ေႏြရာသီေရာက္ျပီဆိုေတာ႔ အုန္းစိမ္းရည္ ေသာက္ပါ….

By / 1 month ago / Health / No Comments
ေႏြရာသီေရာက္ျပီဆိုေတာ႔ အုန္းစိမ္းရည္ ေသာက္ပါ….

ေႏြရာသီေရာက္ျပီဆိုေတာ႔ အုန္းစိမ္းရည္ ေသာက္ပါ….

ေရွးလူႀကီး မ်ားသည္ ေႏြရာသီ ေရာက္လာေသာ အခါ ေက်ာက္၊ ဝက္သက္ စေသာ အပူကန္၊ အပူငုပ္ ေရာဂါမ်ား ကာကြယ္ႏိုင္ရန္ အသားမရင့္ ေသးေသာ အုန္းစိမ္းရည္ကို တိုက္ေလ့ ရွိသည္။

အသား တည္ခါစ ဇြန္းျခစ္ဟု ေခၚဆိုေသာ အုန္းစိမ္းရည္သ ည္ အုန္းေျခာက္ရည္ ႏွင့္မတူ ဆန္႔က်င္ဘက္ ျဖစ္သည္။ အက်ဳိးသြား မွာလည္းမတူ။ အုန္းေျခာက္ရည္ ေသာက္လွ်င္ အပူကန္ျခင္း၊ ေခါင္းကိုက္ျခင္း၊ ယားနာမ်ား ထျခင္း စေသာ ဆိုးက်ဳိးမ်ား ခံစားရေလ့ ရွိသည္။

အုန္းစိမ္းရည္ႏွင့္ အုန္းေျခာက္ရည္ မတူညီေသာ ျခားနားခ်က္မွာ အုန္းရည္ေပၚတြင္ အဆီမ်ား ေဝ့ေနလွ်င္ အုန္းေျခာက္ရည္ ျဖစ္ႏိုင္သည္။ အရသာမွာ အခ်ဳိႏွင့္ အငန္ ေရာစပ္ေနသည္။ ေလသလပ္ ထားလွ်င္ ခဏအတြင္း အခ်ဥ္ဓာတ္ေပါက္ သြားေလ့ ရွိသည္။

ထို႔ေၾကာင့္ ေရွးက ေဆးဆရာႀကီး မ်ားက ေက်ာက္၊ ဝက္သက္ ေရာဂါမ်ား ကုသရာတြင္ အုန္းစိမ္းရည္ ခ်က္ခ်င္းမရ ႏိုင္ပါက နတ္အုန္းသီး ကဲ့သို႔ အုန္းေျခာက္ရည္ ကို ယူၿပီး မီးျဖင့္ ဆူပြက္ေအာင္ က်ဳိကာ ေဆးႏွင့္ ေရာတိုက္ေလ့ ရွိသည္။

စာေရးသူသည္ အလြန္ ပူျပင္းေသာ ေႏြရာသီ တစ္ခုတြင္ ရန္ကုန္ၿမိဳ႕မွ ျမစ္တစ္ဖက္ကမ္း သို႔ကူးၿပီး သန္လ်င္ၿမိဳ႕ရွိ ေက်ာက္တန္း ေရလယ္ဘုရား သို႔ သြားခဲ့ဖူးသည္။ ေက်ာက္တန္း ေရလယ္ဘုရား ၏ တစ္ဖက္ကမ္းတြင္ ခိုလံႈစရာ အရိပ္မရွိ၊ ေနကလည္း ပူျပင္း ေနခ်ိန္တြင္ အရိပ္မိုး ေပးထား ေသာ အုန္းစိမ္း အခိုင္လိုက္ကို ခ်က္ခ်င္း ေဖာက္ၿပီး ေသာက္ရန္ ေရာင္းခ်ေသာ ဆိုင္ေလးမ်ားကို ေတြ႕ရသည္။

ဆိုင္ရွင္ အမ်ဳိးသမီးက ”ေနပူထဲက လာရင္ ေရခဲေရ မေသာက္နဲ႔ အပူငုပ္ၿပီး လည္ေခ်ာင္း နာလိမ့္မယ္။ အုန္းစိမ္းရည္ ေသာက္၊ အပူၿငိမ္းတယ္ ” ဟု ေျပာသျဖင့္ အုန္းစိမ္းရည္ တစ္လံုးကို ပိုက္တပ္ၿပီး စုပ္ေသာက္လိုက္ ေသာအခါ ရင္တြင္းမွ ေအးသြားၿပီး အားရွိသြား သကဲ့သို႔ ခံစားရ ပါသည္။

