သင္ကုိယ္တုိင္ Psychopath ျဖစ္မွန္းမသိ ျဖစ္ေနျပီလားဆုိတာ စစ္ေဆးႏိုင္မယ့္ အခ်က္မ်ား

By / 3 days ago / Knowledge / No Comments
သင္ကုိယ္တုိင္ Psychopath ျဖစ္မွန္းမသိ ျဖစ္ေနျပီလားဆုိတာ စစ္ေဆးႏိုင္မယ့္ အခ်က္မ်ား

Psychopath ဆိုတာဟာ ခန္႔မွန္းမိဖုိ႔၊ ဒါမွမဟုတ္ သတိထားမိဖို႔ အခက္ခဲဆံုး ဗီဇေတြထဲက တစ္ခုျဖစ္ပါတယ္။ အေၾကာင္းကေတာ့ Psychopath တစ္ေယာက္ဟာ အရမး္ကိုစြဲေဆာင္မႈရွိျပီး လန္းေနတတ္သလုိ၊ အရာအားလံုးဟာ သာမန္လူတစ္ေယာက္လိုပဲ ျဖစ္ေနလို႔ပါ။ တကယ္တမ္းမွာေတာ့ Psychopath ေတြမွာ အေကာင္းအဆိုးေဝဖန္ ပိုင္းျခားႏိုင္စြမ္းနဲ႔ စာနာမႈလံုးဝမရွိပါဘူး။ ဒါေၾကာင့္ပဲ သူတုိ႔ေတြဟာ သူတစ္ပါးကုိ ညွင္းပန္းႏွိပ္စက္သူ၊ အၾကမ္းဖက္သူေတြနဲ႔ ရာဇဝတ္မႈေတြ၊ လူသတ္မႈေတြမွာ အမ်ားဆံုးေတြ႕ျမင္ရတာျဖစ္ပါတယ္ …. ။

ဒီလိုမ်ိဳး ဗီဇရွိေနတဲ့ သူေတြဟာ ေမြးရာပါ ဦးေႏွာက္ဖြဲ႕စည္းမႈေၾကာင့္ ျဖစ္ပါတယ္။ တကယ္လုိ႔သင္ဟာ Psychopath တစ္ေယာက္ျဖစ္ေနတယ္ဆိုရင္ေတာ့ စိတ္ပညာရွင္ေတြနဲ႔ ကုသရမွာျဖစ္ျပီး ရာဇဝတ္မႈေတြမက်ဴးလြန္မိေအာင္လည္း ကိုယ့္ကိုယ္ကို ထိန္းလို႔ရတာေၾကာင့္ သင္ဟာ Psychopath တစ္ေယာက္မ်ားျဖစ္ေနမလားဆုိတာ ဒီအခ်က္ေလးေတြနဲ႔ တိုက္ဆုိင္စစ္ေဆးၾကည့္လုိက္ပါဦးေနာ္ …. ။

၁. လူေတာ္ေတာ္မ်ားမ်ားက သင့္ကို ဆြဲေဆာင္မႈရွိတယ္၊ လွပတယ္၊ ေအးေဆးတည္ျငိမ္တယ္လို႔ ေျပာၾကတယ္။ ေနာက္ျပီး အဲလိုအသြင္ျဖစ္ေအာင္လည္း ဖန္တီးတတ္သလို၊ အဲလိုအသြင္ မေပၚေအာင္လညး္ လုပ္တတ္တယ္ ….. ။

၂. တစ္ခုခုကိုလုပ္ခ်င္ျပီဆိုရင္ ခ်က္ခ်င္းလုပ္တတ္တယ္။ လုပ္ျပီဆိုရင္လည္း ဘယ္ေတာ့မွ ေနာင္တမရတတ္ဘူး။ အ့ဲဒီ့အရာေၾကာင့္ တစ္ဖက္သား ဘယ္လိုျဖစ္သြားမလဲ ဆိုတာလည္း စိတ္မဝင္စားဘူး ….. ။

၃. တစ္ခုခုဆိုးဆိုးရြားရြားျဖစ္သြားတယ္၊ အမွားတစ္ခုုခုလုပ္မိရင္ေတာင္ သင့္ေၾကာင့္မဟုတ္ဘူး။ တစ္ဖက္လူရဲ႕အမွားေၾကာင့္ ….. ။

