
By / 2 months ago / International News / No Comments












မိုးစက်လေး

Credit:MyanmarNote

Unicode

ရုပ် လှလွန်းလို့ အိမ်ထဲမှာပဲ လှောင်ပိတ် ခံထားရတဲ့ သက်ရှိ ဘာဘီမလေး

ဘာဘီ ရုပ်လေးတွေဆိုတာ သိပ်ကို ချစ်စရာ ကောင်းပါတယ် ။ အပြာရောင် မျက်လုံး၊ ရွှေအိုရောင်ဆံပင်၊ သေးသွယ်တဲ့ ခါး၊ သေးသွယ်တဲ့ ခြေတောက် စတဲ့ ကိုယ်အင်္ဂါ အစိတ်ပိုင်းတွေက ဘာဘီတွေရဲ့ အမှတ်သားလို့ ပြောလို့ရပါတယ် ။ ဒီလို ဘာဘီနဲ့ တကယ်တူတဲ့ အန်ဂျလီကာ အမည်ရ သက်ရှိဘာ ဘီမလေးတစ်ယောက် ဒီကမ္ဘာမှာ အမှန်တကယ် ရှိနေပါတယ် ။

သက်ရှိ ဘာဘီမလေးဟာ ချောမော လှပလွန်းတဲ့ အတွက် အပြင် ထွက်ခွင့် မရ ရှာပါဘူး ။ သူ (မ) ဟာ ရုရှား သူလေးဖြစ်ပြီး ကမ္ဘာ့ အလှဆုံး မိန်းကလေးတစ်ယောက်ပါ ။

သူ (မ) ဟာ ခုဆိုရင် အသက် (၂၉) နှစ် ရှိပြီဖြစ်ပြီး Insatagram မှာ Follower (၁၂၅ ၀၀၀) ကျော် ရှိပါတယ် ။ သူ (မ) မိဘတွေကလည်း သူ (မ) ကို တကယ့် ဘာဘီ မင်းသမီးလေးလို ဆက်ဆံ ခဲ့ပါတယ် ။

သူလေးကို ရုရှားရဲ့နာမည်ကျော် ကျောင်းမှာ ထားပေးပြီး သူ (မ) လိုသမျှကို လိုလေသေး မရှိအောင် မိဘတွေက ဖြည့်ဆည်း ပေးခဲ့ပါတယ် ။ အဝတ်အစားတွေကိုလည်း ဘာဘီ မလေးလို ဖြစ်အောင် ပြင်ဆင် ပေးတက်ပါတယ် ။

အသက်ကြီး လာတာနဲ့အမျှ သူ(မ)ရဲ့ပုံစံက ဘာဘီ အရုပ်မနဲ့ ပိုပို တူလာ ခဲ့ပါတယ် ။ သူ(မ)ရဲ့ ထရိန်နာ ကလည်း ဘာဘီ ကိုယ်လုံးဖြစ်အောင် သူ(မ)ကိုလေ့ကျင့်ပေးပါတယ် ။

အန်ဂျလီကာ ဟာ သဘာဝအတိုင်း လှပနေတဲ့ အလှအပ လျို့ဝှက်ချက်ကို ထုတ်ဖော် ပြောကြားခြင်း မရှိခဲ့ပါဘူး ။ လူသိ များလာတာနဲ့ အမျှ သူ(မ) အပြင်သွားတိုင်း လွတ်လပ်မှု မရှိတော့ဘဲ လူတွေရဲ့ မျက်စိဒေါက်ထောက် ကြည့်တာ ခံခဲ့ရပါတယ် ။

ဒါကြောင့် မိဘတွေက သူ(မ)ရဲ့ လုံခြုံရေးအတွက် အိမ်အပြင် ထွက်ခွင့် ပိတ်ပင် ခဲ့တာဖြစ်ပါတယ် ။ အန်ဂျလီကာ ဟာ အမေရိကန်မှာ မော်ဒယ်တစ်ယောက်ဖြစ်ချင်ပေမယ့် မိဘတွေရဲ့ ဆန္ဒအရ အိမ်ထဲမှာပဲ နေနေရပါတယ် ။ သူ(မ)မှာ ချစ်သူလည်း မရှိခဲ့ပါဘူ း။

လူမှု မီဒီယာမှာတော့ သူ(မ)ဟာ စတားတစ်ယောက် ဖြစ်နေပါပြီ ။ ဒါပေမယ့် သူ(မ)ဖြစ်ချင်တဲ့ မော်ဒယ် တစ်ယောက်ဖြစ်ဖို့ အခွင့်ရေး ရှိလာမှာပါလို့ ပြောခဲ့ပါတယ် ။

သူ(မ)ဟာ လုပ်ငန်း အများအပြားနဲ့ စာချုပ် ချုပ်ခဲ့ပြီး အိမ်ထဲမှာပဲ ဓါတ်ပုံ အရိုက် ခံခဲ့ပါတယ် ။ အင်ဂျလီကာရဲ့ မိဘတွေဟာ သူ(မ)ကို လှောင်ပိတ် ထားခဲ့တဲ့အတွက် တစ်ခါတစ်လေတော့ ဖောက်ထွက် ချင်စိတ ်ဖြစ်မိတယ်လို့ အင်တာဗျုး တစ်ခုမှာ ဝန်ခံ ခဲ့ပါတယ် ။

သူ(မ)ဟာ အိမ်မှာပဲ နေနေတာ မိဘကို စိတ်ချမ်းသာစေချင်လို့ ဖြစ်ပါတယ် ။ လှောင်အိမ်ထဲက ဘဝကိုလည်း ပျော်ပိုက်နေပါပြီ ။ မိဘတွေကို ဒီလှောင်အိမ်က ထွက်ပြီးတော့ တောင်ပံ ဖြန့်ပျံသန်း ချင်ပြီလို့ ပြောခဲ့ရင် မိဘတွေကလည်း ခွင့်ပြုနိုင်ပေမယ့်မိဘတွေ ဖြစ်စေချင် သလို ပုံမျိုးနေဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ် ။

မိုးစက်လေး

Credit:MyanmarNote

ei zon

The author didn't add any Information to his profile yet.

Leave a comment

Your email address will not be published. Required fields are marked. *