သင့္ကုိ လုံး၀ အံ့အားသင့္ သြားေစမယ့္ ဒူဘိုင္း က သူေတာင္းစားေတြရဲ့ တစ္လ ၀င္​ေငြ

By / 2 months ago / Knowledge / No Comments
သင့္ကုိ လုံး၀ အံ့အားသင့္ သြားေစမယ့္ ဒူဘိုင္း က သူေတာင္းစားေတြရဲ့ တစ္လ ၀င္​ေငြ

သင့္ကုိ လုံး၀ အံ့အားသင့္ သြားေစမယ့္ ဒူဘိုင္း က သူေတာင္းစားေတြရဲ့ တစ္လ ၀င္​ေငြ

အာရပ္ နိုင္ငံေတြထဲက တစ္ခုျဖစ္တဲ့ ဒူဘိုင္းနိုင္ငံဟာ ခ်မ္းသာတဲ့ နိုင္ငံျဖစ္တယ ္ဆိုတာ အားလုံး သိထားၿပီး ျဖစ္ပါ လိမ့္မယ္ ။ ဘယ္ေလာက္ေတာင္ ခ်မ္းသာလဲ ဆိုရင္ သူတို႔ နိုင္ငံမွာ ေတာင္းစားတဲ့ သူေတာင္းစားေတြရဲ့ တစ္လဝင္​ေငြဟာ နိုင္ငံ အမ်ားစုမွာ ပညာရွင္ အျဖစ္ လုပ္ကိုင္ေနသူေတြရဲ့ တစ္ႏွစ္ ဝင္ေငြ ထက္ေတာင္ မ်ားတယ္ ဆိုရင္ သင္ ယုံနိုင္ပါ့မလား .. ?

ေတာင္းစားတဲ့ သူေတြဟာ ဒူဘိုင္းကို တရားဝင္ ခရီးသြား ဗီဇာနဲ႔ ဝင္ေရာက္ လာၾကၿပီး အခ်ိန္ သုံးလ အတြင္းမွာပဲ အက်ိဳးအျမတ္ အမ်ားႀကီး ရွိေန ၾကပါတယ္ ။ ေတာင္းစားတဲ့ ေနရာမွာ ပေရာ္ဖက္ရွင္နယ္ ျဖစ္ေနတဲ့ သူေတာင္းစား တစ္ေယာက္ရဲ့ တစ္လ ဝင္ေငြဟာ ဒူဘိုင္း ေငြေၾကး ၂၇၀,၀၀ (အေမရိကန္ ေဒၚလာ ၇၃,၅၀၀) ျမန္မာ က်ပ္ေငြ သိန္းတစ္ေထာင္ နီးပါး ဝင္ေငြ ရွိေနပါတယ္ ။ ျမန္မာျပည္မွာ တစ္ႏွစ္ သိန္းတစ္ေထာင္ ဝင္တဲ့ ဝန္ထမ္း ရွိရင္ေတာင္ အရမ္းရွားမယ္ ထင္ပါတယ္ ။

ေတာင္းစား သူေတြဟာ လူေတြရဲ့ သနားၾကင္နာ ၊ ဂ႐ုဏာ သက္မွုေတြ အေပၚ အခြင့္ေကာင္း ယူၿပီး ဒူဘိုင္း နိုင္ငံသားေတြ အေပၚ လုပ္စာ းေနတယ္လို႔ အြန္လိုင္းမွာ ေဖာ္ျပ မွုေတြ ရွိခဲ့ၿပီး ရဲေတြ အေနနဲ႔ ဒါေတြကို ရွင္းလင္းဖို႔ ေျပာဆို တာေတ ြရွိခဲ့ ပါတယ္ ။

