မႏၱေလးသၾကၤန္မွာ အမိႈက္ေကာက္ေနတဲ႔ သားအဖႏွစ္ေယာက္ လုပ္ရပ္ေလးေတြ…..

By / 1 month ago / Local News / No Comments
မႏၱေလးသၾကၤန္မွာ အမိႈက္ေကာက္ေနတဲ႔ သားအဖႏွစ္ေယာက္ လုပ္ရပ္ေလးေတြ…..

မႏၱေလးသၾကၤန္မွာ အမိႈက္ေကာက္ေနတဲ႔ သားအဖႏွစ္ေယာက္ လုပ္ရပ္ေလးေတြ…..

ကိုယ့္ ကိုယ္ကိုေဖၚ မသူေတာ္…တဲ့…။ျမန္မာ ဆို႐ိုးစကားေလးပါ….။ ဒါေပမဲ့ ဗ်ာ.. ပီတိေလးတစ္ခုေၾကာင့္ ဒီစာကို ေရးလိုက္ပါတယ္..။ဒီေန႔ လူမႈကြန္ယက္မွာ ဓါတ္ပုံေလးတစ္ပုံ ေဝမွ်ေနၾကတယ္.. အားေပးဂုဏ္ျပဳေနၾကတာ ေတြ႕ရပါတယ္.။

ပုံက.. သားအဖႏွစ္ေယာက္ အမႈိက္ေကာက္ေနၾကတဲ့ ပုံပါ။ မႏၲေလး က်ဳးံနေဘး ေနပူပူမွာ အမႈိက္ ေကာက္ေန ၾကတာပါ။အမႈိက္ေကာက္တာ ဘာဆန္းလဲ ျပန္ေရာင္းစားဖို႔ လို႔ ေျပာေကာင္းေျပာလို႔ ရႏိုင္ေပမဲ့ ထူးျခားတာက သူတို႔ လက္ထဲမွာ ကိုင္ထားတဲ့ ဆိုင္းဘုတ္ကေလးေတြ။ အမႈိက္ စနစ္တက် စြန႔္ပစ္ဖို႔ ပညာေပး ဆိုင္းဘုတ္ေလးေတြ ကိုင္ၿပီး အမႈိက္ေကာက္ေနၾကတာပါ….။

၂၀၁၈ မႏၲေလး သၾကၤန္မွာ ကြၽန္ေတာ္တို႔ Clean Mandalay Campaign က အမႈိက္ေကာက္ အသိပညာေပး လုပ္ၾကမယ္လို႔ စီစဥ္ေနတဲ့ ကာလက.. ဘာေတြ လုပ္ၾကမလဲ.. အမႈိက္ပဲ လိုက္ေကာက္မွာလား.. ျပည္သူကို အသိပညာေပးႏိုင္ဖို႔ ဘယ္လိုလုပ္ရင္ ေကာင္းမလဲလို႔ စဥ္းစားခဲ့ၾကပါတယ္..။

အဲဒီမွာ ကြၽန္ေတာ္တို႔ အဖြဲ႕က တစ္ဦးျဖစ္တဲ့ ကိုေဇာ္မိုး (ဧည့္လမ္းၫႊန္) က သူ႔ စိတ္ကူးေလးကို ေျပာျပပါတယ္.။ အသိပညာေပး ဆိုင္းဘုတ္ေတြ လုပ္မယ္.. လူေတြကို ဆိုင္းဘုတ္ကိုင္ၿပီး လမ္းေလွ်ာက္ခိုင္းမယ္ လို႔ ဆိုပါတယ္။

အဲဒီ စိတ္ကူးေလးက စလိုက္တာ.. ကာတြန္းပုံေတြ စာသားေတြအတြက္ မိတ္ေဆြ ဧည့္လမ္းၫႊန္ကိုဉာဏ္ (စာေရးဆရာ ဉာဏ္မ်ိဳးထက္)၊ ထပ္ၿပီးလိုေနတာေတြကို မန္းစည္ပင္ သန႔္ရွင္းေရးဌာန၊ လိုတာ အကိုရေတာ့ ဘယ္လို ႐ိုက္မလဲ ၊ အခ်ိန္မီေအာင္ လုပ္ဖို႔ ျဖစ္ပါ့မလား စဥ္းစားရၿပီ။

