ေတာ့တင္ဟမ္တုိ့ ဆီမီးဖုိင္နယ္ တက္ေရာက္သြားတဲ့ ခ်န္ပီယံလိဂ္ပြဲစဥ္မွာ ဘယ္သူေတြ ေတာက္ပ နုိင္ခဲ့ၾကသလဲ ?

By / 4 months ago / sport News / No Comments
ေတာ့တင္ဟမ္တုိ့ ဆီမီးဖုိင္နယ္ တက္ေရာက္သြားတဲ့ ခ်န္ပီယံလိဂ္ပြဲစဥ္မွာ ဘယ္သူေတြ ေတာက္ပ နုိင္ခဲ့ၾကသလဲ ?

ေတာ့တင္ဟမ္တုိ့ ဆီမီးဖုိင္နယ္ တက္ေရာက္သြားတဲ့ ခ်န္ပီယံလိဂ္ပြဲစဥ္မွာ ဘယ္သူေတြ ေတာက္ပ နုိင္ခဲ့ၾကသလဲ ?

ဒီေန့ နံနက္ ခ်န္ပီယံလိဂ္ ကြာတား ဖုိင္နယ္ ဒုတိယ အေက်ာ့ ပြဲစဥ္ ကို အီတီဟတ္ ကြင္းထဲ ကစား ခဲ့ ၾကျပီး မန္စီးတီး တုိ့ 4 – 3 ဆုိတဲ့ ရလဒ္ နဲ့ အနုိင္ယူ သြားနုိင္ ခဲ့ၾက ပါတယ္ ။

ဒါေပမဲ့ ပ – အေက်ာ့ တုန္းက စပါးတုိ့ အိမ္ကြင္း မွာ 1 – 0 ဆုိတဲ့ ရလဒ္ နဲ့ အနုိင္ ရယူ နုိင္ခဲ့ တာေၾကာင့္ ႏွစ္ေက်ာ့ ေပါင္း 4 – 4 ဆုိတဲ့ ရလဒ္ ၊ အေဝး ဂိုး စည္းမ်ဥ္း နဲ့ အတူ လန္ဒန္ သားတုိ့ ဆီမီး ဖုိင္နယ္ အဆင့္ ကို တက္ေရာက္ သြားနုိင္ခဲ့ ၾကတာပဲ ျဖစ္ပါတယ္ ။

ပထမ ပိုင္း မွာေတာ့ ႏွစ္ဖက္ အသင္း ရဲ့ အဓိက ကစားသမား ေတြ ျဖစ္ၾက တဲ့ စတာလင္း ၊ ဆြန္ေဟာင္မင္း တုိ့ တစ္ဦး 2 ဂိုး စီ သြင္းယူ ထားနုိင္ ခဲ့ျပီး ဘာနာဒို က တစ္ဂိုး သြင္းယူ နုုိင္ခဲ့တဲ့ အတြက္ မန္စီးတီး တုိ့ 3 – 2 နဲ့ ဦးေဆာင္ နုိင္ခဲ့ ၾက ပါတယ္ ။

အဲ့ဒီ ေနာက္ ပြဲခ်ိန္ 59 မိနစ္ မွာ အဂူရို ဟာ အျပင္းစား ကန္ခ်က္ နဲ့ ဦးေဆာင္ ခြင့္ ရယူ သြားခဲ့ ပါတယ္ ။

ဒါေပမဲ့ ပြဲခ်ိန္ 73 မိနစ္ က ေထာင့္ကန္ ေဘာမွ တစ္ဆင့္ ရရွိ လာ ခဲ့တဲ့ ေဘာလံုး ကို ေလာ္ရန္ေတး က ဂိုးပိုက္ နဲ့ မိတ္ဆက္ ေပးသြား ခဲ့ ပါတယ္ ။

ဒါေပမဲ့ အဆုိပါ သြင္းဂိုး ဟာ လက္ထိ ေဘာလို့ ယူဆ ခံခဲ့ ရတာ မို့ VAR ရဲ့ အဆံုးအျဖတ္ ကို ခံယူ ခဲ့ရ ပါတယ္ ။

ေနာက္ဆံုး ေတာ့ အဆုိပါ ေဘာလံုး ဟာ လက္ထိ ခဲ့တာ မဟုတ္ တဲ့ အတြက္ ဂိုး ျဖစ္သြား ခဲ့ရ ပါတယ္ ။