အခု ဆိုရင္ အာရပ္နဲ႔ အာရွ ဂိုဏ္း အဖြဲ႕ေတြက နိုင္ငံထဲကို လူေတြ ေခၚသြင္းလာၿပီး ေတာင္းစား ခိုင္းကာ ျပန္လည္ ေခါင္းပုံ ျဖတ္မွုေတြ ရွိေနေၾကာင္း သတင္း ရင္းျမစ္ အခ်ိဳ႕က ေရးသား ၾကပါတယ္ ။

ဒူဘိုင္းမွာ တရားဝင္ ေတာင္းစားခြင့္ မရွိပါဘူး ၊ ဒါေပမယ့္ လိုက္လံ ေတာင္းစား ေနသူေတြက သာမန္ ျမင္ေတြ ႕ေနက် သူေတာင္းစားေတြမ်ိဳး မဟုတ္ပဲ ပေရာ္ဖက္ရွင္နယ္ လို႔ ေခၚရမယ့္ သူမ်ိဳးေတြ ျဖစ္ပါတယ္ ။

သူတို႔ေတြဟာ တစ္ခါ ေတာင္းရင္ တစ္ဆယ္ တစ္ရာမ်ိဳး ေတာင္းတာ မဟုတ္ပဲ အနည္းဆုံး ဒူဘိုင္းေငြ တစ္ေထာင္ (ေဒၚလာ ၂၇၀) ေလာက္က စေတာင္းပါတယ္ ၊ သနားၿပီး အမွန္ တစ္ကယ္ ေပးသြားတာေတြ ရွိေနတဲ့ အတြက္ သူတို႔ေတြရဲ့ ဝင္ေငြဟာ အလုံးရင္းနဲ႔ ျဖစ္ေနတာ ျဖစ္ပါတယ္ ။

ရဲေတြ အေနနဲ႔ သူေတာင္းစား ႏွိမ္နင္းေရးကို လွုပ္ရွားမွု တစ္ခု အသြင္ ခပ္စိပ္စိပ္ လုပ္ေဆာင္ လာၿပီး ၿပီးခဲ့ႏွစ္က ပထမဆုံး တစ္ရက္ ထဲမွာတင္ ၆၅ ေယာက္ ဖမ္းဆီး နိုင္ခဲ့ၿပီး အမ်ားစုမွာ ခရီးသြား ဗီဇာ သုံးလျဖင့္ တရားဝင္ ဝင္ေရာက္ လာသူမ်ား ျဖစ္ေၾကာင္း သိရွိ ရသည္ ။

Credit – Original Uploader

Unicode

သင့်ကို လုံး၀ အံ့အားသင့် သွားစေမယ့် ဒူဘိုင်း က သူတောင်းစားတွေရဲ့ တစ်လ ဝင်ငွေ

အာရပ် နိုင်ငံတွေထဲက တစ်ခုဖြစ်တဲ့ ဒူဘိုင်းနိုင်ငံဟာ ချမ်းသာတဲ့ နိုင်ငံဖြစ်တယ ်ဆိုတာ အားလုံး သိထားပြီး ဖြစ်ပါ လိမ့်မယ် ။ ဘယ်လောက်တောင် ချမ်းသာလဲ ဆိုရင် သူတို့ နိုင်ငံမှာ တောင်းစားတဲ့ သူတောင်းစားတွေရဲ့ တစ်လဝင်ငွေဟာ နိုင်ငံ အများစုမှာ ပညာရှင် အဖြစ် လုပ်ကိုင်နေသူတွေရဲ့ တစ်နှစ် ဝင်ငွေ ထက်တောင် များတယ် ဆိုရင် သင် ယုံနိုင်ပါ့မလား .. ?