သူငယ္ခ်င္းတစ္ေယာက္ အကူအညီနဲ႔ ျဖစ္ေအာင္လုပ္ေပးမဲ့ ဝတ္ရည္ တံဆိပ္႐ိုက္ကို အတင္းေလာ…..ကုန္က်စရိတ္အတြက္ မိတ္ေဆြ အေပါင္းအသင္းေတြက လႉဒန္ၾကတယ္ ၀ိုင္းဝန္း ကူညီ ပါဝင္ၾကတယ္…။

ေနာက္ဆုံးေတာ့ ၂၀၁၈ လမ္းေလွ်ာက္သၾကၤန္မွာ အမႈိက္ စနစ္တက် စြန႔္ပစ္ေရးအတြက္ အသိပညာေပး ဆိုင္း ဘုတ္ေလးေတြ ေနရာအႏွံ႔ လိုက္တတ္တယ္..။ အမႈိက္ေကာက္ အသိပညာေပးၾကတယ္..။ ဆိုင္းဘုတ္ေတြ ကိုင္ ၿပီး လမ္းေလွ်ာက္ၾကတယ္…။

လုပ္ၾကကိုင္ၾကရင္း စဥ္းစားမိတာက ဒီဆိုင္းဘုတ္ေတြကေကာ ေနာင္တစ္ခ်ိန္မွာ အမႈိက္ျဖစ္သြားမလား..။ ဆိုးဝါးတဲ့ အက်ိဳးဆက္ေတြ ျဖစ္ေစမွာလား.. ဆိုတာ ေတြပါ..။

၂၀၁၈ သၾကၤန္အၿပီးမွာ နယ္ေက်း႐ြာေတြက ဒီဆိုင္းဘုတ္ေလးေတြ တပ္ထားပုံေတြ၊ ႏွစ္ဆန္းတစ္ရက္ေန႔မွာ ကြၽန္ေတာ္ ဆိုင္းဘုတ္ေတြကို လိုက္သိမ္းေတာ့ သူတို႔ ရပ္ကြက္၊ ေဒသေတြမွ တပ္ခ်င္လို႔ပါဆိုၿပီး ေတာင္းယူ ၾကသူေတြ ရွိခဲ့ေတာ့ ဒီဆိုင္းဘုတ္ေလးေတြ လုပ္လိုက္ခဲ့တာကို ၾကည္ႏူး ခဲ့ရပါတယ္..။

Clean Mandalay Campaign ရဲ႕ လႈပ္ရွားမႈေတြမွာ ဒီဆိုင္းဘုတ္ေလးေတြကို သုံးလာခဲ့တာ ဒီေန႔ လူမႈကြန္ယက္ မွာ မွ်ေဝေနၾကတဲ့ ပုံေလးကို ျမင္ရေတာ့ အလြန္ ၾကည္ႏႈးပီတိ ျဖစ္ရတာပါ..။

ကြၽန္ေတာ္တို႔ အမႈိက္ေကာက္ေနၾကတယ္။ ဒါေပမဲ့ ေသခ်ာတာက အေျပာင္အရွင္း မလုပ္ႏိုင္ၾကပါဘူး။ အဓိက ဦးတည္ခ်က္က အမ်ားျပည္သူကို အသိပညာေပးဖို႔ပါ။ အမႈိက္ဆိုတာ စနစ္တက် စြန႔္ပစ္ရမယ္ ဆိုတဲ့ အသိစိတ္ ကို ပထမဆုံး စေပးေနတာပါ။

အခု ကိုေအာင္သူတို႔ သားအဖရဲ႕ ေဆာင္႐ြက္မႈက ကြၽန္ေတာ္တို႔အတြက္ အေမာေျပ႐ုံသာမက အားတက္ဝမ္းသာ ျဖစ္ရပါတယ္…။

ဒီေန႔လည္း (၁၅.၄.၁၉) ကြၽန္ေတာ္တို႔ အမႈိက္ေကာက္ၾကပါတယ္..။ မဖိတ္ေခၚရပဲ ကြၽန္ေတာ္တို႔နဲ႔ အတူ အမႈိက္ ေကာက္ေပးၾကသူေတြ အေတာ္ေလး မ်ားပါတယ္။ အထူးအားျဖင့္ လူငယ္ေတြပါ…။