၄. ဥပေဒနဲ႔ျငိစြန္းတဲ့ ရာဇဝတ္မႈေတြမွာ ပါဝင္ပတ္သတ္ဖူးတယ္ …. ။

၅. တစ္ခုခုလုပ္ျပီဆိုရင္ အေကာင္းဆံုးပဲလုပ္တယ္။ ဘယ္သူမွ သင့္ကိုမမွီဘူး …. ။

၆. လုပ္ခ်င္တာကို လုပ္လိုက္ရမွေက်နပ္တယ္။ တစ္ဖက္လူ ထိခိုက္ရင္ေတာင္ လုပ္လုိက္ရမွေက်နပ္တယ္ ….. ။

၇. တစ္ေယာက္ေယာက္ ဒုကၡေရာက္ေနရင္ေတာင္ ဒါသူ႔ျပသနာနဲ႔သူပဲေလ၊ ကူညီရမယ္လို႔လည္းမေတြးမိသလို စိတ္မေကာငး္လညး္ မျဖစ္မိပါဘူး ….. ။

၈. ဆယ္ေက်ာ္သက္အရြယ္တုန္းက ဥပေဒနဲ႔ျငိစြန္းတဲ့ အရာေတြ၊ ရာဇဝတ္မႈေတြ က်ဴးလြန္ဖူးတယ္၊ ပါဝင္ပတ္သက္ဖူးတယ္ ….. ။

၉. လိုခ်င္တာကိုရဖုိ႔ လိမ္ေျပာရရင္လညး္ သင့္အတြက္ ျပႆနာမရွိပါဘူး ….. ။

၁၀. လက္ရွိကိုပဲ စိတ္ဝင္စားတယ္၊ အနာဂတ္ေတြဘာေတြ စိတ္မဝင္စားဘူး .. ေနာင္ျဖစ္ ေနာင္ရွင္းပဲ။ သင့္အတြက္က လက္ရွိပဲ အေရးၾကီးဆံုး ….. ။

၁၁. ကိုယ္ေျပာလိုက္တဲ့ စကားတစ္ခုုခု၊ လုပ္လိုက္မိတဲ့ အရာတစ္ခုခုနဲ႔ ပတ္သက္ျပီး ဘယ္ေတာ့မွ ေနာင္တလညး္မရဖူးဘူး၊ ရွက္ရြံ႕သလိုလညး္ မခံစားရဖူးဘူး။

၁၂. သင့္ကိုသင္ ဘယ္အရာနဲ႔ ပတ္သက္ျပီးေတာ့မွ တာဝန္ယူရမယ့္သူ မဟုတ္ဘူးလို႔ ထင္တယ္။

အထက္ပါအခ်က္ေတြထဲက (၅) ခ်က္နဲ႔ အထက္ တူညီေနတယ္ဆိုရင္ေတာ့ သင္ဟာ Psychopath တစ္ေယာက္ျဖစ္တယ္လို႔ ေျပာလို႔ရေနပါတယ္။

Em Em

Unicode

Psychopath ဆိုတာဟာ ခန့်မှန်းမိဖို့၊ ဒါမှမဟုတ် သတိထားမိဖို့ အခက်ခဲဆုံး ဗီဇတွေထဲက တစ်ခုဖြစ်ပါတယ်။ အကြောင်းကတော့ Psychopath တစ်ယောက်ဟာ အရမး်ကိုစွဲဆောင်မှုရှိပြီး လန်းနေတတ်သလို၊ အရာအားလုံးဟာ သာမန်လူတစ်ယောက်လိုပဲ ဖြစ်နေလို့ပါ။ တကယ်တမ်းမှာတော့ Psychopath တွေမှာ အကောင်းအဆိုးဝေဖန် ပိုင်းခြားနိုင်စွမ်းနဲ့ စာနာမှုလုံးဝမရှိပါဘူး။ ဒါကြောင့်ပဲ သူတို့တွေဟာ သူတစ်ပါးကို ညှင်းပန်းနှိပ်စက်သူ၊ အကြမ်းဖက်သူတွေနဲ့ ရာဇဝတ်မှုတွေ၊ လူသတ်မှုတွေမှာ အများဆုံးတွေ့မြင်ရတာဖြစ်ပါတယ် …. ။

ဒီလိုမျိုး ဗီဇရှိနေတဲ့ သူတွေဟာ မွေးရာပါ ဦးနှောက်ဖွဲ့စည်းမှုကြောင့် ဖြစ်ပါတယ်။ တကယ်လို့သင်ဟာ Psychopath တစ်ယောက်ဖြစ်နေတယ်ဆိုရင်တော့ စိတ်ပညာရှင်တွေနဲ့ ကုသရမှာဖြစ်ပြီး ရာဇဝတ်မှုတွေမကျူးလွန်မိအောင်လည်း ကိုယ့်ကိုယ်ကို ထိန်းလို့ရတာကြောင့် သင်ဟာ Psychopath တစ်ယောက်များဖြစ်နေမလားဆိုတာ ဒီအချက်လေးတွေနဲ့ တိုက်ဆိုင်စစ်ဆေးကြည့်လိုက်ပါဦးနော် …. ။

