
By / 2 months ago / Knowledge / No Comments










Unicode

အကြော သေနေလို့ အိပ်ရာထဲက မထ နိုင်ဖြစ်နေပေမယ့် စိတ်ကူး အိမ်မက်ကို ဖြစ်အောင် လုပ်နိုင်ခဲ့တဲ့ အမျိုးသမီး

လူတစ်ချို့ဟာ ဆိုရင်တော့ မဖြစ်နိုင်ဘူးဆိုတဲ့ အတွေးတွေနဲ့ ကိုယ်ဖြစ်ချင်တဲ့ အရာတွေကို လွယ်လွယ် အရှုံးပေး နေကြတာ တွေ့ရပါ တယ် ။ တကယ်တော့ လောကမှာ မဖြစ်နိုင်ဘူး ဆိုတာ မရှိပါဘူး ၊ မဖြစ်သေး တာပဲ ရှိတာပါ ဆိုတဲ့ အတွေး ကိုသာ ရင်ဝယ် ပိုက်ပြီး ကြိုးစား ကြမယ် ဆိုရင်တော့ မိမိရဲ့ စိတ်ကူးယာဉ် အိမ်မက်တွေ မပြည့်လာ နိုင်စရာ အကြောင်း မရှိပါဘူး ။

ယခု တစ်ခေါက်မှာ ဆိုရင်လည်း ပရိသတ်တွေ ဖော်ပြ ပေးချင်တဲ့ အကြောင်းအရာ လေးကတော့ တရုတ်နိုင်ငံ Zhang Junli ဆိုတဲ့ ပန်ချီ ဆရာမလေးရဲ့ အကြောင်းလေး ပဲဖြစ်ပါတယ် ။

သူမ ဟာ ငယ်ရွယ်စဉ် အခါ ထဲက အကြော သေတဲ့ ဝေဒနာကို ခံစား ခဲ့ရတာကြောင့် သူရဲ့ ခန္ဓာကိုယ်ဟာ လှုပ်ရှားလို့ မရနိုင် တော့ပါဘူး ။ ဒါပေမယ့် သူမရဲ့ ကိုယ် ဝါသနာ ပါတဲ့ အလုပ် ကိုယ်ဖြစ်ချင်တဲ့ အရာကို မဖြစ် ဖြစ်အောင် လုပ်မယ် ဆိုတဲ့ စိတ်ဓာတ်က လုံးဝ ပျောက်ကွယ် မသွားခဲ့ တာကြောင့် Zhang Junli ဟာ လှုပ်ရှားလို့ ရတဲ့ သူမရဲ့ ညာဘက် လက် တချောင်း ကိုပဲ သုံးကာ လှဲနေရင်း နဲ့ပဲ ပန်းချီ ကားတွေကို ဆွဲခဲ့ ပါတယ် ။

ဒီလို ရေးဆွဲဖို့ အတွက် သူမမှ ာအခက် အခဲတွေ အများကြီး ကြုံတွေ့ ခဲ့ရပါတယ် ။ ဒါပေမယ့် သူမ လုံးဝ လက်မလျှော့ ခဲ့ပါဘူး ၊ မဖြစ် ဖြစ်အောင် လုပ်မယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ ကျိုးစား လာခဲ့တဲ့ အခါမှာတော့ သူမဟာ အကြော သေနေပေမယ့် နာမည်ကျော် ပန်းချီ ဆရာမ တစ်ယောက် ဖြစ်နေ ခဲ့ပါပြီ ။

သူမ အခုလို ဖြစ်လာရတဲ့ အဓိက အကြောင်းရင်း ကတော့ တခြား သူတွေ စိုက်ထုတ် နိုင်ဖို့ခဲယဉ်း လှတဲ့ သူမရဲ့ကြိုးစား အားထုတ်မှု နဲ့ ဇွဲလုံ့လ ကြောင့်ပဲ ဖြစ်ပါတယ် ။

အကြော သေနေလို့ အိပ်ရာ ထဲကတောင် မထ နိုင်တဲ့ မိန်းကလေး တစ်ယောက် ကတောင် သူဖြစ်ချင်တဲ့ အရာကို မဖြစ် ဖြစ်အောင် လုပ်နိုင်တယ် ဆိုတော့ ခြေ အကောင်း လက် အကောင်းနဲ့ လူတွေဟာ ဘာလို့ မဖြစ် နိုင်ပါဘူး ၊ ငါ မလုပ်နိုင် ပါဘူး ဆိုတဲ့ စကားတွေ ပြောဖို့ လိုနေတော့ မှာလဲ ။

ဒီအမျိုးသမီးလေးကို နမူနာ ယူပြီး ကြိုးစား လိုက်မယ် ဆိုရင် ကိုယ့်ရဲ့ အိမ်မက်တွေ ဖြစ်ချင်တဲ့ စိတ်ကူး တွေဟာ အနှေး နဲ့ အမြန် ဆိုသလို ကိုယ့်ဆီကို ရောက်လာ မှာက ဘယ်သူမှ ငြင်းလို့ မရတဲ့ အမှန်တရား တခုပါပဲ ။

အဲ့လို ဖြစ်ဖို့ အတွက် ပရိသတ်တွေ ကိုလည်း ကိုယ်ဖြစ်ချင်တဲ့ အရာက ဘယ်လောက် ခက်ခဲပြီး ခရီးလမ်းက ကြမ်းတမ်း နေပါစေ ။ မလျော့သော ဇွဲလုံ့လ နဲ့ ကြိုးစား အားထုတ် ကြဖို့ တိုက်တွန်း လိုက်ရ ပါတယ်နော် ။

ei zon

The author didn't add any Information to his profile yet.

Leave a comment

Your email address will not be published. Required fields are marked. *