အဲ့ဒီ ေနာက္ စတာလင္း ဟာ ပြဲခ်ိန္ 90+ မွာ အသင္း အတြက္ ဟတ္ထရစ္ ဂိုး သြင္းယူ ေပးသြား ခဲ့ ပါတယ္ ။

ဒါေပမဲ့ အဆုိပါ သြင္းဂိုး ကုိ VAR နဲ့ ျပန္လည္ စစ္ေဆး ၾကည့္ လိုက္တဲ့ အခ်ိန္ မွာ ေဘာလံုး ခင္းေပး ခဲ့သူ အဂူရို ဟာ လူက်ြံ ေနခဲ့ တာေၾကာင့္ ဂိုး မျဖစ္ ခဲ့ရ ပါဘူး ။

ထုိ့အတူ ပြဲစဥ္ ဟာ 4 – 3 ဆုိတဲ့ ရလဒ္ နဲ့သာ ျပီးဆံုး ခဲ့ရ ျပီး မန္စီတီး တုိ့ အနုိင္ ရရွိ ေပမဲ့ ျပိဳင္ပြဲ မွ လက္ျပ ႏွဳတ္ဆက္ ခဲ့ရ ပါတယ္ ။

အခု ေတာ့ ေတာ့တင္ဟမ္ ဟာ ဆီမီး ဖုိင္နယ္ အဆင့္ မွာ ေအဂ်က္ အသင္း နဲ့ ကစား ရပါ ေတာ့မယ္ ။

အဆုိပါ ပြဲစဥ္ မွ ႏွစ္ဖက္ အသင္း ကစားသမား ေတြရဲ့ စြမ္းေဆာင္ ရည္ ေတြကို ေဖာ္ျပ ေပးလိုက္ ပါတယ္ ။

မန္ခ်က္စတာ စီးတီး
————————-

အီဒါဆင္ – 7

ဆြန္ရဲ့ သြင္းဂိုး ေတြကို ဟန့္တား နုိင္ဖုိ့ အခြင့္အေရး နည္းပါ လြန္းခဲ့ ပါတယ္ ။

ခံစစ္ ကစား ပံု ေပ်ာ့သြား ခဲ့တဲ့ အခ်ိန္ မွာ ေကာင္းမြန္ တဲ့ ဂိုးေပါက္ ကာကြယ္ မွဳ အခ်ိဳ့ လုပ္ေပး နုိင္ခဲ့ ပါတယ္ ။

ေဝၚလ္ကာ – 7

ဆြန္ကို ေနရာ လြတ္ေတြ ပိုင္ဆုိင္ ခြင့္ အရမ္း ေပးခဲ့ ပါတယ္ ။

ဒါေပမဲ့ ထိေရာက္ တဲ့ တုိက္စစ္ ဆင္ ကစား မွဳေတြ ျပဳလုပ္ ခဲ့ျပီး ျပိဳင္ဖက္ ကို တုိက္စစ္ ဆင္ခြင့္ နည္းပါး ေအာင္ ဖိအား ေပးနုိင္ ခဲ့ ပါတယ္ ။

ကြန္ပနီ – 8

မာေက်ာ လွတဲ့ ခံစစ္ ကစား ပံုနဲ့ အတူ ပြဲၾကီး ပြဲေကာင္း ေတြမွာ အသင္း အတြက္ အားထား ရတဲ့ ကစားသမား မ်ိဳး ျဖစ္ေၾကာင္း ျပသ ထားနုိင္ ခဲ့ ပါတယ္ ။

လာေပၚေတး – 5

သူ့ရဲ့ အမွားေတြ က ေတာ့တင္ဟမ္ ကို အေစာပိုင္း သြင္းဂိုး 2 ဂိုး ရရွိ သြား ေစခဲ့ ပါတယ္ ။

မန္စီးတီး ရဲ့ လာဘ္ ေကာင္ ျဖစ္ခဲ့ သူ အတြက္ ေတာ့ ဒါဟာ စိတ္ပ်က္ ဖြယ္ ည တစ္ခု ပါပဲ ။

မန္ဒီ – 7

ဒဏ္ရာ ျပသနာ ေတြက ျပန္လာ ခဲ့တဲ့ မန္ဒီ ဟာ တစ္ကယ့္ ကို ေကာင္းမြန္ စြာ တုိက္စစ္ ဆင္ ကစား ေပး နုိင္ခဲ့ ပါတယ္ ။

