ေနပူပူမွာ ေရငတ္လြန္းလုိ႔ ဓာတ္ဆားရည္ ေသာက္ေတာ့မယ္ဆုိရင္ ဒါေတြကုိ သတိထားပါ

By / 2 months ago / Health / No Comments
ေနပူပူမွာ ေရငတ္လြန္းလုိ႔ ဓာတ္ဆားရည္ ေသာက္ေတာ့မယ္ဆုိရင္ ဒါေတြကုိ သတိထားပါ

ဓာတ္ဆားမႈန္႔ ေရေဖ်ာ္ေသာက္ေတာ့မယ္ဆိုရင္ သတိထားပါ။ ဓာတ္ဆားဆိုတာဘာလဲ ဘာအတြက္သံုးတာလဲ။ ဓာတ္ဆားမႈန္႕(Oral Rehydration Salts)ဆိုတာ ဝမ္းပ်က္ဝမ္းေလွ်ာျခင္းနဲ႕အေၾကာင္းအမ်ိဴ းမ်ိဴ းေၾကာင့္ ခႏၶာကိုယ္မွာရွိတဲ့ ေရဓာတ္နဲ႕ဓာတ္ဆားမ်ား ေလ်ာ႕နည္းျခင္းအတြက္ေရနဲ႕ေဖ်ာ္ေသာက္တာပါ။ယခုလို အလြန္ပူျပင္းတဲ့အခ်ိန္မွာ ေခြ်းထြက္လို႔ဆံုးရံႈးသြားတဲ့ ေရနဲ႕ဆားဓာတ္ေတြ ျပန္လည္ျဖည္႔တင္းဖို႕အေကာင္းဆံုးေဆးမႈန္႔ ျဖစ္ပါတယ္ …. ။

ဘယ္လိုဓာတ္ဆားေသာက္ရင္ အေကာင္းဆံုးလဲ …..

ျမန္မာႏိုင္ငံေဆးဝါးလုပ္ငန္းစက္ရံုက ထုတ္လုပ္တဲ့ဓာတ္ဆား၊ ႏိုင္ငံတကာမွတင္သြင္းေရာင္းခ်တဲ့ဓာတ္ဆားမ်ိဴ းစံု၊ အျပင္ေစ်းကြက္ထဲမွာ ရိုးရိုးဓာတ္ဆားမ်ား/သစ္သီးစံုဓာတ္ဆားမ်ား အမ်ားအျပားေရာင္းခ်ေနၿပီး တမ်ိဴ းနဲ႕တမ်ိဴ း အာနိသင္သိသာစြာကြာျခားျခင္းမရွိပဲ အားလံုးေကာင္းၾကပါတယ္ …… ။အရည္အေသြးျပည္႕ဝၿပီး ၾကာရွည္အထားခံတာကေတာ့ ျမန္မာႏိုင္ငံေဆးဝါးစက္ရံု(MPF)က ထုတ္တဲ့ ဓာတ္ဆားပါ ….. ။

ဓာတ္ဆားထုတ္ဝယ္ရင္ဘာေတြသိထားသင့္လဲ ……

ဓာတ္တားထုတ္ဝယ္တဲ့အခါ ပထမဆံုးၾကည္႕သင့္တာက သက္တမ္းကုန္ဆံုးရက ္(Expiry date) ပါ။ Date ေကာင္းတာနဲ႕တင္မၿပီးပါဘူး လတ္ဆပ္မႈ႕ရွိ/မရွိ လႈပ္ၾကည္႕ရပါမယ္ ကပ္ေနရင္(သို႕)အထဲကအမႈံ႕အေရာင္ေျပာင္းေနရင္ လံုးဝမေသာက္သင့္ပါဘူး။ ဓာတ္ဆားထုတ္ကိုဘယ္လိုထားသိုရမလဲ …… ။

