By / 1 month ago / Health / No Comments
Unicode
တင်ပါးကြီးတဲ့ အမျိုးသမီးတွေကို ပုရိသတွေ တပ်မက်ရတဲ့ အကြောင်းအရင်းများ
ဆေးပညာ အမြင်အရ တင်ပါးကြီးတဲ့ အမျိုးသမီးတွေဟာ အခြား အမျိုးသမီးတွေထက် ဉာဏ်ရည် ထက်မြတ်ပြီး ၊ သားကောင်း မိခင်ဖြစ်ဖို့ အခွင့်အရေး ပိုတယ်လို့ ဆိုပါတယ် ။ ဒါ့အပြင် ယောက်ျားတွေကို စစ်တမ်း ကောက်ယူ ခဲ့ရမှာလည်း တင်ပါးကြီးတဲ့ အမျိုးသမီးတွေကိုသာ ပိုမိုတပ်မက် ကြတယ်လို့ အဖြေထွက်ခဲ့ပါတယ် ။
အောက်မှာ ဖော်ပြထားတဲ့ အကြောင်းအရာ တွေကတော့ တင်ပါး ကြီးမားတဲ့ အမျိုးသမီးတွေကို ပုရိသတွေ ဘာကြောင့် တပ်မက်ရသလဲ ဆိုတာရဲ့ အကြောင်းပြချက်တွေ ဖြစ်ပါတယ် ။ ပရိသတ်ကြီးအတွက် ဗဟုသုတ အနေနဲ့ မျှေ၀ ပေးလိုက်ပါတယ် ။ ဗဟုသုတ အနေနဲ့သာ ဖြန့်ဝေပေးတာ ဖြစ်လို့ တစ်ချို့ အသုံးအနှုန်းတွေဟာ 18+ တွေအတွက် ရည်ရွယ်ပါတယ် ။
(၁) စိတ်ကူးနဲ့ လက်တွေ့ကို တကယ် အကောင်ထည် ဖော်တဲ့အခါ
အမျိုးသားတွေ အတွက်ကတော့ ပထမဆုံး ခန္ဓာကိုယ် အချိုးအစားကို ကြည့်ပါတယ် ။ နောက်မှ မျက်နှာကို ကြည့်တယ်လို့ ဆိုပါတယ် ။ ဒီလို အခြေအနေမျိုးမှာ တင်ပါး အကြီးအသေးဟာ သူတို့ရဲ့ ထည့်သွင်း တွက်ချက်မှုတွေ အတွက် အလွန်အရေး ပါပါတယ် ။ ရေရှည်မှာလည်း တင်ပါးကြီးတဲ့ အမျိုးသမီးကို ပိုင်ဆိုင် ထားရတာကို ဆုလာဒ်လို့ ၎င်းတို့က ယူဆနေ ကြပါတယ် ။
(၂) သတ္တိတွေကို မြင့်မားစေခြင်း
အမျိုးသားတွေ တင်ပါးကြီးတဲ့ အမျိုးသမီးကို တပ်မက်ရသည့် အကြောင်းရင်ထဲမှာ တင်ပါးကြီးတဲ့ အမျိုးသမီးတွေဟာ သူတို့ကို လူနေမှု ဘဝမှာ ယုံကြည်မှုတွေ ပိုပြီး ပေးကမ် းနိုင်တယ်လို့ ထင်ကြပါတယ် ။ အမျိုးသား တော်တော်များများဟာ တင်ပါးကြီးမားတဲ့ အမျိုးသမီးတွေရဲ့ နောက်ပိုင်းအလှကို မျက်လုံးအရသာခံ ကြည့်လိုကြပြီး ၊ ဒီလို အမျိုးသမီး တစ်ယောက်ကို ပိုင်ဆိုင်ထားတဲ့ သူဟာ အခြား အမျိုးသားတွေရဲ့ အားကျမှုကို ခံရပါတယ် ။ ဒီအတွက် သူတို့ကိုယ်သူတို့ ပိုပြီးတော့ ယုံကြည် လာကြတယ်လို့ ဆိုပါတယ် ။
(၃) ချစ်တင်းနှောတဲ့ အခါမှာ
ချစ်တင်းနှောတဲ့ အခါမှာ ပုံစံ အမျိုးမျိုး ပြောင်းပြီး ချစ်တင်းနှောလေ့ ရှိတဲ့ အမျိုးသားတွေကို စိတ်ကျေနပ်မှု အများဆုံး ပေးနိုင် တာကလည်း တင်ပါးကြီးတဲ့ အမျိုးသမီးတွေလို့ ဆိုပါတယ် ။ ၎င်းတို့ဟာ ပုံစံ အမျိုးမျိုးမှာ ထူးခြားတဲ့ အထိအတွေ့ကို ပိုမို ဖန်တီးနိုင်စွမ်း ရှိလို့ အမျိုးသားတွေ အထူး သဘောကျ တယ်လို့ ဆိုပါတယ် ။
(၄) လက်နဲ့ စမ်းသပ်ရတာကို မတင်းတိမ် နိုင်ခြင်း
လက်နဲ့စမ်းသပ်တဲ့ အခါမှာလည်း အမျိုးသား တော်တော်များများဟာ သူတို့ရဲ့ အဖော်တွေနဲ့ ချစ်တင်းနှောမှု မပြုခင် သို့တည်းမဟုတ် အပြင်မှာ ချိန်းချက်တွေ့တဲ့ အခါမျိုးမှာ ချစ်သူရဲ့ လှပတဲ့ တင်ပါးကို လက်နဲ့ ဖျစ်ညှစ်တတ်တဲ့ သဘာ၀ ရှိပါတယ် ။ အမျိုးသားတိုင်း ဒီလို ထပ်တူကျတဲ့ ခံစားမှုကို ရနိုင်မှာ မဟုတ်ပေမယ့် ၊ တင်ပါးကြီးတဲ့ အမျိုးသမီးနဲ့ ဖူးစာပါတဲ့ အမျိုးသားတွေ ကတော့ ဖြစ်နိုင်ရင် သူတို့ရဲ့ တင်ပါးကို တစ်ချိန်လုံး လက်နဲ့ ဖျစ်ညှစ် ကြည့်လို နေကြောင်း ဝန်ခံခဲ့ပါတယ် ။
(၅) သားကောင်း မိခင်တစ်ယောက်ရဲ့ အင်္ဂါရပ်
အမျိုးသား တော်တော်များများ နားလည် ထားတာကတော့ တင်ပါးကြီးတဲ့ အမျိုးသမီးဟာ သားတွေ သမီးတွေ မွေးတဲ့အခါမှာ အခြားသူတွေထက် ဉာဏ်ရည်ထက်မြတ်ခြင်း ၊ အချောအလှလေးတွေ မွေးခြင်း ၊ တစ်သားမွေးပြီး တစ်သွေ းပိုလှလာတယ်လို့ ထင်ကြပါတယ် ။ ဒါကလည်း ဆေးပညာအရ အပြည့်အ၀ ထောက်ခံ ထားပြီးသား ဖြစ်ပါတယ် ။
ei zon
The author didn't add any Information to his profile yet.
Leave a comment
Your email address will not be published. Required fields are marked. *