ဒါေပမဲ့ ခံစစ္ ပိုင္းမွာ ေတာ့ အထူး ေကာင္းမြန္ ျခင္း မရွိ ခဲ့ ပါဘူး ။

ဂန္ဒိုဂမ္ – 7

ေဘာလံုး ကိုင္ ကစား ရာမွာ ဥာဏ္ေကာင္း ခဲ့ ပါတယ္ ။

ဒါေပမဲ့ ဖာနန္ဒင္ဟို လိုေတာ့ အသင္း ရဲ့ ခံစစ္ ပိုင္းကို လံုျခံဳ မွဳေတြ မေပး နုိင္ခဲ့ ပါဘူး ။

D ေဆးလ္ဗာ – 6

ပထမ ပိုင္း အတြင္း တစ္ကယ့္ ကို ေကာင္းမြန္ တဲ့ ဖရီးကစ္ တစ္ၾကိမ္ ကန္ခဲ့ ေပမဲ့ ဂိုးဘား ေပၚမွ ေက်ာ္တက္ သြားခဲ့ ရ ပါတယ္ ။

ပြဲစဥ္ အေပၚ ယခင္ တုန္းက ေလာက္ လႊမ္းမုိး နုိင္ျခင္း မရွိ ခဲ့တဲ့ အတြက္ လူစား လဲခံ ခဲ့ရ ပါတယ္ ။

ဒီဘရိုင္း – 9 ( MOTM )

ပြဲစဥ္ ရဲ့ အေတာက္ပ ဆံုး ကစားသမား ပါပဲ ။

သူ့ရဲ့ လုပ္အား ၊ ကစား အား ၊ ေဘာလံုး အျမင္ ရွိ ခဲ့မွဳ ၊ ဂိုး ဖန္တီး မွဳ ဟတ္ထရစ္ ေတြက သူ အေကာင္းဆံုး ျဖစ္ခဲ့ ေၾကာင္း ျငင္းစရာ မရွိ ခဲ့ရ ပါဘူး ။

B ေဆးလ္ဗား – 8

လုပ္အား ေကာင္းမြန္ မွဳနဲ့ အတူ အသင္း အတြက္ တစ္ဂိုး သြင္းယူ ေပးနိုင္ ခဲ့ သလို ဒီဘရိုင္း ပိုမို အဆင္ေျပ စြာ ၊ လြတ္လပ္စြာ ကစား နုိင္ဖုိ့ အတြက္ အေထာက္အပံ့ ေကာင္းေတြ ေပးနိုင္ ခဲ့ ပါတယ္ ။

အဂူရို – 8

အသင္းေဖာ္ အတြက္ ဂိုး ဖန္တီး ေပးနုိင္ ခဲ့ သလို အနုိင္ ရရွိ ေစနုိင္ ဖုိ့ နီးစပ္ ခဲ့တဲ့ စတုတၳ ဂိုး ကိုလည္း သြင္းယူ ေပးနိုင္ ခဲ့ ပါတယ္ ။

စတာလင္း – 8

အသင္း အတြက္ ခြန္အား ျဖစ္ေစ တဲ့ ဂိုးေတြ သြင္းယူ ေပးနိုင္ ခဲ့ ပါတယ္ ။

သူ့ရဲ့ သြင္းဂုိး ေတြ ကေတာ့ တစ္ကယ့္ ကို ေသသပ္ ေကာင္းမြန္ ခဲ့ ပါတယ္ ။

လူစားဝင္ ကစားသမား …

ဖာနန္ဒင္ဟို – 6

ေတာ့တင္ဟမ္ ေဟာ့ စပါး
——————————-

လိုရစ္ – 6

ပထမပိုင္း သြင္းဂိုး ေတြကို တားဆီး နိုင္ဖုိ့ အခြင့္ အေရး နည္းပါး ခဲ့ ပါတယ္ ။

ဒီဘရိုင္း ရဲ့ ကန္ခ်က္ ကို ဟန့္တား နုိင္ခဲ့ သလို ေကာင္းမြန္ တဲ့ ဂိုးေပါက္ ကာကြယ္ မွဳေတြ လည္း လုပ္ျပ နုိင္ခဲ့ ပါတယ္ ။