ဂ်ပန္ေခတ္ ေဆးဝါး ရွားပါးေသာ ကာလက အားျပတ္ေသာ လူနာမ်ား၊ ဝမ္းေလွ်ာ၊ ဝမ္းပ်က္ေသာ လူနာမ်ားကို ဂလူးကို႔စ္ အခ်ဳိရည္ မရွိသျဖင့္ အုန္းစိမ္းကို ထိပ္မွ ၾကြက္ၿမီးျဖဳတ္ၿပီး အပ္စိုက္ကာ အေၾကာေဆး အျဖစ္ သြင္းေပး ရသည္ဟု ဖတ္ရဖူးသည္။

အုန္းစိမ္းရည္ ၏ အစြမ္း သတၱိမွာ အေနာက္တိုင္း ဆရာဝန္မ်ား ကပင္ အသိအမွတ္ျပဳ သံုးစြဲၾက ရသည္။ အုန္းသီး၏ ထူးျခားခ်က္ မ်ားမွာ အတြင္း၌ ရွိေနေသာ အုန္းရည္သည္ မခြဲမေဖာက္ သမွ် ကာလပတ္လံုး ခန္းသြားသည္ဟု မရွိ၊ ခ်ဥ္သြားသည္ ဟူ၍လည္း မရွိေပ။

ယခုအခါ လူေန ထူထပ္ေသာ ၿမိဳ႕ႀကီးမ်ားတြင္ အပူရွိန္ ျမင့္တက္လာ သျဖင့္ Heat Stroke ေခၚအပူရွပ္၍ ေလျဖတ္ျခင္း၊ ဦးေႏွာက္ ေသြးေၾကာ ေပါက္ျခင္းတို႔ အျဖစ္မ်ားေသာ ရာသီျဖစ္သည္။ ဆီးပူ၊ ဆီးေအာင့္ ေရာဂါမ်ားလည္း အျဖစ္မ်ားသည္။

အမ်ဳိးသမီး မ်ားတြင္ မီးယပ္ျဖဴဆင္း ေရာဂါ၊ ေသြးဆင္းလြန္ ေသာေရာဂါမ်ား ျဖစ္ေလ့ ရွိသည္။ ထိုကဲ့သို႔ အပူကန္၊ အပူငုပ္ ေရာဂါမ်ားအတြက္ အုန္းစိမ္းရည္ကို ေသာက္ေပး ျခင္းျဖင့္ သက္သာ ေစႏိုင္သည္။

အမ်ဳိးသား လူႀကီးမ်ား ျဖစ္ေလ့ရွိေသာ ဆီးက်ိတ္ေရာင္ ေရာဂါကိုလည္း သက္သာ ေစႏိုင္သည္။ အုန္းစိမ္း ရည္သည္ အာဟာရဓာတ္ ၾကြယ္ဝၿပီး အပူၿငိမ္း ႐ံုသာမက အ႐ိုးအဆစ္၊ အရြတ္၊ ၾကြက္သားမ်ားပါ ေကာင္းေစ ႏိုင္ေသာ အာနိသင္ အထူးရွိသည္။

ေက်ာက္ကပ္ေက်ာက္တည္သူတစ္ဦးက အုန္းစိမ္းအႏုကို ထိပ္ဖြင့္ အေပါက္ငယ္မွေက်ာက္ခ်ဥ္ခဲေသးေသး မန္က်ည္းေစ့ခန္႔ကို ထည့္ၿပီး တစ္နာရီခန္႔အၾကာပိတ္ထားၿပီးေနာက္ အုန္းစိမ္းရည္ကို ပိုက္ျဖင့္စုပ္ယူ ေသာက္ျခင္းျဖင့္ တစ္ပါတ္ခန္႔ၾကာေသာအခါ ေက်ာက္ေသးေသးေလးက်လာသည္ကို fb.တြင္ပံုႏွင့္တကြတင္ျပထားသည္ကိုဖတ္႐ႈရဘူးပါသည္။

ဥတုေဘာဇနသဂၤဟက်မ္းအလို။ ။မႏုမရင့္ လတ္လတ္ေလာေလာအုန္းသီးရည္သည္ သုက္ကိုပြားေစတတ္၏။အဆီဩဇာ႐ွိ၏။ခ်ိဳ၏။အခ်ိဳ႕စဥ္းငယ္ဖန္၏။ေအး၏။ေၾကလြယ္၏။ေရငတ္ျခင္း သည္းေျခ ေလနာတို႔က္ိုႏိုင္၏။၀မ္းမီးကိုေတာက္ေစတတ္၏။

