လူတယောက်ကို တကယ် ချစ်မိ တဲ့အခါ ရင်ထဲမှာ ပေါ်လာတဲ့ ခံစားချက် (13) ချက်..

By / 4 months ago / Relationship / No Comments
လူတယောက်ကို တကယ် ချစ်မိ တဲ့အခါ ရင်ထဲမှာ ပေါ်လာတဲ့ ခံစားချက် (13) ချက်..















Unicode

(1) မနက်ခင်း မိုးလင်းလို့ မျက်လုံးနှစ်လုံး ပွင့်တာနဲ့ သူ့မျက်နှာလေးကို အရင်ဆုံး မြင်တတ် လာတယ် ….. ။

(2) ဖုန်း ringtone သံ ကြားတိုင်း ၊ မက်ဆေ့ တခု ဝင်တိုင်း သူပို့တာ လား ဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ ဖုန်းကို ကမန်း ကတမ်း ဖွင့်ကြည့် တတ်တယ် ။ ( သူ မဟုတ်ဘူး ဆိုတာ သိလိုက်ရရင် စိတ်ထဲမှာ အလိုလို ဝမ်းနည်းသွားတယ် …. ။

(3) သူနဲ့ စိတ်ဆိုး ၊ စိတ်ကောက်တဲ့ အချိန်တွေမှာ ထမင်းစားလို့ မျိုချရင်တောင် ရင်ထဲမှာ ဆို့နေတတ်တယ် …. ။

(4) ဘယ်လောက်ပဲ စိတ်ညစ်စရာတွေနဲ့ ကြံကြုံ ဘယ်လို အခက်အခဲ အတားအဆီးတွေပဲ ရှိရှိ သူ့ရဲ့ အားပေးနှစ်သိမ့်တဲ့ စကားကို ကြားလိုက်ရရင် အနည်းနဲ့ အများ တော့ စိတ်သက်သာရာ ရသွား တတ်တယ် ….. ။

(5) တိုက်ဆိုင်မှု တခုခုရှိတိုင်း ( သူနဲ့ အတူတူ သွားခဲ့ဖူးတဲ့ နေရာရောက်တိုင်း၊ သူကြိုက်တတ်တဲ့ အစားအစာ တခုစားတိုင်း ) သူ့ကို အရင်ကထက် ပိုပြီး သတိရသွား တတ်တယ် ….. ။

(6) သူ့ဆီက ဖုန်း ၊ မက်ဆေ့ တခုခု လာမလား ဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ ဖုန်းကို မကြာခဏ ဖွင့်ကြည့်တတ်တယ် …. ။

(7) သူ့ကို ဖုန်းဆက်လို့ မအားသေးတဲ့ အခါမျိုး ၊ သူ့ဘက်က ဖုန်းချလိုက်တဲ့ အခါမျိုး ၊ စက်ပိတ်ထားတဲ့ အခါမျိုးမှာဆိုရင် ရင်ကို မီးစနဲ့ ထိုးလိုက် သလို ထိုင်မရ ထမရ ဖြစ်နေတတ်တယ် …… ။

(8) သူနဲ့ မတွေ့ရလို့ သူ့ကို လွမ်းတဲ့ အခါတိုင်း သူနဲ့ပို့ခဲ့တဲ့ မက်ဆေ့အဟောင်း တွေကို ပြန်ဖတ်ပြီး အရူးတယောက်လို ရယ်ခဲ့ ပြုံးခဲ့ဖူးတယ် …. .။

(9) သူ့ရဲ့ မျက်နှာလေး ညှိုးနေတာကို မမြင်ချင်ဘူး ၊ သူလေး အချိန်တိုင်း ပျော်ရွှင်နေတာ ကိုပဲ မြင်ချင်တယ် ….. ။

(10) သူ အမှား လုပ်မိလို့ ကိုယ်က စိတ်ဆိုးသွားတဲ့ အခါမျိုးမှာ သူက တောင်းပန်လိုက်ရင် ကိုယ့်စိတ်က အလိုလို ညွတ်ကျ သွားတတ်တယ် ၊ သူ့ကို ကြာကြာ စိတ်မဆိုးနိုင်ဘူး ….. ။

(11) တခြားသူတွေ အပေါ်မှာ သူက လိုတာထက် ပိုပြီး ရင်းရင်း နှီးနှီး ဆက်ဆံတာ မြင်ရင် သူ့ကို သဝန်တိုလာတယ် ….. ။

(12) ညဘက် အိပ်ခါနီး သူ့ဆီက Good Night ဆိုတဲ့ မက်ဆေ့လေးမှ မပို့ဘူး ဆိုရင် အိပ်မပျော်တဲ့ အထိ ဖြစ်လာတယ် ….. ။

(13) အခု ဒီစာလေးကို ဖတ်နေတဲ့ အချိန်မှာ သင် သူ့အကြောင်းလေး တွေကို တွေးနေတယ် ….. ။

အဲဒါ ဆိုရင်တော့ သေချာပြီ ၊ သင့် သူ့ကို မြတ်မြတ် နိုးနိုးနဲ့ တကယ် ချစ်မိ သွားပြီ ….. ။

thant naing

The author didn't add any Information to his profile yet.

Leave a comment

Your email address will not be published. Required fields are marked. *