ထရစ္ပီးယား – 5

စတာလင္း ကို ထန္းခ်ဳပ္ နုိင္ဖုိ့ ရုန္းကန္ ခဲ့ရ ပါတယ္ ။

စတာလင္း ရဲ့ ဒုတိယ ဂိုး မွာလည္း သူဟာ ျပိဳင္ဖက္ ရဲ့ ေနာက္မွ က်န္ရစ္ ခဲ့ရ ပါတယ္ ။

အက္ဒါဝီရယ္ – 5

စတာလင္း ရဲ့ အဖြင့္ ဂိုး အတြက္ အမွား မကင္း ခဲ့ ပါဘူူး ။

ၿပိဳင္ဖက္ ကစားသမား ေတြ အေတာ္ ေလး တုိက္စစ္ ဆင္ ကစား နုိင္ခဲ့ ၾကတဲ့ အထိ သူ့ရဲ့ ကစား ပံု ေလ်ာ့တိ ေလ်ာ့ရဲ ျဖစ္ခဲ့ ရ ပါတယ္ ။

ဗာတြန္ဂမ္ – 6

ေတာ့တင္ဟမ္ ရဲ့ ခံစစ္ မွာေတာ့ အေတာ္ ေလး ေျခစြမ္း ျပနုိင္ ခဲ့သူ ပါပဲ ။

ဒါေပမဲ့ အဂူရို ရဲ့ ဂိုးကို မဟန့္တား နုိင္ခဲ့ ပါဘူး ။

ရို့စ္ – 5

သူ့ရဲ့ ေတာင္ပံ တစ္ေလ်ာက္ ဘာနာဒို ဟာ စိတ္ၾကိဳက္ ေမႊေနွာက္ ကစား ခဲ့ ပါတယ္ ။

ဒီပြဲ ကို သူ ေမ့ေပ်ာက္ လိုက္တာ ပိုေကာင္း ပါ လိမ့္မယ္ ။

ဆစ္ဆုိကို – 6

ဒဏ္ရာ မရခင္ အထိ ေတာ့ အသင္း အတြက္ အေကာင္းဆံုး ကစား ေပးနုိင္ ခဲ့ သလို ဒီဘရိုင္း ကိုလည္း ကစား ရ ခက္ခဲ ေအာင္ လုပ္ေဆာင္ နုိင္ခဲ့ ပါတယ္ ။

ဝမ္ယာမာ – 6

မန္စီးတီး ရဲ့ ေဘာလံုး ခ်ိတ္ဆက္ ကစား မဳွကုိ အေတာ္အတန္ ျဖတ္ေတာင္ နုိင္ခဲ့ ျပီး ကြင္းလယ္ တစ္ေလ်ာက္ ကစား အား အရမ္း ကို ေကာင္းမြန္ ခဲ့ ပါတယ္ ။

အလီ – 6

အသင္း ရဲ့ ပထမ ဂိုး ရရွိ ေစဖုိ့ အတြက္ လုပ္ေဆာင္ ေပးနုိင္ ခဲ့ ပါတယ္ ။

ဒါ့အျပင္ ဒုတိယ ဂိုး အတြက္ ဆြန္ေဟာင္မင္း ေနရာ လြတ္ ရရွိ ဖုိ့လည္း လုပ္ေဆာင္ ေပးသြား ခဲ့ ပါတယ္ ။

အဲရစ္ဆင္ – 6

ဆြန္ရဲ့ ဒုတိယ ဂိုးကို ဖန္တီး ေပးနုိင္ ခဲ့ ပါတယ္ ။

ကစား အား ေကာင္းမြန္ ခဲ့ ေပမဲ့ ပြဲစဥ္ အေပၚ ယခင္ တုန္းက ေလာက္ လႊမ္းမုိး နုိင္မွဳ ေတာ့ မရွိ ခဲ့ ပါဘူး ။