ဆီးကို႐ွြင္ေစတတ္၏။၀မ္းမီးခ်က္၍က်က္လ်ွင္ခ်ိဳ၏။အခ်ိဳ႕အုန္းရည္ငန္၏။ႏွလံုးၾကည္လင္ေစတတ္၏။ႏႈတ္ကိုၿမိန္ေစတတ္၏။အားကိုျဖစ္ေစတတ္၏။အလြန္ႏုေသာအုန္းသီးရည္သည္၀မ္းက်တတ္၏။ဆြတ္ခူး၍ၾကာၿပီးေသာအရည္သည္၀မ္းခ်ဳပ္၏။ေၾကခဲ၏။သည္းေျခကိုပ်က္ေစတတ္၏…ဟုေရးသားထားသည္ကိုဖတ္႐ႈေလ့လာတင္ျပလိုက္ပါသည္။

ၾကည္လြင္ျမင့္(မုျဒာ) ၁၀.၄.၂၀၁၇ ျမန္မာ့အလင္းသတင္းစာ

Unicode

နွေရာသီရောက်ပြီဆိုတော့ အုန်းစိမ်းရည် သောက်ပါ….

ရှေးလူကြီး များသည် နွေရာသီ ရောက်လာသော အခါ ကျောက်၊ ဝက်သက် စသော အပူကန်၊ အပူငုပ် ရောဂါများ ကာကွယ်နိုင်ရန် အသားမရင့် သေးသော အုန်းစိမ်းရည်ကို တိုက်လေ့ ရှိသည်။

အသား တည်ခါစ ဇွန်းခြစ်ဟု ခေါ်ဆိုသော အုန်းစိမ်းရည်သ ည် အုန်းခြောက်ရည် နှင့်မတူ ဆန့်ကျင်ဘက် ဖြစ်သည်။ အကျိုးသွား မှာလည်းမတူ။ အုန်းခြောက်ရည် သောက်လျှင် အပူကန်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ယားနာများ ထခြင်း စသော ဆိုးကျိုးများ ခံစားရလေ့ ရှိသည်။

အုန်းစိမ်းရည်နှင့် အုန်းခြောက်ရည် မတူညီသော ခြားနားချက်မှာ အုန်းရည်ပေါ်တွင် အဆီများ ဝေ့နေလျှင် အုန်းခြောက်ရည် ဖြစ်နိုင်သည်။ အရသာမှာ အချိုနှင့် အငန် ရောစပ်နေသည်။ လေသလပ် ထားလျှင် ခဏအတွင်း အချဉ်ဓာတ်ပေါက် သွားလေ့ ရှိသည်။

ထို့ကြောင့် ရှေးက ဆေးဆရာကြီး များက ကျောက်၊ ဝက်သက် ရောဂါများ ကုသရာတွင် အုန်းစိမ်းရည် ချက်ချင်းမရ နိုင်ပါက နတ်အုန်းသီး ကဲ့သို့ အုန်းခြောက်ရည် ကို ယူပြီး မီးဖြင့် ဆူပွက်အောင် ကျိုကာ ဆေးနှင့် ရောတိုက်လေ့ ရှိသည်။

စာရေးသူသည် အလွန် ပူပြင်းသော နွေရာသီ တစ်ခုတွင် ရန်ကုန်မြို့မှ မြစ်တစ်ဖက်ကမ်း သို့ကူးပြီး သန်လျင်မြို့ရှိ ကျောက်တန်း ရေလယ်ဘုရား သို့ သွားခဲ့ဖူးသည်။ ကျောက်တန်း ရေလယ်ဘုရား ၏ တစ်ဖက်ကမ်းတွင် ခိုလှုံစရာ အရိပ်မရှိ၊ နေကလည်း ပူပြင်း နေချိန်တွင် အရိပ်မိုး ပေးထား သော အုန်းစိမ်း အခိုင်လိုက်ကို ချက်ချင်း ဖောက်ပြီး သောက်ရန် ရောင်းချသော ဆိုင်လေးများကို တွေ့ရသည်။

ဆိုင်ရှင် အမျိုးသမီးက ”နေပူထဲက လာရင် ရေခဲရေ မသောက်နဲ့ အပူငုပ်ပြီး လည်ချောင်း နာလိမ့်မယ်။ အုန်းစိမ်းရည် သောက်၊ အပူငြိမ်းတယ် ” ဟု ပြောသဖြင့် အုန်းစိမ်းရည် တစ်လုံးကို ပိုက်တပ်ပြီး စုပ်သောက်လိုက် သောအခါ ရင်တွင်းမှ အေးသွားပြီး အားရှိသွား သကဲ့သို့ ခံစားရ ပါသည်။

ဂျပန်ခေတ် ဆေးဝါး ရှားပါးသော ကာလက အားပြတ်သော လူနာများ၊ ဝမ်းလျှော၊ ဝမ်းပျက်သော လူနာများကို ဂလူးကို့စ် အချိုရည် မရှိသဖြင့် အုန်းစိမ်းကို ထိပ်မှ ကြွက်မြီးဖြုတ်ပြီး အပ်စိုက်ကာ အကြောဆေး အဖြစ် သွင်းပေး ရသည်ဟု ဖတ်ရဖူးသည်။