ဘယ္ေရနဲ႕ေဖ်ာ္ရမလဲ ……

ဓာတ္ဆားတထုတ္ကို ေရက်က္ေအး(သို႔)ေရတစ္လီတာ/ေရသန္႕တဗူးနဲ႕ေဖ်ာ္ရမွာပါ သတိထားရမွာက ေရေႏြးနဲ႕မေဖ်ာ္ရသလို ေရခဲေသတၱာထဲကေရေအးနဲ႕လဲမေဖ်ာ္သင့္ပါဘူး ဓာတ္ပ်ယ္သြားတတ္လို႕ပါ ….. ။ဓာတ္ဆားထုတ္ကို ေအးၿပီးေျခာက္ေသြ႕တဲ့ေနရာမွာ ထားသိုရမွာျဖစ္ၿပီး ေနေရာင္ျခည္တိုက္ရိုက္ထိေတြ႕တဲ့ေနရာေတြမွာမထားသင့္ပါဘူူး။ ဓာတ္ဆားရည္ကို ေဖ်ာ္ၿပီး ၂၄ နာရီအတြင္း ကုန္ေအာင္ေသာက္ရမွာျဖစ္ၿပီး ၂၄ နာရီ ထက္ေက်ာ္သြားတဲ့ ဓာတ္ဆားရည္ကို သြန္ပစ္ရမွာပါ ….. ။

တစ္ေန႕ဘယ္ႏွစ္ထုတ္ေသာက္ရမလဲ၊ ဘယ္လိုလူေတြမေသာက္ရဘူူးလဲ ……

ပံုမွန္အားျဖင ့္ဓာတ္ဆားကို တစ္ရက္အမ်ားဆံုး ၂ ထုတ္သာသံုးသင့္ပါတယ္ ၂ ထုတ္ထက္ ပိုေသာက္မိရင္ ခႏၶာကိုယ္ကပိုေနမဲ့ ဆားဓာတ္ကိုမစြန္႕ထုတ္ႏိုင္ပဲ ေသြးတိုးေရာဂါျဖစ္တတ္လို႕ပါ။ ဓာတ္ဆားထုတ္ကို ဆီးခ်ိဴ /ေသြးတိုးရွိသူေတြ ဆရာဝန္ညႊန္ၾကားခ်က္နဲ႕မွေသာက္သင့္ပါတယ္ ….. ။ဒါေၾကာင့္တန္ေဆး လြန္ေဘးဆိုသလို ေခြ်းထြက္အလြန္မ်ားတဲ့ ယခုလိ ုေႏြရာသီမွာ ဓာတ္ဆားထုတ္ေသာက္တဲ့အခါ ဆင္ျခင္စရာေလးေတြကို က်န္းမာေရးဗဟုသုတအေနနဲ႕ တင္ျပလိုက္ရပါတယ္​ …. ။တခုခု ရရင္​​ေက်နပ္ပါ​တယ္ ….. ။

Credit: က်န္းမာေရးအတြက္ ေဆးတစ္ခြက္

Unicode

ဓာတ်ဆားမှုန့် ရေဖျော်သောက်တော့မယ်ဆိုရင် သတိထားပါ။ ဓာတ်ဆားဆိုတာဘာလဲ ဘာအတွက်သုံးတာလဲ။ ဓာတ်ဆားမှုန့်(Oral Rehydration Salts)ဆိုတာ ဝမ်းပျက်ဝမ်းလျှောခြင်းနဲ့အကြောင်းအမျိူ းမျိူ းကြောင့် ခန္ဓာကိုယ်မှာရှိတဲ့ ရေဓာတ်နဲ့ဓာတ်ဆားများ လျော့နည်းခြင်းအတွက်ရေနဲ့ဖျော်သောက်တာပါ။ယခုလို အလွန်ပူပြင်းတဲ့အချိန်မှာ ချွေးထွက်လို့ဆုံးရှုံးသွားတဲ့ ရေနဲ့ဆားဓာတ်တွေ ပြန်လည်ဖြည့်တင်းဖို့အကောင်းဆုံးဆေးမှုန့် ဖြစ်ပါတယ် …. ။

ဘယ်လိုဓာတ်ဆားသောက်ရင် အကောင်းဆုံးလဲ …..

