ဘာစီလိုနာနဲ႔ပြဲမွာ ဒါေတြေၾကာင့္ ေပါ့ဘာေျခညံ့ခဲ့ရတာကိုး

By / 4 months ago / sport News / No Comments
ဘာစီလိုနာနဲ႔ပြဲမွာ ဒါေတြေၾကာင့္ ေပါ့ဘာေျခညံ့ခဲ့ရတာကိုး

ဘာစီလိုနာနဲ႔ပြဲမွာ ဒါေတြေၾကာင့္ ေပါ့ဘာေျခညံ့ခဲ့ရတာကိုး

ဒတ္ခ်္ လူမ်ိဳး တုိ့ရဲ့ ဂႏၶဝင္ ကစားသမား ေဟာင္း ျဖစ္သူ ရုဒ္ ဂူးလစ္ က ယူနုိက္တက္ အသင္း ရဲ့ အဓိက ကြင္းလယ္ လူ ေပါလ္ ေပါ့ဂ္ဘာ ရဲ့ ေျခစြမ္း ေတြဟာ သူ့ အနား မွာ ရွိေန တဲ့ လူေတြ ေၾကာင့္ ထိခိုက္ ေနတယ္ လို့ ခံစား မိေၾကာင္း ဖြင့္ဟ ေျပာၾကား သြားခဲ့ လိုက္ ပါတယ္ ။

ဒါ့ေၾကာင့္ ေပါ့ဂ္ဘာ ရဲ့ ေျခစြမ္း ေတြ အတြက္ ယူနုိက္တက္ အသင္းေဖာ္ ေတြကိုသာ အျပစ္တင္ ရလိမ့္ မယ္လို့ ဂူးလစ္ က ဆုိသြား ခဲ့လိုက္ ပါတယ္ ။

ေပါ့ဂ္ဘာ ဟာ ယူနုိက္တက္ ဆီ ဆုိးလ္ရွား ေရာက္ရွိ လာ ကတည္းက အထူး ေျခစြမ္း ေကာင္းေတြ ဆက္တုိက္ ျပသ နုိင္ခဲ့ ပါတယ္ ။

သူဟာ ဆုိးလ္ရွား ရဲ့ လက္ေအာက္ စတင္ ကစား ေပး ထားခဲ့ တဲ့ ျပိဳင္ပြဲ စံု ပြဲစဥ္ 12 ပြဲ မွာ 9 ဂိုး အထိ သြင္းယူ ေပးထား နုိင္ခဲ့ ေပမဲ့ ျပီး ခဲ့တဲ့ ရက္ သတၱပါတ္ ေတြမွ စတင္ ျပီး သူ့ရဲ့ ေျခစြမ္း ေတြဟာ ရုတ္ခ်ည္း ထိုးက် သြားခဲ့ ပါတယ္ ။

ဝက္စ္ဟမ္း နဲ့ ပဲြစဥ္ တုန္က လည္း သူဟာ ပင္နယ္တီ ကေန ပဲ ဂိုးေတြ သြင္းယူ ေပးနုိင္ ခဲ့ ပါတယ္ ။

အဲ့တာ က ေဖေဖာ္ဝါရီ လ အလယ္ ေနာက္ပိုင္း သူ့ရဲ့ ယူနိုက္တက္ အတြက္ ျပန္လည္ သြင္းယူ ေပးနုိင္ ခဲ့တဲ့ ပထမ ဆံုး သြင္းဂိုး ေတြ ျဖစ္ခဲ့ ရ ပါတယ္ ။

အခု ေတာ့ ယူနုိက္တက္ တုိ့ ႏူးကမ့္ မွာ ဘာကာ နဲ့ ရင္ဆုိင္ ကစား ခဲ့ ရတဲ့ ပြဲစဥ္ မွာလည္း ေပါ့ဂ္ဘာ ဟာ ဆက္လက္ ရုန္းကန္ ခဲ့ရ ျပန္ ပါတယ္ ။