တိုင္းျပည္အနာဂတ္အတြက္ အားတက္ရသလို..သန႔္ရွင္းတဲ့ ျမန္မာ Clean Myanmar ျဖစ္လာဖို႔ အခုလို တစ္ဦး တစ္ေယာက္တိုင္းစီက စတင္ေျပာင္းလဲၾကမယ္ ဆိုရင္ျဖင့္ အခ်ိန္တိုအတြင္း ျဖစ္လာဖို႔ ယုံၾကည္ ေမွ်ာင္လင့္ လ်က္…….။

ပါဝင္ကူညီ ခဲ့ၾကသူမ်ားအားလုံးကို အထူး ေက်းဇူးမွတ္တမ္း ျပဳအပ္ပါတယ္ခင္ဗ်ာ..။

Unicode

မန္တလေးသြင်္ကန်မှာ အမှိုက်ကောက်နေတဲ့ သားအဖနှစ်ယောက် လုပ်ရပ်လေးတွေ…..

ကိုယ့် ကိုယ်ကိုဖေါ် မသူတော်…တဲ့…။မြန်မာ ဆိုရိုးစကားလေးပါ….။ ဒါပေမဲ့ ဗျာ.. ပီတိလေးတစ်ခုကြောင့် ဒီစာကို ရေးလိုက်ပါတယ်..။ဒီနေ့ လူမှုကွန်ယက်မှာ ဓါတ်ပုံလေးတစ်ပုံ ဝေမျှနေကြတယ်.. အားပေးဂုဏ်ပြုနေကြတာ တွေ့ရပါတယ်.။

ပုံက.. သားအဖနှစ်ယောက် အမှိုက်ကောက်နေကြတဲ့ ပုံပါ။ မန္တလေး ကျုးံနဘေး နေပူပူမှာ အမှိုက် ကောက်နေ ကြတာပါ။အမှိုက်ကောက်တာ ဘာဆန်းလဲ ပြန်ရောင်းစားဖို့ လို့ ပြောကောင်းပြောလို့ ရနိုင်ပေမဲ့ ထူးခြားတာက သူတို့ လက်ထဲမှာ ကိုင်ထားတဲ့ ဆိုင်းဘုတ်ကလေးတွေ။ အမှိုက် စနစ်တကျ စွန့်ပစ်ဖို့ ပညာပေး ဆိုင်းဘုတ်လေးတွေ ကိုင်ပြီး အမှိုက်ကောက်နေကြတာပါ….။

၂၀၁၈ မန္တလေး သြင်္ကန်မှာ ကျွန်တော်တို့ Clean Mandalay Campaign က အမှိုက်ကောက် အသိပညာပေး လုပ်ကြမယ်လို့ စီစဉ်နေတဲ့ ကာလက.. ဘာတွေ လုပ်ကြမလဲ.. အမှိုက်ပဲ လိုက်ကောက်မှာလား.. ပြည်သူကို အသိပညာပေးနိုင်ဖို့ ဘယ်လိုလုပ်ရင် ကောင်းမလဲလို့ စဉ်းစားခဲ့ကြပါတယ်..။

အဲဒီမှာ ကျွန်တော်တို့ အဖွဲ့က တစ်ဦးဖြစ်တဲ့ ကိုဇော်မိုး (ဧည့်လမ်းညွှန်) က သူ့ စိတ်ကူးလေးကို ပြောပြပါတယ်.။ အသိပညာပေး ဆိုင်းဘုတ်တွေ လုပ်မယ်.. လူတွေကို ဆိုင်းဘုတ်ကိုင်ပြီး လမ်းလျှောက်ခိုင်းမယ် လို့ ဆိုပါတယ်။

အဲဒီ စိတ်ကူးလေးက စလိုက်တာ.. ကာတွန်းပုံတွေ စာသားတွေအတွက် မိတ်ဆွေ ဧည့်လမ်းညွှန်ကိုဉာဏ် (စာရေးဆရာ ဉာဏ်မျိုးထက်)၊ ထပ်ပြီးလိုနေတာတွေကို မန်းစည်ပင် သန့်ရှင်းရေးဌာန၊ လိုတာ အကိုရတော့ ဘယ်လို ရိုက်မလဲ ၊ အချိန်မီအောင် လုပ်ဖို့ ဖြစ်ပါ့မလား စဉ်းစားရပြီ။

သူငယ်ချင်းတစ်ယောက် အကူအညီနဲ့ ဖြစ်အောင်လုပ်ပေးမဲ့ ဝတ်ရည် တံဆိပ်ရိုက်ကို အတင်းလော…..ကုန်ကျစရိတ်အတွက် မိတ်ဆွေ အပေါင်းအသင်းတွေက လှူဒန်ကြတယ် ဝိုင်းဝန်း ကူညီ ပါဝင်ကြတယ်…။