မြန်မာနိုင်ငံဆေးဝါးလုပ်ငန်းစက်ရုံက ထုတ်လုပ်တဲ့ဓာတ်ဆား၊ နိုင်ငံတကာမှတင်သွင်းရောင်းချတဲ့ဓာတ်ဆားမျိူ းစုံ၊ အပြင်စျေးကွက်ထဲမှာ ရိုးရိုးဓာတ်ဆားများ/သစ်သီးစုံဓာတ်ဆားများ အများအပြားရောင်းချနေပြီး တမျိူ းနဲ့တမျိူ း အာနိသင်သိသာစွာကွာခြားခြင်းမရှိပဲ အားလုံးကောင်းကြပါတယ် …… ။အရည်အသွေးပြည့်ဝပြီး ကြာရှည်အထားခံတာကတော့ မြန်မာနိုင်ငံဆေးဝါးစက်ရုံ(MPF)က ထုတ်တဲ့ ဓာတ်ဆားပါ ….. ။

ဓာတ်ဆားထုတ်ဝယ်ရင်ဘာတွေသိထားသင့်လဲ ……

ဓာတ်တားထုတ်ဝယ်တဲ့အခါ ပထမဆုံးကြည့်သင့်တာက သက်တမ်းကုန်ဆုံးရက ်(Expiry date) ပါ။ Date ကောင်းတာနဲ့တင်မပြီးပါဘူး လတ်ဆပ်မှု့ရှိ/မရှိ လှုပ်ကြည့်ရပါမယ် ကပ်နေရင်(သို့)အထဲကအမှုံ့အရောင်ပြောင်းနေရင် လုံးဝမသောက်သင့်ပါဘူး။ ဓာတ်ဆားထုတ်ကိုဘယ်လိုထားသိုရမလဲ …… ။

ဘယ်ရေနဲ့ဖျော်ရမလဲ ……

ဓာတ်ဆားတထုတ်ကို ရေကျက်အေး(သို့)ရေတစ်လီတာ/ရေသန့်တဗူးနဲ့ဖျော်ရမှာပါ သတိထားရမှာက ရေနွေးနဲ့မဖျော်ရသလို ရေခဲသေတ္တာထဲကရေအေးနဲ့လဲမဖျော်သင့်ပါဘူး ဓာတ်ပျယ်သွားတတ်လို့ပါ ….. ။ဓာတ်ဆားထုတ်ကို အေးပြီးခြောက်သွေ့တဲ့နေရာမှာ ထားသိုရမှာဖြစ်ပြီး နေရောင်ခြည်တိုက်ရိုက်ထိတွေ့တဲ့နေရာတွေမှာမထားသင့်ပါဘူူး။ ဓာတ်ဆားရည်ကို ဖျော်ပြီး ၂၄ နာရီအတွင်း ကုန်အောင်သောက်ရမှာဖြစ်ပြီး ၂၄ နာရီ ထက်ကျော်သွားတဲ့ ဓာတ်ဆားရည်ကို သွန်ပစ်ရမှာပါ ….. ။

တစ်နေ့ဘယ်နှစ်ထုတ်သောက်ရမလဲ၊ ဘယ်လိုလူတွေမသောက်ရဘူူးလဲ ……

ပုံမှန်အားဖြင ့်ဓာတ်ဆားကို တစ်ရက်အများဆုံး ၂ ထုတ်သာသုံးသင့်ပါတယ် ၂ ထုတ်ထက် ပိုသောက်မိရင် ခန္ဓာကိုယ်ကပိုနေမဲ့ ဆားဓာတ်ကိုမစွန့်ထုတ်နိုင်ပဲ သွေးတိုးရောဂါဖြစ်တတ်လို့ပါ။ ဓာတ်ဆားထုတ်ကို ဆီးချိူ /သွေးတိုးရှိသူတွေ ဆရာဝန်ညွှန်ကြားချက်နဲ့မှသောက်သင့်ပါတယ် ….. ။ဒါကြောင့်တန်ဆေး လွန်ဘေးဆိုသလို ချွေးထွက်အလွန်များတဲ့ ယခုလိ ုနွေရာသီမှာ ဓာတ်ဆားထုတ်သောက်တဲ့အခါ ဆင်ခြင်စရာလေးတွေကို ကျန်းမာရေးဗဟုသုတအနေနဲ့ တင်ပြလိုက်ရပါတယ်​ …. ။တခုခု ရရင်​​ကျေနပ်ပါ​တယ် ….. ။

Credit: ကျန်းမာရေးအတွက် ဆေးတစ်ခွက်

thant naing

The author didn't add any Information to his profile yet.

Leave a comment

Your email address will not be published. Required fields are marked. *