ဒါေပမဲ့ ရုဒ္ ဂူးလစ္ က ဒီ အတြက္ ျပင္သစ္ လက္ေရြးစင္ အေပၚ အျပစ္ မျမင္ပဲ သူ့ရဲ့ အသင္း ေဖာ္ ေတြရဲ့ စြမ္းေဆာင္ရည္ ကို သာ ညံ့ေၾကာင္း ဆိုသြား ခဲ့လိုက္ ပါတယ္ ။

” ေပါ့ဂ္ဘာ ဟာ ကစားသမား ေကာင္း တစ္ဦး အျဖစ္ ရွိေန ေသးဆဲ ပါပဲ ။ ဒါေပမဲ့ အနား မွာ ကစား ေနၾက တဲ့ ကစားသမား ေတြလည္း ေကာင္းမြန္ ဖို့ လိုအပ္ ပါ ေသးတယ္ ။ သူ့ကို ခ်ည္းပဲ အျမဲတမ္း အျပစ္တင္ လို့ မရ ပါဘူး ။ သူ့ကို ေဘာလံုး ေပးလိုက္ ရံုနဲ့ အံ့အား သင့္ဖြယ္ ေတြ သူ အျမဲ လုပ္ျပ နုိင္မွာ မဟုတ္ ဘူးေလ ”

” အကယ္လို့ ပတ္ဝန္းက်င္ ေကာင္းမယ္ ဆုိရင္ သူ ေတာက္ပ ေနမွာ ပါပဲ ။ အသင္း အေန နဲ့ သူ့ကို ေရွ့ဆက္ ရွိေန ေစလို ရင္ အဲ့တာ ကို ဖန္တီး ေပး သင့္တယ္ ။ ေပါ့ဂ္ဘာ ဟာ ၾကီးက်ယ္ တဲ့ ကစားသမား တစ္ေယာက္ ပါ ။ က်ြန္ေတာ္ တုိ့ ေတြ အဲ့တာ ကို ျမင္ေတြ့ ခဲ့ျပီး ၾက ပါျပီ ”

” သူ့ဆီ မွာ ကြင္းလယ္ ကစားသမား တစ္ဦး ရဲ့ ခႏၶာကိုယ္ အခ်ိဳး အစား ေတာ့ ရွိ မေန ပါဘူး ။ သူ့ဆီ မွာ ရွည္လ်ား လွတဲ့ ေျခေထာက္ ေတြ ရွိေန ပါတယ္ ။ အခု ေခတ္ ကြင္းလယ္ ကစား သမား ေကာင္း ေတြကို ၾကည့္ၾကည့္ လိုက္ပါ ။ လူေကာင္း ေသးတာ ေလးေတြ ပဲ မ်ားျပား လွ ပါတယ္ ”

” အကယ္လို့ ေပါလ္ သာ ဆာဂ်ီယို ဘက္စ္ကြက္ လို ကစား နုိင္မယ္ ဆုိရင္ တစ္ကယ့္ ကို ေကာင္းမြန္ လွပါ လိမ့္မယ္ ။ ဒါေပမဲ့ ဘက္စ္ကြက္ က ေတာ့ အဲ့ဒီ လိုပဲ ကစား တက္ ပါတယ္ ။ အဲ့တာ ကလည္း သူ့ အနား မွာ ရွိေန ခဲ့ ၾကတဲ့ ကစားသမား ေတြ ေၾကာင့္ ပါပဲ ”

” သူ့ကို သာ ဆြမ္ဆီး အသင္း ဆီ ပို့ၾကည့္ လိုက္ေလ ၊ သူဟာ ေဘာလံုး ထိခြင့္ ေတာင္ ရမွာ မဟုတ္ ပါဘူး ။ အဲ့တာ ေၾကာင့္ သူတုိ့ ရဲ့ ေျခစြမ္း ေတြက သူတုိ့ ဘယ္မွာ ကစား ေနၾက သလဲ ၊ ဘယ္သူ ေတြ နဲ့ အတူ ကစား ေနၾက သလဲ ဆုိတဲ့ အေပၚ လည္း အေတာ္ ေလး မူတည္ လွ ပါတယ္ ” လို့ ဂူးလစ္ က ေျပာခဲ့ လိုက္ ပါတယ္ ။