ေမာ္ရာ – 7

တစ္ကယ့္ ကို ေကာင္းမြန္ တဲ့ ေရြ့လ်ား မွဳ ၊ တုိက္စစ္ ပံုေဖာ္ ေပးနုိင္ မွဳ ေတြနဲ့ အတူ ေတာ့တင္ဟမ္ ရဲ့ ပထမဆံုး သြင္းဂိုး 2 ဂိုး လံုးမွာ အေရး ပါသူ ျဖစ္ခဲ့ ရ ပါတယ္ ။

ဆြန္ေဟာင္မင္း – 7

မန္စီးတီး တုိ့ရဲ့ အေစာပိုင္း ခံစစ္ အမွား ေတြကို နာက်င္ ခံစား ေစမွဳ အျဖစ္ ေျပာင္းလဲ ေပးနုိင္ ခဲ့ ပါတယ္ ။

သူဟာ ဒီည ေတာ့တင္ဟမ္ ရဲ့ စူပါ ဟီးရိုး ျဖစ္ခဲ့ ရျပန္ ပါတယ္ ။

လူစားဝင္ ကစားသမား …

ေလာ္ရန္ေတး – 6

#Sports_Myanmar

Unicode Version

တော့တင်ဟမ်တို့ ဆီမီးဖိုင်နယ် တက်ရောက်သွားတဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ဘယ်သူတွေ တောက်ပ နိုင်ခဲ့ကြသလဲ ?

ဒီနေ့ နံနက် ချန်ပီယံလိဂ် ကွာတား ဖိုင်နယ် ဒုတိယ အကျော့ ပွဲစဉ် ကို အီတီဟတ် ကွင်းထဲ ကစား ခဲ့ ကြပြီး မန်စီးတီး တို့ 4 – 3 ဆိုတဲ့ ရလဒ် နဲ့ အနိုင်ယူ သွားနိုင် ခဲ့ကြ ပါတယ် ။

ဒါပေမဲ့ ပ – အကျော့ တုန်းက စပါးတို့ အိမ်ကွင်း မှာ 1 – 0 ဆိုတဲ့ ရလဒ် နဲ့ အနိုင် ရယူ နိုင်ခဲ့ တာကြောင့် နှစ်ကျော့ ပေါင်း 4 – 4 ဆိုတဲ့ ရလဒ် ၊ အဝေး ဂိုး စည်းမျဉ်း နဲ့ အတူ လန်ဒန် သားတို့ ဆီမီး ဖိုင်နယ် အဆင့် ကို တက်ရောက် သွားနိုင်ခဲ့ ကြတာပဲ ဖြစ်ပါတယ် ။

ပထမ ပိုင်း မှာတော့ နှစ်ဖက် အသင်း ရဲ့ အဓိက ကစားသမား တွေ ဖြစ်ကြ တဲ့ စတာလင်း ၊ ဆွန်ဟောင်မင်း တို့ တစ်ဦး 2 ဂိုး စီ သွင်းယူ ထားနိုင် ခဲ့ပြီး ဘာနာဒို က တစ်ဂိုး သွင်းယူ နိုင်ခဲ့တဲ့ အတွက် မန်စီးတီး တို့ 3 – 2 နဲ့ ဦးဆောင် နိုင်ခဲ့ ကြ ပါတယ် ။

အဲ့ဒီ နောက် ပွဲချိန် 59 မိနစ် မှာ အဂူရို ဟာ အပြင်းစား ကန်ချက် နဲ့ ဦးဆောင် ခွင့် ရယူ သွားခဲ့ ပါတယ် ။

ဒါပေမဲ့ ပွဲချိန် 73 မိနစ် က ထောင့်ကန် ဘောမှ တစ်ဆင့် ရရှိ လာ ခဲ့တဲ့ ဘောလုံး ကို လော်ရန်တေး က ဂိုးပိုက် နဲ့ မိတ်ဆက် ပေးသွား ခဲ့ ပါတယ် ။

ဒါပေမဲ့ အဆိုပါ သွင်းဂိုး ဟာ လက်ထိ ဘောလို့ ယူဆ ခံခဲ့ ရတာ မို့ VAR ရဲ့ အဆုံးအဖြတ် ကို ခံယူ ခဲ့ရ ပါတယ် ။

နောက်ဆုံး တော့ အဆိုပါ ဘောလုံး ဟာ လက်ထိ ခဲ့တာ မဟုတ် တဲ့ အတွက် ဂိုး ဖြစ်သွား ခဲ့ရ ပါတယ် ။

