သၾကၤန္မွာအျပင္ထြက္မကဲဘဲ အိမ္ထဲမွာေနျပီး ေပ်ာ္ေပ်ာ္ရႊင္ရႊင္ျဖတ္သန္းနိုင္မယ့္နည္းလမ္း(၈)ခု

By / 3 months ago / Knowledge / No Comments
သၾကၤန္မွာအျပင္ထြက္မကဲဘဲ အိမ္ထဲမွာေနျပီး ေပ်ာ္ေပ်ာ္ရႊင္ရႊင္ျဖတ္သန္းနိုင္မယ့္နည္းလမ္း(၈)ခု

သၾကၤန္လိုအခ်ိန္မ်ိဳးကို တစ္ေယာက္တည္းအိမ္တြင္းပုန္းျပီးျဖတ္သန္းဖို႕ဆိုတာ ေတာ္ေတာ္ကိုမလြယ္တဲ့ကိစၥပါ။ သူမ်ားေတြက အျပင္ထြက္ကဲေနၾကတဲ့အခ်ိန္မွာ ကိုယ္တစ္ေယာက္တည္း အိမ္မွာေနေနရတာက တစ္ေယာက္တည္းေနရတာ ၾကိဳက္တဲ့သူေတာင္ စိတ္ထဲမွာတစ္မ်ိဳးျဖစ္ေနတတ္ပါတယ္။ ဒါေပမယ့္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ အျပင္ထြက္လည္ဖို႕ထက္ အိမ္တြင္းပုန္းဖို႕ကိုပဲေရြးခ်ယ္လိုက္တဲ့ သူေလးေတြအေနနဲ႕ ဒီအခ်ိန္ကို စိတ္အေနွာက္အယွက္ကင္းကင္းနဲ႕ ဘယ္လိုျဖတ္သန္းမလဲဆိုတာ ၾကိဳစီစဥ္ထားဖို႕လိုပါတယ္။ ဒါေၾကာင့္ သၾကၤန္မွာ အိမ္တြင္းပုန္းမယ့္သူေလးေတြ အခ်ိန္ကိုအေကာင္းဆံုးအသံုးခ်နိုင္မယ့္ နည္းလမ္းေကာင္းေလးေတြကိို ေဖာ္ျပေပးလိုက္ပါတယ္ …. ။

(၁) တီဗြီအစီအစဥ္ေတြကိုအေဖာ္ျပဳပါ

ဒီအခ်ိန္မွာ ကိုယ္အျပင္မထြက္ေပမယ့္ အျပင္ကအေျခအေနေတြအားလံုးကို တီဗြီအစီအစဥ္ေတြကေနတဆင့္ၾကည့္လို႕ရပါတယ္။ တကယ္လို႕ လက္ရွိအေျခအေနကို မၾကည့္ခ်င္ဘူး၊မသိခ်င္ဘူးဆိုရင္လည္း ကိုယ္ၾကိဳက္တဲ့ဇာတ္ကားေတြၾကည့္ပါ။ သူငယ္ခ်င္းေတြဆိုတာကလည္း သူတို႕အာရံုနဲ႕သူတို႕ျဖစ္ေနၾကတဲ့အခ်ိန္၊ ကိုယ့္ကိုေနွာက္ယွက္မယ့္သူမရွိတဲ့အခ်ိန္မို႕ ဒီအခ်ိန္ေလာက္ရုပ္ရွင္ေတြ၊ ဇာတ္ကားေတြကိို ခံစားလို႕ေကာင္းတာမရွိေတာ့ပါဘူး …. ။

(၂) စာအုပ္ဖတ္ပါ

စာအုပ္ဖတ္ရတာ ၾကိဳက္တဲ့သူေတြကေတာ့ ဒီအခ်ိန္ကစာအုပ္ဖတ္လို႕အေကာင္းဆံုးပါပဲ။ ပိတ္ရက္ေတြက ဆက္တိုက္မို႕ စာအုပ္ကိုမျပီးဘဲ အလုပ္သြားလိုက္ရတာမ်ိဳးေတြ၊ ဖတ္လက္စစာအုပ္ကိုခ်ထားျပီး တျခားအလုပ္ကိစၥေတြ လုပ္စရာမလိုတာေၾကာင့္ စာအုပ္ကို တမုန္းဖတ္လိုက္ပါ …. ။

