AM God BurNIng ရဲ့အကြောင်း

By / 4 months ago / Legendary / No Comments
AM God BurNIng ရဲ့အကြောင်း

AM God BurNIng ရဲ့အကြောင်း

AM God လို့ပဲခေါင်းစဉ်တပ်ထားပေမယ့် BurNIng လို့ပြောလိုက်တာနဲ့ Dota သမိုင်းမှာအကောင်းဆုံး Carry Player ဆိုတာကို လူတိုင်းသိကြပါတယ်။

သူ့အနေနဲ့ GosuAwards 2010: Best carry, GosuAwards 2012: Best carry, GosuAwards 2012: Community’s choice: Best carry, GosuAwards 2013: Community’s choice: Best carry, joinDOTA Awards 2013: Best carry တို့ကို ရရှိခဲ့သူဖြစ်ပါတယ်။

သူ့ AM ကလည်း ပုံမှန်ထက်ကို ထူးကဲလွန်းပါတယ်။

အခုအချိန်အထိ BurNIng ရဲ့ AM က Dota သမိုင်းမှာ highest GPM AM အဖြစ် record ၀င်ထားသလို Alchemist မဟုတ်တဲ့ဟီးရိုးတွေရဲ့ highest GPM စာရင်းမှာလည်း တတိယနေရာမှာရပ်တည်နေပါတယ်။

အဲ့ဒီ Record ကိုတင်နိင်ခဲ့တဲ့ပွဲကတော့ OG နဲ့ကစားခဲ့တဲ့ The Kiev Major Group Stage ပွဲမှာ ဖြစ်ပါတယ်။

ဒါကြောင့်မလို့လည်း Dota 1 ခေတ်တုန်းက AM ရဲ့ fun name တစ်ခုက BurNIng ဖြစ်ပါတယ်။

Dota 2 မှာ BurNIng ရဲ့ Pro Gear နဲ့ AM set လည်းရှိပြီး နာမည်ကတော့ Spoils from the Shifting Sorcerer ဖြစ်ပါတယ်။

BurNIng ရဲ့နာမည်အရင်းကတော့ Xu Zhiei ဖြစ်ပါတယ်။

သူ့ကို ၁၉၈၈ ခုနှစ် ဧပြီလ ၂ ရက်နေ့မှာမွေးဖွားခဲ့တာကြောင့် အခုဆိုရင်အသက် ၃၀ တောင်ရှိနေပြီ ဖြစ်ပါတယ်။

BurNIng ဆိုတဲ့ ID က သူ့ရဲ့ပထမဆုံးရည်စားမိတ်ဆက်ပေးခဲ့တဲ သီချင်းနာမည်ကနေလာတာဖြစ်ပြီး အဲဒီသီချင်းကို သီဆိုခဲ့သူကတော့ Maria Arredondo ဖြစ်ပါတယ်။

သူ့ရဲ့ nick name တွေကတော့ B-God, B-Emperor, The Emperor စတာတွေ ဖြစ်ပါတယ်။

သူ့ရဲ့ Nick Name တွေအပြင် သူ့မှာတစ်ခြား ID တစ်ခုလည်းရှိပြီး အဲ့ဒါကတော့ Dota 1 ခေတ်က EHOME မှာကစားစဉ်က အသုံးပြုခဲ့တဲ့ AAA ပဲဖြစ်ပါတယ်။

သူ့ရဲ့ Signature Hero သုံးကောင်ကတော့ Morphling, Luna နဲ့ အခုအချိန်အထိ သူကိုင်သလောက်ကောင်းအောင်/ သူ Farm နိင်သလောက်ရအောင် ဘယ်သူမှမစွမ်းဆောင်နိင်သေးတဲ့ AM တို့ဖြစ်ပါတယ်။

BurNIng ရဲ့ကစားဟန်က အလွန်အနုပညာမြောက်လွန်းပြီး သူ့ကိုဘယ်လောက်နှောက်နှောက် အချိန်တန် Item ရနေပြီဆိုတာက ပြိုင်ဘက်အသင်းတွေကို ကစားရအလွန်ခက်ခဲစေခဲ့ပါတယ်။

