့ဒီ အချိန် မက်ဆီ ဆီကို ဘောလုံး ရောက်ရှိ သွားတဲ့ အခါ တိုင်း သူဟာ ဝမ်း ၊ ဝမ်း ချင်းပဲ ရင်ဆိုင် ကျော်ဖြတ် ရပါ တော့တယ် ။

ဒါဆို ခင်ဗျား သေပြီ ပဲလေ ”

” ဒါ့ကြောင့် ကျွန်တော် ဟာ မက်ဆီ ကို ထိန်းချုပ် ဖို့ အတွက် တစ်ဦး ချင်း ထိပ်တိုက် ရင်ဆိုင် ကစား ရမဲ့ ကစား ကွက် မျိးတွေ အမြဲ ရှောင်ရှား ခဲ့ရ ပါတယ် ။

မက်ဆီ ဟာ ထောင်ချောက် တစ်ခု ပါ ။

ဒါ့ကြောင့် သူ့ အတွက် လှောင်အိမ် တစ်ခု ဖန်တီး နိုင်ဖို့ လိုအပ် လှ ပါတယ် ”

” ဘာစီလိုနာ က ဘာစီလိုနာ ပါပဲ ။

သူတို့ အသင်း မှာ မန်ချက်စတာ ယူနိုက်တက် ထက် သာလွန် တဲ့ ကစားသမား ကောင်း စုဖွဲ့ မုှုတွေ ရှိနေ ပါတယ် ။

ဒါ့ကြောင့် သူတို့ အနိုင် ရရှိ သွားတာ ဟာ သာမန် ကိစ္စ တစ်ခု လို့ပဲ ကျွန်တော် ထင် ပါတယ် ” လို့ ဟိုဆေး မော်ရင်ဟို က သုံးသပ် သွားခဲ့ လိုက် ပါတယ် ။

#Sports_Myanmar

Realman

The author didn't add any Information to his profile yet.

Leave a comment

Your email address will not be published. Required fields are marked. *