အဲ့ဒီ နောက် စတာလင်း ဟာ ပွဲချိန် 90+ မှာ အသင်း အတွက် ဟတ်ထရစ် ဂိုး သွင်းယူ ပေးသွား ခဲ့ ပါတယ် ။

ဒါပေမဲ့ အဆိုပါ သွင်းဂိုး ကို VAR နဲ့ ပြန်လည် စစ်ဆေး ကြည့် လိုက်တဲ့ အချိန် မှာ ဘောလုံး ခင်းပေး ခဲ့သူ အဂူရို ဟာ လူကျွံ နေခဲ့ တာကြောင့် ဂိုး မဖြစ် ခဲ့ရ ပါဘူး ။

ထို့အတူ ပွဲစဉ် ဟာ 4 – 3 ဆိုတဲ့ ရလဒ် နဲ့သာ ပြီးဆုံး ခဲ့ရ ပြီး မန်စီတီး တို့ အနိုင် ရရှိ ပေမဲ့ ပြိုင်ပွဲ မှ လက်ပြ နှုတ်ဆက် ခဲ့ရ ပါတယ် ။

အခု တော့ တော့တင်ဟမ် ဟာ ဆီမီး ဖိုင်နယ် အဆင့် မှာ အေဂျက် အသင်း နဲ့ ကစား ရပါ တော့မယ် ။

အဆိုပါ ပွဲစဉ် မှ နှစ်ဖက် အသင်း ကစားသမား တွေရဲ့ စွမ်းဆောင် ရည် တွေကို ဖော်ပြ ပေးလိုက် ပါတယ် ။

မန်ချက်စတာ စီးတီး
————————-

အီဒါဆင် – 7

ဆွန်ရဲ့ သွင်းဂိုး တွေကို ဟန့်တား နိုင်ဖို့ အခွင့်အရေး နည်းပါ လွန်းခဲ့ ပါတယ် ။

ခံစစ် ကစား ပုံ ပျော့သွား ခဲ့တဲ့ အချိန် မှာ ကောင်းမွန် တဲ့ ဂိုးပေါက် ကာကွယ် မှု အချို့ လုပ်ပေး နိုင်ခဲ့ ပါတယ် ။

ဝေါ်လ်ကာ – 7

ဆွန်ကို နေရာ လွတ်တွေ ပိုင်ဆိုင် ခွင့် အရမ်း ပေးခဲ့ ပါတယ် ။

ဒါပေမဲ့ ထိရောက် တဲ့ တိုက်စစ် ဆင် ကစား မှုတွေ ပြုလုပ် ခဲ့ပြီး ပြိုင်ဖက် ကို တိုက်စစ် ဆင်ခွင့် နည်းပါး အောင် ဖိအား ပေးနိုင် ခဲ့ ပါတယ် ။

ကွန်ပနီ – 8

မာကျော လှတဲ့ ခံစစ် ကစား ပုံနဲ့ အတူ ပွဲကြီး ပွဲကောင်း တွေမှာ အသင်း အတွက် အားထား ရတဲ့ ကစားသမား မျိုး ဖြစ်ကြောင်း ပြသ ထားနိုင် ခဲ့ ပါတယ် ။

လာပေါ်တေး – 5

သူ့ရဲ့ အမှားတွေ က တော့တင်ဟမ် ကို အစောပိုင်း သွင်းဂိုး 2 ဂိုး ရရှိ သွား စေခဲ့ ပါတယ် ။

မန်စီးတီး ရဲ့ လာဘ် ကောင် ဖြစ်ခဲ့ သူ အတွက် တော့ ဒါဟာ စိတ်ပျက် ဖွယ် ည တစ်ခု ပါပဲ ။

မန်ဒီ – 7

ဒဏ်ရာ ပြသနာ တွေက ပြန်လာ ခဲ့တဲ့ မန်ဒီ ဟာ တစ်ကယ့် ကို ကောင်းမွန် စွာ တိုက်စစ် ဆင် ကစား ပေး နိုင်ခဲ့ ပါတယ် ။