သူ့ရဲ့ကစားသမားဘ၀မှာလည်း သူ Item မရလို့ အသင်းရှုံးရတယ်ဆိုတာက အလွန်ရှားပါးပြီး အသင်းရှုံးရင်တောင် Net Worth က ထိပ်ဆုံးဆိုတာက BurNIng ရဲ့ Trade Mark တစ်ခုဖြစ်ပါတယ်။

သူ့ရဲ့ကစားသမားဘ၀ Total Earning ကတော့ $869,433 ဖြစ်ပါတယ်။

BurNIng ဟာ တရုတ်နိင်ငံရဲ့အရှေ့ဘက်မှာရှိတဲ့ Tongling မြို့မှာ ကြီးပြင်းခဲ့သူဖြစ်ပြီး ၂၀၀၇ ခုနှစ်ကုန်ခါနီးလောက်မှာ သူ့သူငယ်ချင်းတွေရဲ့မိတ်ဆက်ပေးမှုနဲ့အတူ Dota ကို စတင်ကစားခဲ့ပါတယ်။

သူပထမဆုံးကစားတဲ့ပွဲမှာ BurNIng ကိုင်ခဲ့တာကတော့ Beastmaster ဖြစ်ပြီး Kill Stealing တွေလုပ်ခဲ့တာကြောင့် သူ့သူငယ်ချင်းတွေဝိုင်းဆဲတာကို ခံခဲ့ရပါတယ်။

ဒါကြောင့် BurNIng ဟာ Carry ဗီဇကို မွေးထဲကပါလာသူလို့ အကြမ်းဖျင်းသတ်မှတ်နိင်ပါတယ်။

အဲ့နောက်မှာတော့ BurNIng ဟာ TTI ဆိုတဲ့ အွန်လိုင်းအသင်းတစ်သင်းကိုဖွဲ့စည်းပြီးတော့ Public Game တွေမြောက်မြားစွာကစားခဲ့ပါတော့တယ်။

ဒါပေမယ့် BurNIng ဟာ ၂၀၀၈ ခုနှစ် အောက်တိုဘာလမတိုင်ခင်အထိ Pro Scene မှာမကစားသေးပဲ Pubstar ပဲ လုပ်ခဲ့ပါတယ်။

အဲ့နောက်မှာတော့ BurNIng ဟာ CaNt အသင်းရဲ့မန်နေဂျာကိုချဉ်းကပ်ခဲ့ပြီး ၂၀၀၈ ခုနှစ်အောက်တိုဘာလ ၁ ရက်နေ့မှာတော့ Legend ကြီးရဲ့ပရော်ဖက်ရှင်နယ်ကစားသမားဘ၀ဟာ အစပြုခဲ့ပါတော့တယ်။

CaNt အသင်းမှာတော့ LongDD လိုမျိုး အဲ့ဒီအချိန်က နာမည်ကျော်ကစားသမားလည်း ပါဝင်ခဲ့ပါတယ်။

BurNIng ရောက်ပြီးလို့ တစ်လအကြာမှာပဲ CaNt ဟာ အဲ့ဒီအချိန်က တရုတ်မှာအင်အားအရမ်းကြီးတဲ့ EHOME လိုအသင်းမျိုးကိုအနိင်ယူပြီးတော့ CIG 2008 ကို ရရှိခဲ့ပါတယ်။

အသင်းဟာ BurNIng ရှိစဉ်ကာလမှာ တက်လိုက်ကျလိုက်ဖြစ်ခဲ့ပြီး Makes Game Colorful 2008 China မှာ အင်ဒိုနီးရှားက Fnatic ကို ဗိုလ်လုပွဲမှာရှုံးနိမ့်ခဲ့ပေမယ့် ဒုတိယရခဲ့တာက အသင်းအတွက် အကြီးမားဆုံးအောင်မြင်မှုဖြစ်ခဲ့ပါတယ်။

BurNIng ဟာ အသင်းမှာ တစ်လပဲနေခဲ့ပြီး နိုဝင်ဘာလ ၁ ရက်နေ့မှာတော့ CaNt ကနေထွက်ခွာပြီးတော့ တစ်လနီးပါးလောက် inactive ဖြစ်ခဲ့ပါတယ်။