အဲ့ဒီ ေနာက္ ဒီ ရာသီ ေအဂ်က္ အသင္း မွာ အထူး ေျခစြမ္း ေကာင္းျပ ကစား ေနတဲ့ ေဆာက္သမ္တန္ အသင္း ရဲ့ တုိက္စစ္ မွဴး ေဟာင္း ျဖစ္သူ ဒူဆန္ တာဒစ္ နဲ့ပါ ဥပမာ ေပး ေျပာၾကား သြားခဲ့ လိုက္ ပါတယ္ ။

သူဟာ လည္း အသင္း ေဖာ္ေတြ ေျပာင္းလဲ သြားျခင္း နဲ့ အတူ ေျခစြမ္း ေတာက္ပ လာတာ လို့ ဂူးလစ္ က ဆုိသြား ခဲ့ ပါတယ္ ။

” တာဒစ္ ကို ၾကည့္ပါ ။ သူ ဘယ္ေလာက္ ေကာင္းမြန္ လဲ ဆုိတာ ျမင္ေတြ့ ရပါ လိမ့္မယ္ ။ သူဟာ ေဆာက္သမ္တန္ မွာထက္ ေအဂ်က္ မွာ ဘယ္ေလာက္ အထိ ျခားနား ေနျပီ လဲ ဆုိတာ ကို ျမင္ေတြ့ နုိင္ ပါတယ္ ။ သူဟာ အရင္ တုန္းက နဲ့ လံုးဝ ျခားနား သြားခဲ့ ပါျပီ ”

” ဒါ့ေၾကာင့္ အကယ္လို့ ခင္ဗ်ား ဟာ မတူညီ တဲ့ အသင္း မွာ မတူ ညီတဲ့ အသင္း ေဖာ္ ၊ ကစား ကြက္ ေအာက္ ကစား ရမယ္ ဆုိရင္ ပိုျပီး ထူးျခား ေကာင္းမြန္ လာမွာ ပါပဲ ” လို့ ဂူးလစ္ က အဆံုးသတ္ ေျပာၾကား သြားခဲ့ လိုက္ ပါတယ္ ။

Unicode Version

ဘာစီလိုနာနဲ့ပွဲမှာ ဒါတွေကြောင့် ပေါ့ဘာခြေညံ့ခဲ့ရတာကိုး

ဒတ်ချ် လူမျိုး တို့ရဲ့ ဂန္ဓဝင် ကစားသမား ဟောင်း ဖြစ်သူ ရုဒ် ဂူးလစ် က ယူနိုက်တက် အသင်း ရဲ့ အဓိက ကွင်းလယ် လူ ပေါလ် ပေါ့ဂ်ဘာ ရဲ့ ခြေစွမ်း တွေဟာ သူ့ အနား မှာ ရှိနေ တဲ့ လူတွေ ကြောင့် ထိခိုက် နေတယ် လို့ ခံစား မိကြောင်း ဖွင့်ဟ ပြောကြား သွားခဲ့ လိုက် ပါတယ် ။

ဒါ့ကြောင့် ပေါ့ဂ်ဘာ ရဲ့ ခြေစွမ်း တွေ အတွက် ယူနိုက်တက် အသင်းဖော် တွေကိုသာ အပြစ်တင် ရလိမ့် မယ်လို့ ဂူးလစ် က ဆိုသွား ခဲ့လိုက် ပါတယ် ။