(၃) Home party လုပ္ပါ

ကိိုယ့္လိုမ်ိဳး အျပင္မထြက္၊ အိမ္တြင္းပုန္းလုပ္ေနတဲ့ သူငယ္ခ်င္းေတြစုျပီး တစ္ရက္ေလာက္ အိမ္မွာပါတီလုပ္ပါ။ အျပင္ထြက္လည္တာထက္ ပိုေပ်ာ္စရာေကာင္းတဲ့အစီအစဥ္ျဖစ္ျပီး အကုန္အက်လည္း ပိုသက္သာပါတယ္။ဒါေၾကာင့္ တျခားဟာေတြမလုပ္ရင္ေတာင္ ဒီအစီအစဥ္ေတာ့မျဖစ္မေနလုပ္သင့္ပါတယ္ေနာ္ …. ။

(၄) ေရွ႕ေရးအတြက္စဥ္းစားၾကည့္ပါ

ဒီလို ဆက္တိိုက္နားရတဲ့ရက္ဆိုတာ တစ္နွစ္လံုးမွ တစ္ခါပဲရတာမဟုတ္လား။ ဒီေတာ့ အရင္ မအားခဲ့တုန္း မအားလို႕ဆိုျပီး မစဥ္းစားျဖစ္ခဲ့တာေလးေတြ စဥ္းစားၾကည့္ပါ။ ဥပမာ – ကိုယ္ပိုင္စီးပြားေရးလုပ္ဖို႕၊ ပညာရပ္အသစ္တစ္ခုထပ္သင္ယူဖို႕ စသျဖင့္ေပါ့။ ကိုယ္ပိုင္စီးပြားေရးလုပ္ဖို႕ လိုအပ္မယ့္အရာေတြ၊ အရည္အခ်င္းေတြက ဘာေတြျဖစ္နိုင္လဲ၊ ပညာရပ္အသစ္တစ္ခုထပ္သင္ဖို႕ ဘယ္ပညာက ကိုယ္နဲ႕ကိုက္ညီျပီးေရရွည္အသံုးမလဲ စတာေလးေတြ ခ်ေရးၾကည့္ပါ။ နားနားေနေန ေနရင္းက မထင္မွတ္ဘဲ ေအာင္ျမင္မႈရဲ႕လမ္းစတစ္ခုကိုေတြ႕သြားနိုင္ပါတယ္ … ။

(၅) ကိုယ္ၾကိဳက္တာေတြပဲတစ္ေနကုန္ဆက္တိုက္လုပ္ပါ

ဒီလိုအားလပ္ရက္ေတြဟာ ကိုယ့္အပိုင္နားရက္ေတြျဖစ္တဲ့အတြက္ ကိုယ္မၾကိဳက္မႏွစ္သက္တဲ့၊ ကိုယ္မလုပ္ခ်င္တာေတြ ဘာလို႕လုပ္ေနမွာလဲ။ တစ္ေနကုန္ကိုုယ္ၾကိဳက္တာေတြပဲ လုပ္လိုက္ပါ။ မနက္အိပ္ေရး၀ေအာင္အိပ္ျပီး စာအုပ္ေလးဘာေလးဖတ္၊ ရုပ္ရွင္ေလးၾကည့္၊ မုန္႕ေလးစား၊ ျပန္အိပ္ အဲ့ဒီလိုေလး ေနလို႕ရတယ္ေနာ္။ ဇိမ္ပဲ …. ။

(၆) အိမ္သန္႕ရွင္းေရးလုပ္ပါ

ကိုယ္ၾကိဳက္တာပဲလုပ္ျပီးေနတာကလည္း ျငီးေငြ႕နိုင္ပါတယ္။ အဲ့ဒီလုိ ျငီးေငြ႕လာျပီဆိုရင္ အိမ္သန္႕ရွင္းေရးေလးဘာေလးလုပ္ပါ။ တစ္နွစ္လံုးမရွင္းဘဲထားထားတဲ့ ေနရာေလးေတြ၊ အ၀တ္ဗီရိုနဲ႕ အမွတ္တရပစၥည္းေလးေတြကို ထုတ္ရွင္းျပီး အတိတ္အေၾကာင္းေလးဘာေလးေတြးနိုင္ပါေသးတယ္။ ျပီးရင္ေတာ့ အခန္းတြင္းအျပင္အဆင္ေလးေတြ ေျပာင္းလဲလိုက္တာမ်ိဳးလည္း လုပ္နိုင္ပါေသးတယ္။ ဒီလိုလုပ္လိုက္ေတာ့ ကိုယ္ေနတဲ့ေနရာေလးလည္း သန္႕ရွင္းသြားျပီး ျငီးေငြ႕တာကိုလည္း ေျပေပ်ာက္ေစကာ၊ စိတ္ကိုလန္္းဆန္းေစပါတယ္ …. ။