နိုဝင်ဘာလ ၂၈ ရက်နေ့အရောက်မှာတော့ အသစ်တည်ထောင်လိုက်တဲ့ 7L မှာ CaNt ရဲ့အသင်းသားတွေဖြစ်တဲ့ LongDD နဲ့ N3komatA တို့နဲ့အတူ ကစားခဲ့ပါတယ်။

7L နဲ့အတူ BurNIng ဟာ သူ့ရဲ့ပထမဆုံး Major Championship win ကို 2009 G-League ပြိုင်ပွဲမှာရယူနိင်ခဲ့သလို ပထမဆုံး International Win ကိုလည်း 2009 Tianyi cup မှာ ရရှိခဲ့ပါတယ်။

အဲ့လောက်ထိအောင်မြင်မှုတွေကို အချိန်တိုအတွင်းမှာရရှိခဲ့ပေမယ့် 7L ဟာ အသင်းကစားသမားတွေကြားမှာ စည်လုံးညီညွတ်မှုတွေပြိုကွဲခဲ့သလို အသင်းအုပ်ချုပ်သူတွေနဲ့လည်း အကွဲအပြဲတွေဖြစ်ခဲ့တာကြောင့် ၂၀၀၉ ခုနှစ် ဧပြီလ ၂၀ ရက်နေ့မှာတော့ Disband ခဲ့ရပါတယ်။

အဲ့နောက်မှာတော့ N3komatA နဲ့ LongDD တို့ City Hunter မှာကစားနေစဉ်အတွင်းမှာ Burning ကတော့ F4, TTI, AEON, SHE နဲ့ Ks တို့မှာ ၀င်ကစားခဲ့ပါတယ်။

အဲ့နောက်မှာတော့ Talent အရမ်းကောင်းတဲ့ Burning ကို EHOME အပါအ၀င် အသင်းပေါင်းများစွာက ၀ိုင်းပြီးတော့ လုကြပါတော့တယ်။

Burning လုပွဲမှာ အနိင်ရခဲ့တာကတော့ CityHunter ပဲ ဖြစ်ပါတော့တယ်။

ဒါဟာ CityHunter မှာ သူ့ရဲ့အသင်းဖော်ဟောင်းတွေရှိနေလို့ဆိုတာကို မေးခွန်းထုတ်စရမလိုပါဘူး။

CityHunter နဲ့အတူ IEM IV- Chengdu မှာ စတုတ္ထ၊ SMM Grand National 2009 မှာ 5-6th place တို့ကို ရရှိခဲ့ပါတယ်။

အဲ့လိုမျိုးစိတ်ပျက်တွေပဲရရှိနေတဲ့အချိန်မှာ Burning ဟာ EHOME ရဲ့ကမ်းလှမ်းမှုကိုလက်ခံခဲ့ပြီး၂၀၁၀ ခုနှစ် ဇန်န၀ါရီလမှာတော့ EHOME ကို ရောက်ရှိခဲ့ပါတော့တယ်။

EHOME အနေနဲ့ Burning ရောက်မလာခင်မှာ SMM Grand Finals မှာ တတိယသာရထားပြီး ဒါဟာသူတို့အသင်းရဲ့အနေအထားနဲ့ယှဉ်ရင် ကျေနပ်စရာမဟုတ်ပါဘူး။

ဒါကြောင့်မလို့ DGC ကို Burning နဲ့ အစားထိုးခဲ့တာဖြစ်ပါတယ်။

Burning ရဲ့အစွမ်းတွေနဲ့အတူ EHOME ဟာ ၂၀၁၀ ခုနှစ်တစ်ခုလုံးကို ကြီးစိုးခဲ့ပြီး ESWC, IEM V – Shanghai, The SMM Grand National 2010 နဲ့ The World Gamemaster Tournament 2010 တို့မှာ ဗိုလ်စွဲခဲ့ပါတယ်။

၂၀၁၁ ခုနှစ် ဇန်န၀ါရီလ ၁၄ ရက်နေ့မှာတော့Burning ဟာ KingJ နဲ့အတူ သူအောင်မြင်မှုတွေမြောက်မြားစွားရယူခဲ့တဲ့ EHOME ကိုစွန့်ခွာပြီးတော့ Team DK ကို ပြောင်းရွှေ့ခဲ့ပါတော့တယ်။