ပေါ့ဂ်ဘာ ဟာ ယူနိုက်တက် ဆီ ဆိုးလ်ရှား ရောက်ရှိ လာ ကတည်းက အထူး ခြေစွမ်း ကောင်းတွေ ဆက်တိုက် ပြသ နိုင်ခဲ့ ပါတယ် ။

သူဟာ ဆိုးလ်ရှား ရဲ့ လက်အောက် စတင် ကစား ပေး ထားခဲ့ တဲ့ ပြိုင်ပွဲ စုံ ပွဲစဉ် 12 ပွဲ မှာ 9 ဂိုး အထိ သွင်းယူ ပေးထား နိုင်ခဲ့ ပေမဲ့ ပြီး ခဲ့တဲ့ ရက် သတ္တပါတ် တွေမှ စတင် ပြီး သူ့ရဲ့ ခြေစွမ်း တွေဟာ ရုတ်ချည်း ထိုးကျ သွားခဲ့ ပါတယ် ။

ဝက်စ်ဟမ်း နဲ့ ပွဲစဉ် တုန်က လည်း သူဟာ ပင်နယ်တီ ကနေ ပဲ ဂိုးတွေ သွင်းယူ ပေးနိုင် ခဲ့ ပါတယ် ။

အဲ့တာ က ဖေဖော်ဝါရီ လ အလယ် နောက်ပိုင်း သူ့ရဲ့ ယူနိုက်တက် အတွက် ပြန်လည် သွင်းယူ ပေးနိုင် ခဲ့တဲ့ ပထမ ဆုံး သွင်းဂိုး တွေ ဖြစ်ခဲ့ ရ ပါတယ် ။

အခု တော့ ယူနိုက်တက် တို့ နူးကမ့် မှာ ဘာကာ နဲ့ ရင်ဆိုင် ကစား ခဲ့ ရတဲ့ ပွဲစဉ် မှာလည်း ပေါ့ဂ်ဘာ ဟာ ဆက်လက် ရုန်းကန် ခဲ့ရ ပြန် ပါတယ် ။

ဒါပေမဲ့ ရုဒ် ဂူးလစ် က ဒီ အတွက် ပြင်သစ် လက်ရွေးစင် အပေါ် အပြစ် မမြင်ပဲ သူ့ရဲ့ အသင်း ဖော် တွေရဲ့ စွမ်းဆောင်ရည် ကို သာ ညံ့ကြောင်း ဆိုသွား ခဲ့လိုက် ပါတယ် ။

” ပေါ့ဂ်ဘာ ဟာ ကစားသမား ကောင်း တစ်ဦး အဖြစ် ရှိနေ သေးဆဲ ပါပဲ ။ ဒါပေမဲ့ အနား မှာ ကစား နေကြ တဲ့ ကစားသမား တွေလည်း ကောင်းမွန် ဖို့ လိုအပ် ပါ သေးတယ် ။ သူ့ကို ချည်းပဲ အမြဲတမ်း အပြစ်တင် လို့ မရ ပါဘူး ။ သူ့ကို ဘောလုံး ပေးလိုက် ရုံနဲ့ အံ့အား သင့်ဖွယ် တွေ သူ အမြဲ လုပ်ပြ နိုင်မှာ မဟုတ် ဘူးလေ ”

” အကယ်လို့ ပတ်ဝန်းကျင် ကောင်းမယ် ဆိုရင် သူ တောက်ပ နေမှာ ပါပဲ ။ အသင်း အနေ နဲ့ သူ့ကို ရှေ့ဆက် ရှိနေ စေလို ရင် အဲ့တာ ကို ဖန်တီး ပေး သင့်တယ် ။ ပေါ့ဂ်ဘာ ဟာ ကြီးကျယ် တဲ့ ကစားသမား တစ်ယောက် ပါ ။ ကျွန်တော် တို့ တွေ အဲ့တာ ကို မြင်တွေ့ ခဲ့ပြီး ကြ ပါပြီ ”