တောင်းစားတဲ့ သူတွေဟာ ဒူဘိုင်းကို တရားဝင် ခရီးသွား ဗီဇာနဲ့ ဝင်ရောက် လာကြပြီး အချိန် သုံးလ အတွင်းမှာပဲ အကျိုးအမြတ် အများကြီး ရှိနေ ကြပါတယ် ။ တောင်းစားတဲ့ နေရာမှာ ပရော်ဖက်ရှင်နယ် ဖြစ်နေတဲ့ သူတောင်းစား တစ်ယောက်ရဲ့ တစ်လ ဝင်ငွေဟာ ဒူဘိုင်း ငွေကြေး ၂၇၀,၀၀ (အမေရိကန် ဒေါ်လာ ၇၃,၅၀၀) မြန်မာ ကျပ်ငွေ သိန်းတစ်ထောင် နီးပါး ဝင်ငွေ ရှိနေပါတယ် ။ မြန်မာပြည်မှာ တစ်နှစ် သိန်းတစ်ထောင် ဝင်တဲ့ ဝန်ထမ်း ရှိရင်တောင် အရမ်းရှားမယ် ထင်ပါတယ် ။

တောင်းစား သူတွေဟာ လူတွေရဲ့ သနားကြင်နာ ၊ ဂရုဏာ သက်မှုတွေ အပေါ် အခွင့်ကောင်း ယူပြီး ဒူဘိုင်း နိုင်ငံသားတွေ အပေါ် လုပ်စာ းနေတယ်လို့ အွန်လိုင်းမှာ ဖော်ပြ မှုတွေ ရှိခဲ့ပြီး ရဲတွေ အနေနဲ့ ဒါတွေကို ရှင်းလင်းဖို့ ပြောဆို တာတေ ွရှိခဲ့ ပါတယ် ။

အခု ဆိုရင် အာရပ်နဲ့ အာရှ ဂိုဏ်း အဖွဲ့တွေက နိုင်ငံထဲကို လူတွေ ခေါ်သွင်းလာပြီး တောင်းစား ခိုင်းကာ ပြန်လည် ခေါင်းပုံ ဖြတ်မှုတွေ ရှိနေကြောင်း သတင်း ရင်းမြစ် အချို့က ရေးသား ကြပါတယ် ။

ဒူဘိုင်းမှာ တရားဝင် တောင်းစားခွင့် မရှိပါဘူး ၊ ဒါပေမယ့် လိုက်လံ တောင်းစား နေသူတွေက သာမန် မြင်တွေ့နေကျ သူတောင်းစားတွေမျိုး မဟုတ်ပဲ ပရော်ဖက်ရှင်နယ် လို့ ခေါ်ရမယ့် သူမျိုးတွေ ဖြစ်ပါတယ် ။

သူတို့တွေဟာ တစ်ခါ တောင်းရင် တစ်ဆယ် တစ်ရာမျိုး တောင်းတာ မဟုတ်ပဲ အနည်းဆုံး ဒူဘိုင်းငွေ တစ်ထောင် (ဒေါ်လာ ၂၇၀) လောက်က စတောင်းပါတယ် ၊ သနားပြီး အမှန် တစ်ကယ် ပေးသွားတာတွေ ရှိနေတဲ့ အတွက် သူတို့တွေရဲ့ ဝင်ငွေဟာ အလုံးရင်းနဲ့ ဖြစ်နေတာ ဖြစ်ပါတယ် ။

ရဲတွေ အနေနဲ့ သူတောင်းစား နှိမ်နင်းရေးကို လှုပ်ရှားမှု တစ်ခု အသွင် ခပ်စိပ်စိပ် လုပ်ဆောင် လာပြီး ပြီးခဲ့နှစ်က ပထမဆုံး တစ်ရက် ထဲမှာတင် ၆၅ ယောက် ဖမ်းဆီး နိုင်ခဲ့ပြီး အများစုမှာ ခရီးသွား ဗီဇာ သုံးလဖြင့် တရားဝင် ဝင်ရောက် လာသူများ ဖြစ်ကြောင်း သိရှိ ရသည် ။

Credit – Original Uploader

ei zon

The author didn't add any Information to his profile yet.

Leave a comment

Your email address will not be published. Required fields are marked. *