ကောလဟလတွေအရ Team DK ဟာ EHOME ပေးတဲ့ ငွေကြေးပိုင်းဆိုင်ရာထောက်ပံ့မှုတွေထက် Burning တို့ကိုပေးခဲ့တဲ့အတွက် လျှမ်းလျှမ်းတောက်အောင်မြင်နေတဲ့ EHOME ရဲ့အဓိက ကစားသမားတွေကို ခေါ်ယူနိင်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

အဲ့လိုမျိုးခေါ်ခဲ့ပေမယ့် Burning တို့ရောက်ရောက်ခြင်းမှာ အဲ့လောက်ကြီးမအောင်မြင်ခဲ့ပါဘူး။

G-League 2011 Season 1 မှာ ဒုတိယပဲရခဲ့သလို ECL Season 2 မှာလည်း တတိယရသာ ရရှိခဲ့ပါတယ်။

ဒါပေမယ့် အောင်မြင်ဖို့တော့ သိပ်အကြာကြီးမစောင့်ခဲ့ရပဲ Burning ရဲ့လက်တွဲဖော်ဟောင်း LongDD ပါရောက်လာခဲ့အပြီးမှာတော့ G-League Season 2 နဲ့ 3 တို့အပြင် World DotA Championship 2001တို့မှာပါ ဗိုလ်စွဲခဲ့ပါတယ်။

အံ့အားသင့်စရာကောင်းတာတစ်ခုက အဲ့လိုမျိုးအောင်မြင်နေတဲ့ Team DK ဟာ TI1 ကို လုံးဝဖိတ်ခေါ်ခြင်းမခံခဲ့ရပါဘူး။

အကြောင်းရင်းကတော့ လူစာရင်းမတည်ငြိမ်တာနဲ့ ဗီဇာပြဿနာတွေကြောင့်ဖြစ်တယ်လို့ သိရပါတယ်။

၂၀၁၂ ခုနှစ် မတ်လမှာတော့ Team DK ဟာ Dota 2 အဖွဲ့အစည်းအဖြစ်ပြောင်းလဲခဲ့ပါတော့တယ်။

Burning တို့အနေနဲ့ Dota 2 မှာ လောက်လောက်လားလား အောင်မြင်မှုတွေရဖို့အတွက် အချိန်တစ်ခုကြာခဲ့ပေမယ့် TI2 Invite ကိုတော့ ၂၀၁၂ ခုနှစ် မေလ ၉ ရက်နေ့မှာ ရရှိခဲ့ပါတယ်။

အဲ့လိုရရှိခဲ့တာနဲ့ပတ်သတ်လို့ Burning က “ကျွန်တော်တို့ Invitation ကိုရခဲ့တဲ့အချိန်မှာ အရမ်းကိုအပျော်လွန်ခဲ့ကြပါတယ်။ ဒါသဘာဝပါပဲ။ ဒါပေမယ့် စိတ်နည်းနည်းတည်ငြိမ်သွားခဲ့အချိန်မှာတော့ ကျွန်တော်တို့ပျော်တာ အရမ်းစောနေသေးတယ်ဆိုတာကို သတိထားမိခဲ့ကြပါတယ်။ ဗီဇာရဖို့က လွယ်တဲ့ကိစ္စမဟုတ်သလို ကျွန်တော်တို့ရဲ့ Performance ကလည်း Dota 2 ထိပ်သီးအသင်းတွေနဲ့ယှဉ်ပြိုင် ပြိုင်ဘက်အနေအထားတောင် မရှိသေးပါဘူး။ ဒါကြောင့်မလို့ ကျွန်တော်တို့အနေနဲ့ ကျွန်တော်တို့ Skill တွေတိုးတက်လာဖို့အတွက် ကျွန်တော်တို့ပိုမိုအားထုတ်ပြီးတော့ လေ့ကျင့်သွားရပါမယ်” လို့ ပြောကြားခဲ့ပါတယ်။