နောက်ဆုံးတော့ ၂၀၁၈ လမ်းလျှောက်သြင်္ကန်မှာ အမှိုက် စနစ်တကျ စွန့်ပစ်ရေးအတွက် အသိပညာပေး ဆိုင်း ဘုတ်လေးတွေ နေရာအနှံ့ လိုက်တတ်တယ်..။ အမှိုက်ကောက် အသိပညာပေးကြတယ်..။ ဆိုင်းဘုတ်တွေ ကိုင် ပြီး လမ်းလျှောက်ကြတယ်…။

လုပ်ကြကိုင်ကြရင်း စဉ်းစားမိတာက ဒီဆိုင်းဘုတ်တွေကကော နောင်တစ်ချိန်မှာ အမှိုက်ဖြစ်သွားမလား..။ ဆိုးဝါးတဲ့ အကျိုးဆက်တွေ ဖြစ်စေမှာလား.. ဆိုတာ တွေပါ..။

၂၀၁၈ သြင်္ကန်အပြီးမှာ နယ်ကျေးရွာတွေက ဒီဆိုင်းဘုတ်လေးတွေ တပ်ထားပုံတွေ၊ နှစ်ဆန်းတစ်ရက်နေ့မှာ ကျွန်တော် ဆိုင်းဘုတ်တွေကို လိုက်သိမ်းတော့ သူတို့ ရပ်ကွက်၊ ဒေသတွေမှ တပ်ချင်လို့ပါဆိုပြီး တောင်းယူ ကြသူတွေ ရှိခဲ့တော့ ဒီဆိုင်းဘုတ်လေးတွေ လုပ်လိုက်ခဲ့တာကို ကြည်နူး ခဲ့ရပါတယ်..။

Clean Mandalay Campaign ရဲ့ လှုပ်ရှားမှုတွေမှာ ဒီဆိုင်းဘုတ်လေးတွေကို သုံးလာခဲ့တာ ဒီနေ့ လူမှုကွန်ယက် မှာ မျှဝေနေကြတဲ့ ပုံလေးကို မြင်ရတော့ အလွန် ကြည်နှုးပီတိ ဖြစ်ရတာပါ..။

ကျွန်တော်တို့ အမှိုက်ကောက်နေကြတယ်။ ဒါပေမဲ့ သေချာတာက အပြောင်အရှင်း မလုပ်နိုင်ကြပါဘူး။ အဓိက ဦးတည်ချက်က အများပြည်သူကို အသိပညာပေးဖို့ပါ။ အမှိုက်ဆိုတာ စနစ်တကျ စွန့်ပစ်ရမယ် ဆိုတဲ့ အသိစိတ် ကို ပထမဆုံး စပေးနေတာပါ။

အခု ကိုအောင်သူတို့ သားအဖရဲ့ ဆောင်ရွက်မှုက ကျွန်တော်တို့အတွက် အမောပြေရုံသာမက အားတက်ဝမ်းသာ ဖြစ်ရပါတယ်…။

ဒီနေ့လည်း (၁၅.၄.၁၉) ကျွန်တော်တို့ အမှိုက်ကောက်ကြပါတယ်..။ မဖိတ်ခေါ်ရပဲ ကျွန်တော်တို့နဲ့ အတူ အမှိုက် ကောက်ပေးကြသူတွေ အတော်လေး များပါတယ်။ အထူးအားဖြင့် လူငယ်တွေပါ…။

တိုင်းပြည်အနာဂတ်အတွက် အားတက်ရသလို..သန့်ရှင်းတဲ့ မြန်မာ Clean Myanmar ဖြစ်လာဖို့ အခုလို တစ်ဦး တစ်ယောက်တိုင်းစီက စတင်ပြောင်းလဲကြမယ် ဆိုရင်ဖြင့် အချိန်တိုအတွင်း ဖြစ်လာဖို့ ယုံကြည် မျှောင်လင့် လျက်…….။

ပါဝင်ကူညီ ခဲ့ကြသူများအားလုံးကို အထူး ကျေးဇူးမှတ်တမ်း ပြုအပ်ပါတယ်ခင်ဗျာ..။

ei zon

The author didn't add any Information to his profile yet.

Leave a comment

Your email address will not be published. Required fields are marked. *