အုန်းစိမ်းရည် ၏ အစွမ်း သတ္တိမှာ အနောက်တိုင်း ဆရာဝန်များ ကပင် အသိအမှတ်ပြု သုံးစွဲကြ ရသည်။ အုန်းသီး၏ ထူးခြားချက် များမှာ အတွင်း၌ ရှိနေသော အုန်းရည်သည် မခွဲမဖောက် သမျှ ကာလပတ်လုံး ခန်းသွားသည်ဟု မရှိ၊ ချဉ်သွားသည် ဟူ၍လည်း မရှိပေ။

ယခုအခါ လူနေ ထူထပ်သော မြို့ကြီးများတွင် အပူရှိန် မြင့်တက်လာ သဖြင့် Heat Stroke ခေါ်အပူရှပ်၍ လေဖြတ်ခြင်း၊ ဦးနှောက် သွေးကြော ပေါက်ခြင်းတို့ အဖြစ်များသော ရာသီဖြစ်သည်။ ဆီးပူ၊ ဆီးအောင့် ရောဂါများလည်း အဖြစ်များသည်။

အမျိုးသမီး များတွင် မီးယပ်ဖြူဆင်း ရောဂါ၊ သွေးဆင်းလွန် သောရောဂါများ ဖြစ်လေ့ ရှိသည်။ ထိုကဲ့သို့ အပူကန်၊ အပူငုပ် ရောဂါများအတွက် အုန်းစိမ်းရည်ကို သောက်ပေး ခြင်းဖြင့် သက်သာ စေနိုင်သည်။

အမျိုးသား လူကြီးများ ဖြစ်လေ့ရှိသော ဆီးကျိတ်ရောင် ရောဂါကိုလည်း သက်သာ စေနိုင်သည်။ အုန်းစိမ်း ရည်သည် အာဟာရဓာတ် ကြွယ်ဝပြီး အပူငြိမ်း ရုံသာမက အရိုးအဆစ်၊ အရွတ်၊ ကြွက်သားများပါ ကောင်းစေ နိုင်သော အာနိသင် အထူးရှိသည်။

ကျောက်ကပ်ကျောက်တည်သူတစ်ဦးက အုန်းစိမ်းအနုကို ထိပ်ဖွင့် အပေါက်ငယ်မှကျောက်ချဉ်ခဲသေးသေး မန်ကျည်းစေ့ခန့်ကို ထည့်ပြီး တစ်နာရီခန့်အကြာပိတ်ထားပြီးနောက် အုန်းစိမ်းရည်ကို ပိုက်ဖြင့်စုပ်ယူ သောက်ခြင်းဖြင့် တစ်ပါတ်ခန့်ကြာသောအခါ ကျောက်သေးသေးလေးကျလာသည်ကို fb.တွင်ပုံနှင့်တကွတင်ပြထားသည်ကိုဖတ်ရှုရဘူးပါသည်။

ဥတုဘောဇနသင်္ဂဟကျမ်းအလို။ ။မနုမရင့် လတ်လတ်လောလောအုန်းသီးရည်သည် သုက်ကိုပွားစေတတ်၏။အဆီဩဇာရှိ၏။ချို၏။အချို့စဉ်းငယ်ဖန်၏။အေး၏။ကြေလွယ်၏။ရေငတ်ခြင်း သည်းခြေ လေနာတို့ကိုနိုင်၏။ဝမ်းမီးကိုတောက်စေတတ်၏။

ဆီးကိုရွှင်စေတတ်၏။ဝမ်းမီးချက်၍ကျက်လျှင်ချို၏။အချို့အုန်းရည်ငန်၏။နှလုံးကြည်လင်စေတတ်၏။နှုတ်ကိုမြိန်စေတတ်၏။အားကိုဖြစ်စေတတ်၏။အလွန်နုသောအုန်းသီးရည်သည်ဝမ်းကျတတ်၏။ဆွတ်ခူး၍ကြာပြီးသောအရည်သည်ဝမ်းချုပ်၏။ကြေခဲ၏။သည်းခြေကိုပျက်စေတတ်၏…ဟုရေးသားထားသည်ကိုဖတ်ရှုလေ့လာတင်ပြလိုက်ပါသည်။

ကြည်လွင်မြင့်(မုဒြာ) ၁၀.၄.၂၀၁၇ မြန်မာ့အလင်းသတင်းစာ

ei zon

The author didn't add any Information to his profile yet.

Leave a comment

Your email address will not be published. Required fields are marked. *