အဲ့လို TI Invite ရပြီးတော့ ရက်အနည်းငယ်အကြာမှာကစားခဲ့တဲ့ JoinDOTA Masters/VII မှာ ဒုတိယပဲရခဲ့ပေမယ့် TI2 မစခင် တစ်လလောက်မှာကျင်းပခဲ့တဲ့ Gosu Mini Madness cup မှာတော့ TongFu ကိုအနိင်ရပြီိးဗိုလ်စွဲခဲ့လို့ TI မစခင်မှာ Burning အနေနဲ့ Team DK မှာ သူ့ရဲ့ပထမဆုံးဆုဖလားကို ရရှိခဲ့ပါတယ်။

TI2 မှာတော့ Group Stage မှာ 11 – 3 ဆိုတဲ့ရလဒ်နဲ့ Playoff ကို တက်ရောက်နိင်ခဲ့ပါတယ်။

TI2 မှာ Burning အနေနဲ့ Morphling, AM နဲ့ Lone Druid တို့ကိုပဲ ပွဲတော်တော်များများမှာကစားခဲ့ပြီး သူ့ AM ကတော့ 100% winrate ဖြစ်ခဲ့ပါတယ်။

ဒါပေမယ့် Upper Bracket Round 1 မှာ Na’Vi ကိုရှုံးနိမ့်ပြီးတော့ အောက်ဆင်းခဲ့ရသလို Darer, TongFu နဲ့ Zenith တို့ကိုအနိင်ရခဲ့ပေမယ့် ချန်ပီယံဖြစ်လာမယ့် IG ကိုရှုံးနိမ့်ခဲ့လို့ Burning အနေနဲ့ စတုတ္တပဲရခဲ့ပါတယ်။

TI2 အပြီးမှာတော့ LongDD နဲ့ Zippo တို့ကို EHOME က Dai နဲ့ QQQ တို့နဲ့အစားထိုးခဲ့ပါတယ်။

TI3 မစတင်ခင်မှာတော့ Burning အနေနဲ့ TI3 ကို ချန်ပီယံဆုရယူဖို့အတွက်မျှော်လင့်ခဲ့ပြီး TI3 ပြီးရင်အနားယူမယ်လို့ လူသိရှင်ကြားပြောကြားခဲ့ပါတယ်။

TI3 Group Stage မှာလည်း 10 – 4 နဲ့ အခက်အခဲမရှိတက်နိင်ခဲ့ပါတယ်။

ဒီနှစ်မှာတော့ မနှစ်ကလိုမဟုတ်ပဲ Upper Bracket Round 1 မှာ လက်ရှိချန်ပီယံ IG ကို Lower Bracket ရိုက်ချခဲ့ပါတယ်။

နောက်တစ်ဆင့်မှာတော့ ရှုံးပွဲလုံးဝမရှိသေးတဲ့ Alliance နဲ့တွေ့ခဲ့ပြီး Game 2 မှာ Burning ရဲ့ AM နဲ့အနိင်ယူကာ Alliance ကို ရှုံးနိမ့်မှုရဲ့အရသာကို ခံစားစေခဲ့ပါတယ်။

ဒါပေမယ့် Game 1 နဲ့ 3 မှာရှုံးနိမ့်ခဲ့တာကြောင့် အောက်ဆင်းပေးခဲ့ရသလို Lower Bracket မှာလည်း Orange ကို ထပ်အရှုံးပေးခဲ့ရလို့ TI3 ကနေထွက်ခဲ့ရပါတယ်။

ဒါပေမယ့် Burning AM ကတော့ TI2 မှာလိုပဲ ၁၀၀% winrate ထပ်မံရရှိခဲ့ပါတယ်။

TI3 အပြီးမှာတော့ Burning ဟာ သူပြောထားသလိုအနားမယူပဲနဲ့ ဆက်ကစားဖို့ဆုံးဖြတ်ခဲ့ပါတယ်။

rOtk, Super နဲ့ QQQ တို့ကို အသင်းကနေထုတ်ပယ်ခဲ့ပြီး Burning ကိုပဲချန်ထားကာ Team DK ကို ပြန်လည်ဖွဲ့စည်းခဲ့ပါတယ်။