၁. လူတော်တော်များများက သင့်ကို ဆွဲဆောင်မှုရှိတယ်၊ လှပတယ်၊ အေးဆေးတည်ငြိမ်တယ်လို့ ပြောကြတယ်။ နောက်ပြီး အဲလိုအသွင်ဖြစ်အောင်လည်း ဖန်တီးတတ်သလို၊ အဲလိုအသွင် မပေါ်အောင်လညး် လုပ်တတ်တယ် ….. ။

၂. တစ်ခုခုကိုလုပ်ချင်ပြီဆိုရင် ချက်ချင်းလုပ်တတ်တယ်။ လုပ်ပြီဆိုရင်လည်း ဘယ်တော့မှ နောင်တမရတတ်ဘူး။ အဲ့ဒီ့အရာကြောင့် တစ်ဖက်သား ဘယ်လိုဖြစ်သွားမလဲ ဆိုတာလည်း စိတ်မဝင်စားဘူး ….. ။

၃. တစ်ခုခုဆိုးဆိုးရွားရွားဖြစ်သွားတယ်၊ အမှားတစ်ခုုခုလုပ်မိရင်တောင် သင့်ကြောင့်မဟုတ်ဘူး။ တစ်ဖက်လူရဲ့အမှားကြောင့် ….. ။

၄. ဥပဒေနဲ့ငြိစွန်းတဲ့ ရာဇဝတ်မှုတွေမှာ ပါဝင်ပတ်သတ်ဖူးတယ် …. ။

၅. တစ်ခုခုလုပ်ပြီဆိုရင် အကောင်းဆုံးပဲလုပ်တယ်။ ဘယ်သူမှ သင့်ကိုမမှီဘူး …. ။

၆. လုပ်ချင်တာကို လုပ်လိုက်ရမှကျေနပ်တယ်။ တစ်ဖက်လူ ထိခိုက်ရင်တောင် လုပ်လိုက်ရမှကျေနပ်တယ် ….. ။

၇. တစ်ယောက်ယောက် ဒုက္ခရောက်နေရင်တောင် ဒါသူ့ပြသနာနဲ့သူပဲလေ၊ ကူညီရမယ်လို့လည်းမတွေးမိသလို စိတ်မကောငး်လညး် မဖြစ်မိပါဘူး ….. ။

၈. ဆယ်ကျော်သက်အရွယ်တုန်းက ဥပဒေနဲ့ငြိစွန်းတဲ့ အရာတွေ၊ ရာဇဝတ်မှုတွေ ကျူးလွန်ဖူးတယ်၊ ပါဝင်ပတ်သက်ဖူးတယ် ….. ။

၉. လိုချင်တာကိုရဖို့ လိမ်ပြောရရင်လညး် သင့်အတွက် ပြဿနာမရှိပါဘူး ….. ။

၁၀. လက်ရှိကိုပဲ စိတ်ဝင်စားတယ်၊ အနာဂတ်တွေဘာတွေ စိတ်မဝင်စားဘူး .. နောင်ဖြစ် နောင်ရှင်းပဲ။ သင့်အတွက်က လက်ရှိပဲ အရေးကြီးဆုံး ….. ။

၁၁. ကိုယ်ပြောလိုက်တဲ့ စကားတစ်ခုုခု၊ လုပ်လိုက်မိတဲ့ အရာတစ်ခုခုနဲ့ ပတ်သက်ပြီး ဘယ်တော့မှ နောင်တလညး်မရဖူးဘူး၊ ရှက်ရွံ့သလိုလညး် မခံစားရဖူးဘူး။

၁၂. သင့်ကိုသင် ဘယ်အရာနဲ့ ပတ်သက်ပြီးတော့မှ တာဝန်ယူရမယ့်သူ မဟုတ်ဘူးလို့ ထင်တယ်။

အထက်ပါအချက်တွေထဲက (၅) ချက်နဲ့ အထက် တူညီနေတယ်ဆိုရင်တော့ သင်ဟာ Psychopath တစ်ယောက်ဖြစ်တယ်လို့ ပြောလို့ရနေပါတယ်။

Em Em

thant naing

The author didn't add any Information to his profile yet.

Leave a comment

Your email address will not be published. Required fields are marked. *