ဒါပေမဲ့ ခံစစ် ပိုင်းမှာ တော့ အထူး ကောင်းမွန် ခြင်း မရှိ ခဲ့ ပါဘူး ။

ဂန်ဒိုဂမ် – 7

ဘောလုံး ကိုင် ကစား ရာမှာ ဉာဏ်ကောင်း ခဲ့ ပါတယ် ။

ဒါပေမဲ့ ဖာနန်ဒင်ဟို လိုတော့ အသင်း ရဲ့ ခံစစ် ပိုင်းကို လုံခြုံ မှုတွေ မပေး နိုင်ခဲ့ ပါဘူး ။

D ဆေးလ်ဗာ – 6

ပထမ ပိုင်း အတွင်း တစ်ကယ့် ကို ကောင်းမွန် တဲ့ ဖရီးကစ် တစ်ကြိမ် ကန်ခဲ့ ပေမဲ့ ဂိုးဘား ပေါ်မှ ကျော်တက် သွားခဲ့ ရ ပါတယ် ။

ပွဲစဉ် အပေါ် ယခင် တုန်းက လောက် လွှမ်းမိုး နိုင်ခြင်း မရှိ ခဲ့တဲ့ အတွက် လူစား လဲခံ ခဲ့ရ ပါတယ် ။

ဒီဘရိုင်း – 9 ( MOTM )

ပွဲစဉ် ရဲ့ အတောက်ပ ဆုံး ကစားသမား ပါပဲ ။

သူ့ရဲ့ လုပ်အား ၊ ကစား အား ၊ ဘောလုံး အမြင် ရှိ ခဲ့မှု ၊ ဂိုး ဖန်တီး မှု ဟတ်ထရစ် တွေက သူ အကောင်းဆုံး ဖြစ်ခဲ့ ကြောင်း ငြင်းစရာ မရှိ ခဲ့ရ ပါဘူး ။

B ဆေးလ်ဗား – 8

လုပ်အား ကောင်းမွန် မှုနဲ့ အတူ အသင်း အတွက် တစ်ဂိုး သွင်းယူ ပေးနိုင် ခဲ့ သလို ဒီဘရိုင်း ပိုမို အဆင်ပြေ စွာ ၊ လွတ်လပ်စွာ ကစား နိုင်ဖို့ အတွက် အထောက်အပံ့ ကောင်းတွေ ပေးနိုင် ခဲ့ ပါတယ် ။

အဂူရို – 8

အသင်းဖော် အတွက် ဂိုး ဖန်တီး ပေးနိုင် ခဲ့ သလို အနိုင် ရရှိ စေနိုင် ဖို့ နီးစပ် ခဲ့တဲ့ စတုတ္ထ ဂိုး ကိုလည်း သွင်းယူ ပေးနိုင် ခဲ့ ပါတယ် ။

စတာလင်း – 8

အသင်း အတွက် ခွန်အား ဖြစ်စေ တဲ့ ဂိုးတွေ သွင်းယူ ပေးနိုင် ခဲ့ ပါတယ် ။

သူ့ရဲ့ သွင်းဂိုး တွေ ကတော့ တစ်ကယ့် ကို သေသပ် ကောင်းမွန် ခဲ့ ပါတယ် ။

လူစားဝင် ကစားသမား …

ဖာနန်ဒင်ဟို – 6

တော့တင်ဟမ် ဟော့ စပါး
——————————-

လိုရစ် – 6

ပထမပိုင်း သွင်းဂိုး တွေကို တားဆီး နိုင်ဖို့ အခွင့် အရေး နည်းပါး ခဲ့ ပါတယ် ။

ဒီဘရိုင်း ရဲ့ ကန်ချက် ကို ဟန့်တား နိုင်ခဲ့ သလို ကောင်းမွန် တဲ့ ဂိုးပေါက် ကာကွယ် မှုတွေ လည်း လုပ်ပြ နိုင်ခဲ့ ပါတယ် ။