(၇) ဓာတ္ပံုရိုက္ပါ

အိမ္မွာ ေအးေအးေဆးေဆးရွိတဲ့အခ်ိန္ေတြမွာ တစ္ေယာက္တည္းဓာတ္ပံုရိုက္လို႕ရပါတယ္။ တစ္ေယာက္တည္းမို႕ နည္းနည္းေတာ့ ခက္ခဲတယ္ဆိုေပမယ့္ ကိုယ္လိိုခ်င္တဲ့ပံုစံ၊ အေနအထားရဖို႕ ၾကိဳးစားေနရတာက ေပ်ာ္ဖို႕ေကာင္းပါတယ္။ Instagram တို႕ Pinterest တို႕ကေန Indoor ပံုေလးေတြလိုက္ရွာၾကည့္ျပီး ကိုယ္လိုခ်င္တဲ့ပံုမရမခ်င္းရိုက္ၾကည့္ပါ။ ကိုယ့္စိတ္ၾကိဳက္ရရင္ အရမ္းေပ်ာ္ဖို႕ေကာင္းတာသိရပါလိမ့္မယ္။ ရိုက္ေပးမယ့္သူငယ္ခ်င္းရွိရင္ေတာ့ အတိုင္းထက္အလြန္ေပါ့ …. ။

(၈) ကိုယ့္ကိိုယ္ကိုျပန္သံုးသပ္ပါ

ကိုယ့္ကိုယ္ကိုျပန္သံုးသပ္ဖို႕ဆိုတာ အခ်ိန္မ်ားမ်ားရွိဖို႕လိိုသလို ေအးေအးေဆးေဆးျဖစ္ေနဖို႕လည္းလိုပါတယ္။ ဒီေတာ့ ဒီအခ်ိန္က ကိုယ့္အေၾကာင္းကိုယ္ျပန္စဥ္းစားဖုိ႕ ကိုယ့္ကိုယ္ကိုသံုးသပ္ဖို႕အေကာင္းဆံုးအခ်ိန္ပါပဲ။ တစ္ခုရွိတာက ကိုယ့္အေၾကာင္းကိုမွန္မွန္ကန္ကန္ေတြးျပီး အရွိအတိုင္းသံုးသပ္ၾကည့္ပါ။ အဲ့ဒါမွ ကိုယ္ ေကာငး္တာေတြဘယ္ေလာက္လုပ္ထားျပီး မေကာင္းတာေတြဘယ္ေလာက္လုပ္ထားလဲဆိုတာ ေသခ်ာသိရမွာပါ။ ဒါကလည္း ကိုယ့္အတြက္အရမ္းအက်ိဳးရွိတယ္ေနာ္ …. ။

MAY THAZINHTOO

sponsored

Unicode

သင်္ကြန်လိုအချိန်မျိုးကို တစ်ယောက်တည်းအိမ်တွင်းပုန်းပြီးဖြတ်သန်းဖို့ဆိုတာ တော်တော်ကိုမလွယ်တဲ့ကိစ္စပါ။ သူများတွေက အပြင်ထွက်ကဲနေကြတဲ့အချိန်မှာ ကိုယ်တစ်ယောက်တည်း အိမ်မှာနေနေရတာက တစ်ယောက်တည်းနေရတာ ကြိုက်တဲ့သူတောင် စိတ်ထဲမှာတစ်မျိုးဖြစ်နေတတ်ပါတယ်။ ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့် အပြင်ထွက်လည်ဖို့ထက် အိမ်တွင်းပုန်းဖို့ကိုပဲရွေးချယ်လိုက်တဲ့ သူလေးတွေအနေနဲ့ ဒီအချိန်ကို စိတ်အနှောက်အယှက်ကင်းကင်းနဲ့ ဘယ်လိုဖြတ်သန်းမလဲဆိုတာ ကြိုစီစဉ်ထားဖို့လိုပါတယ်။ ဒါကြောင့် သင်္ကြန်မှာ အိမ်တွင်းပုန်းမယ့်သူလေးတွေ အချိန်ကိုအကောင်းဆုံးအသုံးချနိုင်မယ့် နည်းလမ်းကောင်းလေးတွေကိို ဖော်ပြပေးလိုက်ပါတယ် …. ။

