လက်ထပ်ဖို့ မစဉ်းစားသင့်တဲ့ အမျိုးသမီးတွေရဲ့ ပုံစံ…
By / 2 months ago / Relationship / No Comments
လက်ထပ်ဖို့ မစဉ်းစားသင့်တဲ့ အမျိုးသမီးတွေရဲ့ ပုံစံ…
Credit-OP
Unicode
အိမ်ထောင်တခုတည်ဆောက်ဖို့ စဉ်းစားတဲ့အခါ ဒီအချက်တွေကို အဓိကဦးစားပေး မစဉ်းစားမိရင် သာယာစိုပြေတဲံ အိမ်ထောင်ရေးတခုဖြစ်ဖို့ ခက်ပါတယ်။ဒါကြောင့် ရှောက်ကြဉ်အပ်တဲ့ လူစားမျိုးကို ရွေးချယ်ဖော်ပြပေးလိုက်ပါတယ် …. ။
1-အမြဲတမ်းနီးပါးစိတ်ဆိုး ဒေါသဖြစ်နေတဲ့ အမျိုးသမီးတွေ ဖြစ်ပါတယ်။သင်က အချစ်အကြောင်း အလွမ်းအကြောင်းပြောတဲ့အခါမှာလည်း စိတ်ထဆိုးတတ်တာမျိုးလုပ်တတ်ပါတယ်။ဒါဟာ သူမအတွက် တကြိမ် ဒါမှမဟုတ် အကြိမ်ကြိမ် အသည်းကွဲခဲ့ဖူးလို့ သင့်ရဲ့ အချစ်သင်္ကေတတွေ အချစ်ဝေါဟာရတွေကို လက်မခံတဲ့သဘောဖြစ်ပါတယ်။သင်ဟာ လူကောင်းတဦးဖြစ်သည့်တိုင် သင့်ရဲ့ စရိုက်ကို လက်မခံနိုင်ပဲ ဒေါသထွက်နေသူတွေ ဖြစ်ပါတယ် ….. ။
2-ကိုယ်ကလွဲရင် ဘယ်သူ့ကို စိတ်မဝင်စားတတ်တဲ့ မိန်းမမျိုးကို ရှောင်ပါ။သူတို့ကိုယ်တိုင်သာ သူတို့စိတ်ဝင်စားပြီး သူတို့ပျော်ရွှင်မှုကို မိသားစုအရေးထက် ဦးစားပေးချင်သူ၊သူတို့မပျော်ရွှင်မှုကို မိသားစုအပေါ် အနစ်နာခံ မမြိုသိပ်တတ်သူတွေကို ရှောင်ပါ ….. ။
3-ရုပ်ဝါဒီကိုသာ ဦးစားပေးတတ်တဲ့ အမျိုးသမီးတွေဟာ သင့်ရဲ့ မေတ္တာကို အသိအမှတ်ပြုမယ့်သူတွေမဟုတ်ပါဘူး။အရာရာကို စည်းစိမ်ဥစ္စာနဲ့ ငွေောကးပေါ် မူတည်ပြီးတိုင်းတာသူတွေဖြစ်တဲ့အတွက် ကောင်းမွန်တဲ့ လက်တွဲဖော်ဖြစ်မလာနို်င်ပါဘူး ….. ။
4-သင်နဲ့ စတွေ့စဉ်ကတည်းက သင့်ကို ကလူကျီစယ်တာ ရဲတင်းတဲ့အမူအရာပြပြီး ပတ်သက်လို့ ချစ်ကြိုက်မိတဲ့သူမျိုးဆို ရှောင်ကြဉ်ပါ။သင့်မှမဟုတ်ပါဘူး။သင့်ထက်သဘောကျစရာလူတွေ့လာရင် သူတို့ဘက်က လက်နှေးနေမှာမဟုတ်တဲ့အတွက် ဒီလို အမျိုးသမီးမျိုးကို ရှောင်သင့်ပါတယ် ….. ။
5-ကပွဲခုန်ပွဲနဲ့ ညပွဲတွေကို ခုံမင်နှစ်သက်သူတွေကိုလည်း ရှောင်သင့်ပါတယ်။ညပွဲတွေမှာ မလုံခြုံတဲ့အဝတ်တွေဝတ်ပြီး သောက်တတ်စားတတ်တဲ့သူတွေဟာ သူတို့အမူအကျင့်ကို စွန့်လွှတ်ဖို့ထက် သင့်ရဲ့ စိတ်ကို ရိုက်ချိုးလိုက်ဖို့က ပိုဖြစ်နိုင်ပါတယ် ….. ။
6-ကတိတခုကို လွယ်လွယ်ပေးပြီး လွယ်လွယ်ဖျက်တတ်သူမျိုးဖြစ်ပါတယ်။သူတို့ဟာ ဘဝအတွက် အရေးပါတဲ့ကတိကဝတ်တွေကို မိနစ်ပိုင်းအတွင်း အဖြေပေးတတ်ပါတယ်။ဒါဟာ ဉာဏ်ကောင်းလွန်းလို့ မဟုတ်ပဲ လေးလေးနက်နက်မရှိခြင်းသာဖြစ်ပါတယ် …… ။
7-ကိုယ့်လင်ယောကျ်ားထက် တခြားသူတွေရဲ့ ဂရုစိုက်မှုကို ပိုလိုချင်သူတွေကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။မတူညီတဲ့ ဖက်ရှင်ပြောင်းလဲခြင်း သင်နဲ့ လိုက်လျောညီထွေမနေခြင်းနဲ့ သင့်ခံစားမှုကို အလေးအထားခြင်းတွေဟာ သင့်အတွက် လက်တွဲဖော်ကောင်းဖြစ်လာစေမှာမဟုတ်ပါဘူး …… ။
8.အတင်းပြောတတ်သူ အမျိုးသမီးတွေကို ရှောင်ပါ။များသောအားဖြင့် အမျိုးသမီးတိုင်း နောက်ကွယ်က အကြောင်းတခုကို သာမာန်ထက်ပိုပြီး စပ်စုလိုစိတ်ရှိပါတယ်။ဒါဟာ ပြဿနာမဟုတ်ပါဘူး။ဒီထက်ပိုလာရင်တော့ ပြဿနာဖြစ်လာနိုင်ပြီး မလိုအပ်တဲ့ မနာလိုစိတ်တွေနဲ့ သူတပါးမကောင်းကြောင်းသာ နေ့စဉ်နဲ့ အမျှ တွင်တွင်ခါအောင် ပြောသူဆို သင့်အတွက်ရော သင့်မိသားစုအတွက်ပါ အဆင်မပြေဖြစ်လာနိုင်ပါတယ် …… ။
Credit-OP
thant naing
The author didn't add any Information to his profile yet.
Leave a comment
Your email address will not be published. Required fields are marked. *