” သူ့ဆီ မှာ ကွင်းလယ် ကစားသမား တစ်ဦး ရဲ့ ခန္ဓာကိုယ် အချိုး အစား တော့ ရှိ မနေ ပါဘူး ။ သူ့ဆီ မှာ ရှည်လျား လှတဲ့ ခြေထောက် တွေ ရှိနေ ပါတယ် ။ အခု ခေတ် ကွင်းလယ် ကစား သမား ကောင်း တွေကို ကြည့်ကြည့် လိုက်ပါ ။ လူကောင်း သေးတာ လေးတွေ ပဲ များပြား လှ ပါတယ် ”

” အကယ်လို့ ပေါလ် သာ ဆာဂျီယို ဘက်စ်ကွက် လို ကစား နိုင်မယ် ဆိုရင် တစ်ကယ့် ကို ကောင်းမွန် လှပါ လိမ့်မယ် ။ ဒါပေမဲ့ ဘက်စ်ကွက် က တော့ အဲ့ဒီ လိုပဲ ကစား တက် ပါတယ် ။ အဲ့တာ ကလည်း သူ့ အနား မှာ ရှိနေ ခဲ့ ကြတဲ့ ကစားသမား တွေ ကြောင့် ပါပဲ ”

” သူ့ကို သာ ဆွမ်ဆီး အသင်း ဆီ ပို့ကြည့် လိုက်လေ ၊ သူဟာ ဘောလုံး ထိခွင့် တောင် ရမှာ မဟုတ် ပါဘူး ။ အဲ့တာ ကြောင့် သူတို့ ရဲ့ ခြေစွမ်း တွေက သူတို့ ဘယ်မှာ ကစား နေကြ သလဲ ၊ ဘယ်သူ တွေ နဲ့ အတူ ကစား နေကြ သလဲ ဆိုတဲ့ အပေါ် လည်း အတော် လေး မူတည် လှ ပါတယ် ” လို့ ဂူးလစ် က ပြောခဲ့ လိုက် ပါတယ် ။

အဲ့ဒီ နောက် ဒီ ရာသီ အေဂျက် အသင်း မှာ အထူး ခြေစွမ်း ကောင်းပြ ကစား နေတဲ့ ဆောက်သမ်တန် အသင်း ရဲ့ တိုက်စစ် မှူး ဟောင်း ဖြစ်သူ ဒူဆန် တာဒစ် နဲ့ပါ ဥပမာ ပေး ပြောကြား သွားခဲ့ လိုက် ပါတယ် ။

သူဟာ လည်း အသင်း ဖော်တွေ ပြောင်းလဲ သွားခြင်း နဲ့ အတူ ခြေစွမ်း တောက်ပ လာတာ လို့ ဂူးလစ် က ဆိုသွား ခဲ့ ပါတယ် ။

” တာဒစ် ကို ကြည့်ပါ ။ သူ ဘယ်လောက် ကောင်းမွန် လဲ ဆိုတာ မြင်တွေ့ ရပါ လိမ့်မယ် ။ သူဟာ ဆောက်သမ်တန် မှာထက် အေဂျက် မှာ ဘယ်လောက် အထိ ခြားနား နေပြီ လဲ ဆိုတာ ကို မြင်တွေ့ နိုင် ပါတယ် ။ သူဟာ အရင် တုန်းက နဲ့ လုံးဝ ခြားနား သွားခဲ့ ပါပြီ ”

” ဒါ့ကြောင့် အကယ်လို့ ခင်ဗျား ဟာ မတူညီ တဲ့ အသင်း မှာ မတူ ညီတဲ့ အသင်း ဖော် ၊ ကစား ကွက် အောက် ကစား ရမယ် ဆိုရင် ပိုပြီး ထူးခြား ကောင်းမွန် လာမှာ ပါပဲ ” လို့ ဂူးလစ် က အဆုံးသတ် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

 

Realman

The author didn't add any Information to his profile yet.

Leave a comment

Your email address will not be published. Required fields are marked. *