(၁) တီဗွီအစီအစဉ်တွေကိုအဖော်ပြုပါ

ဒီအချိန်မှာ ကိုယ်အပြင်မထွက်ပေမယ့် အပြင်ကအခြေအနေတွေအားလုံးကို တီဗွီအစီအစဉ်တွေကနေတဆင့်ကြည့်လို့ရပါတယ်။ တကယ်လို့ လက်ရှိအခြေအနေကို မကြည့်ချင်ဘူး၊မသိချင်ဘူးဆိုရင်လည်း ကိုယ်ကြိုက်တဲ့ဇာတ်ကားတွေကြည့်ပါ။ သူငယ်ချင်းတွေဆိုတာကလည်း သူတို့အာရုံနဲ့သူတို့ဖြစ်နေကြတဲ့အချိန်၊ ကိုယ့်ကိုနှောက်ယှက်မယ့်သူမရှိတဲ့အချိန်မို့ ဒီအချိန်လောက်ရုပ်ရှင်တွေ၊ ဇာတ်ကားတွေကိို ခံစားလို့ကောင်းတာမရှိတော့ပါဘူး …. ။

(၂) စာအုပ်ဖတ်ပါ

စာအုပ်ဖတ်ရတာ ကြိုက်တဲ့သူတွေကတော့ ဒီအချိန်ကစာအုပ်ဖတ်လို့အကောင်းဆုံးပါပဲ။ ပိတ်ရက်တွေက ဆက်တိုက်မို့ စာအုပ်ကိုမပြီးဘဲ အလုပ်သွားလိုက်ရတာမျိုးတွေ၊ ဖတ်လက်စစာအုပ်ကိုချထားပြီး တခြားအလုပ်ကိစ္စတွေ လုပ်စရာမလိုတာကြောင့် စာအုပ်ကို တမုန်းဖတ်လိုက်ပါ …. ။

(၃) Home party လုပ်ပါ

ကိိုယ့်လိုမျိုး အပြင်မထွက်၊ အိမ်တွင်းပုန်းလုပ်နေတဲ့ သူငယ်ချင်းတွေစုပြီး တစ်ရက်လောက် အိမ်မှာပါတီလုပ်ပါ။ အပြင်ထွက်လည်တာထက် ပိုပျော်စရာကောင်းတဲ့အစီအစဉ်ဖြစ်ပြီး အကုန်အကျလည်း ပိုသက်သာပါတယ်။ဒါကြောင့် တခြားဟာတွေမလုပ်ရင်တောင် ဒီအစီအစဉ်တော့မဖြစ်မနေလုပ်သင့်ပါတယ်နော် …. ။

(၄) ရှေ့ရေးအတွက်စဉ်းစားကြည့်ပါ

ဒီလို ဆက်တိိုက်နားရတဲ့ရက်ဆိုတာ တစ်နှစ်လုံးမှ တစ်ခါပဲရတာမဟုတ်လား။ ဒီတော့ အရင် မအားခဲ့တုန်း မအားလို့ဆိုပြီး မစဉ်းစားဖြစ်ခဲ့တာလေးတွေ စဉ်းစားကြည့်ပါ။ ဥပမာ – ကိုယ်ပိုင်စီးပွားရေးလုပ်ဖို့၊ ပညာရပ်အသစ်တစ်ခုထပ်သင်ယူဖို့ စသဖြင့်ပေါ့။ ကိုယ်ပိုင်စီးပွားရေးလုပ်ဖို့ လိုအပ်မယ့်အရာတွေ၊ အရည်အချင်းတွေက ဘာတွေဖြစ်နိုင်လဲ၊ ပညာရပ်အသစ်တစ်ခုထပ်သင်ဖို့ ဘယ်ပညာက ကိုယ်နဲ့ကိုက်ညီပြီးရေရှည်အသုံးမလဲ စတာလေးတွေ ချရေးကြည့်ပါ။ နားနားနေနေ နေရင်းက မထင်မှတ်ဘဲ အောင်မြင်မှုရဲ့လမ်းစတစ်ခုကိုတွေ့သွားနိုင်ပါတယ် … ။

