အင္းလ်ားကန္ေဘာင္တြင္ အလွဆင္ထားေသာ ပုသိမ္ထီးမ်ားအား ျဖဳတ္ယူမွုျဖစ္ပြား

အင္းလ်ားကန္ေဘာင္တြင္ အလွဆင္ထားေသာ ပုသိမ္ထီးမ်ားအား ျဖဳတ္ယူမွုျဖစ္ပြား

ႏွစ္စဥ္ႏွစ္တိုင္း သၾကၤန္ကာလအခ်ိန္ေရာက္လာခ်ိန္မွာ ျပည္လမ္းရွိ အင္းလ်ားကန္ေဘာင္ကို အလွဆင္ဖန္တီးေလ့ရွိတာျဖစ္ပါတယ္။ ဒီႏွစ္မွာလည္း ရန္ကုန္ျမိဳ႕မွာ ပထမဆံုးျပဳလုပ္တဲ့ လမ္းေလ်ွာက္သၾကၤန္အျပင္ အင္းလ်ားကန္ေဘာင္မွာလည္း အတာႏွစ္သစ္ကို ၾကိဳဆိုတဲ့အေနနဲ႔ ပုသိမ္ထီးမ်ားျဖင့္ ေလ်ွာက္လမ္းကို အလွဆင္ဖန္တီးထားတာျဖစ္ပါတယ္ …. ။

ယေန႔ သၾကၤန္ အၾကတ္ေန႔မွာေတာ့ ထိုအလွဆင္ဖန္တီးထားတဲ့ ပုသိမ္ထီးမ်ားကို လာေရာက္လည္ပတ္သူမ်ားက ထီးမ်ားျဖဳတ္ယူမွုေတြျဖစ္ပြားခဲ့တာျဖစ္ပါတယ္။ ဒီကေန႔ဟာ သၾကၤန္အၾကတ္ေန႔ျဖစ္ျပီးေတာ့ သၾကၤန္ကာလျပီးဆံုးဖို႔ တစ္ရက္တာလိုေနေသးတာျဖစ္ပါတယ္။ ယခုလိုမ်ိဳးအက်ည္းတန္ေသာ လုပ္ရပ္မ်ားဟာ လူမွုကြန္ယက္အသံုးျပဳသူမ်ားၾကား ပ်ံ႕ႏွံ႕ေနျပီးေတာ့ ေဝဖန္မွုေတြထြက္ေပၚေနခဲ့တာျဖစ္ပါတယ္ …. ။

ထီးမ်ားျဖဳတ္ယူေနတဲ့ဗီဒီယုိကိုလည္း လူမွုကြန္ယက္စာမ်က္နွာထက္မွာ အသံုးျပဳသူတစ္ဦးက မ််ေဝထားတာေတြ႔ရပါတယ္။ ျမိဳ႕ေတာ္ရဲ႕သာယာလွပမွုကို ထိခိုက္ေစတဲ့ အသြင္ေဆာင္တဲ့ ထိုလုပ္ရပ္ေတြကိုေတာ့ အမ်ားျပည္သူအခ်ိဳ႕က ရွံု႕ခ်ကန္႔ကြက္မွုေတြရွိေနခဲ့ပါတယ္ …. ။

Photos-Pyae Phyo Naing

Video-ရာဝဏ

Unicode

နှစ်စဉ်နှစ်တိုင်း သင်္ကြန်ကာလအချိန်ရောက်လာချိန်မှာ ပြည်လမ်းရှိ အင်းလျားကန်ဘောင်ကို အလှဆင်ဖန်တီးလေ့ရှိတာဖြစ်ပါတယ်။ ဒီနှစ်မှာလည်း ရန်ကုန်မြို့မှာ ပထမဆုံးပြုလုပ်တဲ့ လမ်းလျှောက်သင်္ကြန်အပြင် အင်းလျားကန်ဘောင်မှာလည်း အတာနှစ်သစ်ကို ကြိုဆိုတဲ့အနေနဲ့ ပုသိမ်ထီးများဖြင့် လျှောက်လမ်းကို အလှဆင်ဖန်တီးထားတာဖြစ်ပါတယ် …. ။

ယနေ့ သင်္ကြန် အကြတ်နေ့မှာတော့ ထိုအလှဆင်ဖန်တီးထားတဲ့ ပုသိမ်ထီးများကို လာရောက်လည်ပတ်သူများက ထီးများဖြုတ်ယူမှုတွေဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ဒီကနေ့ဟာ သင်္ကြန်အကြတ်နေ့ဖြစ်ပြီးတော့ သင်္ကြန်ကာလပြီးဆုံးဖို့ တစ်ရက်တာလိုနေသေးတာဖြစ်ပါတယ်။ ယခုလိုမျိုးအကျည်းတန်သော လုပ်ရပ်များဟာ လူမှုကွန်ယက်အသုံးပြုသူများကြား ပျံ့နှံ့နေပြီးတော့ ဝေဖန်မှုတွေထွက်ပေါ်နေခဲ့တာဖြစ်ပါတယ် …. ။

ထီးများဖြုတ်ယူနေတဲ့ဗီဒီယိုကိုလည်း လူမှုကွန်ယက်စာမျက်နှာထက်မှာ အသုံးပြုသူတစ်ဦးက မျျဝေထားတာတွေ့ရပါတယ်။ မြို့တော်ရဲ့သာယာလှပမှုကို ထိခိုက်စေတဲ့ အသွင်ဆောင်တဲ့ ထိုလုပ်ရပ်တွေကိုတော့ အများပြည်သူအချို့က ရှုံ့ချကန့်ကွက်မှုတွေရှိနေခဲ့ပါတယ် …. ။

Photos-Pyae Phyo Naing

Video-ရာဝဏ

thant naing

The author didn't add any Information to his profile yet.

Leave a comment

Your email address will not be published. Required fields are marked. *