ထရစ်ပီးယား – 5

စတာလင်း ကို ထန်းချုပ် နိုင်ဖို့ ရုန်းကန် ခဲ့ရ ပါတယ် ။

စတာလင်း ရဲ့ ဒုတိယ ဂိုး မှာလည်း သူဟာ ပြိုင်ဖက် ရဲ့ နောက်မှ ကျန်ရစ် ခဲ့ရ ပါတယ် ။

အက်ဒါဝီရယ် – 5

စတာလင်း ရဲ့ အဖွင့် ဂိုး အတွက် အမှား မကင်း ခဲ့ ပါဘူူး ။

ပြိုင်ဖက် ကစားသမား တွေ အတော် လေး တိုက်စစ် ဆင် ကစား နိုင်ခဲ့ ကြတဲ့ အထိ သူ့ရဲ့ ကစား ပုံ လျော့တိ လျော့ရဲ ဖြစ်ခဲ့ ရ ပါတယ် ။

ဗာတွန်ဂမ် – 6

တော့တင်ဟမ် ရဲ့ ခံစစ် မှာတော့ အတော် လေး ခြေစွမ်း ပြနိုင် ခဲ့သူ ပါပဲ ။

ဒါပေမဲ့ အဂူရို ရဲ့ ဂိုးကို မဟန့်တား နိုင်ခဲ့ ပါဘူး ။

ရို့စ် – 5

သူ့ရဲ့ တောင်ပံ တစ်လျောက် ဘာနာဒို ဟာ စိတ်ကြိုက် မွှေနှောက် ကစား ခဲ့ ပါတယ် ။

ဒီပွဲ ကို သူ မေ့ပျောက် လိုက်တာ ပိုကောင်း ပါ လိမ့်မယ် ။

ဆစ်ဆိုကို – 6

ဒဏ်ရာ မရခင် အထိ တော့ အသင်း အတွက် အကောင်းဆုံး ကစား ပေးနိုင် ခဲ့ သလို ဒီဘရိုင်း ကိုလည်း ကစား ရ ခက်ခဲ အောင် လုပ်ဆောင် နိုင်ခဲ့ ပါတယ် ။

ဝမ်ယာမာ – 6

မန်စီးတီး ရဲ့ ဘောလုံး ချိတ်ဆက် ကစား မုှကို အတော်အတန် ဖြတ်တောင် နိုင်ခဲ့ ပြီး ကွင်းလယ် တစ်လျောက် ကစား အား အရမ်း ကို ကောင်းမွန် ခဲ့ ပါတယ် ။

အလီ – 6

အသင်း ရဲ့ ပထမ ဂိုး ရရှိ စေဖို့ အတွက် လုပ်ဆောင် ပေးနိုင် ခဲ့ ပါတယ် ။

ဒါ့အပြင် ဒုတိယ ဂိုး အတွက် ဆွန်ဟောင်မင်း နေရာ လွတ် ရရှိ ဖို့လည်း လုပ်ဆောင် ပေးသွား ခဲ့ ပါတယ် ။

အဲရစ်ဆင် – 6

ဆွန်ရဲ့ ဒုတိယ ဂိုးကို ဖန်တီး ပေးနိုင် ခဲ့ ပါတယ် ။

ကစား အား ကောင်းမွန် ခဲ့ ပေမဲ့ ပွဲစဉ် အပေါ် ယခင် တုန်းက လောက် လွှမ်းမိုး နိုင်မှု တော့ မရှိ ခဲ့ ပါဘူး ။

မော်ရာ – 7

တစ်ကယ့် ကို ကောင်းမွန် တဲ့ ရွေ့လျား မှု ၊ တိုက်စစ် ပုံဖော် ပေးနိုင် မှု တွေနဲ့ အတူ တော့တင်ဟမ် ရဲ့ ပထမဆုံး သွင်းဂိုး 2 ဂိုး လုံးမှာ အရေး ပါသူ ဖြစ်ခဲ့ ရ ပါတယ် ။

ဆွန်ဟောင်မင်း – 7

မန်စီးတီး တို့ရဲ့ အစောပိုင်း ခံစစ် အမှား တွေကို နာကျင် ခံစား စေမှု အဖြစ် ပြောင်းလဲ ပေးနိုင် ခဲ့ ပါတယ် ။

သူဟာ ဒီည တော့တင်ဟမ် ရဲ့ စူပါ ဟီးရိုး ဖြစ်ခဲ့ ရပြန် ပါတယ် ။

လူစားဝင် ကစားသမား …

လော်ရန်တေး – 6

#Sports_Myanmar

Realman

The author didn't add any Information to his profile yet.

Leave a comment

Your email address will not be published. Required fields are marked. *