(၅) ကိုယ်ကြိုက်တာတွေပဲတစ်နေကုန်ဆက်တိုက်လုပ်ပါ

ဒီလိုအားလပ်ရက်တွေဟာ ကိုယ့်အပိုင်နားရက်တွေဖြစ်တဲ့အတွက် ကိုယ်မကြိုက်မနှစ်သက်တဲ့၊ ကိုယ်မလုပ်ချင်တာတွေ ဘာလို့လုပ်နေမှာလဲ။ တစ်နေကုန်ကိုုယ်ကြိုက်တာတွေပဲ လုပ်လိုက်ပါ။ မနက်အိပ်ရေးဝအောင်အိပ်ပြီး စာအုပ်လေးဘာလေးဖတ်၊ ရုပ်ရှင်လေးကြည့်၊ မုန့်လေးစား၊ ပြန်အိပ် အဲ့ဒီလိုလေး နေလို့ရတယ်နော်။ ဇိမ်ပဲ …. ။

(၆) အိမ်သန့်ရှင်းရေးလုပ်ပါ

ကိုယ်ကြိုက်တာပဲလုပ်ပြီးနေတာကလည်း ငြီးငွေ့နိုင်ပါတယ်။ အဲ့ဒီလို ငြီးငွေ့လာပြီဆိုရင် အိမ်သန့်ရှင်းရေးလေးဘာလေးလုပ်ပါ။ တစ်နှစ်လုံးမရှင်းဘဲထားထားတဲ့ နေရာလေးတွေ၊ အဝတ်ဗီရိုနဲ့ အမှတ်တရပစ္စည်းလေးတွေကို ထုတ်ရှင်းပြီး အတိတ်အကြောင်းလေးဘာလေးတွေးနိုင်ပါသေးတယ်။ ပြီးရင်တော့ အခန်းတွင်းအပြင်အဆင်လေးတွေ ပြောင်းလဲလိုက်တာမျိုးလည်း လုပ်နိုင်ပါသေးတယ်။ ဒီလိုလုပ်လိုက်တော့ ကိုယ်နေတဲ့နေရာလေးလည်း သန့်ရှင်းသွားပြီး ငြီးငွေ့တာကိုလည်း ပြေပျောက်စေကာ၊ စိတ်ကိုလန််းဆန်းစေပါတယ် …. ။

(၇) ဓာတ်ပုံရိုက်ပါ

အိမ်မှာ အေးအေးဆေးဆေးရှိတဲ့အချိန်တွေမှာ တစ်ယောက်တည်းဓာတ်ပုံရိုက်လို့ရပါတယ်။ တစ်ယောက်တည်းမို့ နည်းနည်းတော့ ခက်ခဲတယ်ဆိုပေမယ့် ကိုယ်လိိုချင်တဲ့ပုံစံ၊ အနေအထားရဖို့ ကြိုးစားနေရတာက ပျော်ဖို့ကောင်းပါတယ်။ Instagram တို့ Pinterest တို့ကနေ Indoor ပုံလေးတွေလိုက်ရှာကြည့်ပြီး ကိုယ်လိုချင်တဲ့ပုံမရမချင်းရိုက်ကြည့်ပါ။ ကိုယ့်စိတ်ကြိုက်ရရင် အရမ်းပျော်ဖို့ကောင်းတာသိရပါလိမ့်မယ်။ ရိုက်ပေးမယ့်သူငယ်ချင်းရှိရင်တော့ အတိုင်းထက်အလွန်ပေါ့ …. ။

(၈) ကိုယ့်ကိိုယ်ကိုပြန်သုံးသပ်ပါ

ကိုယ့်ကိုယ်ကိုပြန်သုံးသပ်ဖို့ဆိုတာ အချိန်များများရှိဖို့လိိုသလို အေးအေးဆေးဆေးဖြစ်နေဖို့လည်းလိုပါတယ်။ ဒီတော့ ဒီအချိန်က ကိုယ့်အကြောင်းကိုယ်ပြန်စဉ်းစားဖို့ ကိုယ့်ကိုယ်ကိုသုံးသပ်ဖို့အကောင်းဆုံးအချိန်ပါပဲ။ တစ်ခုရှိတာက ကိုယ့်အကြောင်းကိုမှန်မှန်ကန်ကန်တွေးပြီး အရှိအတိုင်းသုံးသပ်ကြည့်ပါ။ အဲ့ဒါမှ ကိုယ် ကောငး်တာတွေဘယ်လောက်လုပ်ထားပြီး မကောင်းတာတွေဘယ်လောက်လုပ်ထားလဲဆိုတာ သေချာသိရမှာပါ။ ဒါကလည်း ကိုယ့်အတွက်အရမ်းအကျိုးရှိတယ်နော် …. ။

MAY THAZINHTOO

sponsored

thant naing

The author didn't add any Information to his profile yet.

Leave a comment

Your email address will not be published. Required fields are marked. *