ပြန်ရောက်လာတဲ့သူတွေက LaNm, Mushi, iceiceice တို့ပဲဖြစ်ပါတော့တယ်။

ဒါကြောင့်မလို့ ကြယ်စင်စုအသင်းဖြစ်တဲ့ Team DK ကို TI4 မှာအားလုံးကမျှော်လင့်ခဲ့ကြပေမယ့် စတုတ္ထပဲရခဲ့ပြန်ပါတယ်။

ဒီအစုအဖွဲ့ရဲ့ အကြီးကျယ်ဆုံးအောင်မြင်မှုကတော့ WPC ACE Dota 2 League 2013 Grand Finals Best of 7 မှာ IG ကို ၃ ပွဲပြတ်ရှုံးနိမ့်နေရာကနေ ၄ ပွဲပြန်အနိင်ယူပြီးတော့ ချန်ပီယံဖြစ်ခဲ့တာပဲ ဖြစ်ပါတယ်။

TI နဲ့ကံမစပ်တဲ့ Burning ဟာ ၂၀၁၄ ခုနှစ်သြဂုတ်လ ၁၇ ရက်နေ့မှာ ကစားသမားဘ၀ကနေ အနားယူခဲ့ပြီး Team DK လူငယ်အသင်းကို နည်းပြခဲ့ပါတယ်။

ဒါပေမယ့် ၂၀၁၄ နှစ်ကုန်မှာတော့ Burning ဟာ xiao8, rOtk, LaNm နဲ့ iceice တို့နဲ့အတူ Big God ကိုတည်ထောင်ခဲ့ပြီး ကစားသမားဘ၀ကို ပြန်လည်ဝင်ရောက်လာခဲ့ပါတယ်။

Big God နဲ့အတူ တရုတ်နိင်ငံမှာကျင်းပခဲ့တဲ့ ဆုကြေးများပြားတာကြောင့် Mini TI နဲ့တင်စားခေါ်ဝေါ်ခဲ့ကြတဲ့ DAC ပြိုင်ပွဲကို Asian Qualifier ကနေ၀င်ကစားခဲ့ပြီး တတိယရခဲ့လို့ Group Stage ကနေ စတင်ဝင်ပြိုင်ခွင့်ရခဲ့ပါတယ်။

Main Event မှာလည်း စတုတ္ထရခဲ့လို့ အောင်မြင်ခဲ့တယ်လို့ပြောလို့ရပေမယ့် ပြိုင်ပွဲအပြီးမှာတော့ ကစားသမားတွေ အနားယူတဲ့သူကယူသွားလို့ အသင်းကအလိုလိုပျက်သွားပါတော့တယ်။

Big God မှာကစားအပြီးမှာတော့ Burning ဟာ ၂၀၁၅ ခုနှစ် မတ်လကနေ ၂၀၁၇ ခုနှစ် စက်တင်ဘာလအထိ IG မှာနှစ်ခါနဲ့ VG မှာ ၁ ခါကစားခဲ့ပါတယ်။

အဲ့ကာလတွေမှာ Burning အတွက် ကြီးမားတဲ့အောင်မြင်မှုလို့ဆိုနိင်တွေကတော့ VG နဲ့ Nanyang Dota 2 Championship မှာ ဒုတိယရခဲ့တာနဲ့ IG နဲ့ DAC 2017 မှာ ချန်ပီယံဖြစ်ခဲ့တာတွေပဲ ရှိခဲ့ပါတယ်။

အဲ့နောက်မှာ Big God နဲ့အတူ ၂၀၁၈ ဇန်န၀ါရီလကနေ မေလအထိနည်းနည်းယောင်ပြီးနောက်မှာတော့ ဇူလိုင်လမှာ IG မှာ Coach လုပ်ခဲ့ပါတော့တယ်။

IG မှာလည်း ဖင်မမြဲခဲ့ပဲ နှစ်လသာလုပ်ခဲ့ကာ အခုအချိန်မှာတော့ အသင်းသစ် Team Aster ကို ထူထောင်ခဲ့ပါတယ်ခင်ဗျာ။

Realman

The author didn't add any Information to his profile yet.

Leave a comment

Your email address will not be published. Required fields are marked. *